-အားနည်းချက်များ ရှိခဲ့မယ့်ဆိုရင် ဘ၀မှာ အားမငယ်ပါနဲ့-
သူငယ်ချင်းများ မင်္ဂလာပါ ပျော်ရွှင်သော နေ့လေးဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် သူငယ်ချင်းတွေကို မာမာသိတာလေးမျှဝေပေးလိုက်ပါတယ်
ဟိုရှေးရှေးတုန်းကပေါ့ ခြံစိုက်တဲ့ယာပိုင်ရှင်ဆီမှာ သံပုံးလေးနှစ်ပုံးရှိတယ်တဲ့ တစ်ပုံးကတော့ သံပုံးအကောင်းလေးပေါ့ တစ်ပုံးကတော့ သံပုံးအပေါက်လေးပါ ခြံပိုင်ရှင်ကြီးက အဲဒီသံပုံးလေးနှစ်ပုံနဲ့ ရေကန်ကနေ ရေတွေခပ်ပြီးတော့ နေတိုင့်း အပင်လေးတွေကို ရေလောင်းတယ်တယ် အဲဒီမှာ သံပုံးအကောင်းလေးကတော့ သူမှာ ခပ်တိုင်း ရေအပြည့်ပါတဲ့အတွက် သူပုံစံက ၀င့်ဝင့်ကြွားကြွားလေးနဲ့ပေါ့ သုံပုံးပေါက်နေတဲ့ ပုံးလေးကတော့ သူမှာ ခပ်တိုင်း ရေတွေလျှော့လျှော့သွားတဲ့အတွက် မျက်နှာငယ်ရတာပေါ့ တစ်နေ့တော့ သံပုံးအပေါက်လေးက သူသခင်ကို ပြောတယ် သခင်ရယ် ကျွန်တော်ကို ပုံးအကောင်းလေးဖြစ်အောင်လုပ်ပေးပါတဲ့ ကျွန်တော်မျက်နှာငယ်ရလိုပါတဲ့ ခြံပိုင်ရှင်ကြီးက သံပုံးအပေါက်လေးကို သနားသွားပြီး ဘယ်လိုမျိုးနှစ်သိမ့်မှုမျိုးပေးရမလဲလို့ စဉ်းစားနေတယ် ခြံပိုင်ရှင်ကြီးက တစ်နေ့တော့အဖြေရလာခဲ့တယ် ခြံပိုင်ရှင်ကြီး က သူရဲ့အလုပ်အတိုင်း သံပုံးလေးနှစ်ပုံ
ယူပြီး ရေခပ်ဖို့ ထွက်လာခဲ့တယ် ရေခပ်ပြီး အပြန်ကျတော့ ခြံပိုင်ရှင်ကြီးက ရေပုံးအပေါက်လေးဘက်ကို လှည့်ပြီး စကားတွေပြောခဲ့တယ် ရေပုံးအပေါက်လေး မင်းကိုထားတဲ့ဘက်အခြမ်းကို မင်းပြန်ကြည့်လိုက်စမ်းတဲ့ ရေပုံးအပေါက်လေးကလည်း သူကိုထားတဲ့ဘက်အခြမ်းကို ကြည့်လိုက်တယ် သူရှိတဲ့ အခြမ်းက သစ်ပင်လေးတွေက လန်းဆန်းနေတယ်တဲ့ အဲဒါနဲ့ခြံပိုင်ရှင်ကြီးက မင်းကြောင့် သစ်ပင်လေးတွေစိမ်းလန်စိုပြေခဲ့ရတယ် အဲဒီအပင်လေးတွေကို ရောင်းပြီး ဘုရားပန်းလည်း ၀ယ်ခဲ့ရတယ် ငါတို့မိသားစုလည်း စိပွားရေအဆင်ပြေခဲ့ရတယ် မင်းကြောင့် ငါတို့မိသားစုဘ၀အဆင်ပြေခဲ့ရတယ်ဆိုတာ မင်းက ငါတို့ရဲ့ကျေးဇူးရှင်ပါလို့ ပြောပြခဲ့တယ် အဲဒီမှာ မာမာပြောခြင်းတာကတော့ သူငယ်ချင်းတို့ မှာ အားနည်းချက်များ ရှိခဲ့မယ့်ဆိုရင် ဘ၀မှာ အားမငယ်ပါနဲ့ ကိုယ့်ကလူတွေအတွက် တစ်ထောင့်တစ်နေရာမှာ အသုံးဝင်တယ်ဆိုတာ သူငယ်ချင်းတို့ သိစေခြင်းပါတယ် မိသားစုအတွက် အသုံးဝင်တဲ့ လူတစ်ယောက်ဆိုတာ သူငယ်ချင်းတို့နာလည်းစေခြင်းပါတယ်အားလုံးရွှင်လန်းချမ်မြေ့ပါစေလို့ ဆုတောင်းလျှက် --
အားလုံးပျော်ရွင်ပါစေ
**မာမာ **

No comments:
Post a Comment