ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, August 7, 2012

>
-ယခုလအတွင်း နိုင်ငံတကာထူးခြားသတင်းများ- 
**မြောက်ကိုရီးယားရေဘေး  သေဆုံးသူဦးရေ
 မြင့်တက်၊ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်မှ ရိက္ခာများထောက်ပံ့ပေး** 
(ပြုံယမ်း၊ သြဂုတ် ၄) ဇွန်လနှောင်းပိုင်းနှင့် ဇူလိုင်လအတွင်းက မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရေလွှမ်း မိုးမှုများဖြစ်ပေါ်ခဲ့ခြင်းကြောင့် မြောက်ကိုရီးယားပြည်သူ ၂၁၂၀၀၀ ခန့် အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရသည်။မြောက်ကိုရီးယားက စားနပ်ရိက္ခာအကူအညီ တောင်းခံခဲ့ပြီးနောက် အရေးပေါ်စားနပ်ရိက္ခာ အကူအညီများပေးပို့ခဲ့ကြောင်း ကုလသမဂ္ဂ ကမ္ဘာ့ စားနပ်ရိက္ခာအစီအစဉ်မှ ပြောကြားသည်။မြောက်ကိုရီးယား အစိုးရသတင်း ဌာနက အစောပိုင်းတွင် ထုတ်ပြန်ခဲ့သော သတင်းများအရ ရေဘေးကြောင့် သေဆုံးသူဦးရေမှာ ၁၁၉ ဦး ရှိကြောင်းသိရသည်။ရေဘေးဒုက္ခသည်များအတွက် အရေး ပေါ် စားနပ်ရိက္ခာထောက်ပံ့မှုအဖြစ် လူတစ်ဦးအတွက် တစ်နေ့ ပြောင်းဆန် ၄၀၀ ဂရမ်(၁၄ အောင်စ)နှုန်းဖြင့် ရက်သတ္တနှစ်ပတ်စာ ထောက်ပံ့ပေးမည်ဟု ကမ္ဘာ့ စားနပ်ရိက္ခာအစီအစဉ်က သြဂုတ် ၃ ရက်တွင် ပြောကြားခဲ့သော်လည်း ယင်းရိက္ခာ အထောက်အပံ့များ မြောက်ကိုရီးယားသို့ရောက်ရှိမည့်အချိန်ကာလကိုမူ ပြောကြား ခြင်းမရှိပေ။
ယင်းရေဘေးကြောင့် လူနေအိမ်အလုံး၈၆၀၀ ကျော်ပျက်စီးခဲ့ပြီး အခြားလူနေ အိမ် ၄၃၇၇၀ တို့မှာ ရေလွှမ်းခံရကြောင်းယင်းအပြင် စာသင်ကျောင်းများ၊ စက်ရုံ အလုပ်ရုံများနှင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ နေရာဌာန ၁၄၀၀ ခန့် လည်း ရေဘေးသင့်ခဲ့ရကြောင်း မြောက်ကိုရီးယား အစိုးရသတင်းဌာနက ဖော်ပြ သည်။ (အင်တာနက်)

