(သြဂုတ်လ ၁၂ ရက် ၂၀၁၂) ပြီးခဲ့သည့် ရက်များက သောင်ရင်းမြစ်ရေလျှံတက်မှုကြောင့် ရေကြီးမှုဘေးဒဏ်ကို ကြုံတွေ့ခဲ့ရသော ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ ရေဘေးဒုက္ခသည်များအား မဲဆောက်မြို့အခြေစိုက် အန်န်ဂျီအိုအချို့နှင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၊ မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) တို့က စားရေရိက္ခာများကို ဖြန့်ဝေခဲ့ကြောင်း သိရသည်။ ယနေ့တွင် သောင်းရင်းမြစ်ရေသည် သိသိသာသာ ကျဆင်းခဲ့သဖြင့် ထိုင်းနိုင်ငံ၏ ရုံးပိတ်ရက်ဖြစ်သော ယနေ့ထိုင်းမိဖုရားမွေးနေ့တွင်လည်း ယခင်ရက်များက ရေကြီးသဖြင့် အလုပ်နားခဲ့သော စက်ရုံအလုပ်ရုံများသည်လည်းကောင်း၊ ထိုင်း-မြန်မာချစ်ကြည်ရေးတံတားအနီးရှိ ရေလယ် ကျွ န်းဈေးသည်လည်းကောင်း၊ ပြန်လည်ဖွင့်လှစ်ခဲ့သည်ကို
တွေ့ရသည်။ (မြန်မာပြည်သား သတင်းစဉ်)
(သြဂုတ်လ ၉ရက်၊ ၂၀၁၂) ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် ယခုနှစ်ဆန်းပိုင်းအတွင်း လူသတ်မှုကျူးလွန်ခဲ့ပြီး မြန်မာဘက်ကမ်းသို့ ပြန်လည်ထွက်ပြေးတိမ်းရှောင်ခဲ့သူ မြန်မာဘုန်းကြီးအတုကို
မြ၀တီခရိုင်ရှိ အာဏာပိုင်များက ဖမ်းဆီးအရေးယူခဲ့သေးသည်။ ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ မြန်မာဆယ်ကျော်သက် ၃ ဦးကို ဖောက်ထွင်းခိုးယူမှုတွေနဲ့ ဖမ်းဆီးထားတယ်လို့ မဲဆောက်မြို့ ရဲအရာရှိက ဒီဗွီဘီကို ပြောပါတယ်။ မဲဆောက်မြို့ ပြည်သူတွေက ပစ္စည်းအခိုးခံရမှု၊ နေအိမ် ဖောက်ထွင်းခံရမှုတွေ ရဲစခန်းမှာ နေ့စဉ်လိုလို လာတိုင်နေတဲ့ အတွက် မသင်္ကာဖွယ် လူငယ် ၃ ဦးကို နောက်ယောင်ခံလိုက်ကြည့်ခဲ့ပြီး မနေ့ညနေ ၅ နာရီလောက်မှာ ၀င်ရောက်ဖမ်းဆီးခဲ့တာလို့ မဲဆောက်မြို့မရဲစခန်းက တာဝန်ကျ စခန်းမှူး ဒု-ဗိုလ်မှူးကြီး ရ၀လိတ် ချူမ့်ရင်က ပြောပါတယ်။ လူငယ် ၃ ဦးကို ဆက်ပြီး စစ်ဆေးမေးမြန်းရာမှာ ဖောက်ထွင်းမှု ကျူးလွန်ကြောင်း၊ အကြိမ် ၂၀ ထက်မနည်း ကျူးလွန်ခဲ့ကြောင်း၊ ပစ္စည်းတွေကို မြ၀တီဘက်မှာ ထုခွဲရောင်းချကြောင်း ၀န်ခံခဲ့တယ်လို့ ဆိုပါတယ်။သူတို့တတွေကို မြန်မာပြည်ဘက်ခြမ်း ပြန်ပို့ဖို့အတွက် လောလောဆယ် မြ၀တီရဲစခန်းနဲ့ ဆက်သွယ်ဆောင်ရွက်နေပြီး ခိုးရာပါပစ္စည်း လက်ခံဝယ်ယူသူကိုပါ ဖမ်းဆီးအရေးယူပေးဖို့ တောင်းဆိုထားကြောင်း စခန်းမှူးက ပြောပါတယ်။ဖမ်းဆီးရမိပစ္စည်းတွေကို သက်ဆိုင်ရာ ပိုင်ရှင်ဖြစ်သူတွေက ဒီနေ့ မနက်မှာ ပြန်ယူသွားကြတယ်လို့ ဆိုပါတယ်။ ကျူးလွန်သူတွေဟာ အသက် ၁၈ နှစ်အောက် ကလေးတွေဖြစ်တဲ့အတွက် အမည်ရင်းကို ဖော်ပြခွင့်မရှိဘူးလို့ မဲဆောက်ရဲစခန်းက ပြောပါတယ်။(DVB)
