ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, August 22, 2012

ကျနော်မြင်မိသော ဘာသာတရား များ . . . ၁

>

-- ကျနော် အဆိုတစ်ခုကြားဖူးတယ် ။ ဖရန့်စစ်ဘေကွန်ပြောတာလား ၊ သောမတ်မိုး ပြောတာလား အသေအချာမမှတ်မိတော့ ။ အဲ့ဒီအဆိုေ လးက ယုံကြည်ခြင်းနဲ့ မယုံကြည် ခြင်းဟာ ဒင်္ဂါးတစ်ခုရဲ့ ခေါင်း နဲ့ပန်း ဖြစ်သတဲ့ ။ ကျနော့်အမြင်မှာ ဘာသာတရားဆိုတာ ယုံကြည်မူ့ နဲ့ တည်ဆောက်ထားတာဖြစ်တယ် ။ ဘယ်ဘာသာ တရားမှာ မှ တိကျခိုင်လုံတဲ့ အာမခံချက်တစ်ခုမှ လူတိုင်းကိုမပြနိုင်ပေမယ့် ၊ လူသားထု ရဲ့ ၈၅ ရာခိုင်းနုန်းကျော် မှာ ဘာသာတရားတခုစီ ရှိကြလေရဲ့ ။

ဘယ်ဘာသာတရားမှ တိကျခိုင်လုံတဲ့ အာမခံချက် တစ်ခုမှ မပြနိုင်ဘူး လို့ ကျနော်ပြောတော့ ၊ လက်မခံနိုင်တဲ့ လူတွေလည်း ရှိကြပါလိမ့်မယ် ။ ဘာသာတရားတိုင်းမှာ မက်လုံးတွေရှိကြတယ် ၊ အနှစ်သာရတွေ ရှိကြတယ် ၊ ဆွဲဆောင်မူ့တွေရှိကြတယ် ။ တကယ်ယုံကြည်ရင် တကယ်ဖြစ်မယ် ဆိုတာတွေရှိတယ် ၊ တကယ်ကျင့်ကြံရင် တကယ် ဖြစ်လာမယ် ဆိုတာတွေရှိတယ် ။ ဘာသာတရားတိုင်းမှာ တမလွန်ဘ၀အတွက် အာမခံချက်တွေပေးကြတယ် ။ နတ်ပြည်နဲ့ငရဲ ၊ သို့မဟုတ် ဘုရားသခင်
ရဲ့ နိုင်ငံတော် နဲ့ ငရဲဆိုတာ ဘာသာတရားကြီးတိုင်းရဲ့ ခိုင်မာတဲ့အခြေခံဥပဒေသ ဖြစ်တယ် ။ လူသားတွေကြောက်ကြတဲ့ အဓိက အကြောင်းရင်းကလည်း အဲ့ဒါပဲဖြစ်
တယ် ။

ဘယ်ဘာသာကမှ ငါ့ဘာသာကို မယုံရင်လည်း ဘာမှ မဖြစ်ဘူး ၊ မကိုးကွယ်ရင်လည်း ဘာမှ မဖြစ်ဘူး ၊ အချိန်တန်ရင်နတ်ပြည်ရောက်မှာပဲ ငါ့နိုင်ငံတော်မှာနေခွင့်ပေးမှာပဲလို့ အာမခံချက်ပေးတာမတွေ့ရဘူး ။ တကယ်လို့ ရှိခဲ့ရင်လည်း ကျနော်လေ့လာမူ့အားနည်းတာ ဖြစ်ကောင်းဖြစ်နိုင်တယ် ။ ကျနော်တို့ လူသားတွေမှာ ရွေးချယ်ခွင့်အများကြီး မရှိပါဘူး ။ ဘာသာတရားတခုကိုကိုးကွယ်တဲ့ လူဦးရေ ရဲ့ ၉၀ ရာခိုင်နုန်းကျော်က မိရိုးဖလာ ကိုးကွယ်ယုံကြည်သူတွေသာ ဖြစ်တယ် ။

