ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, August 9, 2012

>
-ယခုလအတွင်း နိုင်ငံတကာထူးခြားသတင်းများ-
**ရုရှားဂြိုလ်တုနှစ်လုံးလွှတ်တင်မှု မအောင်မြင်**

ရုရှားနိုင်ငံက ဆက်သွယ်ရေးဂြိုလ်တုနှစ်လုံးကို သြဂုတ် ၆ ရက် ညက ကာဇက်စတန်ရှိ ဘိုင်ကိုနော့အာကာသလွှတ်တင်ရေးစခန်းမှ ပရိုတွန်-အမ်ဒုံးပျံယာဉ်ဖြင့် လွှတ်တင်ခဲ့ရာတွင် ဒုံးပျံတွန်းတင်ရေးစနစ်ချွတ်ယွင်းမှုကြောင့် မအောင်မြင်ခဲ့ကြောင်း ရုရှားနိုင်ငံ ရော့ကော့စမော့ အာကာသရေးရာဌာနမှ ပြောကြားသည်။ အဆိုပါ ဂြိုလ်တုနှစ်လုံးကို ယင်းနေ့မော်စကိုစံတော်ချိန် ည ၁၁ နာရီ ၃၁ မိနစ်က ကော့စမိုဒုန်းဒုံးပစ်စင်မှ ပရိုတွန်ဒုံးပျံဖြင့်လွှတ်တင်ခဲ့သော်လည်း ဒုံးပျံတွန်းတင်ရေးနည်းစနစ်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှုကြောင့် မအောင်မြင်ခဲ့ခြင်းဖြစ်သည်။ တယ်လ်ကွန် ၃ (Telkom3) အင်ဒိုနီးရှားဆက်သွယ်ရေးဂြိုလ်တုကို သြဂုတ် ၇ ရက် မော်စကိုစံတော်ချိန် နံနက် ၈ နာရီ ၄၄ မိနစ်နှင့် အိတ်စ်ပရက်စ် အမ်ဒီ ၂ (Express MD2) ရုရှားဆက်သွယ်ရေးဂြိုလ်တုကို ယင်းနေ့မော်စကိုစံတော်ချိန် နံနက် ၉ နာရီ ၁၄ မိနစ်တွင် ဒုံးပျံယာဉ်မှ ဖယ်ခွာရန် စီစဉ်ခဲ့ကြောင်း ရိုကော့စမော့မှပြောကြားသည်။ (အင်တာနက်)

**ဟော်မုဇ်ရေလက်ကြားတစ်ခုလုံး အီရန်ထိန်းချုပ်**
(တီဟီရန်၊ သြဂုတ် ၇)
အီရန်နိုင်ငံသည် ဟော်မုဇ်ရေလက်ကြားကို အပြည့်အ၀ထိန်းချုပ်ထားပြီဖြစ်ကြောင်း အီရန်ရေတပ်အကြီးအကဲဆေးယား ရီက သြဂုတ် ၇ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်ကြောင်း အီရန်အစိုးရအာဘော်တစ်ပိုင်းဖြစ်သည့် ဖားစ်သတင်းဌာန သတင်းထုတ်ပြန်သည်။ ပါရှန်ပင်လယ်ကွေ့တင် လုံခြုံရေးအတွက် ဟော်မုဇ်ရေလက်ကြားကို ထိန်းချုပ်ရန်မှာ အီရန်အတွက် အရေးကြီးသည်ဟု ၄င်းက ဆက်လက်ပြောကြားသည်။ ပါရှန်ပင်လယ်ကွေ့နှင့် နိုင်ငံတကာရေပြင်တွင် အမေရိကန်၏ စစ်ရေးလေ့ကျင့်မှုများပြုလုပ်မည်ဟု ကြေညာမှုအပေါ် ၄င်းကတုံ့ပြန်ပြောကြားခြင်းဖြစ်သည်။ အမေရိကန်နှင့် နိုင်ငံပေါင်း ၂၀ တို့က ပူးပေါင်းပြီး ပါရှန်ပင်လယ်ကွေ့အနီးနိုင်ငံတကာရေပိုင်နက်များတွင် လာမည့်စက်တင်ဘာလ၌ စစ်ရေးလေ့ကျင့်မှုများပြုလုပ်မည်ဟု မီဒီယာများက ဖော်ပြသည်။ (အင်တာနက်)  

