-ယခုလအတွင်း နိုင်ငံတကာထူးခြားသတင်းများ-
** သမ္မတပူတင်အားလုပ်ကြံရန်ကြိုးပမ်းခဲ့
သူကိုရုရှားနိုင်ငံသို့ ယူကရိန်းလွှဲပေးမည်**
(ကိယက် သြဂုတ် ၁၆)
သမ္မတဗလာဒီမာပူတင်အား လုပ်ကြံ သတ်ဖြတ်ရန် ကြိုးပမ်းခဲ့သူအဖြစ်
မသင်္ကာသူတစ်ဦးကို ရုရှားနိုင်ငံသို့ လွှဲပြောင်းပေးအပ်ရန် ယူကရိန်းနိုင်ငံရှိ တရားရုံး
တစ်ရုံးက ဆုံးဖြတ်လိုက်ကြောင်း ယူကရိန်းရှေ့နေ တစ်ဦးက သြဂုတ် ၁၅ ရက်တွင်
ပြောကြားသည်။နေရင်းနိုင်ငံသို့ပြန်ပို့ရန် စီရင်ချက်ချမှတ်ခံရသူမှာ အဒမ်အစမာယက်ဆိုသူ
ဖြစ်ပြီး ၄င်းသည် ယခုနှစ်အစောပိုင်းက သမ္မတပူတင်အား လုပ်ကြံသတ်ဖြတ်ရန်
ကြံစည်ကြိုးပမ်းခဲ့သည်ဟု အာဏာပိုင်များက ယူဆကြသည်။
အဒမ်အစမာယက်၏ အကျိုးဆောင်ရှေ့နေအဖွဲ့က အယူခံလွှာတင်သွင်းခဲ့
သော်လည်း တရားရုံးတော်က ပယ်ချခဲ့သည်။သမ္မတပူတင်အားလုပ်ကြံသတ်ဖြတ်ရန်
ကြိုးပမ်းခဲ့သူများအဖြစ်
မသင်္ကာသူနှစ်ဦးကို ဖမ်းဆီးရမိခဲ့သည်ဟု ဖေဖော်ဝါရီလအတွင်းက ယူကရိန်းနှင့် ရုရှားနိုင်ငံတို့မှလုံခြုံရေးတာဝန်ရှိသူများက ပြောကြားခဲ့သည်။ (အင်တာနက်)
**ထိုင်းမူးယစ်မှောင်ခို အမျိုးသမီးခြောက်ဦး ဖနောင်ပင်လေဆိပ်၌ ဖမ်းဆီး**
(ဖနောင်ပင်၊
သြဂုတ် ၁၆)
ကမ္ဘာဒီယားနိုင်ငံ ဖနောင်ပင်နိုင်ငံတကာလေဆိပ်၌ ထိုင်းနိုင်ငံမှ
မူးယစ်မှောင်ခိုရောင်းဝယ်သူ အမျိုးသမီးခြောက်ဦးကို မူးယစ်ဆေးဝါး ၃ ၎
ကီလိုဂရမ်နှင့်အတူ ဖမ်းဆီးလိုက်ကြောင်း ကမ္ဘောဒီးယားနိုင်ငံ
မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ အရာရှိများက သြဂုတ် ၁၆ ရက်တွင် ပြောကြားသည်။
ကမ္ဘောဒီးယားရဲတပ်ဖွဲ့ဝင်များနှင့် အကောက်ခွန်အရာရှိများက
ထိုင်းအမျိုးသမီးခြောက်ဦးအား ကမ္ဘောဒီးယားနိုင်ငံအတွင်း မူးယစ်ဆေးဝါးများ
တရားမ၀င် မှောင်ခိုသွင်းယူမှုကြောင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
၎င်းအမျိုးသမီးများအနက် အသက် ၂၉ နှစ်အရွယ် ပွမ်ဒီးနှင့် ၃၀ နှစ်အရွယ်
ကတ်ခန်တို့အား အီကွေဒေါနိုင်ငံမှ မူးယစ်ဆေးဝါး ၃.၆ ကီလိုဂရမ်ကို
ကမ္ဘောဒီးယားနိုင်ငံသို့ တင်သွင်းရန်ကြိုးစားခြင်းကြောင့် ဖမ်းဆီးခဲ့သည်။
