ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, August 14, 2012

>
-ယခုလအတွင်း နိုင်ငံတကာထူးခြားသတင်းများ-
** အိုင်ပက်ဝယ်ရန်
 ကျောင်းသားတစ်ဦး ကျောက်ကပ်ထုတ်ရောင်းမှု ပါဝင်ပတ်သက်သူ ငါးဦးကို ရုံးတင်စစ်ဆေးနေ**
 (လန်ဒန်၊ သြဂုတ် ၁၂)
တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် ကျောင်းသားတစ်ဦးသည် ipad and iphone တစ်လုံးဝယ်ယူရန် ၎င်း၏ကျောက်ကပ်ထုတ်ရောင်းခဲ့ရာတွင် ပါဝင်ပတ်သက်သူငါးဦးမှာ တရားရုံး၌ အမှုရင်ဆိုင်နေရကြောင်း ဒေလီးမေးသတင်းစာက သြဂုတ် ၁၁ ရက်တွင် ဖော်ပြသည်။၎င်း၏ကျောက်ကပ်တစ်လုံးကိုခွဲထုတ်ခဲ့သည့်အတွက် အသက် (၁၇)နှစ်နီးပါးရှိ ထိုလူငယ်မှာသေဆုံးသွားခဲ့သည်။ သတင်းများအရ ယင်းသို့ကျောက်ကပ်ရောင်းချခြင်း ဖြင့် ပေါင် ၁၉၀၀ နှင့်ညီမျှသော ယွမ်ငွေရရှိခဲ့သည်ဟု ဆိုသည်။ တရားရင်ဆိုင်နေရသူများတွင် ၎င်းဆယ်ကျော်သက်လူငယ်၏ ကျောက်ကပ်ကို ခွဲထုတ်ပေးခဲ့သော ခွဲစိတ်ဆရာဝန်လည်းပါဝင်သည်။ အိုင်ပက်အသစ်တစ်ခုဝယ်ယူရန်အတွက် ငွေများရရှိလာခဲ့ခြင်းအပေါ် ၎င်း၏ မိခင်က သံသယ၀င်လာခဲ့ရာမှ ရဲတပ်ဖွဲ့သို့ အကြောင်းကြားခဲ့ခြင်းဖြစ်သည်။ သတင်းစာတွင်ရေးသားချက်အရ ၎င်းကျောင်းသားက ကျောက်ကပ်ထုတ် ရောင်းခဲ့ကြောင်းဝန်ခံခဲ့သည်။ လူငယ်သည် ကျောက်ကပ်အစားထိုးကုသပြီးသည့် နောက် ၎င်း၏ကျောက်ကပ်မှ နာကျင်မှုဝေဒနာခံစားခဲ့ရသည်။ ကျောင်းမတက်နိုင်သည် အထိ နေထိုင်မကောင်းဖြစ်ခဲ့ရသည်။ဝမ်ဟုခေါ်သော ထိုလူငယ်မှာ အွန်လိုင်းပေါ်မှတစ်ဆင့် ကျောက်ကပ် အရောင်းအ၀ယ်လုပ်ရန်စည်းရုံးခြင်း ခံရခြင်းဖြစ်သည်ဟု အစိုးရရှေ့နေများက ပြောသည်။တရုတ်နိုင်ငံ၌ လူ့ခန္ဓာကိုယ်အစိတ်အပိုင်း ရောင်းဝယ်သောလုပ်ငန်းသည် ကြီးထွားလာလျက်ရှိပြီး အရောင်းအ၀ယ်လုပ်ငန်းမှာ အွန်လိုင်းပေါ်မှတစ်ဆင့် ပံျ့နှံ့ လျက်ရှိကြောင်း ဒေလီမေးကဖော်ပြသည်။ (အင်တာနက်)

