-ယခုလအတွင်း နိုင်ငံတကာထူးခြားသတင်းများ-
**တရုတ်အမျိုးသမီး
တစ်ဦး၏နားအတွင်း
ပင့် ကူတစ်ကောင်ငါးရက်ကြာမျှ ဝင်ရောက်ခိုအောင်း**
(ချန်ရှာ သြဂုတ် ၁ဝ)
အိပ်စက်နေစဉ်အတွင်း နား၊ နှာခေါင်း၊ ပါးစပ်စသော ဒွါရ
ပေါက်များအတွင်း ဝင်ရောက်တတ်သည့် ပင့်ကူများနှင့်
ပတ်သက်၍ အရပ်ပြောပုံပြင်များမှာ အမှန်ဖြစ်လာပြီဖြစ်သည်။
တရုတ်နိုင်ငံ ဟူနန်ပြည်နယ် ချန်ရှာမြို့ ဗဟိုဆေးရုံကြီးသို့
နားကိုက်ဝေဒနာခံစားနေရသော တရုတ်အမျိုးသမီးတစ်ဦး
သြဂုတ် ၈ ရက်က လာရောက်၍ ဆေးစစ်မှုခံယူခဲ့ရာ ၄င်း၏
နားအတွင်း ပင့်ကူငယ်တစ်ကောင် ဝင်ရောက်နေသည်ကို
ဆရာဝန်များက တွေ့ရှိခဲ့ရကြောင်း သိရသည်။
မစ္စလီ အမည်ရှိ အဆိုပါ တရုတ်အမျိုးသမီး၏ နားအတွင်း
ပိုင်းကို ဆရာဝန်များက ဓာတ်ပုံရိုက်စစ်ဆေးခဲ့ရာ မျက်လုံး
လေးလုံးပါ အမွေးထူထူပင့်ကူတစ်ကောင်အား စိတ်မသက်သာ
စဖွယ် တွေ့ရှိခဲ့ရသည်။ပင့်ကူ၏ခြေချောင်းများမှ ဆူးများစူးဝင်မည့် အန္တရာယ်ရှိ
ခြင်းကြောင့် ဆရာဝန်များသည် လူနာအမျိုးသမီး၏ နားထဲသို့
ဆားပျော်ရည်များ အသွင်းအထုတ်ပြုလုပ်၍ ပင့်ကူအားဖယ်ရှားခဲ့
ရကြောင်း သိရသည်။လွန်ခဲ့သော ၅ ရက်ခန့်က အိပ်မောကျနေစဉ် ယင်းပင့်ကူ
သည် မစ္စလီ၏ နားအတွင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း တရုတ်
သတင်းမီဒီယာများက ဖော်ပြခဲ့သည်။
အင်းဆက်ပိုးမွှားများ လူ့နားအင်္ဂါအတွင်း ဝင်ရောက်ခြင်း
သည် အရပ်ပြောပုံပြင်သက်သက်မဟုတ်ကြောင်း၊ အပူနှင့် ရေငွေ့
များမှ အကာအကွယ်ရရှိရန်အလို့ငှာ အင်းဆက်များသည်
လူ့နားအင်္ဂါအတွင်းပိုင်းသို့ ဝင်ရောက်ခိုအောင်းတတ်ကြောင်း
အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါတက္ကသိုလ်မှ အင်းဆက်
ဗေဒပညာရှင်တစ်ဦးက ပြောကြားခဲ့သည်။ (အင်တာနက်)
**မက္ကဆီကိုမူးယစ်ဆေးဝါးဘုရင်မ အမေရိကန်နိုင်ငံသို့ လွှဲပြောင်းပေး**
ပစိံဖိတ်ကမ်းရိုးတန်းမှ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်အတွင်းသို့ ပထမဆုံး မူးယစ်ဆေးဝါးများရောင်းဝယ်ဖောက်ကားမှုဖြင့် စွပ်စွဲခံထားရသည့် မက္ကဆီကိုထိပ်တန်းမူးယစ်ဆေးမှောင်ခို
အမျိုးသမီးတစ်ဦးအား အမေရိကန်နိုင်ငံသို့ လွှဲအပ်ခဲ့ကြောင်း သြဂုတ် ၁၀ ရက်က အင်တာနက်သတင်းတစ်ရပ်တွင် ဖော်ပြပါရှိသည်။ “ပစိဖိတ်ဘုရင်မ”ဟု လူသိများသည့် စန်ဒရာအဗီလာ
ဘာထရန်အမည်ရှိ အဆိုပါအမျိုးသမီးအားကိုကင်းများ ရောင်းဝယ်ဖောက်ကားမှုဖြင့် တရားရင်ဆိုင်ရန်
မက္ကဆီကိုက အမေရိကန်အာဏာပိုင်များသို့ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်။ သူမသည်