(သြဂုတ်လ ၄ရက်၊ ၂၀၁၂) ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်း နယ်စပ်မှ တရားမ၀င် ၀င်ရောက်လာပြီး လူဝင်မှုကြီးကြပ်ရေး ဥပဒေဖြင့် ဖမ်းဆီးခံရသည့် သြစ တြေးလျားနိုင်ငံသားတစ်ဦးအား ယမန်နေ့ညနေပိုင်းတွင် ထိုင်းနိုင်ငံ အာဏာပိုင်များထံသို့ပြန်လည်လွဲပြောင်းပေးလိုက်ပြီဖြစ်သည်။ “ဒီနေ့ညနေ ၄နာရီခွဲမှာ ထိုင်းဘက်ကို ပြန်လွဲပေးလိုက်ပြီးပါပြီ”ဟု ကရင်ပြည်နယ်ရဲမှူးကြီးက ကရင်သတင်းဌာနသို့ ယမန်နေ့ညနေက ပြောသည်။အသက် ၉၃နှစ်အရွယ်ရှိ Mr. Karl Joseph Kraus သည် ဇူလိုင်လ ၂၁ရက်နေ့က ထိုင်းနယ်စပ်မှတဆင့် မြန်မာပြည်တွင်းသို့ ၀င်ရောက် လာပြီးနောက် ဖားအံမြို့နယ်၊ အိန္ဒုကျေးရွာအလွန် ကားလမ်းမနံဘေးတွင် ရွာသားများက ဘီးတပ်ကုလားထိုင်(wheel chair)ဖြင့် သွား လာမတတ်ဖြစ်နေသည့် သူ့အား တွေ့ရှိပြီး သက်ဆိုင်ရာ အာဏာပိုင်များကို အကြောင်းကြားခဲ့သည်ဟု ရဲမှူးကြီးသိန်းကြည်က ပြောသည်။၎င်းအား တရားမ၀င် ၀င်ရောက်လာမှု လ၀ကဥပဒေဖြင့် ဖမ်းဆီးထားပြီး ပြည်နယ်အာဏာပိုင်များက သံရုံးထံ ဆက်သွယ်သော်လည်း အကြောင်းပြန်ကြားမှု တစုံတရာမရှိဘဲ မြ၀တီခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီးမျိုးဆွေ ဦးဆောင်သည့်အဖွဲ့က ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ လ၀ကအဖွဲ့ထံသို့ လွဲပြောင်းအပ်နှံလိုက်ရခြင်းဖြစ်သည်ဟု ပေါ်ပြူလာ အင်တာနက်သတင်းစာမျက်နှာ၌ ဖော်ပြထားသည်။အဆိုပါ သြစတြေးလျားနိုင်ငံသားသည် ထိုင်းနိုင်ငံတွင် နေထိုင်ရင်း ချင်းမိုင်မြို့၌ ထိုင်းမိန်းကလေးငယ်နှစ်ဦးကို အဓမ္မပြုကျင့်ပြီးနောက် အာမခံဖြင့် ရှိနေစဉ် မြန်မာနိုင်ငံသို့ ရှောင်ခွာထွက်ပြေးသွားခြင်းဖြစ်သည်ဟု သတင်းရရှိကြောင်း ပြည်နယ်ရဲမှူးကြီးက ဆက်လက် ပြော ဆိုခဲ့သည်။(KIC)
(သြဂုတ်လ ၃ရက်၊ ၂၀၁၂) နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုခင်းတိုက်ဖျက်ရေးဆိုင်ရာ သဘောတူညီချက်တစ်ရပ် ကို တရုတ်နိုင်ငံနှင့် မလေးရှားနိုင်ငံတို့ကသြဂုတ် ၂ရက်တွင် လက်မှတ်ရေးထိုးလိုက် ကြောင်း တရုတ်သတင်းဌာနများကသြဂုတ် ၃ ရက်တွင် သတင်းထုတ်ပြန် သည်။တရုတ်ပြည်သူ့ရေးရာလုံခြုံရေးဝန်ကြီးမင်ကျန်ကျူးနှင့် မလေးရှားပြည်သူ့ရေးရာ ဝန်ကြီး ဟီဟာမူဒင်တွန်ဟူစိန်တို့သည်မြို့တော်ပေကျင်း၌ တွေ့ဆုံဆွေးနွေးခဲ့ကြ ပြီးနောက် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုခင်းတိုက်ဖျက်ရေးသဘောတူညီချက်တစ်ရပ် ကို