-ယခုလအတွင်း နိုင်ငံတကာထူးခြားသတင်းများ-
**ရုရှားသမ္မတ ဗလာဒီမာပူတင် လန်ဒန်မြို့သို့ရောက်ရှိဗြိတိန်ဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေးးမည်**
(လန်ဒန် သြဂုတ် ၂)
ဗလာဒီမာပူတင်နှင့် ဒေးဗစ်ကင်မရွန်းတို့သည် လန်ဒန်မြို့ ဒေါင်းနင်းလမ်းရှိ
ဗြိတိန်ဝန်ကြီးချုပ်နေအိမ်၌ တွေ့ဆုံသည့်အခါ အရှေ့အလယ်ပိုင်း ပြဿနာနှင့်
ရုရှားနှင့် ဗြိတိန်နှစ်နိုင်ငံအကြား ဆက်ဆံရေးကို ဆွေးနွေးးကြမည်ဟု မျှော်လင့်ရ
သည်။ရုရှားသမ္မတနှင့် ဗြိတိန်ဝန်ကြီးချုပ်တို့သည် လန်ဒန်အိုလံပစ် အားကစား
ပြိုင်ပွဲရုံ၌ ကျင်းပနေသည့် ဂျူဒိုပြိုင်ပွဲများကိုလည်း သွားရောက်ကြည့်ရှုကြမည်ဟု
ဆိုသည်။ရုရှားသမ္မတ၏ လန်ဒန်ခရီးစဉ်မတိုင်မီရုရှားနိုင်ငံ မော်စကိုမြို့ ဆန္ဒပြပွဲတွင်
လှုံ့ဆော်တေးသီချင်းတစ်ပုဒ် သီဆိုခဲ့မှုနှင့်တရားစွဲဆိုမှုခံရဖွယ်ရှိနေသည့် အမျိုးးသမီး
သုံးဦးပါ ပန့်ရော့ခ်ဂီတအဖွဲ့ဝင်တစ်စုအားလွှတ်ပေးရန် ဗြိတိန်နိုင်ငံသားဂီတပညာ
ရှင်များက ရုရှားအာဏာပိုင်များထံမေတ္တာရပ်ခံခဲ့သည်။ဗြိတိန်နိုင်ငံ တိုင်းမ်သတင်းစာတွင်
ဖော်ပြခဲ့သော အိတ်ဖွင့်ပေးစာတွင် ပါဝင်ရေးသားခဲ့ကြသည့် အနုပညာရှင်များ
ဖြစ်ကြသော ဂျာဗစ်ကော့ကား ပီတောင်းရှန်း၊ မာတာဝိန်းရိုက်နှင့် နေးလ်တန်းနန့်
တို့က ရုရှားအမျိုးသမီးသုံးဦး ပါဝင်သည့်ပန့်ရော့ခ်ဂီတအဖွဲ့ဝင်များအား ပြစ်ဒဏ်
အဖြစ် ထောင်ဒဏ်ခုနစ်နှစ်ကျခံရဖွယ်ရှိနေခြင်းမှာ ၎င်းတို့ကျူါ်လွန်ခဲ့သည့် သေး
ငယ်သော ပြစ်မှုနှင့် သင့်လျော်မှုမရှိကြောင်း ပြောကြားခဲ့သည်။
ရုရှားသမ္မတဗလာဒီမာပူတင်သည်အိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်
ရောက်မည်မဟုတ်ကြောင်း ဆုံးဖြတ်ခဲ့သည်။ လန်ဒန်အိုလံပစ်ပြိုင်ပွဲ ကျင်းပစဉ်
ကာလအတွင်း ဗြိတိန်သို့ ၎င်းသွားရောက်မည်ဟုမကြာသေးမီအထိရှင်းလင်းစွာမသိ
ရသေးခင်မှာပင် သြဂုတ်၂ရက်တွင် ယင်းနိုင်ငံသို့ အလွတ်သဘော လာရောက်ခြင်း
ဖြစ်သည်။ (အင်တာနက်)
**ဒေါ်လာငွေစက္ကူအတု ၂ဒသမ ၃သန်းပီရူးရဲတပ်ဖွဲ့ သိမ်းဆည်းရမိ**
(လိမာ၊ သြဂုတ် ၂)
ပီရူးရဲတပ်ဖွဲ့သည် အမေရိကန်ဒေါ်လာအတု ၂ဒသမ ၃သန်းကို သိမ်း
