>
23/8/2012
** ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ရန်ပုံငွေ ဖိလစ်ပိုင်တွင်ထူထောင်**
(မနီလာ သြဂုတ် ၂၁)

များနှင့် ကြုံတွေ့ရသည့် ဖိလစ်ပိုင်နိုင်ငံ၌အရေးပေါ် ရန်ပုံငွေထူထော င်ရေးဥပဒေ ပြဋ္ဌာန်းမှုသည် ရာသီဥ တုဆိုင်ရာ စီမံချက် များနှင့် သင့်ေ လျာ်ကြောင်း ဖိလစ် ပိုင်နိုင်ငံရာသီဥတုပြောင်းလဲမှု ဆိုင်ရာ ကော် မရှင်ဒုတိယအကြီးအကဲ မာရီအန်းလူဝီလီ
ဆာရင်း က ပြောကြားသည်။ ဖိလစ်ပိုင်နိုင်ငံတွင် တိုင်ဖုန်း မုန်တိုင်းများ ကျရောက်လေ့ ရှိပြီး ယင်းမုန်တိုင်းများ အင်အားပိုမိုပြင်းထန်လာခြင်းသည် ရာသီဥတြုေ ပာင်းလဲမှုဖြစ်စဉ်၏ ရလဒ်ဖြစ်ကြောင်း ဖိလစ်ပိုင်တာဝန် ရှိသူများနှင့် ရာသီဥတု ပြောင်း လဲမှုဖြစ်စဉ်များ၏ ဆိုးကျိုးသက်ရောက်မှုများကို တိုက်ဖျက်ရန် ဖိလစ်ပိုင်ပီဆိုငွေတစ်ဘီလီယံ (အမေရိကန်ေ ဒ်ါလာ ၂၄သန်း)ရှိ ရန်ပုံငွေတစ်ရပ်ကို ဖိလစ်ပိုင်သမ္မတ ဘင်နစ်နိုအကွီနိုက ထူထောင်ပေးလိုက်ကြောင်း ဖိလစ်ပိုင်အစိုးရ တာ ဝန်ရှိသူတစ်ဦးက သြဂုတ် ၂၁ရက်တွင် ပြောကြား သည်။တစ်နှစ်လျှင် တိုင်ဖုန်းမုန်တိုင်း အကြိမ် ၂ဝ ခန့် တိုက်ခတ်လေ့ရှိပြီး ကြီးမားသည့်လူသေဆုံးမှုနှင့် ပစ္စည်းဥစ္စာ ပျက်စီးမှုနိုင်ငံတကာ ကျွမ်းကျင်ပညာ ရှင် များက ပြောကြားကြ သည်။ အရေးပေါ်ရန်ပုံငွေ ထူထောင်ရေးဆိုင်ရာ ဥပဒေကို ဖိလစ်ပိုင်သမ္မတ ကသြ ဂုတ် ၁၇ ရက်တွင် လက်မှတ်ရေးထိုးခဲ့ သည်။ ရေအ ရင်းအမြစ်စီမံခန့်ခွဲခြင်းစီမံ ချက်နှင့် ရာသီဥတုနှ င့်ဆက်နွှယ်ေ သာ ဘေးအန္တရာယ်များကြိုတင် ခန့်မှန်းရေးနှင့်ကြိုတင် သတိပေးစနစ် များ မြှင့်တင်ရန် အတွက် အဆိုပါရန်ပုံငွေမှ ငွေကြေးထောက်ပံ့ေ ပးသွားမည် ဖြစ်ကြောင်း သတင်းတွင် ဖော်ြ ပသည်။ (အင်တာနက်)
** ဂျပန်အမျိုးသမီးစစ်သတင်းထောက်ဆီးရီးယားနိုင်ငံ၌သေနတ်ကျည်ထိမှန်သေဆုံး**
(တိုကျို သြဂုတ် ၂၁)

