-မုန့်ပုံပြင်-
တစ်ခါကဂျုံမုန့်တိုင်းပြည်ကြီး ၌စိုးစံ၍နေသော ပေါင်မုန့်ဘုရင်ကြီးနှင့် ကိတ်မုန့်မိဖုရားကြီး၌ ပေါက်စီအမည်ရှိ သားတော်တစ်ပါးရှိသတတ်။ ပေါက်စီမင်းသားလေး၏ ငယ်ကျွန်မှာမုန့်ကြာစိဖြစ် ၍မင်းသားလေးကိုချစ်ခင်ပြီးသစ္စာရှိသည်ဟု ဟူလို။ ပေါက်စီမင်းသားလေးအရွယ်ရောက်လျှင်ပေါင်မုန့်ဘုရင်ကြီးက ကဲသားတော်ပေါက် ပညာသင်ယူရန်အချိန်သင့် နေပြီ ဟုပြောရာ ခမည်းတော်နှင့်မယ်တော်တို့နှင့်ခွဲ၍သားတော်ပေါက် ဘယ်မှမသွားပါရစေနှင့်ဘုရား ဟုတင်လျှောက်တော်မူလေသတတ်။ ထိုအခါပေါက်စီ ဖခမည်းတော်ပေါင်မုန့်မှ မရဘူးသားတော် သားတော်သည်ခမည်းတော်၏ အရာကိုဆက်ခံရမည်။ မုန့်ကိုလက်ကအုပ်ချုပ်သည်။ လက်ကို စိတ်ကအုပ်ချုပ်သည်။ စိတ်ကိုဥာဏ်ကအုပ်ချုပ်သည်။ ဥာဏ်ကိုပညာကအုပ်ချုပ်သည်။ သို့ဖြစ်၍ ပညာစုံမှပြန်လာရမည် အမိန့်တော်….. သို့ဖြစ်၍ပေါက်စီမင်းသားလေးသည်ငယ်ကျွန်မုန့်ကြာစိနှင့်အတူ တက္ကသိုလ်သို့ပညာသင်ရန်ထွက်ခဲ့ လေ၏။ သို့နှင့်တက္ကသိုလ်ပြည်မှဒိသာပါမောက္ခဆရာကြီးအီကြာကွေးထံတွင်ပညာသင်ယူလေတော့သည်။ ဘုရင့်သားဆိုမေမဲ့ငါဆီမှာပညာသင်ရင်တော့ငါ့တပည့်ဖြစ်သွားပြီပေါ့ ထိုသို့ဖြင့် ပေါက်စီမင်းသားလေး သည်မုန့်ကောင်းမုန့်မြတ်တို့ တပ်အပ်သော အဋ္ဌာရသ ၁၈ ရပ်သောပညာတို့ကိုကြိုးစားသင်ယူလေသတတ်။ မင်းသားလေး၏လေ့ကျင့်ပုံများမှာဆိုရင် မြားအချောင်းတစ်ရာမှာတစ်ချောင်းတော့ထိအောင်ပစ်ရ မယ် တယ်ငါကွ ခကွေးယပင့်စသတ်ချစ် ချစ်ချစ် ၀ အပေါင်းတစ် တစ် နှစ်အပေါင်းနှစ် ဤကဲ့သို့စာပေကျမ်းဂန်ကြီးများကိုကြိုးစားသင်ယူသည့်အပြင်ပေါက်စီမင်းသားလေး သည်ဆရာကြီး အီကြာကွေး၏မိသားစုအလုပ်များကိုလည်းကူညီ၍လုပ်ကိုင်ပေးသည်။ ထို့ကြောင့်ဆရာကြီးအီကြာကွေးနှင့် ဆရာကြီးကတော်ဒေါ်ပလာတာတို့သည်ပေါက်စီမင်သားလေး အားအရေးပေးလျက်ရှိသည်။ ထိုသို့လုပ်ကိုင်ဆောင်ရွက်သည်ကို ဆရာကြီးအီကြာကွေးနှင့် ဆရာကြီးကတော်ဒေါ်ပလာတာတို့၏ သမီးချောလေးဆနွင်းမကင်းဒေ၀ီကမြင်သွား ကာ မိန်းကလေးတို့၏ က္ကနြေ္ဒအတိုင်း ခုတွေ့ခုချစ်သွားတော့သည်။ ထိုအကြောင်းကိုဆရာကြီးအီကြာကွေးသိရှိသွားကာ ပေါက်စီမင်းသားလေးကိုခေါ်ယူမေးမြန်းတော့လေသည်။ ငါ့သမီးကိုတကယ်ချစ်ရဲ့လား။ ပုံပြောနေတာလားကွ။ မှန်ပါ့ပုံပြော အဲကယ်ချစ်တာပါဗျ ဒါဆိုယူစေ။ ဤကဲ့သို့ခက်ခက်ခဲခဲတောင်းယူရပြီးလျှင်မုန့်ကြိုးလိမ်နယ်စားကြီးကကြီးမှုး၍ ပေါက်စီမင်းသားနှင့် ဆနွင်းမကင်းဒေ၀ီတို့ကိုထိမ်းမြားပေးလိုက်တော့သတည်း။
