-ဘ၀အမောပြေ-
**ဒီလိုပါ**
ချမ်းသာသော အမျိုးသားတစ်ဦးက အလွန်ချောမောလှသည့် မိန်းမပျိုလေးတစ်ဦးအား နာမည်ကျော်စားသောက်ဆိုင်ကြီး တစ်ဆိုင်၌ ညစာတည်ခင်းကျွေးမွေးလေသည်။ ချောမောလှပသူလေးနှင့်အတူ လက်ဆုံစားရမည့်အရေးကို တွေး၍ပျော်နေသည်။
အမျိုးသား = ကဲ…ကြိုက်တာမှာပါ...
အမျိုးသမီး` = ရပါတယ်။
အမျိုးသား = စားချင်တဲ့ ဟင်းနဲ့အစားအစာတွေကို အားမနာနဲ့နော်..မှာသာမှာ
… အမျိုသမီး = ရပါတယ်။
အမျိုးသား = မဟုတ်တာ…ကဲ..စားပွဲထားလာပါဦး.. ဒီဆိုင်ရဲ့ အကောင်းဆုံး စားစရာတွေ အကုန်ချပေးပါ။ ကဲ…ဘာလိုအပ်သေးလဲ..
အမျိုးသမီး = ရပါတယ်။
အမျိုးသား = မင်းဆန္ဒကို လိုက်လျောဖြည့်ဆည်းပေးဖို့ အသင့်ပါ..မင်းကို စိတ်ချမ်းသာစေချင်တယ်..
အမျိုးသမီး = ဒါဆိုရင်..စားစရာတွေရောက်လာရင် ရှင်အပြင်ခဏထွက်ပေးပါ.. ကျမတစ်ယောက်တည်းပဲစားတတ်လို့..
အမျိုးသား = “ဟေ”
အာကာာဟိန်းရေးသားသည်။

No comments:
Post a Comment