ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, August 10, 2012

>
-အိုလံပစ်နဲ့မြန်မာ (လန်ဒန်အိုလံပစ်မှတ်တမ်း)-

Photo-အိုလံပစ် LOGOများ 
ဂရိတ်ဗြိတိန်ဆိုတာ နေမ၀င်အင်ပါယာဆိုပြီး
ကမ္ဘာ့သမိုင်းဝင်
ကိုလိုနီ နောက်ဆုံးဘိတ်အင်ပါယာကြီးဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ် (လွန်ခဲ့တဲ့နှစ်၆၀ကျော်) အချိန်ကစပြီး ကျဆုံးသွားရတာပါ။ သူ့အင်ပါယာ ဘယ်လောက်ကြီးသလဲဆိုရင် ဟိုး..ရောမအင်ပါယာ ဆိုတဲ့ (ယခု-အီတလီ) အလွန်အံ့သြဘွယ် ဒီမိုကရေစီစနစ် နှစ်ပေါင်းထောင်နဲ့ချီ ကြီးစိုးခဲ့တဲ့ အင်ပါယာထက်တောင် နယ်မြေကျယ်ပြန့်ပါတယ်။ ကမ္ဘာ့ ဘာသာကြီးအားလုံး မူဆလင်၊ ဟိန္ဒူ၊ ဗုဒ္ဓဘာာသာ၊ ဆစ်၊ ဂျူး အစရှိတဲ့ နိုင်ငံအားလုံးကို သိမ်းကျုံးပြီး နှစ်ပေါင်းရာချီ အုပ်ချုပ်ခဲ့တဲ့ ကျွန်းနိုင်ငံလေးတခုပါ။ အခုချိန်အထိ သူတို့ရဲ့ အလွန်ကောင်းမွန်တဲ့ အုပ်ချုပ်မှုစနစ်ကြောင့် အင်ပါယာကျဆုံးသွားပေမဲ့၊ အင်္ဂလိပ်စကားပြောလူမျိုးနဲ့နိုင်ငံများဟာ ကမ္ဘာကိုလွှမ်းမိုးနေဆဲဖြစ်ပါတယ်။ အထူးသဖြင့် အင်္ဂလိပ်စကားပြော အမေရိကန်အင်ပါယာကြီး ပေါ်ထွန်းလာခဲ့ပါတယ်။ အင်္ဂလိပ်စကားပြောတဲ့ အာရှက ဟောင်ကောင်၊ စင်ကာပူ၊ အိန္နိယ နဲ့၊ အာဖရိကနိုင်ငံများစွာ၊ သြစတြေးလျား၊နယူးဇီလန်၊ကနေဒါ စတဲ့နိုင်ငံများ တိုးတက်ကြီးပွားလာပါတယ်။ အိုလံပစ်မှာ လွတ်လပ်တဲ့နိုင်ငံများဖြစ်တဲ့ အင်္ဂလန်၊ မြောက်အိုင်ယာလန်၊ စကော့တလန်၊ ဝေးနိုင်ငံ တို့ပေါင်းပြီး ဂရိတ်ဗြိတိန် Great Britain အမည်နဲ့ စုပေါင်းပြီး တခုတည်းကိုယ်စားပြုပါတယ်။ အခု လန်ဒန်အိုလံပစ်မှာ ထိပ်ဆုံးရောက်လာတဲ့ တရုပ်နိုင်ငံဆိုရင် အင်္ဂလိပ်စကားကိုပဲ အဓိကထားပြီး ကမ္ဘာကို ထိုးဖေါက်၊ ထိပ်ရောက်လာတဲ့ မဟာအင်အားကြီးနိုင်ငံဖြစ်နေပါပြီ။ အမေရိကန်၊ ရုရှား အင်ပါယာများကို ကျော်ပြီး တရုပ်စီးပွားရေးအင်ပါယာကြီးဟာ အံဘွယ်တပါးဖြစ်လာချိန်၊ အိုလံပစ် အားကစားလောကကိုပါ ထိပ်ဆုံးနေရာရောက်နေပါတယ်။ ကျုပ်တို့ အရှေ့တောင်အာရှနိုင်ငံများလည်း အင်္ဂလိပ်စကားကို နံပါတ်(၁) နိုင်ငံတကာဆက်သွယ်ရေးလမ်းအဖြစ် သုံးပြီး စီးပွားရေးနည်းနဲ့ ဥရောပ၊ အမေရိကန်၊ တရုပ်တို့လွှမ်းမိုးမှုကို ကြံ့ကြံ့ခံနေရပါတယ်။ လန်ဒန်အိုလံပစ်အကြောင်းရေးရင်း အင်္ဂလိပ်များဟာ ခေသူမဟုတ်ကြောင်း၊ အင်္ဂလိပ်က မြန်မာပြည်ကိုသိမ်းပိုက် ပြီး ၁၉၈၅-၁၉၄၈ (၆၄နှစ်) အတွင်း မြန်မာနိုင်ငံအတွက် ကောင်းတဲ့ဖက်ကကြည့်ရင် အကျိုးပိုရှိတယ်လို့ ထင်မိပါတယ်။ အင်္ဂလိပ်အားကို ပုဆိန်ရိုးလို့ စာရင်းသွင်းခံရလဲ မတတ်နိုင်ပါ။ ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့တဲ့စကားက အင်္ဂလိပ်လူမျိုးကို မမုန်းပါဘူး။ အင်္ဂလိပ်ရဲ့ နယ်ချဲ့စနစ်ကို မကြိုက်တာပါ ..ဆိုတဲ့အတိုင်း၊ ဒီဆောင်းပါးမှာ အင်္ဂလိပ်ဆီက ကောင်းတဲ့အချက်များကို နမူနာအဖြစ် ဖေါ်ပြပါတယ်။ အရှေ့တောင်အာရှ နိုင်ငံများဟာ၊ ပေါ်တူဂီ၊ နယ်သာလန်၊ ပြင်သစ်၊ စပိန်၊ အမေရိကန် စတဲ့ အင်အားကြီးနိုင်ငံများက သိမ်းပိုက်၊ အုပ်ချုပ်ခံခဲ့ရပါတယ်။ ထိုင်းနိုင်ငံ တခုပဲ အပေးအယူလုပ်ပြီး ဘုရင်စနစ်ကို အသိမ်းပိုက်မခံခဲ့ရပါဘူး။ ကျုပ်အမြင်ကတော့ အင်္ဂလိပ်လက်အောက်ဖြစ်ရတာကို တခြားလူမျိုးရဲ့ ကိုလိုနီဖြစ်တာထက် တော်ပါသေးလို့ ခံယူပါတယ်။ အခု မြန်မာပြည်ပြုပြင်ပြောင်းလဲရေးမှာ ဥပဒေအားလုံး (အခြေခံဥပဒေကအစ) အင်္ဂလိပ်လို ကမ္ဘာလက်ခံနိုင်တဲ့ နည်းဥပဒေများစွာ ရှိနေတုန်းပဲဆိုတော့ ဗီယက်နမ်၊တရုပ်၊ ကိုးရီးယားတွေလို ပြုပြင်ပြောင်းလဲရေးလုပ်မဲ့ ဥပဒေပညာရှင်များ လုပ်ရတာ အရမ်းလွယ်ပါတယ်။ လုပ်ခွင့်ပေးဖို့ပဲ ကျန်ပါတော့တယ်။

