ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, August 5, 2012

>
-ယခုလအတွင်း နိုင်ငံတကာထူးခြားသတင်းများ-
**ကမ္ဘာ့တောင်ဝင်ရိုးစွန်း ဒေသ၌ အနာဂတ်တွင် အုန်းပင်များပေါက်ရောက်လာနိုင်**

 (ဖရန့်ဖတ်၊ သြဂုတ် ၃) ကမ္ဘာ့ရာသီဥတု အပြောင်းအလဲ ဆက်လက်ဖြစ်ပေါ်နေမည်ဆိုပါက အန္တာတိကတိုက်(ခေါ်)ကမ္ဘာ့တောင်ဝင်ရိုးစွန်းဒေသ၌ လာမည့် ရာစုနှစ် အနည်းငယ်အကြာ ကာလမှစ၍ အုန်းပင်များ ရှင်သန်ပေါက်ရောက်လာ နိုင်ကြောင်း ဂျာမန်သိပံ္ပပညာရှင်များက သြဂုတ် ၂ ရက်တွင် ပြောကြား သည်။ အုန်းပင်များသည် ကမ္ဘာ့အပူပိုင်းဒေသ၌ တွေ့ရလေ့ရှိသည့် အပင်တစ်မျိုး ဖြစ်သည်။ကမ္ဘာ့တောင်ဝင်ရိုးစွန်းဒေသ၌ လွန်ခဲ့သည့် နှစ်ပေါင်း ၅၂ သန်းခန့်က အုန်းပင် များ ရှင်သန်ပေါက်ရောက်ခဲ့သည့်အထောက်အထားတစ်ရပ်ကို မိမိတို့ ရှာဖွေတွေ့ရှိရကြောင်း ဂျာမနီနိုင်ငံဖရန့်ဖတ်မြို့ရှိ ဂို့သ်တက္ကသိုလ်နှင့် ရာသီဥတုသုတေသနဌာနတို့မှ သိပံ္ပပညာရှင်များက ပြောကြားသည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၅၂ သန်းခန့်ကကမ္ဘာ့လေထုလွှာအတွင်း ကာဗွန်ဒိုင် အောက်ဆိုဒ်ဓာတ်ငွေ့စုဝေးမှုကြီးမားခဲ့ရာအန္တာတိကဒေသ၌ အုန်းပင်များ ရှင်သန် ပေါက်ရောက်ခဲ့ကြောင်း၊ အန္တာတိကတိုက်အနီး ပင်လယ်ကြမ်းပြင်အောက် ဘက်မှရရှိခဲ့သော ကျောက်သားနမူနာကိုစမ်းသပ်လေ့လာကြည့်ရာ ဖော်ပြပါ အချက်အလက်နှင့်ပတ်သက်၍ အထောက်အထားတစ်ရပ်ကို ရရှိခဲ့ကြောင်း သိပံ္ပ ပညာရှင် ပါမောက္ခ ဂျော့ဂ်ျပရော့က ပြောကြားသည်။ (အင်တာနက်)