** အီရန်မြောက်ပိုင်းတွင် အင်အားပြင်းငလျင်နှစ်ကြိမ်လှုပ် လူ ၃၀၀ ခန့် သေဆုံးပြီး ၅၀၀၀ ကျော် ဒဏ်ရာရ**
(တီဟီရန်၊ သြဂုတ် ၁၂) အီရန်နိုင်ငံအနောက်မြောက်ပိုင်းတွင်သြဂုတ် ၁၂ ရက်က အင်အားပြင်းငလျင် နှစ်ကြိမ်လှုပ်ခတ်ခဲ့ရာ လူပေါင်း ၃၀၀ခန့်သေဆုံး၍ ၅၀၀၀ ကျော် ဒဏ်ရာရရှိ ကြောင်း ဖားစ်သတင်းဌာနက သြဂုတ်၁၂ရက်တွင် သတင်းထုတ်ပြန်သည်။ အရှေ့အဇာဘိုင်ဂျန်ပြည်နယ်တွင် ငလျင်လှုပ်ခတ်မှုများကြောင့် ကျေးရွာ ၁၁၀ ပျက်စီးသွားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်က ဖားစ်သတင်း ဌာနသို့ ပြောကြားသည်။ယင်းပြည်နယ်ရှိ အက်ဟာဒေသတွင် လည်း ငလျင်လှုပ်မှုကြောင့် ကျေးရွာ၁၂ရွာထက်မနည်းပျက်စီးခဲ့ကြောင်း ဖားစ်သတင်းဌာနကဖော်ပြသည်။ ငလျင်ဒဏ် နှစ်ကြိမ်ကြောင့် ဒဏ်ရာရရှိသူပေါင်း၅၀၀၀ ကျော်ကြောင်း အိုင်အက်စ်အင်န် အေသတင်းဌာနက သတင်းထုတ်ပြန်သည်။ဒဏ်ရာရရှိသွားသူများအား အရှေ့ အဇာဘိုင်ဂျန်၊ အနောက်အဇာဘိုင်ဂျန်နှင့် အာဒီဘယ်ပြည်နယ်များရှိ ဆေးရုံများ သို့ တင်ပို့ကုသပေးလျက်ရှိသည်။ပထမငလျင်မှာ ဒေသစံတော်ချိန် ညနေ ၄နာရီ ၅၃ မိနစ်က အက်ဟာဒေသ မြေအောက်အနက် ၁၀ကီလိုမီတာ ကိုဗဟိုပြု၍ လှုပ်ခတ်ခဲ့ပြီး အင်အားရစ်ခ်ျတာစကေး ၆ ဒသမ ၂ ရှိကြောင်း၊ ဒုတိယငလျင်မှာ ဗာဇာကွမ်ဒေသ အနီးအနားတွင် ဒေသစံတော်ချိန် ညနေ ၅နာရီ ၄မိနစ်က မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ကြောင်း၊ ရစ်ခ်ျတာစကေး ၆ အဆင့်ရှိကြောင်းအီရန်နိုင်ငံ မြေငလျင်တိုင်းတာရေးစခန်း က ပြောကြားသည်။နောက်ဆက်တွဲဖြစ်ပေါ်လာမည့် ငလျင်များဒဏ်ကို ကြောက်ရွံ့၍ လူပေါင်း ထောင်ချီကာ နေအိမ်များ၏ အပြင်ဘက်ထွက်၍နေထိုင်နေကြရသည်။ (ဆင်ဟွာ)  

** နှစ်နိုင်ငံဆက်ဆံရေးတိုးချဲ့ရန် တရုတ်နှင့် အင်ဒိုနီးရှား သဘောတူ**
 (ဂျကာတာ၊ သြဂုတ် ၁၂) နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှု တိုးတက် ခြင်းသည် အလွန်အရေးပါကြောင်း တရုတ်နှင့် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးများက အသိအမှတ်ပြုခဲ့ကြသည့်အပြင် ၂၀၁၅ ခုနှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ဘီလီယံ ၈၀ အထိ ရောက်ရှိရန် သဘောတူခဲ့ကြသည်။ ယင်းအပြင် ရေကြောင်းသွားလာရေးနှင့် စားနပ်ရိက္ခာ ဖူလုံစေရေးတို့ အပါအ၀င် ကာကွယ်ရေးနှင့် လုံခြုံရေးအခန်း ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးခဲ့ကြသည်။ အင်ဒိုနီးရှားနှင့် တရုတ်နိုင်ငံတို့၏ ဆက်ဆံရေးသည် လျင်မြန်သောအရှိန်ဖြင့် ဖွံ့ဖြိုးတိုးတက်နေသော ကာလတစ်ခုသို့ ရောက်ရှိနေသည်ဟု ၀န်ကြီးနှစ်ဦးလုံးက လက်ခံကြောင်း၊ စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်ခြင်းမှ အကျို ဖြစ်ထွန်းရေး၊ ကာကွယ်ရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုတိုးတက်ရေးနှင့် ပြည်သူနှင့် ပြည်သူအကြား ဆက်ဆံမှုကြီးမား လာရေးတို့အတွက် နှစ်နိုင်ငံထိပ်တန်းခေါင်းဆောင်များ အပြန် အလှန် လည်ပတ်ကြရန် တိုက်တွန်းကြောင်း တရုတ်နိုင်ငံခြားရေး ၀န်ကြီးက ပြောသည်။ဒေသအတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးခိုင်မာစေ ရန် နှစ်နိုင်ငံချင်းနှင့် အာဆီယံအဖွဲ့အတွင်း သံတမန်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးလိုအပ်ကြောင်း ၀န်ကြီးနှစ်ဦးက အလေးအနက် ပြောကြားခဲ့သည်။ (အင်တာနက်) 

