-ဘ၀အမောပြေ-
**အိမ်ပြန်ချင်တယ်** မူလတန်းကျောင်းစတက်ရန် ရောက်ရှိလာသော ကလေးငယ်တစ်ဦးအား ဆရာမက မေးလေသည်။ ဆရာမ = သားသားကြီးလာရင် ဆရာဝန်ကြီးလုပ်မှာလား။
ကလေးငယ် = မလုပ်ချင်ဘူး။
ဆရာမ = အင်ဂျင်နီယာကြီးဖြစ်ချင်လား။ ကလေးငယ် = မဖြစ်ချင်ပါဘူး။
ဆရာမ = ကွန်ပျူတာပညာရှင်ကြီး ဖြစ်ချင်လား။ ကလေးငယ် = မဖြစ်ချင်ပါဘူး။
ဆရာမ = သူဌေးကြီးကော ဖြစ်ချင်လား။
ကလေးငယ် = မဖြစ်ချင်ဘူး။
ဆရာမ = ကဲ…ဒါဆိုရင်..သားက ဘာဖြစ်ချင်တာလဲ ပြောပါဦး။
ကလေးငယ် = အိမ်ပြန်ချင်တယ်။
ဆရာမ = “ဟေ”
အာကာဟိန်း-ရေးသားသည်။

No comments:
Post a Comment