-လူထုကျန်းမာရေး(အသက်ကြီးမှ ကလေးမွေးသည့် မိခင်များတွင် သားအိမ်ကင်ဆာ
ဖြစ်ပွားမှုအန္တရာယ် လျော့နည်း)-
**Public Health**
( ဗြိတိန် သြဂုတ် ၃)
အသက်ကြီးမှ ကလေးမွေးသည့် မိခင်များတွင် သားအိမ်ကင်ဆာ
ဖြစ်ပွားမှုအန္တရာယ် လျော့နည်းသည်ဟု သုတေသနလေ့လာချက်တစ်ခု
အရ သိရသည်။အသက်(၄ဝ) သို့မဟုတ် ထိုထက်ကြီးသောအရွယ်တွင် ၄င်းတို့၏ နောက်ဆုံးကလေးများ
ရရှိသည့် မိခင်များသည် အသက်(၂၅)နှစ်အရွယ်တွင် ကလေးရရှိသည့်မိခင်များထက်သားအိမ်ကင်
ဆာဖြစ်ပွားမှုအန္တရာယ် ၄၄ ရာခိုင်နှုန်း လျော့နည်းသည်ဟု သုတေသီများကလေ့လာတွေ့ရှိခဲ့သည်။
သားအိမ်ကင်ဆာသည် သားအိမ်အတွင်းဆုံးတစ်သျှူးများကို ထိခိုက်ပျက်စီးစေပြီးအမေရိကန်ပြည်ထောင်စု
နှင့် ဗြိတိန်နိုင်ငံတွင် အများဆုံးဖြစ်ပွားလေ့ရှိပြီး အသက်(၅ဝ)နှင့် (၆ဝ)အရွယ် အမျိုးသမီးများ
တွင် ဖြစ်ပွားလေ့ရှိသည်။အသက်(၃ဝ)နှစ်နောက်ပိုင်းမှ ကလေးမွေးသည့် မိခင်များတွင် သားအိမ်ကင်
ဆာဖြစ်ပွားမှုအန္တရာယ် စတင်လျော့နည်းလာသည်ဟု တောင်ပိုင်းကာလီဖိုး
နီးယားတက္ကသိုလ်မှ သုတေသနအဖွဲ့က လေ့လာတွေ့ရှိခဲ့သည်။ အမျိုးသားကင်ဆာကာကွယ်ရေးဌာနမှ ရန်ပုံငွေမတည်ပေးသည့် ယင်း
လေ့လာချက်တွင် သားအိမ်ကင်ဆာဖြစ်ပွားမှု စုစုပေါင်း ၈၆၇၁ ခုအား
ဆန်းစစ် လေ့လာခဲ့သည်။
ယင်းလေ့လာချက်အရ အသက်(၂၅)နှစ်
မတိုင်ခင် နောက်ဆုံးကလေးမွေး သည့်မိခင်များနှင့် နှိုင်းစာလျှင် အသက်(၃ဝ)နှစ်
နှင့် (၃၄)နှစ်အကြားရှိ နောက်ဆုံးကလေးမွေးသည့် မိခင်များတွင် သားအိမ်
ကင်ဆာဖြစ်ပွားမှုအန္တရာယ် ၁၇ ရာခိုင်နှုန်း၊အသက်(၃၅)နှစ်နှင့် (၃၉)နှစ်အကြား၌
နောက်ဆုံးကလေးမွေးသည့် မိခင်များတွင် ၃၂ ရာခိုင်နှုန်းနှင့် အသက်(၄ဝ)နှစ်
သို့မဟုတ် ထိုထက်ကြီးသောအရွယ်၌နောက်ဆုံး ကလေးမွေးသည့် မိခင်များ
တွင် ၄၄ ရာခိုင်နှုန်း အသီးသီးလျော့နည်းကြောင်း တွေ့ရှိခဲ့သည်။
သားအိမ်ကင်ဆာဖြစ်ပွားစေသည့်အခြားအကြောင်းရင်းများဖြစ်သော ကိုယ်အလေးချိန်များခြင်း ရရှိသည့်ကလေးဦးရေ များပြားခြင်း၊ သန္ဓေသား ဆေးသုံးစွဲခြင်း စသည်တို့ကို ထည့်တွက်ပြီးလေ့လာမှုပြုလုပ်ရာတွင် အသက်ကြီးမှ ကလေးမွေးခြင်းသည် သားအိမ်ကင်ဆာဖြစ်ပွားမှုအား အကာအကွယ်ပေးသည် မှာ သိသာထင်ရှားကြောင်း သုတေသနခေါင်းဆောင် ဒေါက်တာဗီရိုနီကာစီကီ ယာဝင်က ပြောကြားသည်။အသက်ကြီးမှ ကလေးမွေးခြင်းက ဘာကြောင့် သားအိမ်ကင်ဆာဖြစ်ပွားမှုအန္တရာယ်ကာကွယ်နိုင်သည်ဆိုသည့် အချက်ကို အတည်ပြုနိုင်ရန် လေ့လာမှုများဆက်လက် ပြုလုပ်ရန်လိုအပ်သည် ဟု ဆိုသည်။ (အင်တာနက်)
ဘာသာပြန် - ထန်ဆွင်း

No comments:
Post a Comment