-လန်ဒန်၌ အမျိုးသမီး ၂ ဦး အပေါ်ပိုင်းဗလာဖြင့် အစ္စလာမ်မစ် အစွန်းရောက်များအား ကန့်ကွက်ဆန္ဒပြ-
အစ္စလာမ်မစ် အစွန်းရောက် နိုင်ငံများနှင့် အာဏာရှင်များအား ဆန့်ကျင်ရှုတ်ချသည့် အနေဖြင့် လန်ဒန်၌ အပေါ်ပိုင်းဗလာဖြင့် ကန့်ကွက်ဆန္ဒပြခဲ့သည် ယူကရိန်းနိုင်ငံမှ အမျိုးသမီး ၂ ဦးအနက် ၁ ဦးအား လန်ဒန်ရဲမှ ဖမ်းဆီးခေါ်ဆောင် သွားသည်ကို တွေ့ရမည်ဖြစ်သည်။ သူမတို့ ၂ ဦးသည် အဆိုပါ အစ္စလာမ်မစ် အစွန်းရောက်နိုင်ငံ များနှင့် အာဏာရှင်များသည် အမျိုးသမီးများ၏ အခွင့်အရေးများ အား လျစ်လျူရှုပြီး ချိုးနှိမ်နေသည်ကို မကျေနပ်၍ ယခုကဲ့သို့ ဆန္ဒပြခဲ့ခြင်းဖြစ်သည်။ သူမတို့သည် "အရှက်မရှိ လန်ဒန်အိုလံပစ် (Olympic Shame)" "အစ္စလာမ်ဘာသာရေး ဥပဒေများ ပယ်ဖျက်ပေး (No Sharia)" ဟူသော စာတမ်းများအား ယင်းတို့၏ ကိုယ်ပေါ်၌ ရေးသားကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
**Shwelone.com (ရွှေလုံး)**
Photo: Reuters.

No comments:
Post a Comment