** လန်ဒန်အိုလံပစ်တွင် ရွှေတံဆိပ်နှင့် ငွေလဲလှယ်သည်ဟုစွပ်စွဲသောဘီဘီစီ တရားစွဲဆိုခံရ**
 (လန်ဒန်၊ သြဂုတ် ၁၂) ၂၀၁၂ ခုနှစ် လန်ဒန်အားကစားပွဲတော်တွင် လက်ဝှေ့ပြိုင်ပွဲဆုတံဆိပ် များကို ငွေပေးဝယ်နိုင်သည်ဟု ဘီဘီစီကသြဂုတ် ၁၀ ရက်ညတွင် ထပ်မံသတင်း ထုတ်လွှင့်ခဲ့ပြီးနောက် အေအိုင်ဘီအေကတရားစွဲဆိုမှုစတင် လုပ်ဆောင်ခဲ့သည်။ အဇာဘိုင်ဂျန် လက်ဝှေ့သမားများဖြစ်ကြသော စူပါဟဲဗီးဝိတ် မာဂိုမီဒရာ ဆူးလ်နှင့် ဟဲဗီးဝိတ် ဆေးမားမန်မာဒေါ့ဗ်တို့သည် သြဂုတ် ၁၀ ရက် ဆီမီး ဖိုင်နယ်တွင် ပြိုင်ဘက်များကို ရှုံးနိမ့်ခဲ့ကြသည်။ လက်ဝှေ့ပြိုင်ပွဲ၌ အဇာဘိုင်ဂျန် လက်ဝှေ့သမားတစ်ယောက်မျှ မကျန်တော့ပေ။အဇာဘိုင်ဂျန်လက်ဝှေ့အာဏာပိုင် များက အိုလံပစ်ရွှေတံဆိပ်နှစ်ခုအတွက်ဒေါ်လာ ၁၀ သန်းပေးခဲ့ကြောင်း ဘီဘီစီက ၂၀၁၁ ခုနှစ်အတွင်း စွပ်စွဲခဲ့ပြီး ယခုနှစ်သြဂုတ် ၁၀ ရက်၌ ထပ်မံစွပ်စွဲခဲ့သည်။ နိုင်ငံတကာအိုလံပစ်ကော်မတီ (အိုင်အိုစီ)နှင့် အေအိုင်ဘီအေတို့က ဘီဘီစီ၏ ကြေညာချက်ကို စုံစမ်းစစ်ဆေးခဲ့ရာအမှားအယွင်း တစ်စုံတစ်ရာမရှိခဲ့ကြောင်း တွေ့ရှိသည့်အတွက် ဘီဘီစီကို ပြန်လည်တရားစွဲဆိုခြင်း ဖြစ်သည်။ယမန်နှစ် စက်တင်ဘာလအတွင်းတွင်လန်ဒန်အိုလံပစ်အားကစားပြိုင်ပွဲ ရွှေ တံဆိပ်နှစ်ခုအတွက် အလဲအလှယ်အဖြစ်အဇာဘိုင်ဂျန်ထံမှ ဒေါ်လာ ၁၀ သန်းကို အေအိုင်ဘီအေက လာဘ်ယူခဲ့ကြောင်းဘီဘီစီကစွပ်စွဲခဲ့သည်။လန်ဒန်အိုလံပစ် အမျိုးသားလက်ဝှေ့ပြိုင်ပွဲ အဆုံးအဖြတ်ပွဲစဉ်များကို သြဂုတ် ၁၂ ရက်တွင် ကျင်းပသွားမည်ဖြစ်သည်။ (အင်တာနက်) 

 စုစည်းဘာသာပြန် - အေ၀မ်းစိုး

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)