-ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း-
**အကောင်းဆုံးဘောလုံးသမားဆု မက်ဆီနှင့် စီရိုနယ်ဒို ဘယ်သူဆွတ်ခူးမလဲ**
(လန်ဒန်၊ သြဂုတ် ၁၆) ဘာစီလိုနာတိုက်စစ်မှူး လီယိုနယ်မက်ဆီနှင့် ရီးရဲမက်ဒရစ်တောင်ပံကစားသမား စီရိုနယ်ဒိသည် ဥရောပအကောင်းဆုံးဘောလုံးသမားဆု ဆွတ်ခူးရန်ရေပန်းစားနေကြသည်။ ပြီးခဲ့သည့်နှစ်က လီယိုနယ်မက်ဆီနှင့်အတူ ကစားဖော်အင်နီယေစတာသည်လည်း နောက်ဆုံးဆန်ခါတင်သုံးဦးတွင် ပါဝင်လာခဲ့သည်။ ထိုအတောအတွင်း စီရိုနယ်ဒိုသည်လည်း နှစ်နှစ်ဆက်တိုက် နောက်ဆုံးဆန်ခါတင်စာရင်းတွင် ပါဝင်လာသည်။ ယခုနှစ် ဥရောပအတွက် အကောက်ဆုံးဘောလုံးသမားဆိုကု လာမည့် သြဂုတ် ၃၀ ရက်တွင် ပြင်သစ်နိုင်ငံ မိုနာကိုမြိုက၌ ကြေညာမည်ဖြစ်သည်။ ယင်းနေ့တွင် ချန်ပီယံလိဂ်အုပ်စုပြိုင်ပွဲအတွက် ယှဉ်ပြိုင်ရသည့် ပွဲစဉ်များစာရင်းကို ထုတ်ပြန်ကြေညာမည်ဟုဆိုသည်။ တိုက်စစ်မှူးမက်ဆီသည် ၂၀၁၁-၂၀၁၂ ဘောလုံးရာသီတွင် ပွဲပေါင်း ၆၀ ပါဝက်ကစားခဲ့ပြီး ၇၂ ဂိုးသွင်းယူပေးထားသည်။ ထိုအတောအတွင်း စီရိုနယ်ဒိုက ၆၁ ပွဲပါဝင်ကစားခဲ့ပြီး ၆၆ ဂိုးသွင်းယူပေးနိုင်ခဲ့သည်။ မက်ဆီသည် လက်ရှိ ၂၀၁၁ ခုနှစ်၏ အကောင်းဆုံးဘောလုံးသမားဆုကို ဆွတ်ခူးရရှိထားသည်။ ပြီးခဲ့သည့်နှစ်က မဲပေါင်း ၃၉ မဲပေးခဲ့ရာ မက်ဆီက အများဆုံးဆွတ်ခူးသွားနိုင်ခဲ့သည်။ ထို့အတူ ဇာဗီက ၁၁ မှတ်ဖြင့် ဒုတိယရပြီး စီရိုနယ်ဒိုက တတိယသာရခဲ့သည်။ (အင်တာနက်)
**အာဆင်နယ်တိုက်စစ်မှူး ရော်ဘင်ဗန်ပါစီမန်ယူနှင့် စာချုပ်ရန် သဘောတူလိုက်ပြီ**
(မန်ချက်စတာ သြဂုတ် ၁၆) မန်ယူအသင်းသည် နယ်သာလန်နှင့် အာဆင်နယ် တိုက်စစ်မှူး ရော်ဘင်ဗန်ပါစီအား ပြောင်းရွှေ့ကြေး ပေါင် ၂၄ သန်းဖြင့် စာချုပ်ချုပ်ဆိုရန် သဘောတူညီမှုရရှိခဲ့ပြီး လေးနှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်ချုပ်ဆိုရန် သဘော တူညီမှုရရှိထားကြောင်း သိရသည်။အသက် (၂၉)နှစ်ရှိ တိုက်စစ်မှူးဗန်ပါစီသည် ပုဂ္ဂိုလ်ရေး ဆိုင်ရာ ဆွေးနွေးမှုများပြုလုပ်ရန်နှင့် ဆေးစစ်မှုခံယူရန် တစ်ရက် နှစ်ရက်အတွင်း မန်ယူအသင်းတာဝန်ရှိသူများနှင့် တွေ့ဆုံမည် ဖြစ်ကြောင်းလည်း သိရသည်။ဗန်ပါစီသည် ၂ဝ၁၃ ခုနှစ်ဇွန်လတွင် သက်တမ်းကုန်ဆုံး