ဆည်းရမိကြောင်း ဒေသဆိုင်ရာသတင်းဌာနများက သြဂုတ် ၁ရက်တွင် သတင်း
ထုတ်ပြန်သည်။ပီရူးနိုင်ငံမှ မိသားစုတစ်စုသည် အမှတ်တရပစ္စည်းများအတွင်း ဒေါ်လာငွေအတု
များကို သိုဝှက်ကာ အမေရိကန်နိုင်ငံအတွင်းသို့ မှောင်ခိုတင်သွင်းနိုင်ရန် စီစဉ်ခဲ့
ကြောင်း ရဲတပ်ဖွဲ့အကြီးအကဲ ရာအူးလ်ဆာလာဇာက ပြောကြားသည်။
ပီရူးနိုင်ငံမှ ရိုဒရစ်အမည်ရှိ မိသားစုသည် အမေရိကန်ဒေါ်လာ ၅၀ တန်ငွေ
စက္ကူများကို အတုပြုလုပ်မှုအတွက်တာဝန်ရှိကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။
ပီရူးနိုင်ငံ မြို့တော်လီမာတွင် ငွေစက္ကူအတုပြုလုပ်ရာ၌ အသုံးပြုသော ပစ္စည်း
ကိရိယာများကို သိမ်းဆည်းရမိခဲ့သည်။ရိုဒရစ်မိသားစုမှ မိသားစုဝင် အချို့
သည် ငွေစက္ကူအတုများနှင့်အတူ ဇူလိုင်လလယ်က အဖမ်းခံခဲ့ကြရကြောင်း ပီရူး
တိုင်းမ်သတင်းစာက ရေးသားဖော်ပြသည်။ငွေစက္ကူအတုများကို မှောင်ခိုတင်
သွင်းနိုင်ရန် ကြိုးပမ်းမှုများတွင် အသက်(၁၃)နှစ်အရွယ် ကလေးတစ်ဦးလည်း
ပါဝင်ကြောင်း သတင်းစာတွင် ဖော်ပြသည်။ (အင်တာနက်)**ပင်လယ်ကွေ့ ရှိမဟာမိတ်နိုင်ငံများသို့လက်နက်ရောင်းချရေးအမေရိကန်ညိုနှိုင်းနေ**
(ဒူဘိုင်း၊ သြဂုတ် ၂) အီရန်နိုင်ငံအား စစ်ရေးအရ ဟန့်တားနိုင်ရန်ရည်ရွယ်လျက် အမေရိကန် သည် ပင်လယ်ကွေ့ဒေသရှိ ယင်း၏မဟာမိတ်နိုင်ငံများက လက်နက်ဝယ် ယူရန် အဆိုပြုချက်များနှင့်ပတ်သက်၍တိတ်တဆိတ်ညှိနှိုင်းဆွေးနွေးမှုများပြုလုပ် နေကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက သြဂုတ် ၁ ရက်တွင် သတင်း ထုတ်ပြန်သည်။ကာတာနှင့် ကူဝိတ်နိုင်ငံတို့ကဲ့သို့သော ပင်လယ်ကွေ့နိုင်ငံများသို့ အမေ ရိကန် ဒေါ်လာ ၁၁ ဒသမ ၃ ဘီလီယံဒေါ်လာတန်ဖိုးရှိလက်နက်များရောင်းချ ပေးဖွယ်ရှိသည်ဟု လွန်ခဲ့သည့်နှစ်လက အမေရိကန်ကာကွယ်ရေးဌာနက ကွန်ဂရက်လွှတ်တော်အား အသိပေးခဲ့သည်။ကာတာနှင့် ကူဝိတ်နိုင်ငံသည် အမေရိကန်နှင့် အီရန်ပဋိပက္ခတွင်ရှေ့တန်း၌ ရှိနေသော မဟာမိတ်နိုင်ငံ များ ဖြစ်ကြသည်။အမေရိကန်က ပင်လယ်ကွေ့ နိုင်ငံများသို့ ရောင်းချပေးမည့် ကာကွယ်ရေး ဆိုင်ရာ ပစ္စည်းများတွင် ပက်ထရီယော့ဒုံးကျည်များနှင့် အပါချီ တိုက်ခိုက်ရေး ရဟတ်ယာဉ်များ ပါဝင်သည်။ (အင်တာနက်)
