-ကမ္ဗည်းတွင်ရစ်မည့် သမိုင်းသစ် -
ညစ်ထေးထေးခေတ်ထဲအလျားလိုက် ဖြတ်သန်းစဲ
ပျော်ရွှင်မှု ကွဲကြေ
မွန်းကြပ်ပူလောင်ခြင်းတွေ သန္တေတည်ခဲ့ပြီ ။
နောက်ဆုံးပေါ် အဆီအနှစ်
စည်းစိမ်ယစ်သူ တစု
အသူတရာ ချောက်ထဲ ဘ၀မွဲများ လျစ်လျှူရှူစဲ ..။
စနစ်ယိုင်နဲ့ ၊ စာရိတ္တကျိုးပဲ့
စစ်ဘီလူးရဲ့ ထင်တိုင်းကြဲစဉ်
ငြိမ်းချမ်းရေးဟာ တုံးလုံးလဲ သတိလစ်သွားတယ် ။
ဒုက္ခရိုက်ပုတ် ခန္တာရုပ်လည်း
ခေတ်ဆိုး ကုတ်ဖဲ့လျက်
အဖာရာ ပြည့်နှက် လောက ငရဲမှ ရုန်းထွက်ရမယ်...။
အဓိပ္ပါယ်ပြည့်ခြေလှမ်းများ
မနားတမ်း ခရီးနှင်
ပြည်သူ့နာကျင်မှု ဝေဒနာ ကင်းစင်ဖို့
တော်လှန်ရေး ဒေါင်းလံလွှင့်
ဒီမိုကရေစီ ကြွေးကြော်သံ ကမ္ဘာ့မိုးယံ ပျံ့လွင့်ပေါ့ ။
ငြိမ်းချမ်းရေးအတွက် အသက်သွေးပေးဆပ်
အမှန်တရား ချစ်မြတ်နိုးသူတွေရဲ့ မရိုင်းညစ်တဲ့ သမိုင်းသစ်
၈-၈-၈၈ ( ရှစ်ရက် ရှစ်လ ရှစ်ဆယ့်ရှစ် ) မော်ကွန်းကမ္ဗည်းတွင်ရစ်ပြီ ။ ။
**အောင်ခိုင်မြင့်**

No comments:
Post a Comment