-ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း-
**အိန္ဒိယရုပ်ရှင်ရုံများတွင် ဆလ်မန်ခန်၏ဇာတ်ကားသစ် လက်မှတ်ဈေးနှုန်းများ စံချိန်တင်မြင့်တက်**
ဘောလိဝုဒ်နာမည်ကျော် စူပါစတား မင်းသားဆလ်မန်ခန်နှင့်
မင်းသမီးကတ်ထရီနာကာအစ်ဖ်တို့အဓိကခေါင်းဆောင် ပါဝင်လှုပ်ရှား
ထားသည့် ဘောလိဝုဒ်အချစ်အက်ရှင်ဇာတ်ကား EK Tha Tiger
ဇာတ်ကားလက်မှတ်ဈေးနှုန်းများမှာအိန္ဒိယရုပ်ရှင်ရုံများတွင် စံချိန်တင်
မြင့်တက်လျက်ရှိကြောင်း မွမ်ဘိုင်းမစ်ဒါသတင်းစာက ရေးသားဖော်ပြ
သည်။အိန္ဒိယရုပ်ရှင်ရုံများတွင် ဆလ်မန်ခန်၏ ဇာတ်ကားသစ်အတွက် ရုံဝင်
လက်မှတ်ခဈေးနှုန်းများ၁၆ ရာခိုင်နှုန်းမြင့်တက်သွားသည့် ရုပ်ရှင်ရုံများရှိ
သကဲ့သို့ လက်မှတ်တစ်စောင် ရူပီး၂၀ မြင့်တက်သွားသည့် ရုပ်ရှင်ရုံများ
လည်းရှိသည်။ဆလ်မန်ခန်၏ ယခင်ကလူကြိုက်များ ရေပန်းစား ခဲ့သည့် Bodyguard
ဇာတ်ကားနှင့် Ready ဇာတ်ကားတို့ရုံတင်ပြသစဉ်ကလည်း လက်မှတ်
ဈေးနှုန်းများ မြင့်တက်ခဲ့သော်လည်းယခုဇာတ်ကားလောက် သိသာထင်ရှား
ခြင်းမရှိဟုဆိုသည်။
EK Tha Tiger ဇာတ်ကားကိုဘောလိဝုဒ်ဒါရိုက်တာ ကာဘီယာခန်က အိုင်ယာလန်နိုင်ငံ ဒဗ္ဗလင်မြို့၊ကျူးဘားနိုင်ငံ ဟားဗားနားမြို့၊ ဟောင်ကောင်၊နယူးဒေလီမြို့နှင့် ဗန်ကောက်မြို့တို့ကို နောက်ခံထားကာ အချစ်နှင့်အက်ရှင်စွန့်စားခန်းများကို အချိုး ကျကျ ပေါင်းစပ်ရိုက်ကူးတင်ပြထားသည်။ဤဇာတ်ကားကို အိန္ဒိယရုပ်ရှင် ရုံများ၌ သြဂုတ် ၁၅ ရက်တွင် ရုံတင်ပြသသွားမည်ြဖစ်သည်။ (အင်တာနက်)
**ခြိမ့်ခြိမ့်သဲသဲဆင်နွှဲခဲ့သည့် လန်ဒန်အိုလံပစ်ပြိုင်ပွဲကြီး ပြီးဆုံး**
(လန်ဒန်၊ သြဂုတ် ၁၂)
၂၀၁၂ လန်ဒန်အိုလံပစ် အားကစားပြိုင်ပွဲကြီးကို လန်ဒန်မြို့တွင် ဇူလိုင် ၂၇
ရက်၌ တရားဝင်စတင်ဖွင့်လှစ်ကာ သြဂုတ် ၁၂ ရက်အထိ ခြိမ့်ခြိမ့်သဲ ကျင်းပခဲ့သည်။
ယင်းအားကစားပြိုင်ပွဲကြီးတွင် အားကစားနည်း ၂၆ မျိုး ထည့်သွင်းယှဉ်ပြိုင်ခဲ့ကြပြီး
ပြိုင်ပွဲကြီးပြီးဆုံးချိန်တွင် အမေရိကန်နှင့် တရုတ်တို့ ဆုတံဆိပ်အများဆုံး ဆွတ်ခူး
ခဲ့သည်။ ၂၀၁၂ လန်ဒန်အိုလံပစ်အားကစားပြိုင်ပွဲကြီးတွင် နိုင်ငံအသီးသီး၏ ဆုတံဆိပ်