၁၉၉၀ ပြည့်နှစ်က ဆီနာလိုအာကာတယ် (Sinaloa Cartel) မူးယစ်ဂိုဏ်းကိုတည်ထောင်ရာတွင်
အဓိကအခန်းကကဏ္ဍာမှ ပါဝင်ခဲ့သည်ဟု မက္ကဆီကိုအစိုးရရှေ့နေများက စွပ်စွဲခဲ့သည်။ (အင်တာနက်)**အငြင်းပွားဖွယ် ယာဆူကူနီဂူဗိမာန်သို့ သွားရောက်ရန် ဂျပန်ဝန်ကြီးများ စီစဉ်**
(တိုကျို သြဂုတ် ၁ဝ) မြေယာနှင့် သယ်ယူပို့ဆောင်ရေးဝန်ကြီး ယူအိချီ ရိုဟတ နှင့် မြောက်ကိုရီးယားသူလျှိုများ၏ ပြန်ပေးဆွဲဖမ်းဆီးမှုခံခဲ့ ရသော ဂျပန်နိုင်ငံသားများအရေး ကိုင်တွယ်ဖြေရှင်းရေး ဝန်ကြီး ဂျင်မတ်ဆုဘရတို့သည် ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တပ်ဖွဲ့များ လက်နက်ချအညံ့ခံခဲ့ရသည့် သြဂုတ် ၁၅ ရက်တွင် ယာဆူကူနီ ဂူဗိမာန်သို့သွားရောက်ရန် စီစဉ်ထားကြောင်း သတင်းများ၌ ဖော်ပြထားသည်။ ဂျပန်အစိုးရအဖွဲ့ဝင် ဝန်ကြီးနှစ်ဦးတို့၏ ယာဆူကူနီဂူဗိမာန် သို့ သွားရောက်မည့်အစီအစဉ်ကြောင့် ဂျပန်နိုင်ငံနှင့် အိမ်နီးချင်း နိုင်ငံများအကြား အတိမ်းအစောင်းမခံသော ဆက်ဆံရေးမှာ တင်းမာလာရဖွယ်ရှိသည်။ ယာဆူကူနီဂူဗိမာန်ကို ဂျပန်ဧကရာဇ်အတွက် အသက်စွန့် တိုက်ပွဲဝင်ခဲ့သော ဂျပန်စစ်သည်တော် ၂ ဒသမ ၅သန်းမျှ တို့၏ ဝိညာဉ်များ ကိန်းအောင်းရာနေရာအဖြစ် ဂျပန်နိုင်ငံသား အများ အပြားက သတ်မှတ်ထားကြသည်။ ဂျပန်နိုင်ငံ တိုကျိုမြို့တော်၌ ၁၈၆၉ ခုနှစ်တွင် စတင် တည်ထောင်ခဲ့သော ယာဆူကူနီဂူဗိမာန်သည် ဒုတိယကမ္ဘာစစ် ကာလအတွင်း စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့သူများကိုပါ မြှုပ်နှံ ထားခြင်းကြောင့် အငြင်းပွားဖွယ် နေရာတစ်ခုလည်းဖြစ်သည်။ ပုလဲဆိပ်ကမ်းကိုတိုက်ခိုက်ရန် ညွှန်ကြားခဲ့သူ ဂျပန် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ဟီဒေတီ တိုဂျိုအပါအဝင် ဒုတိယကမ္ဘာ စစ်အတွင်း စစ်ရာဇဝတ်မှုများကျူးလွန်ခဲ့သော ဂျပန်စစ်ဘက် ထိပ်တန်းအရာရှိများ၏ ရုပ်ြ<ွကင်းများကို ယာဆူကူနီဂူဗိမာန်၌ ၁၉၇ဝ ခုနှစ်တွင် လျှို့ဝှက်မြှုပ်နှံခဲ့သည်။ အထက်ဖော်ပြပါ ဂျပန်ဝန်ကြီးနှစ်ဦး၏ ယာဆူကူနီ ဂူဗိမာန်သို့ သွားရောက်ရေးအစီအစဉ်သည် လက်ရှိအာဏာရ ဂျပန်ဒီမိုကရက်တစ်ပါတီ အစိုးရအဖွဲ့ဝင်ဝန်ကြီးများအတွက် ပထမဆုံးအကြိမ်ဖြစ်သည်။ (အေအက်ဖ်ပီ)