 **အယ်လ်ဒါအဖွဲ့ဝင်ဟု သံသယရှိသူသုံးဦး စပိန်နိုင်ငံတွင် ဖမ်းဆီးရမိ**

(မက်ဒရစ်၊ သြဂုတ် ၃) စပိန်နိုင်ငံတောင်ပိုင်းတွင် အယ်လ်ခိုင်ဒါ အဖွဲ့ဝင်များဟု ယူဆရသူ သုံးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိကြောင်း သြဂုတ်၂ ရက် ဘီဘီစီသတင်းတွင် ဖော်ပြသည်။ ဆန်ရိုကွေးဒေသရှိ လူနေအိမ်ခန်းတစ်ခုအတွင်း၌ တူရကီလူမျိုးတစ်ဦးနှင့် အတူ ဖောက်ခွဲရေးပစ္စည်းများကို ဖမ်းဆီးရမိခဲ့သည်။ နောက်နှစ်ဦးကို အယ်လ် မူရာဒီယယ်လ်မြို့အနီးတွင် ဖမ်းမိခဲ့သည်။စပိန်နိုင်ငံ ပြည်ထဲရေးဝန်ကြီး ဂျော့ဖာ နန်ဒက်ဇ်ဒီယား၏အဆိုအရ ၄င်းတို့သည်စပိန်နိုင်ငံ သို့မဟုတ် ဥရောပတိုက် တစ်နေရာရာ၌ အကြမ်းဖက်တိုက်ခိုက်မှုပြုလုပ်ရန် စီစဉ်လျက်ရှိသည်ဟု ယူဆရ သည်။နိုင်ငံတကာ ပူးပေါင်းစစ်ဆင်ရေးတစ်ခု၏ အစီအစဉ်တစ်စိတ်တစ်ပိုင်း အဖြစ် အယ်လ်ခိုင်ဒါများကို ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်ဟု ဝန်ကြီးက ပြောသည်။ ဖောက်ခွဲရေးပစ္စည်းများကို စစ်ဆေးလျက်ရှိကြောင်း၊ ယင်းဖောက်ခွဲရေး ပစ္စည်းများသည် ဘတ်စ်ကားတစ်စီးကိုဖျက်ဆီးပစ်ရန် လုံလောက်သည်ဟု စပိန်ပြည်ထဲရေးဝန်ကြီးက ပြောခဲ့သည်။အန်းဒါလူစီယာပြည်နယ် လာလိုင် နီးယားဒီကွန်စက်ရှင်မြို့၏ လူနေတိုက်ခန်းတစ်ခုတွင် ဖောက်ခွဲရေးပစ္စည်း များနှင့်အတူ တူရကီလူမျိုးတစ်ဦးကိုရဲတပ်ဖွဲ့က တွေ့ခဲ့ခြင်းဖြစ်ကြောင်း၊ အခြားနှစ်ဦးကို စပိန်နိုင်ငံ အတ္တလန္တိတ်ကမ်းခြေရှိ ကာဒစ်မှ ဘတ်စ်ကားတစ်စီး ဖြင့် ပြင်သစ်နယ်စပ်အနီး အိုင်ရမ်မြို့သို့သွားနေစဉ် အယ်လ်မူရာဒီယယ်မြို့အနီး ယာဉ်ရပ်နားစခန်းတွင် အထူးစစ်ဆင်ရေးရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ခြင်း ဖြစ် ကြောင်းသိရသည်။ (အင်တာနက်)

**ရုရှားက မောင်းသူမဲ့ ဗုံးကြဲလေယာဉ်များ ထုတ်လုပ်ရန် ဒီဇိုင်းပုံစံရေးဆွဲ** 

 ( ဒုတိယဗိုလ်ချုပ် ကြီး အင်နာတိုလီဇီခါရက်ဗ်)

(မော်စကို၊ သြဂုတ် ၃) ရုရှားနိုင်ငံသည် မောင်းသူမဲ့ ဗုံးကြဲလေယာဉ်များကို ၂၀၄၀ ပြည့်လွန်ကာလတွင် ဖြန့်ကြက်သွားမည်ဖြစ်ကြောင်း စစ်ဘက်ဆိုင်ရာ အထက်တန်းတာဝန်ရှိသူ တစ်ဦးက သြဂုတ် ၃ ရက်တွင် ပြောကြားသည်။ မဟာဗျူဟာမြောက် မောင်းသူမဲ့ ဗုံးကြဲ လေယာဉ်များကို ၂ဝ၄ဝပြည့်နှစ်မှ ၂ဝ၅ဝပြည့်နှစ်ကာလအတွင်း ဖြန့်ကြက်မည်ဖြစ် ကြောင်း တာဝေးလေကြောင်းပျံသန်းရေးစစ်ဌာနချုပ်အကြီးအကဲ ဒုတိယဗိုလ်ချုပ် ကြီး အင်နာတိုလီဇီခါရက်ဗ် က ပြောကြားသည်။ရုရှားနိုင်ငံရှိ တူပိုလက်လေယာဉ်ဒီဇိုင်း ထုတ်လုပ်ရေးဗျူရိုသည် ယခုအခါ မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်တစ်စင်း ကို တည်ဆောက်ရန် ဒီဇိုင်းပုံစံထုတ်လုပ်လျက် ရှိသည်။အဆိုပါလေယာဉ်မှာ ပီအေ ကေဒီအေ အမျိုးအစားလေယာဉ်ဖြစ်ပြီး၂ဝ၂၅ခုနှစ် ဝန်းကျင် တွင် ထုတ်လုပ်နိုင် မည်ဟု ရည်မှန်းထားသည်။မျိုးဆက်သစ် မဟာဗျူဟာမြောက်ဗုံးကြဲလေယာဉ် များကို တည်ဆောက်ပြီးနောက်တီယူ-၁၆ဝ၊တီယူ-၉၅ အမ်အက်စ်နှင့် တီယူ-၂၂ အမ် ၃ ဗုံးကြဲလေယာဉ်များ၏ နေရာတွင် အစားထိုးသွားမည်ဖြစ်ကြောင်း ၄င်းက ပြောကြားသည်။ တာဝေးပျံသန်းနိုင်သော ဗုံးကြဲလေယာဉ်များကိုပိုင်ဆိုင်သည့် ကမ္ဘာ့နိုင်ငံနှစ် နိုင်ငံမှာ ရုရှားနှင့် အမေရိကန်တို့ ဖြစ်ကြသည်။ (အင်တာနက်)

 ** နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုခင်းတိုက်ဖျက်ရေးတရုတ်နှင့် မလေးရှား သဘောတူညီ ချက်လက်မှတ်ထိုး**
 ( ပေကျင်း သြဂုတ် ၃) နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုခင်းတိုက်ဖျက်ရေးဆိုင်ရာ သဘောတူညီချက်တစ်ရပ် ကို တရုတ်နိုင်ငံနှင့် မလေးရှားနိုင်ငံတို့ကသြဂုတ် ၂ရက်တွင် လက်မှတ်ရေးထိုးလိုက် ကြောင်း တရုတ်သတင်းဌာနများကသြဂုတ် ၃ ရက်တွင် သတင်းထုတ်ပြန် သည်။တရုတ်ပြည်သူ့ရေးရာလုံခြုံရေးဝန်ကြီးမင်ကျန်ကျူးနှင့် မလေးရှားပြည်သူ့ရေးရာ ဝန်ကြီး ဟီဟာမူဒင်တွန်ဟူစိန်တို့သည်မြို့တော်ပေကျင်း၌ တွေ့ဆုံဆွေးနွေးခဲ့ကြ ပြီးနောက် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုခင်းတိုက်ဖျက်ရေးသဘောတူညီချက်တစ်ရပ် ကို လက်မှတ်ရေးထိုးခဲ့ကြသည်။အဆိုပါသဘောတူညီချက်၏ အသေး စိတ်အချက်အလက်များကို ထုတ်ပြန်ကြေညာခြင်းမရှိပေ။သို့ရာတွင် လူမှောင်ခို မှု၊ ငွေကြေးခဝါချမှုစသည့် မှုခင်းများကိုထိန်းချုပ်သွားရန် သဘောတူညီခဲ့သည်ဟု ယူဆရသည်။တရုတ်နိုင်ငံသည် မလေးရှားနိုင်ငံနှင့်ရင်းနှီးချစ်ကြည်စွာဖြင့် ပူးပေါင်းဆောင် ရွက်လျက်ရှိကြောင်း၊ နယ်ပယ်ကဏ္ဍမျိုးစုံတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့် ပြုလုပ်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် အစိုးရအဖွဲ့ဝင် အထက်တန်းတာဝန်ရှိသူ မင်ကျန်ကျူးကပြောကြားသည်။ (အင်တာနက်)

