ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, August 11, 2012

>
-ကျနော်တို့ရွာထွက်နာမည်ကြီးများ-
လောကတွင် လူတစ်ယောက်နာမည်ကြီးလာပါက သူကဘယ်မြို့ကလေ၊ ဘယ်ကျောင်းထွက် အစရှိသည်ဖြင့် ပြောလေ့ရှိကြသည်။ ကျနော်တို့ ရွာလေးကား မြစ်ဝကျွန်းပေါ်ရှိ မထင်မရှားရွာကလေး။ ဟိုဖက်မြို့နယ်ထဲက ရွာလိုလို၊ ဒီဖက်မြို့နယ်ထဲက ရွာလိုလိုဖြင့် တကယ်တမ်းက စာရင်းပျောက်နေသောရွာ။ သို့သော် အထင်မသေးလိုက်လေနှင့်။ ကမ္ဘာကျော်ပုဂ္ဂိုလ်များစွာ၏ ဇာတိချက်မြှုပ်ရွာပင်ဖြစ်သည်။ မှတ်မှတ်ရရနှင့် ရင်းနှီးသူကိုဦးစွာပြောရရင် ကိုစူဇကာပင်ဖြစ်သည်။ ကျနော်နှင့်အသက်သိပ်မကွာလှ။ အစားအသောက်လွန်စွာသောင်းကြမ်းလှသဖြင့် အမည်ရင်းပျောက်ကာ စူဇကာဟု လူတိုင်းကခေါ်တွင်ကြသည်။ အစားကြီးသလို ဉာဏ်လည်း ကောင်းလှသဖြင့် ရွာဦးကျောင်းထိုင်ဆရာတော်ကြီးကိုယ်တိုင် မြို့ပေါ်တွင်ကျောင်းထားပေးရန် ဦးနီကိုခေါ်ယူမှာကြားသည်။ ဦးနီကား ရွာမှတက်ပြီး မြို့ပေါ်တွင်ကြီးပွားချမ်းသာနေသော သူဌေးကြီးတစ်ဦးဖြစ်သည်။ ဂျပန်ကားများကို အလုံးချိန်းပြီး ဇုန်ကားလုပ်ခဲ့သူပီပီ သူ့သား၏ပညာရေးအတွက်လည်း ဆင်ကြံ ကြံတော့သည်။ သူ့အကြံကား စူဇကာကို သူ့သားကိုယ်စား ဟားဗတ်တွင် ပညာသွားသင်ခိုင်းပြီး ဘွဲ့ယူစေရန်ဖြစ်သည်။ သို့မှသာသူ့သားလည်း ဟားဗတ်ဘွဲ့ရ ဆိုသောဂုဏ်ပုဒ်ကို ရနိုင်မည်ဖြစ်သည်။ မှတ်ပုံတင်လည်းမရှိ၊ အမည်ရင်းမှာလည်း မခေါ်တာကြာပြီဖြစ်သဖြင့် ဦးနီကိုယ်တိုင်မမှတ်မိ။ ထို့ပြင် ဦးနီကိုယ်တိုင်ကလည်း ဟားဗတ်တွင်ကျောင်းသွားတက်ပါက ဘိုနာမည်ပေါက်မှ ကောင်းမည်ဟု ယူဆသဖြင့် စူဇကာကို ဇူကာ၊ မြို့ပေါ်ရောက်စက ဘတ်စ်ကားကို ခဏခဏမှားစီးဖူးသည့် အမှတ်ရစေရန် ဘတ်၊ ပေါင်းသော် ဇူကာဘတ်ဟု နာမည်ပေးကာ ပညာသင်ရန်ဟားဗတ်သို့ လွှတ်လိုက်လေတော့သည်။ ကိုစူဇကာ တစ်ယောက် ဟားဗတ်ရောက်သော် မိမိကျွမ်းကျင်ရာကို လေ့လာသင်ယူမည်ဟု ရည်မှန်းကာ ရွာတွင်သူအောင်မြင်ခဲ့သော ဝက်မွေးမြူရေးဟု အထင်ရောက်ပြီး