ဆီးရီးယားနိုင်ငံ၌ စစ်သတင်းရယူနေသော ဂျပန်အမျိုးသမီးသတင်းထောက် တစ်ဦး သေနတ်ထိ မှန်ခံရသဖြင့် သေဆုံးခဲ့ရကြောင်း ဂျပန်အစိုးရအ ဖွဲ့ကသြ ဂုတ် ၂၁ ရက်တွင် ပြောကြားသည်။ ဂျပန် နိုင်ငံရှိ ဂျပန်ပရက်စ် အမည်ရှိ ရုပ်မြင်သံကြားသတင်းဌာနမှ ဝါရင့်စစ်သတင်းထောက် မီကာယာ မာမိုတို သည်ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း အလက်ပိုမြို့၌ သြဂုတ် ၂ဝ ရက် ကသေဆုံးခဲ့ကြောင်း တိုကျိုမြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန မှ ပြောရေးဆိုခွင့် ရှိသူ မာဆာရှုဆာတိုးက ပြောကြားသည်။အသက် ၄၅ နှစ်ရှိ ယာမာမိုတိုသည် သူမ၏ လုပ်ဖော်ကိုင်ဖက် တစ်ဦးလိုက်ပါလျက် သူပုန်တပ်ဖွဲ့နှင့်အတူ ခရီး သွားလာနေချိန်အတွင်း သေနတ်ပစ်ခတ်ခံခဲ့ရသည်။ယာမာမိုတိုသည် အာဖ ဂန်နစ္စတန်နိုင်ငံ၌ ၂ဝဝ၁ ခုနှစ် နောက်ပိုင်းကာလကစစ်သတင်းရ ယူခဲ့သူဖြစ် ပြီး ၂ဝဝ၃ ခုနှစ်တွင် အီရတ်နိုင်ငံအတွင်းသို့ အမေရိကန်တပ်ဖွဲ့ ကျူးကျော်ဝင်ရောက်ကာ တိုက်ခိုက်ခဲ့စဉ် ကလည်း စစ်သတင်းထောက်အဖြစ် တာဝန်ထမ်းဆောင် ခဲ့သူဖြစ်သည်။ ဆီးရီးယားနိုင်ငံအတွင်းသတင်းရ ယူသော မည်သည့်နိုင်ငံတကာသတင်းထောက်ကိုမဆို မိမိတို့လက်ခံကြောင်း
သူပုန်တပ်ဖွဲ့မှ ဗိုလ်ကြီး အာမက်ဂါဇာလီက ပြောကြားသည်။ (အင်တာနက်)
** လေယာဉ်ပျက်ကျမှုကြောင့် သေဆုံးရသူဖိလစ်ပိုင်ဝန်ကြီး၏ ရုပ်အလောင်းကို တွေ့ရှိ**
(မနီလာ သြဂုတ် ၂၁)
လေယာဉ်ငယ်ပျက်ကျမှု၌ ပါဝင်ခဲ့သောဖိလစ်ပိုင်ပြည်ထဲရေးဝန်ကြီး ဂျက်စ်ရော်ဘာဒို၏ ရုပ်အလောင်း ကို ရှာဖွေတွေ့ရှိ
ရပြီဖြစ်ကြောင်း တာဝန်ရှိသူများကသြဂုတ် ၂၁ရက်တွင် ပြောကြားသည်။ ဖိလစ်ပိုင်ပြည် ထဲရေးဝန်ကြီးလိုက်ပါ
လာသော လေယာဉ်ငယ်တစ်စင်းသည်ပင်လယ်ပြင်အတွင်း သို့ပျက်ကျခဲ့ပြီးေ နာက်သုံးရက်အကြာတွင် ၄င်း၏ ရုပ်အလောင်း
နှင့်အတူ လေယာဉ်မှူးနှစ်ဦး၏ ရုပ်အလောင်းများကိုလည်း ရှာဖွေတွေ့ရှိခဲ့သည်။ ပျက်ကျခဲ့သောလေယာဉ်မှာ အင်ဂျင်