** ရုရှားစစ်သင်္ဘောသုံးစင်း ဆီးရီးယားသို့ဦးတည်နေ** (မော်စကို သြဂုတ် ၃) ယင်း စစ်သင်္ဘောတစ်စင်းစီတွင်မရိန်းတပ်ဖွဲ့ဝင် ၁၂ဝ အသီးသီးပါလာကြ ပြီး တာတပ်စ်ဆိပ်ကမ်း၌ ရက်အနည်းငယ်မျှ ကျောက်ချရပ်နားမည်ဟု သိရသည်။ ရုရှားနိုင်ငံသည် တာတပ်စ်ဆိပ်ကမ်း၌ရေတပ်သင်္ဘောများကို အသေးစား ပြင်ဆင်ပေးနိုင်သော သင်္ဘောကျင်းတစ်ခုထားရှိပြီး သင်္ဘောများသည် ယင်းဆိပ် ကမ်း၌ ရိက္ခာနှင့် သောက်သုံးရေများထပ်မံဖြည့်တင်းမည်ဖြစ်သည်။ မရိန်းတပ်သားအချို့ ယင်းဆိပ်ကမ်း ၌ဆက်လက်နေရစ်မည့် အစီအစဉ် ရှိ၊ မရှိရှင်းလင်းစွာ မသိရသေးပေ။ သင်္ဘောပေါ်၌ မည်သည့်စစ်လက်နက်အမျိုးအစားများပါလာသည်ကို အသေး စိတ်မသိရသေးကြောင်း သတင်းတွင်ဖော်ပြထားသည်။ ဆီးရီးယားရှိ ရုရှားအရပ် သားများကို အကာအကွယ်ပေးရန်နှင့်တာတပ်စ်ပြုပြင်ထိန်းသိမ်းရေးရေတပ် စခန်းမှ ပစ္စည်းကိရိယာများ ရွှေ့ပြောင်းရန် မရိန်းတပ်ဖွဲ့များ စေလွှတ်မည်ဖြစ် ကြောင်း ရုရှားနိုင်ငံက အစောပိုင်းတွင်ပြောကြားခဲ့သည်။ရုရှားစစ်ဘက်သည် ဆီးရီးယား အရေးတွင် ဝင်ရောက်စွက်ဖက်ခြင်းဖြင့်သမ္မတအာဆတ် အစိုးရကို ထောက်ခံမှု ပေးသွားမည်ဟူသော ထင်မြင်ချက်များအား ရုရှားတာဝန်ရှိပုဂ္ဂိုလ်များက ပယ်ချ သည်။ဆီးရီးယားနိုင်ငံသို့ ဦးတည်ခုတ်မောင်းနေသော ရုရှားရေတပ်ကမ်းတက် သင်္ဘောများသည် လက်ရှိအချိန်တွင်မြေထဲပင်လယ်အတွင်း၌ပင်ရှိနေသေး သည်။ ယင်းသင်္ဘောများသည် တာတပ်စ်ဆိပ်ကမ်း၌ ဆိုက်ကပ်ပြီးနောက် ဘိုဖိုးရပ်(စ်)နှင့် ရုရှားပင်လယ်နက်ဆိပ်ကမ်း နိုဗိုရော့စ်စီ ယတ်ဆိပ်ကမ်းတို့သို့ ဦးတည်ထွက်ခွာကြမည် ဖြစ်ကြောင်းသိရသည်။ (အင်တာနက်)

 **ပါကစ္စတန် သင်္ဘောသားခုနစ်ဦးကိုဆိုမာလီပင်လယ်ဓားပြများ ပြန်လွှတ်ပေး**
 (ကရာချိ သြဂုတ် ၃) မလေးရှားနိုင်ငံမှ သင်္ဘောတစ်စင်းနှင့်အတူ ပြန်ပေးဆွဲခံခဲ့ကြရသော ပါကစ္စတန်နိုင်ငံသား သင်္ဘောသား ခုနစ်ဦးကို ဆိုမာလီပင်လယ်ဓားပြများက ပြန်လည်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း၊အဆိုပါ သင်္ဘောသားများသည် ၂ဝ၁ဝ ခုနှစ်နှောင်းပိုင်းမှစ၍ ဓားစာခံအဖြစ်ဖမ်းဆီးခံထားရပြီးနောက် ပြန်လည် လွတ်မြောက်လာခြင်းဖြစ်ကြောင်း မလေးရှားသတင်းဌာနများက သြဂုတ် ၃ရက်တွင် သတင်းထုတ်ပြန်သည်။အမ်ဗွီအယ်လ်ဘီနိုအမည်ရှိသင်္ဘောမှသင်္ဘောသားများကို ပြန်လည် လွှတ်ပေးရန် အမေရိကန်ဒေါ်လာ ၁ ဒသမ ၁သန်း ပြန်ပေးရွေးငွေ ပေးခဲ့ရကြောင်း စေ့စပ်ဆွေးနွေးရေးမှူး အေအမ်ချင်ကီကပြောကြားသည်။ပြန်ပေးသမားများသည် ဒေါ်လာ ၂ဒသမ ၈၅သန်းပေးရန် တောင်းဆိုခဲ့ပြီးပြန်ပေးရွေးငွေဒေါ်လာ ၁ ဒသမ ၁ သန်း သာ ရရှိသဖြင့် သင်္ဘောသားခုနစ်ဦးကိုသာပြန်လည်လွှတ်ပေးခဲ့ကာကျန်သင်္ဘော သားများကို ဆက်လက် ဖမ်းဆီးထားသည်။ဓားစာခံအဖြစ် ဆက်လက်ဖမ်းဆီးခံ ထားရသော သင်္ဘောသားများမှာ သီရိလင်္ကာမှ ခုနစ်ဦး၊ ဘင်္ဂလားဒေ့ရှ်မှ ခြောက် ဦး၊ အီရန်မှတစ်ဦးနှင့် အိန္ဒိယမှ တစ်ဦးတို့ဖြစ်ကြသည်။ (အင်တာနက်)

စုစည်းဘာသာပြန် - ဧရာမောင်

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)