-လူထုကျန်းမာရေး(နေ့စဉ်လိုအပ်သည့် ဗီတာမင်စီပမာဏကို၂၀၀ မီလီဂရမ်အထိ တိုးမြှင့်သင့်ဟု ပညာရှင်များအကြံပြု)-
**Public Health**
ဆေးသိပံ္ပပညာရှင်များသည် မကြာသေးမီက ထုတ်ပြန်သည့် ဆေးဝါးသုတေသန အစီရင်ခံစာတစ်ရပ်တွင် နေ့စဉ်လိုအပ်သည့် ဗီတာမင်စီပမာဏသတ်မှတ်ချက်မှာ အမှန်တကယ်လိုအပ်မှုထက် ထက်ဝက်ကျော် လျော့နည်းနေသည်ဟု စောဒကတက်ခဲ့ကြကြောင်း အင်တာနက်သတင်းများတွင် ဖော်ပြသည်။ အမေရိကန်ပြည်ထောင်စုတွင် လက်ရှိကျင့်သုံးနေသည့် အမျိုး သမီးများအတွက် နေ့စဉ်လိုအပ်သည့် ဗီတာမင်စီပမာဏသတ်မှတ်ချက် ၇၅ မီလီဂရမ်နှင့် အမျိုးသားများအတွက် ၉၀ မီလီဂရမ်ကို အရွယ် ရောက်သူများအတွက် ၂၀၀ မီလီဂရမ်အထိ တိုးမြှင့်ပေးသင့်သည့် ခိုင်လုံ သော အထောက်အထားရှိကြောင်း သုတေသီများက ထောက်ပြခဲ့ကြ သည်။
ဗီတာမင်စီခိျု့တဲ့၍ ဖြစ်သောရောဂါ(စကာဗီ) ကာကွယ်ရုံသက်သက် ထက် အန္တရာယ်မဖြစ်ပေါ်စေဘဲ ဆဲလ်များနှင့် တစ်သျှူးများကို သန်စွမ်း စေမည့် ဗီတာမင်စီအမှန်တကယ်လိုအပ်ချက်စံနှုန်း သတ်မှတ်ပေးဖို့ ပိုမိုသင့်လျော်ကြောင်း၊ ဗီတာမင်စီ ဖြည့်စွက်စာအတွက် တစ်ရက်လျှင် ဒေါ်လာ တစ်ဆင့်သုံးစွဲရုံဖြင့် ပြည်သူ့ကျန်းမာရေးအပေါ် သိသာ ထင်ရှားသော အကျိုးကျေးဇူးများဖြစ်ထွန်းစေမည်ဖြစ်ကြောင်း သုတေသီများ ကပြောကြားသည်။ဗီတာမင်စီပြဿနာနှင့် ပတ်သက်၍သိပံ္ပအထောက်အထားတစ်ရပ်လုံးကို လေ့လာသုံးသပ်လျက် ပင်ကိုအားဖြင့်မှားယွင်းသည့် လက်တွေ့ဆေးကုသမှု တခိျု့ကို ကျော်လွန်ပြီး ဘုံစံနှုန်းတခိျု့သတ်မှတ်ရန် အချိန်တန်နေပြီဖြစ် ကြောင်း၊ ကောင်းမွန်သော ကျန်းမာရေးတွင် ဗီတာမင်စီ၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ ကမ္ဘာ့ဦးဆောင်ကျွမ်းကျင်သူများအနက် တစ်ဦးဖြစ်သည့် အိုရဲဂွန် တက္ကသိုလ်လီနာ့စ်ပေါလင်းအင်စတီကျုမှပါမောက္ခနှင့် ညွှန်ကြားရေးမှူးဖြစ်သူ ဘဲလ်ဇ်ဖရေးက ပြောကြားသည်။အမေရိကန်နှင့် ကမ္ဘာတစ်ဝန်းရှိ လူအမြောက်အမြားမှာ ဗီတာမင်စီခိျု့တဲ့နေကြကြောင်း၊ ဗီတာမင်စီပိုမိုမှီဝဲခြင်းက နာတာရှည်ရောဂါ ကာကွယ်ရေးကိုအထောက်အကူပြုနိုင်သည့် ခိုင်လုံသော အထောက်အထားရှိကြောင်း ဖရေးကပြောကြားသည်။ ပိုမိုကျယ်ပြန့်သော သက်ရှိကိုယ်တွင်း၌ ဇီဝဓာတုဖြစ်စဉ်လေ့လာမှု၊ ကလာပ်စည်းများအတွင်း ဆေးဝါးများ၏ ဖြစ်စဉ် ပြောင်းလဲမှုလေ့လာချက်၊ ဓာတ်ခွဲခန်းစမ်းသပ်လေ့လာမှုနှင့် ဒေသတစ်ခု အတွင်း၌ ဖွားခြင်း၊ သေခြင်း၊ ရောဂါဘယဖြစ်ပွားခြင်း စသည်တို့ကို လေ့လာမှု များအရ ပမာဏပိုမိုများပြားသော ဗီတာမင်စီ မှီဝဲခြင်းက ဖွံ့ဖြိုးပြီး ကမ္ဘာတွင် လူ အမြောက်အမြားသေဆုံးစေသည့် နှလုံးရောဂါ၊ လေသင်တုန်းဖြတ်ခြင်း၊ ကင်ဆာ ရောဂါနှင့် သွေးပေါင်ချိန်မြင့်တက်ခြင်း၊နာတာရှည်ရောင်ရမ်းခြင်း၊ ခုခံအားကျဆင်း မှုနှင့် သွေး၌ အဆီဓာတ်လွန်ကဲသဖြင့်သွေးကြောကျဉ်းခြင်းတို့ကို ဖြစ်စေသည့် ကျန်းမာရေးပြဿနာများ စသော နာတာရှည်ရောဂါများ လျှော့ချရေးကို အထောက် အကူပြုနိုင်ကြောင်း တွေ့ရှိရသည်။
ခိုင်လုံသော သုတေသနလေ့လာချက် က စံပြုထားသော ဗီတာမင်စီနေ့စဉ်လိုအပ်သည့် ပမာဏသတ်မှတ်ချက် တိုးမြှင့်သင့်ကြောင်း ပြသသည်ဟု မိမိတို့ယုံကြည်ပါကြောင်း၊ နေ့စဉ်ဗီတာမင်စီ ၂၀၀ မီလီဂရမ်မှီဝဲခြင်းက အန္တရာယ်လုံးဝမဖြစ်ပေါ်စေသည့်အပြင် အကျိုးကျေးဇူး မျိုးစုံဖြစ်ပေါ်စေသည့် ခိုင်လုံသောအထောက်အထားရှိကြောင်း ဖရေးက ဆက်လက်ပြောကြားသည်။
ဘာသာပြန် - ထန်ဆွင်း

No comments:
Post a Comment