**ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့၏ ယနေ့ရေကြီးမှုမြင်ကွင်း **
(ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ဘက်ခြမ်းမှ နှစ်နိုင်ငံ ချစ်ကြည်ရေးတံတားအောက်၊ယနေ့ရေကြီးမှု)
(သြဂုတ်လ ၁၁ ရက်၊ ၂၀၁၂၊ သောင်ရင်းနဂါး) ယမန်နေ့များက သောင်ရင်းမြစ်ရေ ရုတ်တရက်တက်လာမှုကြောင့် မိမိတို့၏ နေအိမ်တန်းလျားများနှင့် စက်ရုံ အလုပ်ရုံ တန်းလျားနေရာများကို စွန့်ခွါကာ ထိုင်းဘုန်းကြီးကျောင်းများ၊ ရေလွတ်ရာ နေရာများသို့ ပြောင်းရွှေ့ခဲ့ရသော မြန်မာရွှေ့ပြောင်း အလုပ်သမား အလွှာပေါင်းစုံတို့သည် ယနေ့တွင်လည်း မိမိတို့၏ စက်ရုံအလုပ်ရုံနှင့် အခြားလုပ်ငန်းခွင်များ ဆက်လက်ပိတ်ထားသဖြင့် စားဝတ်နေရေး အခက်အခဲရှိနေကြကြောင်း သိရသည်။
**အမှတ် (၃) ကုတို့ဆိပ်အလွန် ဂျဂွာ (စတီး) စက်ရုံဧရိယာကြီး၊ **
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ဘက်ခြမ်းမှ နှစ်နိုင်ငံ ချစ်ကြည်ရေးတံတားအောက်၊ ထိုတံတားအနီးရေလယ်ကျွန်းဈေးစသည်တို့တွင် လည်း ရေများ ဆက်လက်ကြီးနေဆဲဖြစ်ပြီး အမှတ် (၁)၊ (၂)၊ (၃) ကုတို့ဆိပ်များတွင်လည်း သောင်ရင်းမြစ်ရေသည် စက်ရုံအလုပ်ရုံ ဧရိယာအနီးအထိရောက်ရှိလာသဖြင့် လှေကြီးလှေငယ် အသီးသီးတို့သည်လည်း အိမ်တိုင်ရာရောက် (၀ါ) စက်ရုံတိုင်ရာရောက် ပြေးဆွဲပေးနေသကဲ့သိွု့မြင်ရသည်။ ၀ပ်ထဆိုင်ထွေထလေ့ (မြန်မာတို့အခေါ်-အုတ်ဖိုကျောင်း) အမှတ် (၁)၊နှင့် (၂) ကုတို့ဆိပ်အကြားရှိ ထိုင်း ဘုန်းကြီးကျောင်းတို့တွင် လည်း ထိုင်းလူမှုကယ်ဆယ်ရေး အဖွဲ့အချို့က ရေဘေးဒုက္ခသည်များအား ကျန်းမာရေး စောင့်ရှောက်မှုပေးနေသည်ကိုလည်း တွေ့ရသည်။
**အမှတ် (၁) ကုတို့ဆိပ်ကျပန်းအလုပ်သမားတန်းလျားအထိ လှေကြီးလှေငယ်စီးပါလို့ **
**အမှတ် (၂) ကုတို့ဆိပ်ကျပန်းအလုပ်သမားတန်းလျားအထိ လှေကြီးလှေငယ်စီးပါလို့ **
*အမှတ် (၃) ကုတို့ဆိပ်အလွန် ဂျဂွာ (စတီး) စက်ရုံဧရိယာကြီး၊ သူဋ္ဌေးမစက်ရုံကြီးအနီးအထိ တိုင်အောင်ရေတွေကရှိနေတယ်လေ
သတင်းနှင့်ဓါတ်ပုံ-သောင်ရင်းနဂါး

No comments:
Post a Comment