**(သြဂုတ်လ ၁၂ ရက်၊ ၂၀၁၂၊ သောင်ရင်းနဂါး)**
ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့မှာ ပြီးခဲ့တဲ့ရက်တွေက သောင်ရင်းမြစ်ရေလျှံတက်ခဲ့တာမို့ ရေကြီးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒီနေ့ကစပြီး ရေလျှော့ကျခဲ့တဲ့အပြင် ဒီကနေ့မှာ မိုးဆက်တိုက်ရွာသွန်းခဲ့တဲ့ မဲဆောက်မြို့က သောင်ရင်းမြစ်ကမ်းနဖူးဒေသတလျှောက်လုံးဟာ ရေဘေးဒုက္ခသည်အရေအတွက် သိသိသာသာ လျှော့ကျခဲ့ပါတယ်။ သြော်…သောင်ရင်းမြစ် ကမ်းနဖူးဒေသဆိုတာက မဲဆောက်မြို့ရဲ့အနောက်ပိုင်းက ဝှေ့မုတ်ရွာ၊ မယ်တော်ရွာ၊ ၀မ်သခီးယန်းရွာ၊ ဘုရားတောင်-နောင်ပူတဲရွာ၊ ဝှေ့ခလုပ်ရွာ၊ မယ်ပတိုက်နယ် စသဖြင့် ပါဝင်ပါတယ်။
**အမှတ် (၁) ကုတို့ဆိပ်အနီး၊ ၀ပ်အမရာဝတီ (ထိုင်းဘုန်းကြီးကျောင်း) ၀င်းအတွင်းက ရေဘေးဒုက္ခသည်တွေဆီကိုလေ…**
အဲဒီရပ်ကွက်၊ ကျေးရွာတွေမှာရှိတဲ့ အမှတ် (၁) (၂) (၃) ကုတို့ဆိပ်တွေက အများဆုံးရေကြီးခဲ့ပြီးကျန်တဲ့ အမှတ် ၄ မှ အမှတ် ၁၉ အထိဟာလည်း အတော်အတန်ရေကြီးခဲ့တာ တွေ့မြင်ရပါတယ်။ ဟော…ဒီကနေ့မှာတော့ အန်န်ဂျီအို အဖွဲ့အစည်းအချို့ရယ်၊ မြန်မာရွှေ့ပြောင်းအလုပ်သမားအလွှာပေါင်းတို့ကို ဦးဆောင်မှုပေးနေတဲ့ မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) နဲ့ သူ့ရဲ စည်းရုံးရေးယူနစ်တွေဖြစ်တဲ့ နေ့သစ်အလယ်တန်းကျောင်း ဆရာ၊ ဆရာမတွေ၊ ဒေသကော်မတီဝင်တွေဟာ စားရေရိက္ခာတွေကို ကွင်းဆင်းလှူဒါန်းခ့ကြတာက ဒီလိုပါခင်ဗျာ။
**(နေ့သစ်အလယ်တန်းကျောင်း ဆရာ၊ ဆရာမတွေ၊)**
**အမှတ် (၃) ကုတို့ ဆိပ်အနီး၊ ၀ပ်ထဆိုင်လွတ်ထွေထလေ့ (အုတ်ဖိုကျောင်း) ၀င်းအတွင်းက ရေဘေးဒုက္ခသည်တွေဆီကိုလေ**
**(အမှတ် (၆) ကုတို့ ဆိပ် ၀င်းအတွင်းက ရေဘေးဒုက္ခသည်တွေဆီကိုလေ)**
**မြန်မာပြည်ဘက်အခြမ်း မြ၀တီမြို့နဲ့ ထိုင်းဘက်အခြမ်း မဲဆောက်မြို့အကြား သောင်ရင်းမြစ်ရဲ့ ဒီကနေ့ အနေအထား**
သတင်းနှင့်ဓါတ်ပုံ-သောင်ရင်းနဂါး

No comments:
Post a Comment