 **အိုလံပစ်ဆုတဆိပ်ရှင်များ**
 (South East Asia) အရှေ့တောင်အာရှမှာ ပထမဆုံး အိုလံပစ်ခြေစစ်ပွဲအောင်ခဲ့တဲ့ မြန်မာဘော်လုံးအသင်း မြူးနစ်အိုလံပစ်မှာ ထိပ်တန်းအသင်းများကို အကြိတ်အနယ်ကစားပြီးနိုင်ခဲ့ပါတယ်။ အာဖရိက ဆူဒန်အသင်းကို ၂ဂိုး၊ သုညနဲ့ အနိုင်ရပြီး အုပ်စုတတိယနဲ့ ထွက်ခဲ့ပေမဲ့ အာရှဂုဏ်တင်နိုင်ခဲ့ပါတယ်။ မြန်မာအလေးမသမား၊ ကမ္ဘာ့စံချိန်တင်နိုင်ပြီး၊ ပထမဆုံး တတိယဆုတဆိပ်ကို လက်ဝှေ့သမားက ရရှိခဲ့ဖူးပါတယ်။ အခုအချိန်မှာတော့ မြန်မာများ အစစအရာရာမှာ ၀မ်းနည်းစွာနဲ့ နိုမ့်ကျနေပါတယ်။ ဒါပေမဲ့ မျိုးဆက်တခုအတွင်း ဘက်စုံ၊ ပြန်လည်ထူထောင်နိုင်တာကို ကိုးရီးယား၊ တရုပ် နိုင်ငံများက သက်သေ ပြသခဲ့ပြီးပါပြီ။ ၁၉၉၀နောက်ပိုင်း ပြောင်းလဲလာတဲ့ တရုပ်ပြည်ကတော့ အလွန်အောင်မြင်နေပြီး၊ နောက်ကလိုက်ပြောင်းလဲခဲ့တဲ့ ဗီယက်နမ်ကတော့ အဝေးကြီးလိုပါသေးတယ်။ အိုလံပစ်မှာတောင် ဗီယက်နမ်၊ မြန်မာများ ဆုတဆိပ်မရနိုင်ဖြစ်နေဆဲပါ။ အရှေ့တောင်အာရှနိုင်ငံများမှာ ဘက်စုံမှာ ထိပ်ဆုံးရောက်နေတဲ့နိုင်ငံကတော့ မငြင်ပဲ၊ လက်ခံရမယ်ဆိုရင် ကျုပ်တို့မြန်မာများရဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ စီးပွားရေးဟာ တဟုန်ထိုး တိုးတက်နေပါတယ်။ အကြီးစား စက်မှုလုပ်ငန်းများ မော်တော်ကား၊ စက်ပစ္စည်းများကိုပါ ပြည်ပပို့ကုန်ဖြစ်နေပါပြီ။ အိုလံပစ်အားကစားပွဲမှာ ကြည့်မယ်ဆိုရင် ထိုင်းအားကစားသမားများဟာ ရွှေတံဆိပ်များပင် ရထားပြီးဖြစ်ပါတယ်။ မလေးရှား၊ အင်ဒိုနီးရှား နိုင်ငံများလည်း သူတို့အားပေးတဲ့ ကြက်တောင်ကစားနည်းမှာ အိုလံပစ်ရွှေတံဆိပ်ရကြပေမဲ့ ထိုင်းနိုင်ငံ အားကစားသမားများကတော့ ဘက်စုံမှာ ထူးချွန်၊ အိုလံပစ် ဆုတဆိပ်ရကြပါတယ်။

