-ယခုလအတွင်း နိုင်ငံတကာထူးခြားသတင်းများ-
**အရှေ့အလယ်ပိုင်း နိုင်ငံများသို့
နီပေါအမျိုးသမီးများသွားရောက်အလုပ်လုပ်ခွင့် ပိတ်ပင်**
( ခတ္တမန္ဒူ သြဂုတ် ၉)
အသက် ၃ဝ အောက် နီပေါအမျိုးသမီးများ အရှေ့အလယ်ပိုင်းဒေသနိုင်ငံများသို့ သွားရောက်၍ အလုပ်လုပ်ကိုင်မှုကိုနီပေါနိုင်ငံက တားမြစ်ပိတ်ပင်လိုက်ကြောင်း သြဂုတ် ၉ ရက်သတင်းများတွင် ဖော်ပြထားသည်။အရှေ့အလယ်ပိုင်းဒေသ နိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကြသော နီပေါအမျိုးသမီးများသည် ရုပ်ပိုင်းဆိုင်ရာနှင့်
လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားခံရမှု၊အနေအထိုင် ဆင်းရဲနုံချာမှု၊ လစာငွေမရရှိမှု စသော အလုပ်ခွင်ခေါင်းပုံဖြတ်မှုများနှင့် ရင်ဆိုင်နေရကြောင်း တင်ပြတိုင်တန်းချက်များပေါ်ထွက်
လျက်ရှိသည်။ပင်လယ်ကွေ့ဒေသနိုင်ငံများသို့ နီပေါအမျိုးသမီးများ သွား
ရောက်အလုပ်လုပ်ကိုင်ခွင့် ပိတ်ပင်မှုကို နီပေါအစိုးရက အဆုံး
သတ်ခဲ့ပြီး ၁၈ လအကြာတွင် အထက်ပါအတိုင်း ပိတ်ပင်မှုအသစ်တစ်ရပ် ထပ်မံပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ကူဝိတ်နိုင်ငံ၌ အလုပ်လုပ်စဉ် အနိုင်ကျင့်စော်ကားခံရမှုကြောင့် နီပေါအမျိုးသမီးငယ်တစ်ဦး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့မှုကို အကြောင်းပြု၍ နီပေါပြည်သူများအကြား အမျက်ဒေါသဖြစ်ခဲ့ရာ နီပေါအစိုးရက အရှေ့အလယ်ပိုင်းဒေသ
နိုင်ငံများသို့ နီပေါအမျိုးသမီးများ သွားရောက်အလုပ်လုပ်ကိုင်ခွင့်အား ၁၂ နှစ်ကြာ ပိတ်ပင်ခဲ့သည်။အိမ်ဖော်အလုပ် လုပ်ကိုင်ရန်အလို့ငှာ ခန့်မှန်းခြေ နီပေါအမျိုးသမီးငယ် ၁ဝဝဝ မျှတို့သည် နေ့စဉ် အရှေ့အလယ်ပိုင်းဒေသနိုင်ငံများသို့ ထွက်ခွာလျက်ရှိသည်။ သို့ရာတွင် ရုပ်ပိုင်းနှင့်လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားမှုများနှင့် ရင်ဆိုင်ခဲ့ရပြီးနောက် ကာကွယ်စောင့်ရှောက်မှုတောင်းခံလာသော နီပေါအမျိုးသမီးငယ်များစွာ၏ပြဿနာ
အများအပြားအား ဖြေရှင်းပေးနေရကြောင်း အရှေ့အလယ်ပိုင်း
ဒေသနိုင်ငံများရှိ နီပေါသံရုံးများက ပြောကြားသည်။ (ဘီဘီစီ)
**နယူးယောက်မြို့ရှိ ဝေါထရိတ်စင်တာ ၈၂ ထပ်၌ မီးလောင်မှုဖြစ်ပွား**
(နယူးယောက်၊ သြဂုတ် ၉)
အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ဝေါထရိတ်စင်တာမိုးပျံအဆောက်အအုံသစ်၌ သြဂုတ် ၈ ရက်က မီးလောင်မှုဖြစ်ပွားရာမီးသတ်တပ်ဖွဲ့ဝင်အများအပြားရောက်ရှိကာ မီးငြှိမ်းသတ်ခဲ့ရကြောင်း သြဂုတ် ၉ ရက်တွင် သတင်းထုတ်ပြန်သည်။ ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်က အကြမ်းဖက်သမားများ တိုက်ခိုက်ခံရမှုကြောင့် ပျက်စီးခဲ့သော ဝေါထရိတ်စင်တာနေရာတွင် အသစ်အစားထိုးတည်ဆောက်ထားသော အမြွားမိုးပျံတာဝါ၏ တာဝါတစ်ခုတွင် အထပ်ပေါင်း ၈၂ ထပ်၌ မတော်တဆမီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အဆိုပါ မီးလောင်မှုမှာ ယင်းအထပ်၌ ဆောင်လုပ်ရေးအလုပ်သမားတစ်ဦးက စတီးလ်ဂဟေဆက်ရာတွင် အသုံးပြုရသည့် မီးမှတစ်ဆင့် မတော်တဆမီးလောင်မှု အနည်းငယ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထိုသို့ မီးလောင်မှုကို မျက်မြင်တွေ့ရှိသည့် ပြည်သူတစ်ဦးက မီးသတ်တပ်ဖွဲ့ထံ သတင်းပေးပို့ခဲ့ခြင်းဖြစ်သည်။ (အင်တာနက်)
** ကနေဒါအနောက်အာတိတ်ဒေသ၌ ကြီးမားသော ဥက္ကာချိုင့် ဝှမ်းတစ်ခုကို ဘူမိဗေဒပညာရှင်များ တွေ့ရှိ**
(တိုရွန်တို၊ သြဂုတ် ၉)
အဆိုပါ ဥက္ကာချိုင့်ဝှမ်းသည် အလျား ၁၅ မိုင်ရှိပြီး ယင်းကို
တွေ့ရှိခဲ့ရာ ကျွန်းဆွယ်ဒေသ၏ အမည်အားအစွဲပြု၍ ပရင့်စ်
အဲလ်ဘတ် ဥက္ကာချိုင့်ဝှမ်းဟူ၍ နာမည်ပေးထားကြောင်း သိရ
သည်။ဥက္ကာခဲ နှင့်ကမ္ဘာမြေ ဝင်ဆောင့်မှုဖြစ်ပေါ်ခဲ့သော အချိန်
ကာလအတိအကျကို သိပ္ပံပညာရှင်များက အတိအကျမပြောနိုင်
သေးသော်လည်း သက်သေအထောက်အထားများအရ ပရင့်စ်
အဲလ်ဘတ် ဥက္ကာချိုင့်ဝှမ်းသည် သက်တမ်းအားဖြင့် နှစ်သန်း
ပေါင်း ၁၃ဝ နှင့် ၃၅ဝ အကြားရှိပြီဖြစ်ကြောင်း သတင်းများတွင်
ဖော်ပြထားသည်။ဥက္ကာခဲပျံများသည် ကမ္ဘာမြေ၏ လေထုလွှာအတွင်းသို့
မြင့်မားသောအရှိန်နှုန်းဖြင့် ဝင်ရောက်လာတတ်သည့် ဂြိုဟ်သိမ်
သို့မဟုတ် ကြယ်တံခွန်အစိတ်အပိုင်းများဖြစ်သည်။
ဥက္ကာပျံအများစုမှာ အရွယ်အစားသေးငယ်၍ ကမ္ဘာ့
လေထုလွှာအတွင်း ဝင်ရောက်စဉ်ကာလမှာပင် ပျောက်ပျယ်သွား
တတ်ပြီး အရွယ်အစားကြီးမားမှသာလျှင် ကမ္ဘာ့မြေမျက်နှာ
ပြင်ပေါ်သို့ ကျရောက်တတ်လေ့ရှိသည်။
ကနေဒါနိုင်ငံ၏ အနောက်အာတိတ်ဒေသ၌ စွမ်းအင်နှင့်
သဘာဝသယံဇာတများ ခိုအောင်းတည်ရှိနေဖွယ် ရှိ၊ မရှိကို
တိုင်းတာမှုများ လုပ်ဆောင်ခဲ့သော ဘူမိဗေဒပညာရှင်များက
ပရင့်စ်အဲလ်ဘတ်ဥက္ကာချိုင့်ဝှမ်းအား ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ကမ္ဘာပေါ်တွင်လက်ရှိအချိန်၌ နာမည်ကျော် ဥက္ကာချိုင့်ဝှမ်း
၁၈ဝခန့်ရှိပြီး မြေလွှာကြီးများရွေ့လျားမှု၊ မီးတောင်လှုပ်ရှားမှုနှင့်
သဘာဝတိုက်စားမှုတို့ကြောင့် မပျောက်ပျက်ခဲ့ပါက ထို့ထက်ပို၍
တွေ့ရှိနိုင်ကြောင်း ဘူမိဗေဒပညာရှင်များက ယူဆထား
သည်။ (အင်တာနက်)
**အဆိပ်သင့်ရွက်ကြွေ ဓာတုပစ္စည်းသန့်ရှင်းရေးဗီယက်နမ်တွင် အမေရိကန် စတင်ဆောင်ရွက်**
( ဒါနန်း၊ သြဂုတ် ၉)