** ပိုင်ဆိုင်ခွင့် အငြင်းပွားကျွန်းစုသို့ တောင်ကိုရီးယားသမ္မတသွားရောက်မှု ဂျပန်ကန့်ကွက်**
ဆိုးလ် သြဂုတ် ၁ဝ တောင်ကိုရီးယားနှင့်ဂျပန်အကြား ဆယ်စုနှစ်ပေါင်းများစွာ ဖြစ်ပွားနေခဲ့သော နယ်မြေပိုင်ဆိုင်ခွင့် အငြင်းပွားမှုပြဿနာတွင် အဓိကနေရာ၌ပါဝင်နေသည့် ဂျပန်ပင်လယ်(အရှေ့ပင်လယ်) အတွင်းရှိ ကျောက်ဆောင်ကျွန်းစုသို့ တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်သည် သောကြာနေ့က မမျှော်လင့်ဘဲသွားရောက် ခဲ့ကြောင်း သိရသည်။ တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်၏ ပိုင်ဆိုင်ခွင့် အငြင်းပွားကျွန်းစုခရီးစဉ်နှင့် ပတ်သက်၍ ဂျပန်နိုင်ငံဆိုင်ရာ တောင်ကိုရီးယားသံအမတ်ကြီးကို ဂျပန်အစိုးရက ဆင့်ခေါ် ကန့်ကွက်ခဲ့ြောင်း သတင်းများတွင် ဖော်ပြထားသည်။ ဂျပန်နိုင်ငံတွင် တာကေရှီးမားကျွန်းစုဟူ၍လည်းကောင်း၊ တောင်ကိုရီးယားတွင် ဒေါ့ဒိုကျွန်းစုဟူ၍လည်းကောင်း သတ်မှတ် ခေါ်ဝေါ်ကြသည့် အဆိုပါကျောက်ဆောင်ကျွန်းစုသည် ဂျပန်နှင့် တောင်ကိုရီးယားအကြား ဂျပန်ပင်လယ်(အရှေ့ပင်လယ်) ရေပြင် အတွင်းတည်ရှိသည်။တောင်ကိုရီးယားသမ္မတ၏ ခရီးစဉ်နှင့်ပတ်သက်၍ ဂျပန် နိုင်ငံက ဒေါသတကြီးတုံ့ပြန်ခဲ့ပြီး ယင်းခရီးစဉ်သည် မည်သို့မျှ လက်သင့်ခံနိုင်ဖွယ်မရှိသည့် ခရီးစဉ်မျိုးဖြစ်ကြောင်း ဂျပန် ဝန်ကြီးချုပ် ယိုရှီဟီကို နိုဒါက ပြောကြားခဲ့သည်။ တောင်ကိုရီးယားနိုင်ငံသည် ဒေါ့ဒို သို့မဟုတ် တာကေ ရှီးမားကျွန်းစု၌ ကမ်းခြေစောင့်တပ်ဖွဲ့ငယ်တစ်ဖွဲ့ကို ၁၉၅၄ ခုနှစ်မှ စတင်၍ အခြေစိုက်ထားခဲ့သည်။ (အေအက်ဖ်ပီ)
**တရုတ်နိုင်ငံ၌ ဟိုင်ကွိတိုင်ဖွန်းမုန်တိုင်းဝင်ရောက်တိုက်ခတ် ခြောက်ဦးသေဆုံး လူနစ်သန်းကျော်ရွှေ့ပြောင်းပေးရ** (ပေကျင်း၊ သြဂုတ် ၁၀) တရုတ်နိုင်ငံအရှေ့ပိုင်းအမြင့်ဆုံးဒေသများဖြစ်သော ပြည်နယ်လေးခုတွင် ဟိုင်ကွိ (Haikui) တိုင်ဖွန်းမုန်တိုင်း ၀င်ရောက်တိုက်ခတ်မှုကြောင့် အနည်းဆုံးခြောက်ဦးသေဆုံးပြီး လူပေါင်း ၂.၁၇ သန်းကျော်အား နေရာရွှေ့ပြောင်းပေးခဲ့ရကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သြဂုတ် ၁၀ ရက်တွင် ပြောကြားသည်။ အန်ဟွေးပြည်နယ် အဆိုပါ တိုင်ဖွန်းမုန်တိုင်းကြောင့် သုံးဦးသေဆုံးပြီး ဒေသခံပေါင်း ၂.၁၇ သန်းနီးပါး ဘေးဒုက္ခကြုံတွေ့ခဲ့ရပြီး နေအိမ်ပေါင်း ၂၄၀၀ ထက်မနည်း ပျက်စီးခဲ့ကြောင်း အဆိုပါဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ရပ်တွင် ဖော်ပြသည်။ ရှန်ဟိုင်းတွင် ယင်းတိုက်ဖွန်းမုန်တိုင်းကြောင့် နှစ်ဦးသေဆုံးပြီး ၃၆၀၀၀၀ ကျော် ဘေးဒုက္ခကြုံတွေ့ခဲ့ကာ နေအိမ်ပေါင်း ၅၀ ကျော် ပျက်စီးခဲ့ကြောင်း၊ ကျန်စုပြည်နယ်တွင် တစ်ဦးသေဆုံးပြီး ဒေသခံ ၁၂၀၀၀၀ကျော်ကို ကယ်ဆယ်ခဲ့ရကြောင်း ၁.၅၅ သန်းနီးပါး နေရာရွှေ့ပြောင်းပေးခဲ့ရကြောင်း အဆိုပါ ၀န်ကြီးဌာနက ထပ်လောင်းပြောကြားသည်။ (အင်တာနက်)
စုစည်းဘာသာပြန် - တင်မောင်လွင်

No comments:
Post a Comment