**စတုတ္ထမျိုးဆက် တာတိုပစ်ဒုံးကျည်သစ်အီရန် စမ်းသပ်ပစ်ခတ်မှု အောင်မြင်** 
(တီဟီရန်၊ သြဂုတ် ၄) စတုတ္ထမျိုးဆက် တာတိုပစ် ဒုံးကျည်တစ်စင်းကို သြဂုတ် ၄ ရက်တွင် အီရန် စစ်ဘက်က အောင်မြင်စွာ စမ်းသပ်ပစ်ခတ်နိုင်ခဲ့ကြောင်း၊ ယင်းတာတိုပစ် ဒုံးကျည်သည် ပစ်မှတ်များကို တိကျစွာထိမှန်မှုနှုန်း မြင့်မားကြောင်း အီရန် စစ်ဘက်မှ သြဂုတ် ၄ ရက်တွင် တရားဝင်ထုတ်ပြန်ကြေညာသည်။ ဖာတက်-၁၁၀ ဟု အမည်ပေးထားသည့် တာတိုပစ်ဒုံးကျည်သည် ပစ်မှတ် များကို အတိအကျ ထိမှန်မှုမြင့်မားသောဒုံးကျည်ဖြစ်ပြီး ကီလိုမီတာ ၁၈၀ကျော် အထိ ပစ်လွှတ်နိုင်ကြောင်း၊ ယင်းကိုအီရန်ကာကွယ်ရေးဝန်ကြီးဌာန ဒုံးကျည် များ ထုတ်လုပ်ရေးအဖွဲ့မှ စမ်းသပ်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အီရန်ကာကွယ် ရေးဝန်ကြီး ဗိုလ်မှူးချုပ် အာမက်ဗာဟီဒီက ပြောကြားသည်။ဖာတက်-၁၁၀ တာတိုပစ် ဒုံးကျည် သည် မြေပြင်နှင့် ပင်လယ်ပြင်ပစ်မှတ်များကို တိုက်ခိုက်ဖျက်ဆီးနိုင်ကြောင်း၊ ရန်သူစုစည်းရာဆုံမှတ်များ၊ ကွပ်ကဲမှုဌာနများ၊ ဒုံးကျည်အခြေစိုက်စခန်းများ၊ ခဲယမ်း မီးကျောက်သိုလှောင်ရုံများနှင့် ရေဒါများကို ရာနှုန်းပြည့် တိကျစွာ ထိမှန်နိုင် ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ယင်းဖာတက်အမျိုးအစား တာတိုပစ် ဒုံးကျည်၏ တတိယမျိုးဆက်ဒုံးကျည်ကို၂၀၁၀ခုနှစ် သြဂုတ်လအတွင်းက စမ်းသပ် ပစ်ခတ်ခဲ့ကြောင်း ဖားစ်သတင်းဌာနကဖော်ပြသည်။ (အင်တာနက်)  

** အာရှဒေသ၏ အနာဂတ်စားနပ်ရိက္ခာလုံခြုံရေး စိတ်ချရဖွယ်မရှိကြောင်း ကျွမ်းကျင်သူများသတိပေး** (ဗန်ကောက်၊ သြဂုတ် ၄) အာရှတိုက်၌ စားသောက်မှုပုံစံအလေ့အထ အပြောင်းအလဲများ ဖြစ်ပေါ်လာ ခြင်းကြောင့် ပြည်ပမှ စားနပ်ရိက္ခာသွင်းကုန်များအပေါ် ပိုမိုအားပြုလာရပြီး ယင်းဒေသ ၏ အနာဂတ် စားနပ်ရိက္ခာလုံခြုံရေးနှင့်ပတ်သက်၍ ပိုမိုစိုးရိမ်ဖွယ်ရာ ဖြစ်လာကြောင်း သိရသည်။အမေရိကန်ပြည်ထောင်စုနှင့် အိန္ဒိယနိုင်ငံတို့၌ ဖြစ်ပေါ်နေသောမိုးခေါင်မှု ပြဿနာကြောင့် အခိျု့သော ကုန်စည်ဈေးနှုန်းများ မြင့်တက်လာရသော်လည်း ခြုံ၍ ကြည့်လျှင် အဓိကအကျဆုံး စားနပ်ရိက္ခာကုန်စည်များ ဖြည့်ဆည်းပေးနိုင်စွမ်းမှာ လုံလောက်မှုရှိဆဲဖြစ်ကြောင်း ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (အက်ဖ်အေ အို) က ပြောကြားခဲ့သည်။သို့ရာတွင် ဗြိတိန်နိုင်ငံတွင်အခြေစိုက် ကျွမ်းကျင်သူအဖွဲ့အစည်းတစ်ရပ်ကထုတ်ပြန်ခဲ့သည့် အစီရင်ခံစာအရ လာမည့် ၁၀ နှစ်အတွင်း အာရှဒေသအများအပြား၌ပြင်းထန်သော ကာလရှည်မိုးခေါင်မှုပြဿနာနှင့် ရင်ဆိုင်ရနိုင်ကြောင်း သိရသည်။အထူးသဖြင့် တရုတ်နိုင်ငံ မြောက်ပိုင်း၊ အိန္ဒိယ၊ ပါကစ္စတန်၊ အာဖဂန်နစ္စတန်နှင့်မွန်ဂိုလီးယားနိုင်ငံများ၌ မိုးခေါင်မှုကပ်ဘေးနှင့်ရင်ဆိုင်ရနိုင်ကြောင်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။အာရှတိုက်၏ အခြားသော ဒေသအစိတ်အပိုင်းများမှာ အချိန်ကာလကြာမြင့်၍ပိုမို စိုစွတ်သည့် မုတ်သုံရာသီဥတုနှင့် ရင်ဆိုင်ရနိုင်ကြောင်း ယင်းအစီရင်ခံစာ၏ဖော်ပြချက် အရ သိရသည်။ ယင်းအပြင် တစ်ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲမှု၏ အကျိုးဆက်ကြောင့် အာရှဒေသ၏ ဆန်စပါးနှင့် ဂျုံစိုက်ပျိုးထုတ်လုပ်နိုင်စွမ်းမှာ ကျဆင်းနေကြောင်း ကျွမ်းကျင် သူတစ်ဦးက ထောက်ပြထားသည်။ အင်တ်တာနက်။်။ 