**ဓားစာခံအဖြစ် အဖမ်းခံခဲ့ရသောရဟတ်ယာဉ်မှူးနှစ်ဦး ပြန်လည်လွတ်မြောက်**
(ဘိုဂိုတာ၊ သြဂုတ် ၂)
ကိုလံဘီယာနိုင်ငံ၌ လက်ဝဲ၀ါဒီ သူပုန်အဖွဲ့က ဓားစာခံအဖြစ် ဖမ်းဆီးထားသော
အရပ်သားရဟတ်ယာဉ်မှူးနှစ်ဦး ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း ဒေသဆိုင်ရာ
သတင်းဌာနများက သြဂုတ် ၁ ရက်တွင် သတင်းထုတ်ပြန်သည်။
အဆိုပါ ရဟတ်ယာဉ်မှူးးနှစ်ဦးမှာ နိုင်ငံတကာကြက်ခြေနီကော်မတီ (အိုင်စီအာစီ)
မှဖြစ်ကြပြီး ဇူလိုင် ၁၀ ရက်တွင် ဓားစာခံအဖြစ် အဖမ်းခံခဲ့ကြရသည်။
ပြန်လည်လွတ်မြောက်လာသောရဟတ်ယာဉ်မှူးနှစ်ဦးကို မိသားစုများနှင့် ပြန်
လည်ပေါင်းဆုံနိုင်ရန် ပိုပါရန်မြို့သို့ ခေါ်ဆောင်သွားခဲ့သည်။ ယင်းမြို့သည်မြို့တော်
ဘိုဂိုတာအနောက်တောင်ဘက် ကီလိုမီတာ ၆၅၀ အကွာတွင် တည်ရှိသည်။
ဓားစာခံဘ၀မှပြန်လည်လွတ်မြောက်လာသူနှစ်ဦးမှာ ယွန်ကာလို့စ်အယ်လ်ဗာ
ရက်စ်နှင့် အလက်ဂျန်ဒရိုအိုကမ်ပိုတို့ဖြစ်ကြကြောင်း အိုင်စီအာစီ၏ ကြေညာချက်
တစ်ရပ်တွင် ဖော်ပြသည်။ကိုလံဘီယာလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အမည်ရှိသူပုန်အဖွဲ့သည်
ဓားစာခံနှစ်ဦးကို အိုင်စီအာစီကိုယ်စားလှယ်များနှင့် ဒေသဆိုင်ရာ လူ့အခွင့်အရေးလှုပ်ရှားမှု
အဖွဲ့တစ်ဖွဲ့တို့ထံ လွှဲပြောင်းပေးအပ်ခဲ့သည်။၏ရဟတ်ယာဉ်ဖြင့်ဝေဟင်မှ ကင်းထောက်
ပျံသန်းသည်ဟု သံသယရှိကာ သူပုန်အဖွဲ့က ရဟတ်ယာဉ်မှူးးနှစ်ဦးကို
ဓားစာခံအဖြစ် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
(အင်တာနက်) **ပါကစ္စတန်နိုင်ငံသားနှင့် ကုမ္ပဏီများအား အိန္ဒိယတွင် ရင်းနှီးမြှုပ်နှံခွင့်ပြုမည်**
(နယူးဒေလီ၊ သြဂုတ် ၂) ပါကစ္စတန်နိုင်ငံအား တစ်ဦးချင်းအလိုက် သို့မဟုတ် ကုမ္ပဏီတစ်ခုချင်း အလိုက် အိန္ဒိယနိုင်ငံတွင် လာရောက်ရင်းနှီးမြှပ်နှံခွင့်ပြုမည်ဖြစ်ကြောင်း အိန္ဒိယ ကုန်သွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။သို့ရာတွင် ကာကွယ်ရေး၊ လေကြောင်း အာကာသနှင့် အဏုမြူစွမ်းအင်ကဏ္ဍများ၌ ရင်းနှီးမြှပ်နှံမှုများကိုမူ ခွင့်ပြုပေး မည်မဟုတ်ကြောင်း အိန္ဒိယကုန်သွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။ ၂၀၀၈ခုနှစ် မွမ်ဘိုင်းမြို့တိုက်ခိုက်မှုများအပြီးတွင် အိန္ဒိယနှင့်ပါကစ္စတန်နိုင်ငံ အကြား ပျက်ပြားခဲ့သည့် ငြိမ်းချမ်းရေးဆွေးနွေးးမှုများကို ယမန်နှစ်တွင်တရားဝင် ပြန်လည် စတင်ခဲ့ကြသည်။ယင်းတိုက်ခိုက်မှုအတွက် ပါကစ္စတန် အခြေစိုက် စစ်သွေးကြွအုပ်စုများအပေါ်အိန္ဒိယနိုင်ငံက ပြစ်တင်ပြောကြားခဲ့သည်။ ပါကစ္စတန်နိုင်ငံသားနှင့် ကုမ္ပဏီများအားအိန္ဒိယတွင် ရင်းနှီးမြှုပ်နှံခွင့်ပြုမည် အိန္ဒိယနိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန်ပါကစ္စတန်ဘက်မှအဆိုပြု ချက်များကို အိန္ဒိယနိုင်ငံခြားရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးဘုတ်အဖွဲ့က ခွင့်ပြု ချက်ပေးရန် လိုအပ်မည်ဖြစ်ကြောင်းသြဂုတ် ၁ရက်တွင် ထုတ်ပြန်သည့် အိန္ဒိယ ကုန်သွယ်ရေးဝန်ကြီးဌာန ကြေညာချက်တွင် ဖော်ပြသည်။ ယခုဆုံးဖြတ်ချက်မှာ အရေးပါကြောင်း၊ပါကစ္စတန်အနေဖြင့် အိန္ဒိယ၏ အထူး အခွင့်အရေးပေး ကုန်သွယ်ဖက်နိုင်ငံအဆင့်အတန်းနှင့်အညီ လုပ်ဆောင်သင့် ကြောင်း အိန္ဒိယနိုင်ငံ ကုန်သည်များနှင့်စက်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် ရာဂျစ် ကူးမားက ပြောကြားသည်။ယခုနှစ်အစောပိုင်းတွင် ပါကစ္စတန် က အိန္ဒိယနိုင်ငံအား အထူးအခွင့်အရေးပေး ကုန်သွယ်ဖက်နိုင်ငံ အဆင့်အတန်း ပေးမည်ဟု ကမ်းလှမ်းခဲ့သည်။ အိန္ဒိယနိုင်ငံကမူ ပါကစ္စတန်အား ယင်းအခွင့် အရေးကို ပေးထားပြီးဖြစ်သည်။လွန်ခဲ့သည့်နှစ်က အိန္ဒိယနိုင်ငံအား ပါကစ္စတန်ကကုန်သွယ်မှုဆိုင်ရာတင်းကျပ်မှုများကို လျှော့ပေါ့ပေးမည်ဟူသော ကတိပြုခဲ့ခြင်းကို အကောင်အထည်ဖော်မှုအဖြစ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ အိန္ဒိယယနှင့်ပါကစ္စတန်အကြားတွင် နှစ်စဉ်တရားဝင် ကုန်သွယ်မှုတန်ဖိုးမှာ အမေ ရိကန်ဒေါ်လာနှစ်ဘီလီယံဖြစ်သော်လည်းတရားမ၀င် ကုန်သွယ်မှုတန်ဖိုး(၀ါ)မှောင်ခို ကုန်ကူးသန်းရောင်းဝယ်မှု ပမာဏမှာတရားဝင် ကုန်သွယ်မှုတန်ဖိုးပမာဏ၏ သုံးဆခန့် များပြားသည်ဟု ယုံကြည်ရဖွယ်ရှိကြောင်း ကျွမ်းကျင်သူများက ပြောကြား သည်။ (အင်တာနက်)
စုစည်းဘာသာပြန် - အေ၀မ်းစိုး

No comments:
Post a Comment