မည့် အာဆင်နယ်အသင်းနှင့် လက်ရှိစာချုပ်ကို သက်တမ်း ထပ်တိုးချုပ်ဆိုမည်မဟုတ်ကြောင်း ဇူလိုင်လက အတိအလင်း ကြေညာထားပြီးဖြစ်သည်။မန်ယူအသင်းကလည်း ဗန်ပါစီနှင့် သဘောတူညီမှု ရရှိထားပြီဖြစ်၍ မကြာမီရက်ပိုင်းအတွင်း ဗန်ပါစီအား မန်ယူ အသင်းဝတ်စုံဖြင့် မြင်တွေ့ရတော့မည်ဟု ဆိုသည်။ မန်ယူ အသင်းသည် လက်ရှိတွင် ဗန်ပါစီအား လုပ်ခလစာပေါင် ၂၂ ဒသမ ၅ သန်း ပေးမည်ဖြစ်ပြီး နောက်လေးနှစ်အတွင်း ပရီမီယာလိဂ် သို့မဟုတ် ချန်ပီယံလိဂ်ဖလား ရရှိမှသာလျှင် ဆုကြေးငွေအဖြစ် ပေါင် ၁ ဒသမ ၅ သန်းထပ်တိုးပေးမည်ဟု ဆိုသည်။ဗန်ပါစီသည် ပြီးခဲ့သည့် ရာသီက အာဆင်နယ်အတွက် ၅၇ ပွဲကစားပြီး ၄၄ ဂိုး သွင်းယူပေးခဲ့သည်။ အာဆင်နယ် အသင်းကလစာတိုးမြှင့်ပေးမည်ဟု ဆိုခဲ့သော်လည်း လက်တွေ့ လုပ်ဆောင်ခဲ့ခြင်း မရှိပေ။ ထို့ကြောင့် မန်ယူ၊ မန်စီးတီးနှင့် ဂျူဗင်တပ်အသင်းတို့က အပြိုင်ကမ်းလှမ်းခဲ့သော်လည်း လက်ရှိ တွင် တိုက်စစ်မှူး ရော်ဘင်ဗန်ပါစီသည် မန်ယူအသင်းနှင့် စာချုပ်ရန်သဘောတူညီခဲ့သည်။ (အင်တာနက်)
**ကျူပီအာ၊ အက်စတွန်ဗီလာနှင့် ဆန်းဒါးလန်းအသင်းများက စပါးတိုက်စစ်မှူး ဂျာမိန်းဒီဖိုးအား ပစ်မှတ်ထားနေ**
(လန်ဒန် သြဂုတ် ၁၆) ၂ဝ၁၂-၂ဝ၁၃ ဘောလုံးရာသီသည်သြဂုတ် ၁၈ ရက်တွင် စတင်တော့ မည်ဖြစ်ရာ ယင်းဘောလုံး ရာသီတွင်အောင်မြင်မှုများ ရရှိရေးအတွက် အသင်းတိုင်းက လိုအပ်သည့် ကစားသမားဖြည့်တင်းမှုများကို လုပ်ဆောင် လျက်ရှိရာ ကျူပီအာ၊ အက်စတွန်ဗီလာနှင့် ဆန်းဒါးလန်းအသင်းတို့ ကလည်း စပါးတိုက်စစ်မှူး ဂျာမိန်းဒီဖိုးအား ခေါ်ယူရန် အပြိုင်ကြိုးပမ်းလျက် ရှိကြောင်း သြဂုတ် ၁၆ ရက်တွင် သတင်းဖော်ပြသည်။ဂျာမိန်းဒီဖိုးသည် ပြီးခဲ့သည့် ဘောလုံး ရာသီက နည်းပြဟယ်ရီရက်နက်၏ ၄-၂-၃-၁ ကစားကွက်ဖြင့် အံဝင်မှုမရှိခဲ့သော် လည်း ပြိုင်ပွဲအားလုံးတွင် သွင်းဂိုး ၁၇ဂိုးအထိ သွင်းယူနိုင်ခဲ့သူဖြစ်သည်။ သို့ရာတွင် အသက်(၂၉)နှစ်အရွယ်ရှိစပါးတိုက်စစ်မှူး ဂျာမိန်းဒီဖိုးသည် ယခုနှစ်ဘောလုံးရာသီတွင် မည်သည့်အသင်း၌အခြေချရမည်ဆိုသည်မှာ မိမိအတွက် ပထမရွေးချယ်မှုဖြစ်သည်ဟု ဆိုသည်။စပါးအသင်းကို မိမိမည်မျှ ချစ်သည်ဆို သည်နှင့် စပါးအသင်း၌ ကစားရသည်ကိုမိမိဘယ်လောက်ပျော်ရွှင်သည်ကို