ကမ္ဘာပေါ်မှာ အကြီးဆုံးဖြစ်တဲ့ ဘာသာတရားကြီး လေးခု ဟာ အိုမင်းနေပြီဖြစ်တယ် ။ သူတို့ကို ယှဉ်ပြီး လူတွေကို ဆွဲဆောင်နိုင်တဲ့ ( အမှန်တရားနဲ့နီးစပ်တဲ့ ) ဘာသာတရားဆိုတာ အခုထိ ပေါ်မလာခဲ့ တာ နှစ်ပေါင်းထောင်ချီပြီ ။ သက်တမ်းရင့်လာတဲ့ ဘာသာတရားကြီးတွေဟာလည်း ယခုခေတ်နဲ့ ဆို တော်တော်ကွာဟနေပြီဖြစ်တယ် ။ ဒဏ္ဍာရီဆန်တဲ့ ဘာသာတရားသမိုင်းတွေဟာ အခုခေတ်လူေ တွအဖို့ နားလည်ရခက်စရာ ( ပွင့်ပွင့်လင်းလင်း တွေးခေါ်တတ်သူတွေဖို့ ) မယုံကြည်နိုင်စရာေ တွဖြစ်နေတယ် ။ ဘာကြောင့်လဲဆိုတော့ ဘာသာတရားကြီးတွေရဲ့ အဓိက ဇတ်ဆောင်တွေဟာ အဲ့ဒီဘာသာတရားတွေ ဖြစ်ထွန်းချိန်ကစပြီး အခုထိ တူညီတဲ့ ဇတ်ဆောင်ပေါ်မလာလို့ ဖြစ်တယ်လို့ ကျနော်ယူဆတယ် ။ ပြောချင်တာ ဗုဒ္ဒမြတ်စွာဘုရား ရဲ့ နောက်ပွင့်မယ့်အရိမေတ္တရ မြတ်စွာဘုရားဟာ အခုထိ ပွင့်မလာသေးဘူး ( အချိန်ကာလသတ်မှတ်ချက် တွေရှိပါတယ် ) ။ သခင်ယေရှု အခုထိ ကမ္ဘာမြေကိုနောက်တခါပြန်မ လာသေးဘူး ။ အလ္လာအရှင်မြတ်လည်း နောက်တစ်ခါ ထပ်မမြင်ရသေးဘူး ။ ဟိန္ဒူနတ် ဖုရားတွေဟာလည်း လူသားတွေရှေ့မှောက်ကို နောက်တစ်ခေါက် ထပ်တန်ခိုးမပြကြသေးဘူး ။

ပြောချင်တာက ဘာသာတရားတခုကို သိပံပညာနဲ့တိုင်းတာပါဆိုရင် အနီးစပ်ဆုံး ကောက်ချက်ချ မှတ်ယူနိုင်တာပဲ ရှိမယ် ။ လုံးဝမှန်တယ်လို့ ဘယ်တုန်းကမှ တွက်ဆမရခဲ့ဘူး ။ တကယ်လို့ သာ သိပံပညာနဲ့တွက်ဆနိုင်တဲ့ ဘာသာတရားပေါ်ထွန်းလာခဲ့ရင်လည်း ကမ္ဘာပေါ်မှာလူကိုး ကွယ်မူ့အများ ဆုံးဖြစ်သွားနိုင်တယ် ။ ဒါပေမယ့် နောက်ပိုင်းပေါ်လာတဲ့ ဆိုင်းယင့် တဖစ်ဇင် တွေ ဟာ တော့ လူကြိုက်နည်းတာသေချာသလောက်ပါပဲ ။ ဘာသာတရားတခုစီတိုင်းမှာ တန်ဖိုးရှိတဲ့ အနှစ်သာရအနည်း ဆုံးတခုစီရှိတာကတော့ ငြင်းဆန်လို့မရတဲ့ ဧကန်အမှန်တရားဖြစ်တယ် ။ ဘာကြောင့် ဒီဘာသာတရားကို ကိုးကွယ်တာလည်းလို့ မေးလာရင် အသေအချာလေ့လာထားတဲ့လူတွေတောင်မှာ ဘယ်အချက်ကို ဆွဲထုတ်ပြရမလဲ ဇဝေဇ၀ါဖြစ်သွားတတ်ကြတယ် ။ နောက်ဆုံး တိကျသေချာတဲ့ အဖြေတခုတော့ ထုတ်နိုင် ပါရဲ့ ။ ကျနော်ယုံကြည်တဲ့ ဘာသာတရား ဟာ အမှန်ဖြစ်တယ် ၊ ဘာကြောင့်လဲ ဆိုတော့ ကျနော် ဟာ ဒီဘာသာ လုံးဝမှန်တယ်လို့ သေသေချာချာယုံကြည်လို့ဖြစ်တယ် ။ ( မယုံကြည်ရင်လဲ ဆက်လက် ကိုးကွယ်စရာ လိုအပ်မယ်မထင်ဘူး ) ။

လူတွေရဲ့စိတ်မှာအထက်မြက်ဆုံးက ယုံကြည်မူ့ပဲ ဖြစ်တယ် ။ လူတွေဟာယုံကြည် မူ့နဲ့ပဲ လောကကို တည်ဆောက်တယ် ။ ယုံကြည်မူ့နဲ့ပဲ လူ့အသိုင်းအ၀ိုင်းကိုတည်ဆောက်တယ် ။ ယုံကြည်မူ့နဲ့ပဲ ဘာသာ တရားကိုတည်ဆောက်တယ် ။ တကယ်တော့လည်း ယုံကြည်မူ့ကိုတိုင်ကိုယ်က ဘာသာတရား တခုခုနာ မည်ခံယူထားတဲ့ ဘာသာတရားပဲ ဖြစ်လေရဲ့          

 မာဃလုလင်

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)