သူပါသေစေရမည်ဖြစ်၍ သားတော်အားသတ်စေ။ အမိန့်တော်အရမုန့်လက်ကောက်အာဏာပါးကွက်သားသည် ပေါက်စီမင်းသားအားမုန့်ဟင်းခါးဖတ်
နှောင်ကြိုးတည်းကာ မုန့်စိမ်းပေါင်းတောင်ပေါ်မှတွန်းချသတ်လေသည်။ ပေါက်စီမင်းသားသည်တောင်အောက်ရှိ မုန့်လက်ဆောင်းချောင်းထဲသို့ကျခဲ့သော်လည်း ပေါက်စီမင်းသား၏ဘုန်းတန်ခိုးကြောင့် မုန့်စလင်းတောင့် နတ်သားက အလျှင်အမြန်ဆယ်ယူသော်မူနိုင်သဖြင့်အသက်မသေဟု ဟူလို။ ထိုအခါ မုန့်စလင်းတောင့် နတ်သားက သင့်ကိုကျွန်ုပ်သည်ရေထဲမှရေပေါ်သို့ဆောင်ယူကယ်တင်ခဲ့သည်ဖြစ်၍ ယ္ခုမှစ၍ သင်သည်ပေါက်စီဘ၀ မှမုန့်လုံးရေပေါ်ဘ၀သို့ရောက်စေ- ထိုအဖြစ်ကိုဘယ်သူမှမပြောရ ဟု မုန့်စလင်းတောင့် နတ်သားကမြွက်ကြားသတတ်။ မုန့်လုံးရေပေါ်ဖြစ်သွားသောပေါက်စီမင်းသားလေးသည်ဆနွင်းမကင်းဒေ၀ီအားလွမ်းဆွတ်သဖြင့် ဆနွင်းမကင်းဒေ၀ီရှိရာသို့ပြန်လာခဲ့သည်။ ထိုအခါဆနွင်းမကင်းဒေ၀ီက သူ့မောင်တော်ပေါက်စီမဟုတ်ကြောင်း ငြင်းဆိုသည့်အတွက် ပေါက်စီမင်းသားလေးသည်အမှန်အတိုင်းဖွင့်ပြ
လိုက်ရာ လက်တွေ့ပါပြမိသဖြင့် ဗိုက်ပေါက်၍ သေဆုံးသွားလေသတတ်။ ထိုအခါမှ ထန်းလျက်မထွက်ဘဲကြက်သားစများထွက်လာ၍ ဆနွင်းမကင်းဒေ၀ီသည်ယုံပြီးလျှင် သူ့ကြောင့်မောင်တော်ပေါက်သေရသည်ဟုဆိုကာ အုန်းနို့မြစ်ထဲ ခုန်ဆင်း၍သေသည်။ ငယ်ကျွန်မုန့် ကြာစိလည်းထန်းလျက်ရည်ကန်ထဲသို့ ခုန်၍အရှင့်အတွက်အသက် စွန့်သည်။ ထိုအကြောင်းကိုကြားသိရသော ပေါင်မုန့်ဘုရင်ကြီးသည် သူတို့သုံးဦးအားသယ်ဆောင်ပြီးလျှင် ဆေးဆရာကြီးနံပြားထံပြလေသည်။ ထိုသို့ဖြင့်ဆေးဆရာကြီးနံပြားကပညာစွမ်းဖြင့်ကုသလေတော့သည်။ ဆေးဆရာကတော် စမူဇာ ကပါအားဖြည့်ရာ ပေါက်စီမင်းသား ဆနွင်းမကင်းဒေ၀ီ နှင့် မုန့်ကြာစိတို့အသက်ချမ်းသာရ သတတ်။ စာကြွင်းးမုန့်ကြာစိသည်ထန်းလျက်ရည်ကန်ထဲတွင်သတ်သေပြီးထန်းလျက်ရည် ကိုကြိုက်သဖြင့်ယနေ့တိုင် ထန်းလျက်ရည်ကန်ထဲ ရေစိမ်လျှက်ရှိသည်။ ထို့နောက်ပေါင်မုန့်ဘုရင်ကြီးသည်သားတော်။ ချွေးမတော်နှင့် ငယ်ကျွန်တို့အားနန်းတော်သို့ ခေါ်ဆောင်သွားလေ၏။ ထို့နောက်ပေါက်စီမင်းသားအားထီးနန်းလွဲအပ်လေတော့သည်။ ထိုအခါမှစ၍ ပေါက်စီဘုရင်လေးနှင့် ဆနွင်းမကင်းဒေ၀ီတို့သည် ဂျုံမုန့်တိုင်းပြည်ကြီးတွင်ပျော်ရွင်စွာ မုန့်ကျင့်တရား အပါးပါးနှင့် စိုးစံကြလေသတည်း။
By Shwe Ei

No comments:
Post a Comment