လက်မှတ်ရေးထိုးခဲ့ကြသည်။အဆိုပါသဘောတူညီချက်၏ အသေး စိတ်အချက်အလက်များကို ထုတ်ပြန်ကြေညာခြင်းမရှိပေ။သို့ရာတွင် လူမှောင်ခို မှု၊ ငွေကြေးခဝါချမှုစသည့် မှုခင်းများကိုထိန်းချုပ်သွားရန် သဘောတူညီခဲ့သည်ဟု ယူဆရသည်။တရုတ်နိုင်ငံသည် မလေးရှားနိုင်ငံနှင့်ရင်းနှီးချစ်ကြည်စွာဖြင့် ပူးပေါင်းဆောင် ရွက်လျက်ရှိကြောင်း၊ နယ်ပယ်ကဏ္ဍမျိုးစုံတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့် ပြုလုပ်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် အစိုးရအဖွဲ့ဝင် အထက်တန်းတာဝန်ရှိသူ မင်ကျန်ကျူးကပြောကြားသည်။ (အင်တာနက်)
(သြဂုတ်လ ၂ရက်၊ ၂၀၁၂) ကျောင်းကျန်းမာရေး ဆုချီးမြှင့်ပွဲတရပ်ကို ထိုင်း-မြန်မာနယ်စပ် တာ့(ခ်)ခရိုင် မဲဆောက်မြို့တွင် ကျင်းပပြီး ထိုင်းပညာရေးဝန်ကြီးဌာန အမှတ် ၂ အခြေခံပညာဦးစီးဌာန (ရွှေ့ပြောင်းဒေသပ ညာရေးဌာန) တွဲဘက်ဒါရိုက်တာ မနိဒါနှင့် မယ်တော်ဆေးခန်းတာဝန်ခံနှင့် စီဒီစီအထက်တန်း ကျောင်း နာယကဖြစ်သူ ဒေါက်တာစင်သီယာမောင်တို့က ကျောင်းကျန်းမာရေးဆုရရှိသော ကျောင်း ၉ ကျောင်းအား ပထမ ရွှေတံဆိပ် ၃ ခု၊ ဒုတိယ ငွေ တံဆိပ် ၃ ခု၊ တတိယ ကြေးတံဆိပ် ၃ ခုတို့ကို ချီးမြှင့်ခဲ့သည်။ ထိုင်း-မြန်မာနယ်စပ် တာ့(ခ်)ခရိုင် ၉ မြို့နယ် အတွင်း တွင် မြန်မာရွှေ့ပြောင်းအလုပ်သမား စာသင်ကျောင်း ၈၀ ခန့်ရှိပြီး ၇၄ ကျောင်းမှာ ထိုင်းပညာရေးဝန်ကြီးဌာန အမှတ် ၂ အခြေခံပညာဦးစီးဌာန (ရွှေ့ပြောင်းဒေသပ ညာရေးဌာန) မှ တရားဝင် အသိအမှတ်ပြုထားသည်။ (မြန်မာပြည်သားသတင်းစဉ်)
(သြဂုတ်လ ၁ရက်၊ ၂၀၁၂) ထိုင်းနိုင်ငံတောင်ပိုင်း ပတ္တနီပြည်နယ်တွင် သြဂုတ် ၁ ရက်က သီးခြားပစ်ခတ်မှုနှစ်ခုဖြစ်ပွားရာ သုံးဦးသေဆုံးပြီး လေးဦးဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။ ပထမဖြစ်ပွားမှုမှာ မော်တော်ဆိုင်ကယ်တစ်စီးပေါ်တွင် စီးနင်းလာသည့် လက်နက်ကိုင်နှစ်ဦးက ပတ္တနီပြည်နယ် ခေါက်ဖိုခရိုင်အတွင်းရှိ လူ ၁၀ ဦးခန့်ထိုင်နေသည့် လက်ဖက်ရည်ဆိုင်တစ်ဆိုင်အတွင်းသို့ ရိုင်ဖယ်သေနတ်များဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ ယင်းပစ်ခတ်မှုကြောင့် ဆိုင်ပိုင်ရှင်နှင့် စားသုံး သူသုံးဦးတို့ ပွဲချင်းပြီးသေဆုံးခဲ့ပြီး ဒဏ်ရာရသူလေးဦးကို ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ (အင်တာနက်)
-ယခုလအတွင်း ထိုင်းနှင့် မလေးရှားနိုင်ငံ သတင်းအတိုအထွာများ-

No comments:
Post a Comment