ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, August 8, 2012

>
-၀ါးခြင်းတောင်းနဲ့ရေခပ်ခြင်း-
တစ်ခါတုန်းက
 မြို့ပြနဲ့အလှမ်းဝေးတဲ့ ကျေးရွာလေးမှာ အတူနေတဲ့ မြေးအဖိုး နှစ်ယောက်ရှိကြတယ် ။ မနက်တိုင်း မှာ အဖိုးဖြစ်သူက ထမင်းစားပွဲမှာထိုင်လို့ သူ့ရဲ့ ဟောင်းနွမ်းနေပြီဖြစ်တဲ့ တရားစာအုပ်ကြီးကို ဖတ်နေလေ့ရှိ တယ် ။ မြေးဖြစ်သူကလည်း အဖိုးဖြစ်သူကို အားကျပြီး အဖိုးဖြစ်သူလုပ် တဲ့အတိုင်း လိုက်လုပ်လေ့ ရှိတယ် ။ တစ်နေ့မှာ မြေးဖြစ်သူကမေးတယ် ။ “ အဖိုး ကျွန်တော်လည်း အဖိုးလို တရားစာအုပ်ကိုဖတ်ချင်ပါတယ် ဒါပေ မယ့် ကျွန်တော်နားမလည်ဘူးဖြစ်နေတယ် ပြီးတော့ နားလည်တဲ့အရာလေးတွေကလည်း စာအုပ်ပိတ် လိုက်ပြီဆို တာနဲ့ မေ့မေ့သွားတယ် တရားစာအုပ်ကို ဖတ်လို့ ဘာကောင်းကျိုးတွေရတာလဲ ” အဖိုးဖြစ်သူက တိတ်ဆိတ်စွာပဲ မီးဖိုထဲ ကို ကျောက်မီးသွေးတွေထည့်နေရာက လှည့်လိုက်တယ် ပြီးတော့ မြေးဖြစ်သူကိုပြောတယ် ။ “ ဒီကျောက်မီးသွေးထည့်တဲ့ ၀ါး ခြင်းတောင်းကို ယူသွား မြစ်ထဲမှာ ရေတွေခပ်ပြီး ပြန်သယ်လာခဲ့ပါ ” မြေးဖြစ်သူက အဖိုးခိုင်းတဲ့အတိုင်း လုပ်ခဲ့တယ် ။ ဒါပေမယ့် သူအိမ်ကို ပြန်မရောက်ခင်မှာပဲ ၀ါးခြင်းတောင်းကနေ သူ ခပ်လာတဲ့ရေတွေအကုန်လုံးထွက်ကျပြီး ရေမပါပဲပြန်လာခဲ့ရတယ် ။ အဖိုးဖြစ်သူက ရယ်မောပြီး ပြောတယ် ။ “ နောက်တစ်ခါ ခပ်မြန်မြန်လေး ခပ်ပြီး ပြေးလာပေါ့ ငါ့မြေး ” ပြီးတော့ နောက်ထပ်တစ်ခါ ရေခပ်ဖို့ မြေးဖြစ်သူကို ထပ်ခပ်ခိုင်းလိုက်တယ် ။ဒီတစ်ကြိမ်မှာတော့ေ ကာင်လေးဟာ မြန်မြန်ပြေးတယ် ဒါပေမယ့် လည်း အိမ် မရောက်ခင်မှာ ၀ါးခြင်းတောင်းထဲက ရေတွေထွက်ကျပြီး ဘာမှ မပါလာခဲ့ဘူး ။ အမောဖြေပြီးတဲ့အခါ သူ့အဖိုးဖြစ် သူကို ပြောတယ် ။ “ ၀ါးခြင်းတောင်းနဲ့ ရေကိုခပ်ဖို့မဖြစ်နိုင်ဘူး ” အဲဒီလိုပြောပြီး ၀ါးခြင်းတောင်းကို လွှတ်ချ လို့ ရေခပ်ဖို့ ရေပုံးသွားရှာခဲ့တယ် ။ အဖိုးဖြစ်သူကပြောတယ် ။ “ အဖိုးက ရေပုံးနဲ့ခပ်တဲ့ ရေကို လိုချင်တာမဟုတ်ဘူးမြေးရဲ့ ၀ါးခြင်းတောင်းနဲ့ ခပ်တဲ့ရေကိုလိုချင်တာပါ ငါ့မြေးလုပ်နိုင်ပါတယ် မင်း သေသေချာချာ ခက်ခက်ခဲခဲမကြိုးစားလို့ပါ ” ပြီးတော့ မြေးဖြစ်သူကို ၀ါးခြင်းတောင်း နဲ့ပဲ ထပ်ပြီးကြိုးစားစေခဲ့တယ် ။ အဲဒီအချိန်မှာ မြေးဖြစ်သူက ဒါဟာ မဖြစ်နိုင်ဘူးဆိုတာ သိနေခဲ့တယ် ။ ဒါပေမယ့် သူ ဘယ်လောက် ထိ မြန်မြန်ပြေးပြီး ခက်ခက်ခဲခဲ ကြိုးစားတာတောင် ရေတွေထွက်ကျတယ်ဆိုတာ သိအောင် အဖိုးဖြစ်သူ ကိုပြချင်ခဲ့တယ် ။ ဒီလိုနဲ့ မြေးဖြစ်သူဟာ မြစ်ဆီကို သွားပြီး ရေ ကို အမြန်ခပ် ခါတိုင်းထက်ပိုမြန်အောင်ပြေးပြီး အဖိုးဆီကိုပြန်လာခဲ့တယ် ။ ဒါပေမယ့်လည်း ၀ါးခြင်းတောင်းထဲမှာတော့ ဘာရေမှ ရှိမနေခဲ့ဘူး ။ အမောဖြေပြီးတဲ့အခါ အဖိုးဖြစ်သူကိုပြောတယ် ။ “ အဖိုး တွေ့ပြီလား ဒါဟာ အသုံးမ၀င်ဘူးဆိုတာ ” “ ဒါက အသုံးမ၀င်ဘူးလို့ မြေးထင်သလား ” အဖိုးဖြစ်သူကမေးတယ် ။ ပြီးတော့ ဆက်ပြောတယ် ။ “ ခြင်းတောင်းကို ကြည့်လိုက် ” ကောင်လေးက ၀ါးခြင်းတောင်းကို ကြည့်တယ် ပြီးတော့ ပထမဆုံးအကြိမ်သူနားလည်လိုက်တာက ၀ါးခြင်းတောင်းဟာ အနည်းငယ်ကွဲပြားခြားနားနေခဲ့တယ်ဆိုတာကိုပဲ ။ အရင်က ကျောက်မီးသွေးတွေ သယ်ထား လို့ ညစ်ပတ်ပေရေနေတဲ့ ၀ါးခြင်းတောင်းဟာ အခုတော့ သစ်လွင်တောက်ပြောင်နေခဲ့တယ် ။
“ ငါ့မြေး ဒါဟာ မင်းတရားစာအုပ်တွေဖတ်တဲ့အခါ ဘာတွေ ဖြစ်လာမလဲဆိုတဲ့အဖြေပါပဲ မင်းဟာ အကုန်လုံး ကိုနားလည်ချင်မှ နားလည်လိမ့်မယ် ဒါမှမဟုတ် အကုန်လုံးကို မှတ်မိချင်မှ မှတ်မိလိမ့်မယ် ဒါပေမယ့် မင်း တရားတော်တွေကို ဖတ်လိုက်တဲ့အခါ မင်းရဲ့ ညစ်နွမ်းနေတဲ့ အတွင်းပိုင်း စိတ်သဏ္ဍာန် ဟာ ပြောင်း လဲဖြူစင် သွားပါလိမ့်မယ် ” --------------------------------------
 မြတ်စွာဘုရားက ကျွန်တော်တို့ကို တရားတော်တွေနဲ့ယဉ်ကျေးလိမ္မာအောင် လမ်းမှန်ရောက်အောင် ပို့ဆောင်ပေး ခဲ့တယ် ပြီးတော့ တဖြည်းဖြည်း တရားဓမ္မနဲ့နီးစပ်လို့ အမှန်တရားကို ထိုးထွင်း သိမြင်နိုင်တဲ့ သူဖြစ်အောင် လမ်းပြပေးခဲ့တယ် ။ မြတ်စွာဘုရားဟာ ဖန်ဆင်းရှင်မဟုတ်ပါဘူး ဒါပေမယ့် လူသားအားလုံးကို အကောင်း ဆုံး အမှန်တရားကို ပြသပေးနိုင်တဲ့ “ လမ်းပြသူ ” ဖြစ်ပါတယ် ။ နေ့တိုင်းနေ့တိုင်းအနည်းငယ် လောက်ဖြစ်ဖြစ် တရားဓမ္မတွေကို လေ့လာဖတ်ရှုခြင်းအားဖြင့် ကျွန်တော်တို့ရဲ့ ညစ်နွမ်းခက်ထန်နေတဲ့ အတွင်းစိတ်တွေဟာ တရားဓမ္မတွေရဲ့အနှစ်သာ ရတွေကြောင့် ပျော့ပြောင်းဖြူစင် လာပါ လိမ့်မယ် ။

**သက်တန့်ချို** 
The Bible and the Old Wicker Coal Basket အားဘာသာပြန်ခံစားသည် ။

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)