Web Development ကိုလေ့လာ လိုက်စားမိလေသည်။ ထိုတော့မှ အထင်နှင့်အမြင်တက်တက်စင်အောင် လွဲမှန်းသိသော်လည်း ပေါက်သည့်နဖူး မထူးဟု ယူဆပြီး ကျွမ်းကျင်အောင်လေ့လာမိတော့သည်။ များမကြာမီ သူသည် လူမှုကွန်ယက်တစ်ခုတည်ထောင်ရန် အကြံရလေသည်။ ရွာမှမထွက်ခွာမီ ရွာဦးကျောင်းထိုင်ဆရာတော်မှ "မောင်စူဇကာ စာအုပ်နဲ့မျက်နှာမခွာတမ်း ကြိုးစားပါ" ဟူသော မှာကြားချက်ကို နိမိတ်ယူကာ စာအုပ် = book ၊ မျက်နှာ = face ၊ ပေါင်းသော် ဘိုလို facebook ဟူသောနာမည်ဖြင့် ဆိုဒ်ထောင်ရာ လွန်စွာ အောင်မြင်နေကြောင်းကြားသိရသည်။ ကျနော်တို့ ရွာ၏ အိမ်မွေးခြံပေါက် နာမည်ကြီးသူများကို ထပ်မံပြောကြားရမည်ဆိုလျှင် အမေရိကန်နိုင်ငံတွင်သမ္မတဖြစ်နေသူ အိုဘားမားနှင့် ဟိုတလောက ကွယ်လွန်သွားသူ အိုစမာတို့လည်းပါဝင်ဖြစ်သည်။ အမည်ရင်းကား အောင်ဘုနှင့် မောင်ပု ဖြစ်သည်။ သူတို့နှစ်ဦးကား သံလျင်တွင် ငဇင်ကာအုပ်ချုပ်စဉ်က အမှုထမ်းခဲ့သူများ၏ အဆက်အနွယ်များဖြစ်သည်။ နောက်ပိုင်းတွင် ကျနော်တို့ရွာတွင် လာရောက်အခြေချနေထိုင်ခဲ့သည်မှာ မျိုးဆက် ၃ ဆက်မကပင်ဖြစ်သည်။ ငယ်စဉ်က သူငယ်ချင်းများဖြစ်သော်လည်း အရွယ်ရောက်လာသောအခါ ပြိုင်ဖက်များဖြစ်လာက်ြသည်။ ဖြစ်ပုံမှာ နှစ်ဦးစလုံးက အနွယ်တူဖြစ်သော လက်ချမီးဆိုသည့် ကောင်မလေးကို အပြိုင်ပိုးပန်းကြသည်။ ငွေကြေးလည်း အနည်းငယ်ပြည့်စုံ၊ မုတ်ဆိတ်မွှေး၊ ပါးသိုင်းမွှေးများထားတတ်သူ မောင်ပု(အိုစမာ) ကိုစိတ်ဝင်စားကာ ပြန်ကြိုက်ခဲ့သည်။ ထိုအခြေအနေကို အောင်ဘု(အိုဘားမား) ကလက်ခံသော်လည်း နောက်ပိုင်းတွင် မောင်ပုက ဘာသာရေးအရခွင့်ပြုသည်ဟုဆိုကာ မိန်းမထပ်ယူသောအခါ အောင်ဘုအမြင်တွင် လက်ချမီးကို ဒုက္ခပေးသည်ဟု ယူဆကာ မောင်ပုကို သေခန်းဖြတ်တော့သည်။ ထို့နောက် အောင်ဘုတစ်ယောက် အမေရိကားသို့ထွက်သွားတော့သည်။ အမေရိကားရောက်စတွင် ဘိုလိုလည်းကောင်းစွာမပြောတတ်သေးမီ လဝကတွင် မှတ်ပုံတင်ရန်အကြောင်းဖန်လာသည်။ ထိုအခါနီးစပ်ရာ အတွေ့အကြုံရှိသူများ၏ အကြံဉာဏ်ကိုယူကာ ဖြေရမည့် စာသားများကို အလွတ်ကျက်သွားတော့သည်။ ပထမဦးစွာ အမည်မေးမည်။ ထိုအခါ ဂျွန်စမစ် ဟုဖြေရန်။ ဒုတိယအသက်မေးမည်။ ထိုအခါ ၂၀ နှစ်ဟုဖြေရန်။ နောက်ဆုံး ဘယ်ကလာလဲဟု မေးလျှင် ဘားမား ဟုဖြေရန်။ နောက်ဆုံး နေရတာ အဆင်ပြေလားဟုမေးလျှင် အိုကေ ဟုဖြေရန် အလွတ်ကျက်သွားတော့သည်။ တကယ်တမ်း လဝက အရာရှိနှင့်တွေ့ဆုံသောအခါ အောင်ဘုမှာ ထိုအရာရှိ၏ အိမ်နီးချင်းတစ်ဦးနှင့် ရုပ်ချင်းလွန်စွာတူသဖြင့် မေးမြန်းရာ ဂျွန်စမစ်ဟုဖြေလိုက်သည်။ တိုက်ဆိုင်စွာပင် မှန်ကန်သွားသည်။ ထို့နောက် အသက်ကိုမေးသည်။ ထို့နောက် နာမည်မေးသောအခါ ဘားမားဟုဖြေလိုက်သည်။ အရာရှိက Family Name (မိသားစု မျိုးရိုးအမည်) မေးရာ နောက်ဆုံးမေးခွန်းဟု အထင်ရောက်ပြီး အိုကေ ဟုပြောရာ အဆိုပါအရာရှိမှ "အို" တစ်လုံးသာကြားပြီ အိုဘားမားဟု အမည်ကို ဖြည့်စွက်လိုက်လေသည်။ အိုဘားမားကား ရွာမှာနေစဉ်က ငွေကြေးမပြည့်စုံခဲ့၍ လက်ချမီးအချစ်ကို မရခဲ့သည်ဟု ယူဆကာ အမေရိကားတွင် ဘဝကိုဇာတ်မြှုပ်ပြီး အပြင်းအထန်ကြိုးစားတော့သည်။ ရွာတွင်ကျန်ခဲ့သော မောင်ပုတစ်ယောက်လည်း ဆော်ဒီတွင်အလုပ်သွားလုပ်ပြီး ပြန်လာသောမိတ်ဆွေတစ်ချို့နှင့် အဆက်အသွယ်ရကာ ဆော်ဒီသို့အလုပ်သွားလုပ်တော့သည်။ ထိုနိုင်ငံတွင်အလုပ်ရလွယ်စေရန် နာမည်ကိုလည်း အိုစမာဘင်လာဒင်ဟု ပြောင်းပြီးအလုပ်လုပ်နေခဲ့သည်။ ငွေကြေးအတော်အတန်ရှိလာပြီးနောက် နောက်ပိုင်းတွင် ဘာသာရေးဘက်ကို ပိုရောက်လာကာလက်နက်ကိုင် လမ်းစဉ်ကိုလုပ်ပြီးနာမည်ကြီးလာတော့သည်။ ရွာသို့ပြန်လာသော ကိုရင်သာအေးကား အိုစမာနှင့် ကျောင်းတော်က ရန်စရှိခဲ့သူပင်ဖြစ်သည်။ အိုဘားမားကား သူသမ္မတဖြစ်လာပြီးနောက် ကိုရင်သာအေးကို နေဗီဆီးလ် အထူးတပ်ဖွဲ့ထဲတွင် အမှုထမ်းစေသည်။ အိုစမာကို လုပ်ကြံမည့် စစ်ဆင်ရေးတွင် ကိုရင်သာအေးကို ပါဝင်စေရန်တိတ်တဆိတ်စီမံခဲ့သည်။ အိုစမာကား ကိုရင်သာအေးကို ရုတ်တရက်တွေ့၍အံ့အားသင့်နေစဉ် ကိုရင်သာအေးက