စက် နှစ်လုံးတပ်ပိုက်ပါ ဆီနီကာအမျိုးအ စား လေယာဉ်ဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံ မာစဘတ်ပြည်နယ်၏ပင်လယ်ကမ်းလွန်မှ မီတာ ၈ဝဝခန့်အကွာပေ ၁၈ဝအနက်ရှိ ပင်လယ်ရေအောက်မှဆယ်ယူရရှိခဲ့သော လေယာဉ် ကိုယ်ထည်အတွင်း မှ ပြည်ထဲရေး ဝန်ကြီး၏ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့သည်။ရော်ဘာဒိုသည် သြဂုတ် ၁၈ ရက်ကနိုင်ငံအလယ်ပိုင်း စီဘူးမြို့မှ ၄င်း၏ ဇာတိရပ်မြေ နာဂါမြို့သို့ လေယာဉ်ငယ်ဖြင့်သွားရောက်စဉ် လေယာဉ်အင်ဂျင်စက် ချွတ်ယွင်းမှုေ ကြာင့် ဖြစ်ပေါ်ရသော
လေယာဉ်ပျက်ကျမှုအတွင်း သေဆုံးခဲ့ရသည်။ (အင်တာနက်)
** အမေရိကန်တွင်တံတားပေါ် ရထားတွဲများ လမ်းချော်ကျအောက်မှယာဉ်များ ပျက်စီး**
(အီလီကော့စီးတီး သြဂုတ် ၂၁)

အမေရိကန်ပြည်ထောင်စု အီလီကော့စီးတီးတွင် ကျောက်မီးသွေးတင်ရထား တစ်စင်းသည် လမ်းချော်၍ တံတားပေါ်မှထိုးကျ ခဲ့ရာ နှစ်ဦးသေဆုံး ၍ အောက်တွင်ရပ်ထားသော ကားများပျက်စီးခဲ့ကြောင်းအာဏာ ပိုင်များက ပြော သည်။ ရထားဝန်ထမ်းများက လမ်းချော်နေသော ရထားတွဲများပေါ်၌ အသက်ရှင်လျက်ခရီးသည်များ ရှိ၊ မရှိ စစ်ဆေးလျက် ရှိကြောင်း စီဘီအက်စ် ဝါရှင် တန်ဘူတာရုံ၏ ဒဗလျူအန်အီဒဗလျူအက်ဖ်အမ်ကပြောကြားသည်။ရထားတွဲ ၈ဝအနက် ၂၁တွဲသည်တန င်္လာနေ့ ညသန်းခေါင်ယံတွင် ကျွမ်းပြန်ကျခဲ့ခြင်းဖြစ်သည်ဟု ဟိုးဝမ်ခရိုင်တာဝန်ရှိသူများက ပြောသည်။ ရထားတွဲအချို့သည် ရပ်ထားသော ယာဉ်အများအပြားပေါ်သို့ ကျခဲ့သဖြင့် ၄င်းယာဉ်များအခြားသေဆုံးသူ သို့မဟုတ် ထိခိုက် ဒဏ်ရာရသူများကို ရှာဖွေနိုင်ရန်အတွက်ယာဉ်များပေါ်မှ ရထားတွဲများကို အင်္ဂါနေ့က ကရိန်းဖြင့်မ၍ ဖယ်ရှားခဲ့သည်။ သေဆုံးသူနှစ်ဦးမှာ တံတားပေါ်မှရထားလမ်းပေါ်တွင် ရှိနေပြီး ရထားသံ လမ်း အလုပ်သမားများ မဟုတ်ဟု
ဆိုသည်။ သို့သော် ¤င်းတို့နှစ်ဦးမှာ မည်သူမည်ဝါများဖြစ်ကြောင်း ချက်ချင်းပြောကြားနိုင်ခြင်း မရှိပေ။ (အင်တာနက်)