(အင်တာနက်) ** အိန္ဒိယနိုင်ငံ၏ အင်္ဂါဂြိုဟ်လေ့လာရေးအစီအစဉ်၂ဝ၁၃ ခုနှစ်နှောင်းပိုင်းတွင် စတင်မည်ဟုဆို** (နယူးဒေလီ သြဂုတ် ၁၆) လွှတ်တင်ခဲ့ပြီး လူလိုက်ပါသော လစူးစမ်းရေးလေ့လာရေးခရီးစဉ်တစ်ရပ်ကို ၂ဝ၁၆ ခုနှစ်တွင် စေလွှတ်နိုင်ရန် မျှော်မှန်းထားသည်။မိမိတို့၏အာကာသယာဉ်သည် အင်္ဂါ ဂြိုဟ်အနီး ပျံသန်းသွားရောက်ကာ အရေးပါသော သိပ္ပံဆိုင်ရာသတင်းအချက် အလက်များကို စုဆောင်းမည်ဖြစ်ကြောင်းအိန္ဒိယနိုင်ငံ၏ နှစ်ပတ်လည် လွတ်လပ် ရေးမိန့်ခွန်းတွင် ဝန်ကြီးချုပ်မန်မိုဟန်ဆင်းကဖော်ပြခဲ့သည်။ လူမဲ့အင်္ဂါဂြိုဟ်ပတ်အာကာသယာဉ်ကိုအစောဆုံး ၂ဝ၁၃ ခုနှစ် နိုဝင်ဘာလတွင် လွှတ်တင်နိုင်မည်ဟု အိန္ဒိယအာကာသသုတေသနအဖွဲ့ကမျှော်လင့်ထားကြောင်း ပီတီအိုင်သတင်းဌာနက ယခုလ အစောပိုင်းတွင်ဖော်ပြသည်။ အင်္ဂါဂြိုဟ်ပတ်အာကာသယာဉ်စီမံကိန်း၏ ခန့်မှန်းကုန်ကျငွေမှာ ရူပီးငွေလေး ဘီလီယံမှ ငါးဘီလီယံ (အမေရိကန်ဒေါ်လာ သန်း ၇ဝမှ သန်း ၉ဝ)ခန့် ဖြစ် ကြောင်း အိန္ဒိယအာကာသသုတေသနအဖွဲ့၏ ပြောကြားချက်အရ သိရှိရသည်။ အမေရိကန်ပြည်ထောင်စု၊ ရုရှား၊ဥရောပ၊ ဂျပန်နှင့် တရုတ်နိုင်ငံတို့သည် အင်္ဂါဂြိုဟ်စူးစမ်းလေ့လာရေး အာကာသမစ်ရှင်များ စေလွှတ်ထားပြီးဖြစ်သည်။ (အင်တာနက်)
** ရုရှားရေတပ်၏ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတစ်စင်း
အမေရိကန်ရေပြင်အတွင်း တစ်လကျော်ကြာ လျှို့ဝှက်ရောက်ရှိခဲ့**
(ဝါရှင်တန် သြဂုတ် ၁၆)
တာဝေးပစ်ခရုဇ်ဒုံးကျည်များတပ်ဆင်ထားသော အကူလာ
အတန်းအစား ရုရှားရေငုပ်သင်္ဘောသည် မက္ကဆီကိုပင်လယ်
ကွေ့၌ ဇွန်လမှ ဇူလိုင်လအတွင်း ကင်းလှည့်လှုပ်ရှားမှုများ
ပြုလုပ်ခဲ့သော်လည်း အမေရိကန်ရေတပ်က ထောက်လှမ်း
သိရှိခြင်းမရှိခဲ့ကြောင်း သိရသည်။အမေရိကန်အစိုးရက ကာကွယ်ရေးအသုံးစရိတ်
ဖြတ်တောက်ရန် စီမံနေခြင်းနှင့်အတူ အမေရိကန်ရေတပ်၏
ရေငုပ်သင်္ဘောထောက်လှမ်းနိုင်မှုစွမ်းရည်နှင့်ပတ်သက်၍ မေးခွန်း
များပေါ်ထွက်လာချိန်တွင် အထက်ပါဖြစ်ရပ်ပေါ်ပေါက်ခဲ့ခြင်း
ဖြစ်သည်။မက္ကဆီကို ပင်လယ်ကွေ့ရေပြင်အတွင်း ရုရှားရေတပ်၏
နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောရောက်ရှိခဲ့ခြင်းသည်
ကမ္ဘာ့နိုင်ငံရေးနှင့် စစ်ရေးဇာတ်ခုံပေါ်၌ ရုရှားနိုင်ငံသည် အဓိက
ဇာတ်ဆောင်တစ်ဦးအဖြစ် ကျန်ရစ်နေဆဲဖြစ်သည်ဟူသော
အချက်ကို ဖော်ညွှန်းသည့်လက္ခဏာဖြစ်ကြောင်း လေ့လာသူများ
က ပြောကြားခဲ့သည်။ပုံစံဟောင်းရေငုပ်သင်္ဘောများနှင့်မတူဘဲ သိုသိပ်စွာ
စစ်ကစားနိုင်စွမ်း ပိုမိုမြင့်မားသည့် အကူလာအတန်းအစား
နျူစွမ်းအင်သုံးရေငုပ်သင်္ဘောများသည် ရုရှားရေတပ်၏
ပင်မရေငုပ်သင်္ဘောများဖြစ်ကြောင်း အင်တာဖက်စ်သတင်းဌာနက
ဖော်ပြသည်။ (အင်တာနက်)** အိန္ဒိယနိုင်ငံတောင်ပိုင်းဒေသလက်ဖက်ထုတ်လုပ်မှု ကျဆင်းလာ**
