-လူထုကျန်းမာရေး(အလေးမအားကစားပြုလုပ်ခြင်းဖြင့် ဆီးချိုသွေးချို ဖြစ်ပွားမှု လျှော့ ချနိုင်)-
**Public Health**
အလေးမအားကစားပြုလုပ်ခြင်းသည် အမျိုးသားများ၌ အမျိုး အစား-၂ ဆီးချိုသွေးချိုရောဂါ ကာကွယ်တားဆီးရာတွင် အထောက်အကူ ပြုနိုင်ကြောင်း သုတေသနပြုချက်တစ်ရပ်က အကြံပြုထားသည်။ အမျိုးသား ၃၂ဝဝဝ ကျော်တို့အား လေ့လာသုတေသနပြုချက် တစ်ရပ်အရ ပုံမှန်အလေးမအားကစားပြုလုပ်ခြင်းဖြင့် ဆီးချိုသွေးချို ရောဂါဖြစ်ပွားမှုအန္တရာယ် သုံးပုံတစ်ပုံကျော် လျော့ကျနိုင်ကြောင်း သုတေ သနပညာရှင်များက တွေ့ရှိခဲ့ကြသည်။ပုံမှန် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ခြင်းဖြင့် ရောဂါများကိုကာကွယ်တားဆီးနိုင်ကြောင်း လူအများ သိထားပြီးဖြစ်သည်။ သို့သော် သွားလာလှုပ်ရှား လေ့ကျင့်ခန်းမလုပ်နိုင်သည့်သူများ အတွက် ပြေးခြင်းကဲ့သို့ အေရိုးဗစ်အားကစားနှင့် အလေးမခြင်းက တစ်ပြန်တစ်လှည့် အထောက်အကူပြုနိုင်ခြင်းကြောင့် ယင်းသုတေသန ပြုချက်၌ အရေးပါလှကြောင်း အဆိုပါ ထုတ်ပြန်ချက်က ဆိုသည်။
အလေးမအားကစားကို တစ်နေ့လျှင် မိနစ် ၃ဝ၊ သီတင်း တစ်ပတ်လျှင် ငါးရက်ကစားခြင်းဖြင့် ဆီးချိုသွေးချိုရောဂါ ဖြစ်ပွားမှု ၃၄ ရာခိုင်နှုန်းလျှော့ချနိုင်သည်ဟု ဆိုသည်။ သို့သော် သီတင်းတစ်ပတ်လျှင် တစ်နာရီကျော်ကျော်သာ ပုံမှန် လေ့ကျင့်ခန်းပြုလုပ်လျှင်သော်မှ ၁၂ ရာခိုင်နှုန်း လျော့ကျနိုင် သို့သော် အေရိုးဗစ်လေ့ကျင့်ခန်း ပြုလုပ်ခြင်းက အနည်း ငယ် ပိုကောင်းပြီး ဆီးချိုသွေးချိုဖြစ်ပွားမှု ရာခိုင်နှုန်းတစ်ဝက်ထိ လျော့ကျနိုင်ကြောင်း တွေ့ရှိထားပြီး အဆိုပါအားကစားမျိုး ပြုလုပ် ခြင်းဖြင့် စိတ်ကျေနပ်ဖွယ် အကောင်းဆုံးရလဒ်များရှိပြီး ဆီးချို သွေးချိုဖြစ်ပွားမှု ၅၉ ရာခိုင်နှုန်းကျော် လျော့ကျနိုင်ကြောင်း သိရသည်။ (အင်တာနက်)
ဘာသာပြန်-သက်ထွေး

No comments:
Post a Comment