** အမေရိကန်ထိပ်တန်းဗိုလ်ချုပ်ကြီး၏လေယာဉ် အာဖဂန်တွင်ဒုံးကျည်ထိမှန်**
(ကဘူး သြဂုတ် ၂၁)

အမေရိကန်နိုင်ငံမှ အဆင့်မြင့်ဆုံးစစ်ဘက်အရာ ရှိကြီးတစ်ဦး ၏ လေယာဉ်သည် သြဂုတ် ၂၀ ရက်ညက အာဖဂန် နစ္စတန်နိုင်ငံ ရှိ အမေရိကန်စစ်အခြေစိုက်စခန်းတွင် ဒုံးကျည်ထိမှန်ခံရမှုကြောင့် ပျက်စီးခဲ့ရကြောင်း၊ ဒုံးကျည်ထိမှန်ခြင်းကြောင့် ယင်းလေယာဉ် ၏ ပြုပြင်ထိန်းသိမ်းေ ရးတပ်သားနှစ်ဦးထိခိုက်ဒဏ်ရာရရှိကြောင်း သြဂုတ် ၂၁ ရက် အင်တာနက်သတင်းတွင် ဖော်ပြသည်။ ယင်းေ လယာဉ် ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ခံရချိန် တွင်အမေရိကန်ပူး တွဲစစ်ဦးစီးချုပ်များအဖွဲ့ဥက္ကဋ္ဌ ကြည်းတပ်ဗိုလ်ချုပ်ကြီးမာ တင်ဒ မ်ဆေးသည် လေယာဉ်အ နီးတွင် မရှိကြောင်း နေတိုးအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဂျာမီဂရေးဗီရယ် ကပြော ကြားသည်။ကဘူးမြို့ပြင်ရှိ ဘာဂရမ်လေတပ်အခြေစိုက်စခန်းသို့ ဒုံးကျည်နှစ်စင်းကျရောက်ခဲ့ကြောင်း၊ ယင်းဒုံးကျည်တစ်စင်း၏ အစိတ်အပိုင်းများမှာ ဗိုလ်ချုပ်ကြီးဒမ်ဆေး၏ စီ-၁၇ သယ်ယူပို့ဆောင်ရေးလေယာဉ် ကို ထိမှန်ခဲ့ကြောင်း ဗိုလ်ချုပ်ကြီးဒမ်ဆေး၏ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးဒေ့ဗ်လာပန်က သြဂုတ် ၂၁ ရက် တွင် ပြောကြားသည်။
ယင်းဒုံးကျည်ဖြင့် တိုက်ခိုက်မှုသည် ဗိုလ်ချုပ်ကြီးဒမ်ဆေးနှင့်၎င်း၏ရုံးအဖွဲ့တို့၏ လုံခြုံမှု ကို ခြိမ်းခြောက်မှုမရှိကြောင်း၊
အခင်းဖြစ်ပွားချိန်၌ ၄င်းတို့မှာ ရိပ်သာများ၌ အိပ်စက်နေကြကြောင်း တာဝန် ရှိသူတစ်ဦးက ပြောကြားသည် ။ ဗိုလ်ချုပ်ကြီးဒမ်ဆေးသည် သြဂုတ် ၂၁ ရက် နံနက်ပိုင်းတွင်အာဖဂန်မှပြန် လည်ထွက်ခွာသွားသော်လည်း ၄င်းသည် ဒုံးကျည်
ထိမှန်ခံရသော လေယာဉ်ဖြင့်ထွက်ခွာသွားခြင်း ဟုတ်၊ မဟုတ်ကိုရှင်းလင်းစွာမသိရပေ။ (အင်တာနက်)
စုစည်းဘာသာပြန် -
တင်မောင်လွင်

No comments:
Post a Comment