ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, August 14, 2012

>
-တက္ကသိုလ်မှာ ပထမဦးဆုံး မြန်မာစာဆရာလုပ်သွားခဲ့တာ ဘယ်သူလဲ-
 (Photo-Rangoon University's Students Union building)

တက္ကသိုလ်တွင် ပထမဦးဆုံး မြန်မာစာဆရာ လုပ်သွားခဲ့သူမှာ ဆရာကြီးဦးပွား ဖြစ်လေသည်။ ဆရာကြီးဦးပွားသည် တောင်ငူသားဖြစ်၏။ ငယ်ငယ် ကတည်းကပင် မြန်မာစာပေနှင့်တကွ ဗေဒင်ကျမ်း၊ ဆေးကျမ်းများကို ကောင်းစွာ လေ့လာ သင်ကြားတတ်မြောက်ခဲ့သူတစ်ယောက်ဖြစ်၏။ ရှေးဟောင်းစာပေ များတွင်သာ ကျက်စားခဲ့သည်မဟုတ်။ ခေတ်ကာလတွင် ပေါ်ပေါက်ခဲ့သော အကြောင်းအရာများ၊ စာပေများကိုလည်း သိကျွမ်းနားလည်သူတစ်ဦး ဖြစ်၏။ တောင်ငူမှထုတ်ဝေသော သင်းစာတစ်စောင်တွင် အယ်ဒီတာချုပ်လုပ်ခဲ့သူဖြစ်သောကြောင့် ရှေးဟောင်းစာပေရော ခေတ်ဆန်သော စာပေများကိုပါ ကောင်းစွာ ကျွမ်းကျင်သူဖြစ်ကြောင်း ထင်ရှားလှပေသည်။ စာသင်ကြားရာ၌ ကျောင်းသားများ မပျင်းကြစေရန် ရယ်စရာကလေးများ ညှပ်ကာညှပ်ကာ ပြောကြားလေ့ရှိသည်မှာ ဆရာကြီးဦးပွား၏ ဂုဏ်ထူးတစ်ရပ် ဖြစ်လေသည်။ စာသင်ကြားနေရင်း စာထဲတွင်ပါလာသော အကြောင်းအရာများနှင့်ဆီလျော်သည့် ရယ်စရာသာဓကများ၊ ရယ်စရာလင်္ကာများကိုသာ ပြောကြား လေ့ရှိသောကြောင့် ကျောင်းသားများက စွဲမက်ချစ်ခင်ကြသည်။ ကျောင်းသားများ မြန်မာစာပေကို လိုက်စားချင်လာအောင် အမျိုးမျိုး အားပေးပြောကြားလေ့လည်း ရှိပေ၏။ မိမိ၏ တပည့်များကိုလည်း အလွန်ခင်မင်လေ့ရှိသည့်အတိုင်း ဘယ်အခါမျှ ငေါက်ငန်းခြင်းမရှိ။ တပည့်များအား အလွန်အလိုလိုက်လေ့ရှိသည်။ မတတ်လျှင် တတ်အောင်၊ နားမလည်လျှင် နားလည်အောင် များစွာ ကြိုးစားကာ သင်ကြားလေ့ရှိ၏။ ဆရာကြီး ဦးပွား၌ ထူးခြားသော အချက်တစ်ခုမှာ ပျို့ကဗျာများကို သင်ကြားသောအခါ စာအုပ်ကိုမကိုင်ဘဲ အလွတ် နှုတ်ကရွတ်ကာ သင်ကြားပြသနိုင်ခြင်း ဖြစ်လေသည်။ ပျို့များ၊ လင်္ကာများကို အလွတ်နှုတ်တိုက်ရသည်။ ဦးပုည မေတ္တာစာ၊ ရတနာနဒီမော်ကွန်း၊ သြ၀ါဒထူးပျို့၊ ပလိပ်စားဧချင်း၊ ပါရမီခန်းပျို့၊ ကိုးခန်းပျို့ စသည်တို့ကို အစမှ အဆုံးတိုင် နှုတ်တိုက်ရသည်။ ကဗျာဖွဲ့နည်းများကို သင်ကြားနေခိုက် ရုတ်တရက်ထကာ သင်ပုန်းကြီးပေါ်တွင် တေးထပ်၊ ဘောလယ်၊ ဒွေးချိုး၊ လေးချိုး၊ လွမ်းချင်းများကို ရေးပြတတ်ရာ ဂုဏ်၊ ရသနှင့် ပြည့်စုံသောလင်္ကာများ ဖြစ်ကြသည်။ ဗေဒင်ကိုလည်း အတော်အတန် ခေါက်မိအောင် သင်ကြားပြသလေ့ ရှိသည်။ --

 အားလုံးပျော်ရွင်ပါစေ

 **မာမာ**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)