-ကြက်ဆူ တွေမင်းမူတဲ့ နိုင်ငံ-
အရာအားလုံးဟာ
စီစဉ်ပြီးသားလို့ ပြောကြတယ်ဘယ် တော မှာမှ ကြက်ဆူပင်တွေ မင်းမူတာမတွေ့ခဲ့ဖူးဘူး . . . မျှော်လင့်ချက်တွေ ပိလွန်းလို့လဲ လျှာထွက်နေပါပြီ အခုတော့ လည်း လက်တကမ်းအကွာကိုပဲ ကြည့်ကြည့် မိ . . . ကိုယ့်ဘက်သူ့ဘက်မျှကြည့်ရင်တောင် လွန်နေတာသိသာနေပါပြီ
အားမတန်လို့ မာန်လျှော့နေရင်း မာန်တောင်ရှိသေးရဲ့လား မသေချာတော့ . . . ပြောခဲ့ပြီးပါပြီ
ဘယ်တောမှာမှ ကြက်ဆူပင်တွေမင်းမူတာ
မတွေ့ခဲ့ဖူးဘူး ကျနော်တို့ နေတဲ့ မြို့ကြီးပြကြီးမှာတော့ ကြက်ဆူပင်တွေမင်းမူရုံတင်မက
အပြိုင်းအရိုင်း နဲ့ တောထ . . .
တကိုယ်လုံးကို အနှစ်ရှိမရှိ
ဘယ်လို ခွဲခြမ်းရမလဲ တပြည်လုံးကို အနှစ်ရှိမရှိ
ဘယ်လို ခွဲခြမ်းမလဲ
အခုတော့ တကိုယ်လုံးသာမက
တပြည်လုံး မှာပါ နုနာဝဲစွဲ . . . -
- Photo-ကြက်ဆူ
**မာဃလုလင်**

No comments:
Post a Comment