-လက်တွေ့သိရမယ်-
ကျောင်းမှအပြန် မျက်နှာမသာမယာဖြစ်နေသည့် ဟယ်နာကို မိခင်က အကျိုးအကြောင်းမေး၏။
''ဟယ်နာ...ဘာဖြစ်လာလို့လဲ''
''သမီးကို ရစ်ကီက ကြွေနေပြီ ပြောလိုက်လို့''
''သြော်..ဒါများကွယ်''
''သူက ဘာသာမဲ့(Atheist)တဲ့ မာမီရ၊ ဘုရားဆိုလည်း မယုံကြည်ဘူး၊ မကောင်းဆိုးဝါးတောင် ကြောက်တဲ့ လူစားမဟုတ်ဘူး''
''ကဲ.. သမီး.. ရစ်ကီကို အမြန်ဆုံးလက်ထပ်ဖို့ပြင်၊ ဒင်းကို ဒို့သားအမိ မကောင်းဆိုးဝါးဆိုတာ ဘာလဲလို့ လက်တွေ့သိအောင် ပြပေးရမယ်''

No comments:
Post a Comment