**အာရှတိုက်မှ ဖုန်မှုန့်များ မြောက်အမေရိက လေထုအတွင်း မျောလွင့်ဝင်ရောက်** 
(ကောလိပ်ပတ်ခ်၊ သြဂုတ် ၄) မြောက်အမေရိကတိုက်၏ အထက်လေထုလွှာအတွင်း တည်ရှိနေသော အမှုန်တိမ်တိုက်၏ အမှုန်ပမာဏထက်ဝက်နီးပါးခန့်မှာ အခြားတိုက်ကြီး များမှ မျောလွင့်ရောက်ရှိလာခြင်း ဖြစ်ကြောင်း အမေရိကန်သိပ္ပံပညာရှင်များက သြဂုတ် ၂ ရက်တွင် ပြောကြားခဲ့သည်။လူ့ပယောဂကြောင့်ထွက်ပေါ်လာသော ဖုန်မှုန့်များနှင့် သဘာဝအလျောက်ထွက်ပေါ်လာသော ဖုန်မှုန့်များ ရောနှော ပါဝင်နေသည့် အလေးချိန်အားဖြင့်တန်ချိန် ၇၀ ဒသမ ၅ သန်း ရှိသော အမှုန်စီးကြောင်းသည် အခြားတိုက်ဒေသကြီးများမှတစ်ဆင့် မြောက်အမေရိက ဒေသ အထက်လေထုလွှာအတွင်းသို့နှစ်စဉ် မျောလွင့်ရောက်ရှိလာတတ်ကြောင်း သိပ္ပံပညာရှင်များက ပြောကြားခဲ့သည်။အံ့အားသင့်ဖွယ်ကောင်းသော အချက် တစ်ချက်မှာ မြောက်အမေရိကဒေသအထက်လေထုလွှာအတွင်း ရောက်ရှိလာ သည့် ဖုန်မှုန့်များအနက် ရုပ်ကြွင်းလောင်စာများ အသုံးပြုခြင်းကြောင့် ဖြစ်ပေါ်ရသော ညစ်ညမ်းဖုန်မှုန့်များအနည်းစုဖြစ်၍ သဘာဝအလျောက် ဖြစ်ပေါ်သည့် ဖုန်မှုန့်များမှာ အများစုဖြစ်ကြောင်း သိပ္ပံပညာရှင်များက ပြောကြားသည်။ မြောက်အမေရိကဒေသ အထက်လေထုလွှာအတွင်းသို့ မျောလွင့်လာသော ဖုန်မှုန့် ၉၀ ရာခိုင်နှုန်းမှာ အာရှတိုက်မှတစ်ဆင့် ပစိဖိတ်သမုဒ္ဒရာကိုဖြတ်၍ ရောက်ရှိလာသည့် ဖုန်မှုန့်များဖြစ်ကြောင်း အမေရိကန်သုတေသီများက ပြောကြားခဲ့သည်။ယင်းဖုန့်မှုန့်များသည် လေထုလွှာအမြင့်ပိုင်းအတွင်း တည်ရှိ၍ မြေပြင်နှင့် နီးကပ်မှုမရှိခြင်းကြောင့် ဆိုးကျိုးသက်ရောက်မှုမရှိကြောင်း သိရသည်။ (ယူပီအိုင်) 