(ကိုလ်ကတ္တား သြဂုတ် ၁၆) အိန္ဒိယနိုင်ငံ တောင်ပိုင်းဒေသ၏ လက်ဖက်အဓိကထုတ်လုပ်ရာ ဒေသများ၌ လက်ဖက်ထုတ်လုပ်မှု ကျဆင်းလာခြင်းနှင့်လက်ဖက်အရည်အသွေး ကျဆင်းလာ ခြင်းပြဿနာများကို ရင်ဆိုင်လာနေရကြောင်း ဒေသဆိုင်ရာ သတင်းဌာနများ က သြဂုတ် ၁၆ရက်တွင် သတင်းထုတ်ပြန်သည်။အိန္ဒိယနိုင်ငံ တောင်ပိုင်းဒေသသည် နိုင်ငံအရှေ့ပိုင်း အနောက်ဘင်္ဂလားပြည်နယ်နှင့် နိုင်ငံအရှေ့မြောက်ပိုင်း အာသံပြည်နယ်တို့နှင့်အတူ အိန္ဒိယနိုင်ငံ၏လက်ဖက် အများဆုံးထုတ်လုပ်ရာဒေသ ဖြစ်သည်။ လက်ဖက်ထုတ်လုပ်မှု ကျဆင်းလာနေသည့်ပြဿနာ၏အဓိကအကြောင်း တရားများမှာ လုပ်သားအင်အားနည်းပါးလာခြင်း၊ ပြောင်းလဲလာသော ရာသီ ဥတုအခြေအနေများနှင့်အညီ ခေတ်မီစိုက်ပျိုးရေး နည်းစနစ်များဖြင့် စိုက်ပျိုး ထုတ်လုပ်နိုင်မှုမရှိခြင်း စသည်တို့ ဖြစ်ကြောင်း ဟဲရစ်ဆန်မာလာယာလမ် ကုမ္ပဏီ အမှုဆောင် ညွှန်ကြားရေးမှူးဒါဗာရတ်က ပြောကြားသည်။ အိန္ဒိယနိုင်ငံတောင်ပိုင်း၌ လက်ဖက်ထုတ်လုပ်မှုသည် ၂ဝဝ၈ခုနှစ်တွင် ကီလို ဂရမ် ၂၄၆ဒသမ ၉သန်းရှိခဲ့ရာမှ ၂ဝ၁၁ခုနှစ်တွင် ကီလိုဂရမ် ၂၄ဝဒသမ ၈၈သန်း သို့ ကျဆင်းသွားခဲ့သည်။ ၂ဝဝ၉ခုနှစ်တွင်လက်ဖက်ထုတ်လုပ်မှု ကီလိုဂရမ် ၂၄၄ ဒသမ ၁၃သန်းရှိခဲ့ပြီး ၂ဝ၁ဝပြည့်နှစ်တွင်ကီလိုဂရမ် ၂၄၃ဒသမ၃၇သန်းသို့ ကျဆင်း ခဲ့သည်။ (အင်တာနက်)
** ကွန်ဂိုတွင် သတ္တုတွင်းဥမင်လမ်းပြိုကျ၊ လုပ်သား ၆ဝကျော်သေဆုံး**
( ကင်ရှာဆာ သြဂုတ် ၁၆)
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ အရှေ့မြောက်ပိုင်းတွင် သြဂုတ် ၁၃ရက်က
သတ္တုတွင်းတစ်ခု၌သတ္တုတူးဖော်စဉ် ဥမင်လမ်းပြိုကျမှုကြောင့် မိုင်းအလုပ်သမား ၆ဝ
ကျော်သေဆုံးကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက သြဂုတ် ၁၆ ရက်တွင်
ဖော်ပြသည်။ကွန်ဂိုအရှေ့မြောက်ပိုင်း အိုရီယမ်တေးလ်ပြည်နယ် ပန်ဂွိုင်ဒေသရှိ သတ္တုတွင်း၌
အလုပ်လုပ်နေကြစဉ် မိုင်းတွင်းဥမင်လမ်း ရုတ်တရက်ပြိုကျသွားခြင်းဖြစ်ကြောင်း၊
အလုပ် လုပ်နေသူများအားလုံး မီတာ ၁ဝဝအနက်ရှိ မြေအောက်သို့ ရောက်ရှိသွား
ကြောင်း သတင်းတွင် ဖော်ပြသည်။ဒေသန္တရအစိုးရက မိုင်းအလုပ်သမားများ သေဆုံးသည်ဟု
အတည်ပြုပေးခဲ့သည်။ သို့ရာတွင် မည်သည့် သတ္တုတွင်းအမျိုးအစားဖြစ်သည်ကိုမူမသိရပေ။
ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်ပေးနိုင်ခြင်းမရှိကြောင်း ကင်ရှာဆာ အခြေစိုက်
