ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, August 10, 2012

>
-လူထုကျန်းမာရေး(Amphetamines ယာဘ-ရာဘ-ရာမ-ယာမ)-
**Public Health**

 အကြောင်းအရာက "ယာမ" ပါ။ ကျနော့် သူငယ်ချင်းတွေ ဆေးသုံးပြီး စာတွေကျက်တယ်။ သူတို့ကိုယ်သူတို့ကတော့ စာတွေ ညသန်းခေါင်ကျော်ကျော်ထိ လုပ်နိုင်တယ်လို့ ပြောတယ်။ အဲဒါမှန်သလား။ အောင်သွားတဲ့ သူတွေတော့ ရှိပါတယ်။ မအောင်တဲ့သူတွေလည်းရှိပါတယ်။ ကျနော်သိချင်တာက အဲဒီဆေးအကြောင်းပါ။ သူက ညတစ်ညလုံးတော့ မအိပ်ဘူး။ ဥပမာ ညနေ ၂ နာရီလောက်မှာ ဆေးသုံးထားတယ်ဆိုရင် အဲဒီည မအိပ်ဘဲနေတယ်။ အာရုံကလည်းတစ်ခုပဲလို့ ပြောတယ်။ တကယ်ဟုတ်သလား။ နောက်နေ့ ၂ နာရီလောက်မှာ တအားအိပ်ချင်တယ်တဲ့။ အိပ်လည်းအိပ်တယ်။ ပြီးရင် မသုံးရရင်လည်း ဘာမှမဖြစ်ဘူးတဲ့။ အရင်လိုပဲတဲ့။ မစွဲဘူးတဲ့။ သုံးလိုက်ရင် ပေါ့သွားတယ်တဲ့။ တကယ်မစွဲဘူးလား။ ဒီဆေးကိုသုံးလို့ ဦးနှောက်ရဲ့ ဘယ်အပိုင်းတွေကို ထိခိုက်သွားလဲ။ "စိတ်ကြွဆေး" ဆိုတာတွေဟာ CNS ဗဟိုအာရုံကြောစနစ်အပေါ် သက်ရောက်စေတဲ့ အမျိုးမျိုးသောဆေးတွေ ဖြစ်တယ်။ "ယာဘ" လို့လူသိများတဲ့ Amphetamines (မင်မ်ဖက်တမင်း) ကို စဖေါ်စပ်ခဲ့တာက ၁၈၈၇ ကတည်းကဖြစ်တယ်။ လူကနေ အလိုလို ထုတ်ပေးနေတဲ့ Adrenaline နဲ့ Noradrenaline တွေနဲ့တူတယ်။ (ရှော့ခ်) ရတာ၊ ပန်းနာထတာတွေအတွက် အလွန်အသုံးဝင်တဲ့ အသက်ကယ်ဆေးတွေ ဖြစ်တယ်။ ရင်ကျပ်လို့ပေးတဲ့ ချောင်းဆိုးပျောက်ဆေးထဲမှာ ထည့်ထားတတ်တယ်။ Euphoric effects ပီတိစိတ်တွေသာ ထင်မြင်နေစေတဲ့ အစွမ်းကြောင့် ပေါ်ပြူလာဖြစ်လာတယ်။ ဆေးသုံးထားသူဟာ စိတ်တက်ကြွနေမယ်၊ တခုခုကို အာရုံစိုက်နေပြီး၊ သူများတွေကို ဂရုမထားတော့ဘူး။ မအိပ်ဘဲ အကြာကြီး နေနိုင်တယ်။ မမောလွယ်ဘူး၊ အားကစားလုပ်ရင် ပိုလုပ်နိုင်တယ်။ ခံနိုင်ရည်ပိုတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်များစေမယ် ဆိုတဲ့ အစွမ်းတွေ ရစေတယ်။ Methamphetamine (မက်သဖန်တမင်း)၊ Ephedrine (အဖက်ဒရင်း) Cathinone (က်သီနုန်း)၊ MDMA (Ecstasy) (အက်ကတက်စီ) DOM (STP) ဆိုပြီး ဆင်တူတွေ ရှိတယ်။ သူများဆီမှာ Uppers, Bennies, Beans, Speed, and Crank ဆိုတဲ့ အရပ်သုံးနာမည်တွေ ရှိတယ်။ Pills ဆေးလုံး၊ Powder ဆေးမှုံ့ Crystals ဆေးခဲဆိုပြီး အမျိုးမျိုးလာတယ်။ သောက်ဆေး၊ ထိုးဆေး၊ ရှူဆေး နဲ့ ဆေးလိပ်သောက်နည်းတွေနဲ့ သုံးကြတယ်။ တခါသုံးရင် ၄-၆-၁၂-၂၄ နာရီခံတယ်။ ရေရှည်မှာ ဘာတွေဆက်ဖြစ်လာသလဲ။ အရင်ခံစားတာမျိုး ရချင်ရင် ဆေးအဆ ပိုလိုချင်လာမယ်။ နှလုံးအပေါ် ဒဏ်များလာမယ်။ သွေးဖိအားတက်မယ်၊ ဒါ့ကြောင့် Heart disease, Heart attack, Stroke နှလုံးနဲ့ ဆိုင်တဲ့ရောဂါတွေ ပိုပြီး ရလမ်းများစေတယ်။ ဆေးစွဲတယ်ဆိုတာ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းစွဲတာဆိုပြီး ရှိတယ်။ ဒီဆေးက ၂ မျိုးလုံးဖြစ်စေနိုင်တယ်။ Addiction ဆေးစွဲနေသူဆိုရင် Psychotic episodes စိတ်ပိုင်းပြောင်းလဲမှုတွေ ဖြစ်နိုင်တယ်။ Overdose ဆေးများသွားရင် နှလုံးခုန် မြန်မယ်။ ဂနာမငြိမ် ဖြစ်မယ်၊ တုံတုံရီရီဖြစ်မယ်။ သူများကို မယုံတာများမယ်၊ ကြောက်တာ၊ ကျိုးကြောင်း မဆီလျှော်တာ၊ စိတ်ရှုတ်ထွေးတာ၊ တလွဲထင်မြင်တာ၊ တက်တာတွေလဲ ဖြစ်နိုင်သေးတယ်။ - Amphetamines နဲ့ Cocaine or Ecstasy ရောတာ အန္တရာယ်များတယ်။ သတ္တိတွေက တူတယ်။ - Amphetamines နဲ့ (MAOIs) စိတ်မကျဆေးတွေရောရင် ဆေးစွမ်းက ၆ ဆ တက်စေမယ်။ - Amphetamines ဆေးသုံးစွဲထားသူကို နောက်ထပ် ၁-၂ ရက်အထိ စစ်ရင်သိတယ်။
ချက်ချင်းဖြစ်တဲ့ ဆေးအဆိပ် လက္ခဏာတွေကတော့ Psychosis စိတ်မူမမှန်တာ၊ Hallucination သူများမမြင်တာတွေ မြင်နေ၊ သူများမထိတွေ့တာကို ထိတွေ့နေတယ်လို့ထင်တာ၊ Anxiety စိုးရိမ်စိတ်များတာတွေ ဖြစ်မယ်။ ဆေးကြောင့် Hyperthermia အပူချိန်လွန်ကဲတာ၊ Heart arrhythmia နှလုံးခုန်မမှန်တာ နဲ့ Stroke (စထုပ်ခ်) တွေကနေ သေဆုံးနိုင်တယ်။ မူးယစ်ဆေးတွေထဲက Methamphetamine (မက်သဖန်တမင်း) ရဲ့ထူးခြားချက်က Neurotoxic အာရုံကြောကို ထိခိုက်စေတယ်။ MDMA ကတော့ ဦးနှောက်ထဲမှာ Glutathione နဲ့ Vitamin E တွေကိုနည်းစေတယ်။ ရေရှည်သုံးရင် Dependence ဆေးစွဲတယ်။ DOM ကတော့ ဆေးမစွဲစေဘူး။ Amphetamine (အင်မ်ဖတမင်း) ဆေးစွဲသူကိုကုရတာက Cocaine (ကိုကိန်း) ဆေးစွဲတဲ့သူတွေကို ကုရသလို အတူဘဲ။ ဆေးစွဲနေသူတွေဟာ စိတ်ဓါတ်ကျမယ်၊ ပျင်းခြောက်နေမယ်၊ ဆေးကြောင့် ကောင်းတယ်လို့ ခံစားခဲ့ဘူးတာတွေကို တသတသ ဖြစ်နေမယ်။ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ သွေးကြောကျဉ်းရောဂါ၊ လည်ပင်းကြီး-ဟော်မုန်းများရောဂါ၊ မျက်စိ-ရေတိမ်ရောဂါ ရှိနေသူတွေ သုံးရင် သူများထက် ဆိုးတယ်။ Asocarboxazid, Tranylcypromine, Phenelzine ဆေးသောက်နေသူတွေနဲ့ အရက်သမားတွေက လုံးဝမသုံးသင့်ကြဘူး။ ဒုတိယ-ကမ္ဘာစစ်တုံးက ဂျာမန် တင့်ကားမောင်း စစ်သားတွေကို မအိပ်ချင်အောင် ပေးတယ်။ စိတ်ဓါတ် ကျနေသူတွေကိုလဲ ပေးတယ်။ ၁၉၉ဝ ကျော်မှာ လူငယ်တွေအကြား MDMA (Ecstasy) ခေတ်စားလာတယ်။ Amphetamine ကို Narcolepsy ရောဂါ နဲ့ ADHD ရောဂါတွေမှာ ကုသဆေးအဖြစ် သုံးတယ်။ Energy drinks အားဆေးလို သောက်ကြတဲ့ ဖျော်ရည်တွေထဲမှာ Amphetamines အနည်းနဲ့အများ ပါနေတယ်။ Amphetamines ဟာ "တရားမဝင်ဆေး" ဖြစ်ပါတယ်။ ဒါပေမဲ့ ၂ဝဝ၇ UNODC ရဲ့ ခန့်မှန်းချက်အရ လူပေါင်း ၁၅-၅ဝ သန်း ဆေးသုံးနေကြတယ်။ 

**Dr. တင့်ဆွေ** 
၁၉-၁-၂ဝ၁၂

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)