**သြစတြေးလျ သန္တာကျောက်တန်းနေ ငါးသတ္တ၀ါများ၌ အရေပြားကင်ဆာရောဂါတွေ့ရှိရ** (နယူးကာဆယ်၊ သြဂုတ် ၄) သြစတြေးလျနိုင်ငံ၏ ဂရိတ်ဘာရီယာသန္တာကျောက်တန်းဒေသ ရေပြင်အတွင်း ကျက်စားရှင်သန်နေသော ငါးသတ္တ၀ါများ၌ အရေပြားကင်ဆာရောဂါကို တွေ့ရှိရ ကြောင်း သိပံ္ပပညာရှင်များက သြဂုတ် ၂ရက်တွင် ပြောကြားသည်။ ဂရိတ်ဘာရီယာ သန္တာကျောက်တန်းဒေသသည် ကမ္ဘာ့အထက်လေထုလွှာ အတွင်းရှိ အိုဇုန်းလွှာ၏ အကြီးမားဆုံးအပေါက်တည့်တည့်အောက်တွင် တည်ရှိ နေသည်။သန္တာကျောက်တန်း ရေပြင်ဒေသနေငါးသလောက်ယောက်ဖ ငါးမျိုးများ၏ အရေပြားဆဲလ်များ ကြီးထွားမှုဖြစ်စဉ်ကိုဗြိတိန်နိုင်ငံ နယူးကာဆယ်တက္ကသိုလ်နှင့် သြစတြေးလျ အဏ္ဏ၀ါသိပံ္ပ အင်စတီကျုတို့မှ သိပံ္ပပညာရှင်များက လေ့လာတွေ့ရှိ ခဲ့ကြောင်း သတင်းများတွင်ဖော်ပြထားသည်။ရေနေငါးသတ္တ၀ါများတွင် အရေပြား ကင်ဆာရောဂါလက္ခဏာများ ဖြစ်ပေါ်နေသည်ကို ပထမဆုံးအကြိမ် လေ့လာ တွေ့ရှိရခြင်းဖြစ်ကြောင်း သိပံ္ပပညာရှင်များက ပြောကြားသည်။ လေ့လာချက်များအရ ဂရိတ်ဘာရီယာသန္တာကျောက်တန်းဒေသရှိ ငါးသလောက် ယောက်ဖငါးမျိုးများ၌ တွေ့ရှိရသောအရေပြားဆဲလ်များ ကြီးထွားမှုပုံမှန် မရှိသည့် လက္ခဏာများသည် လူသားများတွင် ဖြစ်ပွားတတ်သည့် အရေပြား ကင်ဆာလက္ခဏာမျိုးနှင့် နီးစပ်မှုရှိကြောင်း သိရသည်။ဂရိတ်ဘာရီယာ သန္တာကျောက်တန်း ဒေသနေ ငါးသတ္တ၀ါများ၌ အရေပြားကင်ဆာရောဂါဖြစ်ပွားရခြင်း၏ အဓိက အကြောင်းတရားကို တိတိကျကျဖော်ထုတ်ရန် သုတေသနလုပ်ငန်းများ ဆက်လက်လုပ်ဆောင်ရန် လိုကြောင်း၊သို့ရာတွင် အိုဇုန်းလွှာပျက်စီးမှုကြောင့် ခရမ်းလွန်ရောင်ခြည်များ ကမ္ဘာပေါ်သို့တိုက်ရိုက်ကျဆင်းမှုသည် အဓိက အကြောင်းတရားတစ်ရပ် ဖြစ်ဖွယ်ရှိကြောင်း သိပံ္ပပညာရှင်များက မှန်းဆထား သည်။ (ယူပီအိုင်) 

စုစည်းဘာသာပြန် - အေ၀မ်းစိုး

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)