ရေဒီယိုက ထုတ်လွှင့်ခဲ့သည်။ (ဆင်ဟွာ)** သဘာဝကပ်ဘေးများနှင့် ရင်ဆိုင်ရမည့် အလားအလာ အာရှ မြို့တော်ကြီးများ ကြုံနေရ**
(မနီလာ၊ သြဂုတ် ၁၆) အာရှနိုင်ငံများ၌ မြို့ပြဒေသများအရှိန်အဟုန်ဖြင့် ဖြစ်ထွန်း လာသည်နှင့်အမျှ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဘေးဒုက္ခများ ပေါ်ပေါက်မည့် အလားအလာများလည်း မြင့်တက်လာရာ ရေလွှမ်းမိုးမှုနှင့် အခြားသဘာဝကပ်ဘေးများမှ အာရှမြို့ကြီး များကို ကာကွယ်ပေးနိုင်ရန် မဆိုင်းမတွဆောင်ရွက်သင့်ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် (အေဒီဘီ) က သြဂုတ် ၁၅ ရက်တွင် ပြောကြားသည်။သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သည့် ဖွံ့ဖြိုးမှုကို ဦးစားပေးထားသော အခြေခံအဆောက်အအုံကဏ္ဍနှင့် ထိုးထွင်း ကြံဆမှုရှိသည့် မြို့ပြစီမံကိန်းများ၌ အဓိကထားရင်းနှီးမြှုပ်နှံခြင်းက သာလျှင် အာရှမြို့တော်ကြီးများ ကြုံရဖွယ်ရှိသော သဘာဝ ကပ်ဘေး အကျိုးသက်ရောက်မှုများကို ထိန်းချုပ်ပေးနိုင်မည်ဖြစ် ကြောင်း အေဒီဘီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ အာရှဒေသ၌ မြို့ပြလူဦးရေမမျှော်လင့်ဘဲ မြင့်မားလာသည် နှင့်အမျှ သဘာဝပတ်ဝန်းကျင်အပေါ်သက်ရောက်သည့် ဖိအား မှာလည်း ပိုမိုကြီးမားလာကြောင်းအေဒီဘီ၏ အစီရင်ခံစာတွင် သုံးသပ်ထားသည်။အခြေအနေကို ပြောင်းလဲပေးနိုင်မည့် မူဝါဒများချမှတ် ဖော် ဆောင်ရေး၊ သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်မည့်နည်းပညာနှင့် မြို့ပြစီမံချက်များ ဖွံ့ဖြိုးရေးအတွက် လမ်းဖွင့်ပေးရေးသည် အာရှနိုင်ငံများ လက်ရှိ ကြုံတွေ့နေရသော စိန်ခေါ်မှုဖြစ်ကြောင်း အေဒီဘီ၏ အစီရင် ခံစာတွင် ဖော်ပြထားသည်။ရာသီဥတုပြောင်းလဲမှု အကျိုးသက်ရောက်ချက်အား အာရှမြို့ကြီးများက နိုင်နိုင်နင်းနင်းကိုင်တွယ်နိုင်စွမ်းမရှိသေးသည့် အချက်ကို ပြီးခဲ့သော သီတင်းပတ်က ဖြစ်ပွားခဲ့သည့် မနီလာ မြို့တော် ရေလွှမ်းမိုးမှုနှင့် ဇူလိုင်လအတွင်း ဖြစ်ပွားခဲ့သော ပေကျင်းမြို့တော် ရေလွှမ်းမိုးမှုများက ဖော်ညွှန်းနေကြောင်း အေဒီဘီက သတိပေးခဲ့သည်။ အာရှနိုင်ငံများ၏ စီးပွားရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးလာသည်နှင့် အမျှ မဟာမြို့တော်ကြီးများသို့ လူသန်းပေါင်းများစွာ ရွှေ့ပြောင်း ဝင်ရောက်လာကြရာအခြေအနေမှာ ပိုမိုဆိုးရွားလာမည့် အလား အလာရှိသည်။ (အေအက်ဖ်ပီ)
စုစည်းဘာသာပြန် - တင်မောင်လွင်

No comments:
Post a Comment