လျင်မြန်စွာလုပ်ကြံခဲ့သည်။ ထို့နောက် အငြိမ်းစားယူကာ ရွာသို့ပြန်လာခဲ့ခြင်းဖြစ်သည်။ ထိုသည်ကား ကိုရင်သာအေးတစ်ယောက် ရွာတောင်ပိုင်း ထန်းတောထဲတွင် မူးစဉ်က ပြောဆိုခဲ့သည်များကို မှတ်သားခဲ့ရသည့် ကိုအောင်ဘု၊ ကိုမောင်ပုနှင့် ကိုရင်သာအေးတို့ အကြောင်းပင်ဖြစ်သည်။ နိုင်ငံရေးနယ်ပယ်တွင်သာမက အနုပညာရပ်ဝန်းတွင်လည်း ကျနော်တို့ရွာမှ လူများက ထွန်းပေါက်ကြသည်။ ငယ်စဉ်က ရွာလယ်ကွင်းတွင် ကောက်စိုက်ချိန်၊ ပျိုးနုတ်ချိန်များတွင် သီချင်းအကျယ်ကြီးအော်ဆိုတတ်သူ၊ လယ်သူမပီပီ နေလောင်ဒဏ်ဖြင့် အသားအရေ ညိုလွန်းသူ၊ ရွှံ့တော ဗွက်တောထဲနေသဖြင့် ခြေထောက်ရှိ ယားနားများကြောင့် ခဏခဏယားနေသဖြင့် ဒီးနားယား၊ ဟိုနားယား ဟုနာမည်ပြောင် အပေးခံရသူ။ နောက်ပိုင်းတွင် နိုင်ငံခြားထွက်သွားပြီးနောက် ဒီးနားယားကို ရီဟားနားဟု အမည်ပြောင်းပြီး ဂီတလောကတွင် ထွန်းပေါက်လာသူမှာလည်း ကျနော်တို့ရွာသူပင်ဖြစ်သည်။ သူမနှင့် ဆန့်ကျင်ဘက် အသားအရေဖြူဖြူဖွေးဖွေး အသံချိုချိုလေးဖြင့် သီချင်းဆိုတတ်သူ ကျနော်တို့ရွာသူတစ်ဦးလည်းရှိသေးသည်။ မိဘများကို စက်ချုပ်သမားများဖြစ်သည်။ ဂီတလောကသို့ဝင်ရောက်သောအခါ မိဘမျိုးရိုး စက်ချုပ်သည်ကို အစွဲပြုကာ ဘိုလိုဘာသာပြန်ပြီး တေလာ၊ အသံချိုသည်ကို ဘိုလို ဆွိ၊ ဟု ခေါ်တွင်ပြီး တေလာဆွိ ဟူသော အမည်ဖြင့် ဂီတလောကတွင်ကျော်ကြားလာလေသည်။ အားကစားလောကတွင် ကျနော်တို့ရွာသားများက ထွန်းပေါက်ကြသည်။ ငယ်စဉ်က ချူချာလွန်းသဖြင့် ရွာဦးကျောင်းထိုင်ဆရာတော်က အဆောင်အဖြစ် တစ်မတ်စေ့ကို အပေါက်ဖောက်ပြီး လည်ပင်းတွင်ဆွဲထားပေးသဖြင့် မတ်စေ့ဟု နာမည်ပြောင် အပေးခံရသူ။ အပြေးသန်ပြီး ဘောလုံးကန်ကောင်းသဖြင့် နောက်ပိုင်းကမ္ဘာ့အားကစားလောကဝယ် မက်ဆီ ဟု အမည်တွင်ပြီး နာမည်ကြီးလာသူမှာလည်း ကျနော်တို့ရွာထွက်ပင်ဖြစ်သည်။ ဟိုတလောကပင် ရွာသို့အလည်လာပြီး ရွာအနောက်ပိုင်းရှိ ဘောလုံးကွင်းကို အသစ်ဆောက်ပေးပြီး မတ်စေ့ကွင်းဟု အမည်ပေးသွားသေးသည်။ ရွာတွင်ငယ်စဉ်က