**ဘရာဇီးနိုင်ငံ၌ အမေဇုန်သစ်တောပြုန်းမှု လျော့နည်းခဲ့** 
(ရီယိုဒီဂျနေးရိုး၊ သြဂုတ် ၇) ပြီးခဲ့သည့်နှစ်မှ ယခုနှစ် ၂၀၁၂ ခုနှစ် ဇူလိုင်လကုန်အထိ ၁၂ လကာလအတွင်း ဘရာဇီးနိုင်ငံရှိ အမေဇုန်သစ်တောပြုန်းတီးမှု ၂၃ ရာခိုင်နှုန်းလျော့နည်းခဲ့ကြောင်း ဘရာဇီးအစိုးရက သြဂုတ် ၆ ရက်တွင် ကြေညာသည်။ အဆိုပါ တစ်နှစ်တာအတွင်း သစ်တောဧရိယာစတုရန်းကီလိုမီတာ ၂၀၄၀ သာလျှင် ခုတ်လှဲသဖြင့် ပြီးခဲ့သည့်တစ်နှစ်ကထက် သစ်တောဧရိယာ စတုရန်းကီလိုမီတာ ၇၀၀ ခန့်လျော့နည်းသည်ဟု ဘရာဇီးပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနစာရင်းများအရ သိရသည်။ (အင်တာနက်) 

**ဖိလစ်ပိုင်နိုင်ငံ၊ ပြည်နယ်ကိုးခု၌ ရေလွှမ်းပြီး မြေပြို ကိုးဦးသေဆုံး၊ အနီရောင်အဆင့်သတိပေးချက်ထုတ်ပြန်** 
(မနီလာ၊ သြဂုတ် ၇) သေဆုံးသူများမှာ ကွီဇန်မြို့နှင့် အနီးဝန်းကျင် ကျေးရွာများမှ ဖြစ်ပြီး မြေပြိုမှုကြောင့် သေဆုံးခဲ့ရခြင်းဖြစ်သည်။ သေဆုံးသူများ၏ ရုပ်အလောင်းများအား မြေကြီးများအောက်မှ ရှာဖွေတွေ့ရှိခဲ့ကြသည်။ အခြားနေရာများ၌လည်း မြေကြီးများအောက်၌ သေဆုံးသူများ ရှိမရှိကိုရှာဖွေလျက်ရှိသည်။ ကွီဇန်မြို့နှင့် အနီးရှိကျေးရွာများ၏ လမ်းများပေါ်တွင် ရေများဖုံးလွှမ်းလျက်ရှိရာ မော်တော်ယာဉ်သွားလာရေးများပြတ်တောက်လျက်ရှိသည်။ စာသင်ကျောင်းများပိတ်ထားရပြီး ပြန်လည်ဖွင့် လှစ်ရေးအတွက် ရေလွှမ်းမှုများဖြစ်ပေါ်နေဆဲဖြစ်သဖြင့် ချိန်ဆလျက်ရှိသည်။ ရေလွှမ်းမှုနှင့် မြေပြိုမှုဒဏ်ကြုံတွေ့ခံစားနေရသော ပြည်နယ်များမှာ ဇမ်ဘာလက်စ်၊ ဘာတာအင်၊ ပမ်ပန်ဂါ၊ ပင်ဂါဆင်နာ၊ တာလက်၊ လူရူနာ၊ ကာဗီတီ၊ ရီကယ်လ်နှင့် ဘူလာကန်တို့ဖြစ်ကြသည်။ (အင်တာနက်) 

စုစည်းဘာသာပြန် - တင်မောင်လွင်

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)