ရရှိမှုကို ဖော်ပြရလျှင်
စဉ် နိုင်ငံ ရွှေ ငွေ ကြေး စုစုပေါင်း
၁။ အမေရိကန် ၄၆ ၂၉ ၂၉ ၁၀၄
၂။ တရုတ် ၃၈ ၂၇ ၂၂ ၈၇
၃။ ဗြိတိန် ၂၉ ၁၇ ၁၉ ၆၅
၎။ ရုရှား ၂၄ ၂၅ ၃၃ ၈၂
၅။ တောင်ကိုရီးယား ၁၃ ၈ ၇ ၂၈
၆။ ဂျာမနီ ၁၁ ၁၉ ၁၄ ၄၄
၇။ ပြင်သစ် ၁၁ ၁၁ ၁၂ ၃၄
၈။ အီတလီ ၈ ၉ ၁၁ ၂၈
၉။ ဟန်ဂေရီ ၈ ၄ ၅ ၁၇
၁၀။ ၾသစေၾတးလ် ၇ ၁၆ ၁၂ ၃၅
၁၁။ ဂျပန် ၇ ၁၄ ၁၇ ၃၈
၁၂။ ကာဇက်စတန် ၇ ၁ ၅ ၁၃
၁၃။ နယ်သာလန် ၆ ၆ ၈ ၂၀
၁၄။ ယူကရိန်း ၆ ၅ ၉ ၂၀
၁၅။ ကျူးဘား ၅ ၃ ၆ ၁၄
၁၆။ နယူးဇီလန် ၅ ၃ ၅ ၁၃
၁၇။ အီရန် ၄ ၅ ၃ ၁၂
၁၈။ ဂျမေကာ ၄ ၄ ၄ ၁၂
၁၉။ ချက် ၄ ၃ ၃ ၁၀
၂၀။ မြောက်ကိုရီးယား ၄ ၀ ၂ ၆
၂၁။ စပိန် ၃ ၁၀ ၄ ၁၇
၂၂။ ဘရာဇီး ၃ ၅ ၉ ၁၇
၂၃။ ဘယ်လာရုစ် ၃ ၅ ၅ ၁၃
၂၄။ တောင်အာဖရိက ၃ ၂ ၁ ၆
၂၅။ အီသီယိုးပီးယား ၃ ၁ ၃ ၇
၂၆။ ခရိုအေးရှား ၃ ၁ ၂ ၆
၂၇။ ရိုမေးနီးယား ၂ ၅ ၂ ၉
၂၈။ ကင်ညာ ၂ ၄ ၅ ၁၁
၂၉။ ဒိန်းမတ် ၂ ၄ ၃ ၉
၃၀။ ပိုလန် ၂ ၂ ၆ ၁၀
၃၁။ အဇာဘိုင်ဂျန် ၂ ၂ ၆ ၁၀
၃၂။ တူရကီ ၂ ၂ ၁ ၅
၃၃။ ဆွစ်ဇာလန် ၂ ၂ ၀ ၎
၃၄။ လစ်သူရေးနီးယား ၂ ၁ ၂ ၅
၃၅။ နော်ဝေ ၂ ၁ ၁ ၎
(အင်တာနက်)**ဗြိတိန်အပြေးချန်ပီယံ မိုဖာရတ်ဒုတိယအကြိမ် ရွှေတံဆိပ်ဆွတ်ခူး**
(လန်ဒန်၊ သြဂုတ် ၁၂) လန်ဒန်မြို့တွင် ကျင်းပခဲ့သည့် ၂၀၁၂လန်ဒန်အိုလံပစ် အားကစားပြိုင်ပွဲကြီး သည်လည်း ပြီးဆုံးသွားခဲ့ပြီးဖြစ်ရာ ဗြိတိန်အတွက် ဆုတံဆိပ်များရရှိရေးတွင် ပါဝင် စွမ်းဆောင်ပေးခဲ့သူ ဗြိတိန်အပြေးချန်ပီယံမိုဖာရတ်သည် မီတာ ၅၀၀၀ အပြေး ပြိုင်ပွဲတွင် ဒုတိယအကြိမ်မြောက် အိုလံပစ်ရွှေတံဆိပ်ကို ဆွတ်ခူးနိုင်ခဲ့ပြီဖြစ်သည်။ အသက် (၂၉)နှစ်အရွယ်ရှိ အပြေးချန်ပီယံမိုဖာရတ်သည် သြဂုတ် ၄ ရက်က ယှဉ်ပြိုင်ခဲ့သည် လန်ဒန်အိုလံပစ် မီတာ၁၀၀၀၀ ပြိုင်ပွဲတွင် ၎င်း၏ ကြံ့ခိုင်မှု အားကောင်းသော အပြေးစွမ်းရည်ကြောင့် ပထမအကြိမ် အိုလံပစ်ရွှေတံဆိပ် ဆုကို ဆွတ်ခူးထားပြီးဖြစ်သည်။အိုလံပစ် မီတာ ၅၀၀၀၊ မီတာ ၁၀၀၀၀ အပြေးပြိုင်ပွဲနှင့် ကမ္ဘာ့ချန်ပီယံအဖြစ်ရပ်တည်လာသည့် မိုဖာရတ်သည် မီတာ ၁၅၀၀ နှင့် မီတာ ၃၀၀၀ အပြေးပြိုင်ပွဲများတွင်လည်း ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ၂၀၁၀ ခုနှစ် ဇူလိုင်လက ယှဉ်ပြိုင်ခဲ့သည့်ဥရောပ မီတာ ၁၀၀၀၀ ပြိုင်ပွဲတွင် ရွှေ တံဆိပ်ဆုရရှိခဲ့ခြင်းကြောင့် မိုဖာရတ်သည်ဥရောပအပြေးစံချိန်တင်ခဲ့သူဖြစ်သည်။ မိုဖာရတ်သည် ၂၀၁၂ လန်ဒန်အိုလံပစ်အပြေးပြိုင်ပွဲ မီတာ ၅၀၀၀ နှင့် မီတာ ၁၀၀၀၀ တို့တွင် ရွှေတံဆိပ်များရရှိခဲ့ပြီးနောက် မာရသွန်အပြေးပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ရန် ဆန္ဒများ ဖြစ်ပေါ်ခဲ့ကြောင်း ၎င်းက ထုတ်ဖော်ပြောကြားခဲ့ သည်။ (အင်တာနက်)
**ယူနီဗာဆယ်ရုပ်ရှင်ထုတ်လုပ်ရေးကနာမည်ကျော်ဇာတ်ကားများ ဖြန့်ချိမည့်ရက် သတ်မှတ်** ယူနီဗာဆယ်ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီက လာမည့် နှစ်တွင် ဖြန့်ချိပြသမည့် Oblivino ဇာတ်ကား၊ Rush ဇာတ်ကားနှင့် Mama ဇာတ်ကားတို့၏ ထုတ်ဝေဖြန့်ချိ ပြသမည့်ရက်များကို တရားဝင်အတည်ပြုကြေညာလိုက်ပြီ ဖြစ်သည်။ယင်းသို့ ထုတ်ပြန်ကြေညာရာတွင် ဒါရိုက်တာဂျိုးဆက် ကိုဆင်စကီရိုက်ကူးတင်ပြပြီး ကမ္ဘာကျော်ဟောလိဝုဒ် အက်ရှင်မင်းသား တွမ်ခရုစ်နှင့် မင်းသမီး အိုလ်ဂါ ကူရီလန်တို့ အဓိကခေါင်းဆောင်ပါဝင်လှုပ်ရှားထားသည့် စိတ်ကူးယဉ်သိပ္ပံဇာတ်ကား Oblivion ကို ၂၀၁၃ ခုနှစ် ဧပြီ ၁၂ ရက်တွင် ဖြန့်ချိပြသမည်ဖြစ်သည်။ ဒါရိုက်တာ ရွန်ဟောင်းဝပ်ဒ် ရိုက်ကူးတင်ဆက်ပြီး မင်းသား ခရစ်ဟမ်းစ်ဝက်၊ ဒန်နီရယ်လ် ဘရက်ဟ်နှင့် မင်းသမီး အိုလီဗာ ၀ဲလ်ဒီတို့ ပါဝင်သရုပ်ဆောင်ထားသည့် ဖော်မြူလာဝမ်းကားမောင်းပြိုင်ပွဲအကြောင်း ရိုက်ကူး ထားသော Rush ဇာတ်ကားကို ၂၀၁၃ ခုနှစ် စက်တင်ဘာ ၂၀ ရက်တွင် ရုံတင်ပြသသွားမည်ဖြစ်သည်။ ဒါရိုက်တာ အန်ဒရီမြူချီတီ ရိုက်ကူးပုံဖော်ပြီး မင်းသား နီကိုလာဂ်ျ ကိုစတာ ၀ါလ်ဒူနှင့် မင်းသမီး ဂျက်စီကာ ခရစ္စတင်းတို့ သရုပ်ဆောင်ထားသည့် သဘာဝလွန်ဖြစ်ရပ် ဆန်းများအကြောင်း ရိုက်ကူးထားသော Mama ဇာတ်ကား ကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၁၈ ရက်တွင် ဖြန့်ချိပြသသွား မည်ဖြစ်သည်။ (အင်တာနက်)
စုစည်းဘာသာပြန် - အေ၀မ်းစိုး

No comments:
Post a Comment