၁၉၇၅ ခုနှစ် ဗီယက်နမ်စစ်ပွဲပြီးဆုံးပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် Agent Orange ခေါ် အဆိပ်သင့် ဓာတုပစ္စည်းများ စိမ့်ဝင်ညစ်ညမ်းနေသည့် ဗီယက်နမ်လေဆိပ်နယ်မြေတစ်ခုကို အမေရိကန်ပြည်ထောင်စုနှင့် ဗီယက်နမ်နိုင်ငံတို့ပူးပေါင်း၍
ရှင်းလင်းလျက်ရှိကြောင်း သြဂုတ် ၉ ရက် ဘီဘီစီသတင်းတွင် ဖော်ပြသည်။
ယင်းနေရာမှာ ဗီယက်နမ်နိုင်ငံ အလယ်ပိုင်း ဒါနန်းမြို့လေဆိပ်ဖြစ်သည်။
ဗီယက်နမ် စစ်ပွဲကာလအတွင်းတွင် အမေရိကန်စစ်ဘက်သည် ဗီယက်ကောင်းပြောက်ကျားများပုန်းခိုရာ တောတောင်
ဒေသများ၌ ရွက်ကြွေအဆိပ်ဆေးရည်များ ဂါလန်သန်းချီ၍ ပက်ဖျန်းဖျက်ဆီးခဲ့သည်။
သန်းပေါင်းများစွာသော ဗီယက်နမ် ပြည်သူများသည် Agent Orange ရွက်ကြွေဓာတုဆေးရည်များ၏ ဒိုင်အိုစင် (Dioxin)
သထငည) ဓာတ်သင့်ရောက်မှုများခံစားခဲ့ရပြီး ကလေးဦးရေ ၁၅ဝဝဝဝ ခန့်တို့မှာ မွေးရာပါကိုယ်လက်အင်္ဂါချို့ယွင်းမှုများ ဖြစ်ပွားခဲ့ရ
သည်ဟု ဗီယက်နမ်နိုင်ငံက ပြောကြားခဲ့သည်။
သြဂုတ် ၉ရက်တွင် ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့လေဆိပ်တွင် လုပ်ငန်းစတင်ဆောင်ရွက်သည့်အခမ်းအနားကို ကျင်းပခဲ့သည်။
ယင်းလေဆိပ်မှာ ကွန်မြူနစ် မြောက်ဗီယက်နမ်နိုင်ငံအား ထောက်ခံခဲ့သည့် ဗီယက်ကောင်းပြောက်ကျားများပုန်းခိုရာ သစ်တောများ
ကို ပက်ဖျန်းမည့် ရွက်ကြွေဆေးရည်များ အဓိကသိုလှောင်ခဲ့ရာ လေတပ်စခန်းဟောင်းဖြစ်သည်။အမေရိကန်အစိုးရသည် Agent Orange ရွက်ကြွေဓာတုဆေးရည် ဓာတ်ကြွင်းများသန့်စင်ရေးအတွက် အမေရိကန်ဒေါ်လာ
၄၁ သန်းထောက်ပံ့ပေးခဲ့ပြီး ယင်းလုပ်ငန်းကို အမေရိကန်ကုမ္ပဏီနှစ်ခုနှင့် ဗီယက်နမ်ကာကွယ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်း
ဆောင်ရွက်ကြမည်ဖြစ်သည်။ (အင်တာနက်)
**ရှေးဦးလူတူပရိုင်းမိတ်ပုံစံကွဲ အများအပြား အာဖရိကတိုက်၌ ယှဉ်တွဲနေထိုင်ခဲ့ဖူး**
(နိုင်ရိုဘီ သြဂုတ် ၉ )
ရှေးယခင်က အာဖရိကတိုက်၌ ကွဲပြားခြားနားသော
လူသားမျိုးနွယ် မျိုးစိတ်အနည်းဆုံး သုံးမျိုးတို့ အတူယှဉ်တွဲ
နေထိုင်ခဲ့ဖူးသည့်အချက်ကို ကင်ညာနိုင်ငံတွင် တွေ့ရှိခဲ့ရသော
ကျောက်ဖြစ်ရုပ်ကြွင်းများက ဖော်ညွှန်းလျက်ရှိကြောင်း သုတေ
သနပညာရှင်များက ပြောကြားသည်။ရှေးဦးလူတူပရိုင်းမိတ်များမှ ခေတ်သစ်လူသားအဖြစ်သို့
အဆင့်ဆင့်ပြောင်းလဲမှုမှာ မျဉ်းဖြောင့်သဘာဝဆောင်သည့်
ဆင့်ကဲပြောင်းလဲမှု ဖြစ်သည်ဟူသော လူသိများသည့် အယူ
အဆကို အထက်ပါလေ့လာတွေ့ရှိချက်က ဆန့်ကျင်ချေဖျက်
လျက်ရှိကြောင်း သုတေသနပညာရှင်များက သုံးသပ်ခဲ့သည်။