မိမိနှင့် မိမိ၏ပရိသတ်သာလျှင် အသိဆုံးဖြစ်ကြောင်း ဒီဖိုးက ပြောကြားခဲ့သည်။ စပါးတိုက်စစ်မှူး ဂျာမိန်းဒီဖိုးကအသင်းမှ ထွက်ခွာမည်ဟုဆိုခဲ့ပြီးနောက် စပါးအသင်းကလည်း ကစားသမားထပ်မံအားဖြည့်ရန် ပြင်ဆင်နေကြောင်း သတင်းတွင်ဖော်ပြသည်။ကျူပီအာ၊ အက်စတွန်ဗီလာနှင့်ဆန်းဒါးလန်းတို့ကလည်း ရာသီသစ်တွင်အသင်းအောင်မြင်မှုရရေး ဂျာမိန်းဒီဖိုးအား အသင်းသို့ရောက်ရှိရေး အပြိုင် အဆိုင် ကြိုးပမ်းမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။ (အင်တာနက်)
**သားဖြစ်သူကို ဟောလိဝုဒ်လမ်းကြောင်းပေါ်ဆွဲတင်ပေးနေသည့် ဗန်ဒမ်း**
ကမ္ဘာကျော် အက်ရှင်မင်းသားကြီး ဗန်ဒမ်းက ၄င်း၏ သားဖြစ်သူကို ဟောလိဝုဒ်ရုပ်ရှင်လောက၌ လျှောက်လှမ်းရာတွင်အခြေခိုင်မာစေရန်အတွက် သူနှင့်အတူ ရုပ်ရှင်ဇာတ်ကားသုံးကားတွင် အတူတွဲဖက် သရုပ်ဆောင်စေခြင်းဖြင့် ကူညီ ထောက်ပံ့ပေးလျက်ရှိသည်။မင်းသားကြီး ဗန်ဒမ်းနှင့် ၄င်း၏သား အသက်(၂၄)နှစ်ရှိခရစ္စတိုဖာ ဗန် ဗာရန်ဘာ့ဂ်ျတို့သည် ယခင်ကလည်း ရုပ်ရှင်ဇာတ်ကားကြီး လေးငါးခြောက်ကားတွင် အတူတွဲဖက်သရုပ်ဆောင်ခဲ့ကြပြီးဖြစ်သည်။ ယခုအခါ ၄င်းတို့နှစ်ဦးသည် Welcome to the Jungle ဟာသဇာတ်ကား(ယင်းဇာတ်ကားတွင်အသက်(၂၁)နှစ်ရှိ ဗန်ဒမ်း၏ သမီး ဘီရန်ကာ ဗန် ဗာရန်ဘာ့ဂ်ျလည်း ပါဝင်သရုပ်ဆောင်ထားသည်။)၊ Enemies Closer ဇာတ်ကားနှင့် Universal Soldier: A New Dimensoinအက်ရှင်ဇာတ်ကားတို့တွင် ထပ်မံပူးတွဲသရုပ်ဆောင်ထားသည်။ဗန်ဒမ်းက ယူကေရုပ်သံလိုင်းတစ်ခုသို့ ပြောကြားရာတွင် ''ကျွန်တော် သူ့ကိုကူညီရမယ်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ ဒီမှာ ပြဿနာနည်းနည်းရှိတယ်။ ရုပ်ရှင်လောကထဲဝင်ဖို့ဆိုတာ သိပ်တော့မလွယ်ဘူး။ ကျွန်တော် ဖခင်တစ်ယောက်အနေနဲ့ ကျွန်တော့်သားကို နာမည်ကျော်အောင် ကူညီနိုင်တယ်ဆိုရင် ကျွန်တော့်သမီးကိုလည်း ကူညီနိုင်ရမယ်။ ကျွန်တော့်နာမည်ကို သုံးပြီး သူတို့ကို ကူညီနိုင်ပေမယ့် သူတို့မှာ အရည်အချင်းမရှိရင် တော့ သူတို့ဒီလောကမှာ ရှင်သန်နိုင်မှာမဟုတ်ပါဘူး'' ဟု ဆိုသည်။ (အင်တာနက်)
စုစည်းဘသာပြန်- အေ၀မ်းစိုး၊ မြင့်မောင်စိုး

No comments:
Post a Comment