ငါ့ကို သိတယ်လို့
သူတို့က ထင်နေကြတယ်
အမှန်သူတို့သိတဲ့ ငါက
ငါ တပ်ထားတဲ့ မျက်နှာဖုံးတစ်ခုပါ ..။
မျက်နှာဖုံးတစ်ခုရဲ့ နောက်ကွယ်မှာ
အရာရာကို ဖုံးကွယ်ထားတယ်
ခံစားချက်တွေ ၊ အပြုံးတွေ ၊ စိတ်ကူးအတွေးတွေရယ်
ငါ့ အတိတ်အကြောင်းရယ်ပေါ့ ..။
ဟန်ဆောင် မျက်နှာကိုတပ်
ခြောက်ကပ်ကပ် အသံနဲ့ပြော
မကောင်းဆိုးဝါး တစ်ကောင်လို နေထိုင်ဖို့ကလွဲရင်
ရွေးစရာ မရှိတော့လို့ပါ ..။
ခံစားချက်မဲ့တဲ့ အပြုံး
ဟင်းလင်းဖြစ်နေတဲ့ မျက်လုံးနဲ့
နေရောင်ရဲ့ အဝေး
အမှောင်ထဲကို တိုးဝင်ရင်းပေါ့ ..။
ဒါပေမဲ့ တစ်နေ့တော့
ငါ့ မျက်နှာဖုံးကို ချိုးဖျက်ပြီး
ရိုးသားတဲ့ အပြုံးတစ်ခုကို
သူတို့ တွေ့ကြမှာပါ ..။
ငါ့ ကိုယ်ကို ငါ
ငါ့နေ့တွေကို ငါ ပြန်ရှာဖွေရင်း
မျက်နှာဖုံးမပါဘဲ
အားလုံးကိုကျောခိုင်းနေတဲ့ ငါ့မျက်နှာပေါ်မှာပေါ့ ..။
Thura Aye
12 th June 2012.
ငါ့ကို သိတယ်လို့
သူတို့က ထင်နေကြတယ်
အမှန်သူတို့သိတဲ့ ငါက
ငါ တပ်ထားတဲ့ မျက်နှာဖုံးတစ်ခုပါ ..။
မျက်နှာဖုံးတစ်ခုရဲ့ နောက်ကွယ်မှာ
အရာရာကို ဖုံးကွယ်ထားတယ်
ခံစားချက်တွေ ၊ အပြုံးတွေ ၊ စိတ်ကူးအတွေးတွေရယ်
ငါ့ အတိတ်အကြောင်းရယ်ပေါ့ ..။
ဟန်ဆောင် မျက်နှာကိုတပ်
ခြောက်ကပ်ကပ် အသံနဲ့ပြော
မကောင်းဆိုးဝါး တစ်ကောင်လို နေထိုင်ဖို့ကလွဲရင်
ရွေးစရာ မရှိတော့လို့ပါ ..။
ခံစားချက်မဲ့တဲ့ အပြုံး
ဟင်းလင်းဖြစ်နေတဲ့ မျက်လုံးနဲ့
နေရောင်ရဲ့ အဝေး
အမှောင်ထဲကို တိုးဝင်ရင်းပေါ့ ..။
ဒါပေမဲ့ တစ်နေ့တော့
ငါ့ မျက်နှာဖုံးကို ချိုးဖျက်ပြီး
ရိုးသားတဲ့ အပြုံးတစ်ခုကို
သူတို့ တွေ့ကြမှာပါ ..။
ငါ့ ကိုယ်ကို ငါ
ငါ့နေ့တွေကို ငါ ပြန်ရှာဖွေရင်း
မျက်နှာဖုံးမပါဘဲ
အားလုံးကိုကျောခိုင်းနေတဲ့ ငါ့မျက်နှာပေါ်မှာပေါ့ ..။
Thura Aye
12 th June 2012.



No comments:
Post a Comment