တိုရှည်ကို လွန်စွာကြိုက်သဖြင့် တိုရှည် ဟုနာမည်ပြောင်အပေးခံရသူ မှာလည်း ယခုအခါ တိုရေး ဟူသောအမည်ဖြင့် လွန်စွာထွန်းပေါက်နေပြီဖြစ်သည်။ဤသည်ကား ကျနော်သိသလောက်အနည်းအကျဉ်းမျှပင်ဖြစ်သည်။ ရွာတွင် ရွာသူကြီးလုပ်သွားဖူးသော ဒေါ်ကြီးအနန်း၏ သားကြီး ကော်ဖီကြိုက်သည့် ကိုဖီအနန်း ပြုစုသွားသည့် ထင်ပေါ်ကျော်ကြားသည့် ရှေးခေတ်ရွာသားများလည်းရှိသေးသည်။ ထိုသူများကို ကျနော်လည်း မမီလိုက်သည်ဖြစ်သဖြင့် အနည်းအကျဉ်းမျှ ဖော်ပြသွားမည်ဖြစ်သည်။
ကျနော်တို့ရွာကလေး အင်္ဂလိပ်လက်အောက်ကျခဲ့စဉ်က အရင်းရှင်စနစ်ကို လက်မခံနိုင်ဟုဆိုကာ သာတူညီမျှ ကောင်းမွန်သည့် လောကကြီးတည်ဆောက်ကာ ငွေတစ်မတ်ရှိရုံမျှဖြင့် ကားတစ်စီး ဝယ်စီးနိုင်စေရမည်ဟု ကြွေးကြော်ခဲ့သည်ကို အစွဲပြု၍ ကားလ်မတ် ဟု အမည်ခေါ်တွင်ခဲ့သည့် တွေးခေါ်ပညာရှင်သည် လည်းကောင်း၊ တရုတ်ပြည်သို့ ကွန်ဖူးပညာသွားရောက်သင်ယူရင်း တရုတ်ပြည်တွင် အတွေးအခေါ်များကို သင်ကြားပေးခဲ့သည့် ကွန်ဖြူးရှပ်သည်လည်းကောင်း၊ ကျနော်တို့ရွာထွက်လောက်စာလုံးများကို တရုတ်ပြည်သို့ ဂေါ်လီလုံးအဖြစ် သွားရောက်ရောင်းချရာမှ ဂေါ်လီလုံးအစား မော်စီတုန်းဟု အမည်တွင်လာသည့် ပုဂ္ဂိုလ်ကြီးသည် လည်းကောင်း၊ ငယ်စဉ်က စာသင်ရာတွင် အလီဆိုရာ ထမင်းနင်သလို ထစ်အထစ်အဖြစ်တတ်သည့် လီနင် ဆိုသည့် ရုရှတော်လှန်ရေးကို ဦးဆောင်ခဲ့သူသည်လည်းကောင်း၊ မြို့တက်ပြီး မအူပင်ဘက် တွင်ဈေးရောင်းလေ့ရှိသဖြင့် နောက်ပိုင်းတွင် ဂူတင်ဘတ် ဟုအမည်ပြောင်းလိုက်သည့် ပုံနှိပ်စက်တီထွင်သူသည်လည်းကောင်း စသည်ဖြင့် ကျနော်တို့ရွာထွက် ထင်ရှားသည့် ပုဂ္ဂိုလ်များရှိသည်။ ဤသည်ကားအနည်းအကျဉ်းမျှပင်ရှိသေးသည်။ ဖော်ပြကျန်သောသူ များစွာရှိသေးသည်။ နောင်အခွင့်အခါသင့်လျှင် ထပ်မံဖော်ပြမည်ဖြစ်ကြောင်းရေးသားရင်း နိဂုံးချုပ်လိုက်ရပါသည်။ 

**Myanmar Jokes **

 Posted By Blogger လူဗိုလ်

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)