ကင်ညာကျောက်ဖြစ်ရုပ်ကြွင်းများအား လေ့လာရာတွင်
အစောပိုင်းကာလ လူသားမျိုးနွယ်၏ဆင့်ကဲဖြစ်စဉ် သဘာဝ
အတွင်း ကွဲပြားမှုများရှိနေသည်ကိုတွေ့ရကြောင်း သုတေသန
ပညာရှင်များက ပြောကြားခဲ့သည်။သက်တမ်းအားဖြင့် နှစ်ပေါင်း ၁ ဒသမ ၇၈ သန်းမှ ၁
ဒသမ ၉၅ သန်းအကြားရှိ လူသားမျိုးနွယ် မျိုးစိတ်သစ်
ကျောက်ဖြစ်ရုပ်ကြွင်းများကို မနုဿဗေဒပညာရှင်များက
ကင်ညာနိုင်ငံမြောက်ပိုင်း၌ တွေ့ရှိခဲ့ကြသည်။
လွန်ခဲ့သည့် နှစ်သန်းပေါင်း ၁ ဒသမ ၈ သန်းခန့်က
ရှင်သန်ခဲ့ဖူးသော Home erectus အမည်ရှိ လူတူပရိုင်းမိတ်
သည် သက်တမ်းအရ အစောဆုံးလူတူပရိုင်းမိတ်ဖြစ်ကြောင်း
ယခင်ကယူဆထားခဲ့ကြသည်။Home erectus လူတူ ပရိုင်းမိတ်များသည် သေးငယ်
သော ဦးခေါင်းနှင့် မောက်သောနဖူးပိုင်ဆိုင်ထားပြီး မြေပြင်
ပေါ်တွင် မတ်တတ်ရပ်လှုပ်ရှားနိုင်သည်။ (ဘီဘီစီ)
** အရှေ့  ဥရောပ ဂျစ်ပစီ စခန်းများအား ပြင်သစ်ရဲအဖွဲ့ ဖျက်သိမ်းဖယ်ရှား**
( ပါရီ သြဂုတ် ၉)
ပြင်သစ်ဆိုရှယ်လစ်အစိုးရအဖွဲ့သစ်က ပြည်သူများအား
အခြေခံကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးမည်ဟူ
၍ ကတိပြုပြီးနောက်တွင် ပြင်သစ်ရဲတပ်ဖွဲ့သည် တရားမဝင်
နေထိုင်နေသည့် ရိုမာခေါ် ဂျစ်ပစီများ၏ စခန်းများကို စနစ်
တကျ ဖျက်သိမ်းလျက်ရှိကြောင်း သြဂုတ် ၉ ရက် အင်တာနက်
သတင်းတွင် ဖော်ပြသည်။လိုင်လေမြို့အနီးရှိ ရိုမာတို့၏စခန်းနှစ်ခုကို သြဂုတ် ၉
ရက် နံနက်ပိုင်းတွင် ပိတ်ပင်ခဲ့ပြီး အလားတူဆောင်ရွက်မှုများ
ကို မြို့တော်ပါရီနှင့် လိုင်ယွန်ဒေသများတွင်လည်း ဆက်လက်
လုပ်ဆောင်မည်ဟု ဆိုသည်။ဘူဂေးရီးယားသို့ ပြန်မည်ဟူသော ၄င်းတို့ဆန္ဒအလျောက်
သဘောတူညီမှု များရရှိပြီးနောက် အရှေ့ဥရောပမှ ရိုမာ ဦးရေ
၂၄ဝကျော်ခန့်ကို ဘူခါရက်စ်သို့ လေကြောင်းခရီးဖြင့် ပို့ဆောင်
ခဲ့ကြောင်း သတင်းတွင်ဖော်ပြသည်။ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ ပြင်သစ်ဆိုရှယ်လစ်အစိုးရ
သည် ကွန်ဆာဗေးတစ် ဝါဒီသမ္မတဟောင်း ဆာကိုဇီ၏ နည်း
လမ်းဟောင်းများကို ပုံတူကူးယူ၍ လူအများအပြားကို ရှင်းလင်း
ဖယ်ရှားနေကြောင်း ဝေဖန်သူများက ပြောကြားသည်။
ပြင်သစ်ပြည်ထဲရေးဝန်ကြီး မယ်နျူရယ် ဘဲလ်စ်၏ သြဂုတ်
၈ ရက် ကြေညာချက်၌ တရားရုံးချုပ်၏အမိန့်ကို လိုက်နာ
ဆောင်ရွက်ခြင်းဖြင့် တရားမဝင်စခန်းများ ဖယ်ရှားခြင်းကို ခိုင်ခိုင်
မာမာ လုပ်ဆောင်ရမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ (အင်တာနက်) စုစည်းဘာသာပြန် - မိုးမြင့်လင်းလက်

No comments:
Post a Comment