-ဘ၀အမောပြေ-
**ဒီလိုပါ**
လက်ထပ်မည့် မိန်းကလေးများကို အချိန်ယူရွေးချယ်နေသဖြင့် အသက် ၄၀ ခန့်မှ လက်ထပ်ဖြစ်ခဲ့သော လူပျိုကြီးတစ်ဦးသည် လက်ထပ်ပြီးနောက်ရက်မှာပင် ကွာရှင်းခဲ့သဖြင့် မိတ်ဆွေကမေးမြန်းလေသည်။ မိတ်ဆွေ = မနေ့ကမှလက်ထပ်တယ်။ ဒီနေ့ကွာရှင်းလိုက်တယ်ဆိုတော့ ဘယ်လိုဖြစ်တာလဲဗျာ..။
လူပျိုကြီး = မပြောချင်ဘူး။
မိတ်ဆွေ = လက်ထပ်ဖို့ မိန်းကလေးတွေတစ်ဦးပြီးတစ်ဦးရွေးလာပြီးမှ သူ့ကို စိတ်တိုင်းကျလို့ လက်ထပ်ခဲ့တာမဟုတ်လား။
လူပျိုကြီး = ဒါတော့ဟုတ်တယ်။
မိတ်ဆွေ = ရုပ်ချောပြီး သဘောကောင်းတယ်မဟုတ်လား။
လူပျိုကြီး = မှန်ပါတယ်။
မိတ်ဆွေ = ခင်ဗျားကိုနားလည်အလိုက်သိပြီး…ချစ်လည်းချစ်တယ် မဟုတ်လား။
လူပျိုကြီး = ဒါလည်းဟုတ်ပါတယ်။
မိတ်ဆွေ = ဒါဆို..ပြီးပြီပေါ့..ဘာတွေထပ်ပြီး အလိုမကျဖြစ်ရပြန်တာလဲ..။
လူပျိုကြီး = အေး..အလိုမကျတာကတော့ ..သူက မိန်းမလျာဖြစ်နေလို့ဟေ့။
မိတ်ဆွေ = “ဟေ”
အာကာဟိန်း-ရေးသားသည်။

No comments:
Post a Comment