**ယခုနှစ်အိုလံပစ်တံဆိပ်ရှင် အရှေ့တောင်အာရှသားများ**

 ရွှေတံဆိပ်ရှင် (မရှိပါ) ငွေတံဆိပ်ရှင် အင်ဒိုနီးရှား၊ အမျိုးသားအလေးမ ငွေ၁ခု၊ စင်ကာပူ အမျိုးသမီးစားပွဲတင်တင်းနစ် ငွေ၂ခု မလေးရှား အမျိုးသားကြက်တောင် ငွေ၁ခု ထိုင်း အမျိုးသမီးအလေးမ ငွေ၁ခု ကြေးတံဆိပ်ရှင် အင်ဒိုနီးရှား၊ အမျိုးသားအလေးမ ငွေ၁ခု၊ ကမ္ဘာအိုလံပစ်ပွဲမှာ ကြေးတဆိပ်ကလေးတခုရဖို့ အင်မတန်မလွယ်ပါဘူး။ စင်ကာပူအစိုးရက ရွှေတဆိပ်ရရင် ဒေါ်လာတစ်သိန်းဆုချမယ်ကြေငြာထားတာ နှစ်ပေါင်းများစွာကြာပါပြီ။ ဟိုးအရင်တုန်းက ထိုင်း၊ဖိလစ်ပိုင် လက်ဝှေ့သမားများ ရွှေတံဆိပ်ရပြီးပြန်လာချိန် မင်းသားသဖွယ် တတိုင်းပြည်လုံးက ကြိုဆိုခဲ့ပါတယ်။ အခုလည်း အရှေ့တောင်အာရှနိုင်ငံများက စုစုပေါင်း ၄နိုင်ငံပဲ ငွေ၎ခု၊ ကြေး၁ခု သာရပါတယ်။

  **အားကစားဝါသနာရှင်မြန်မာများ**
 ကျုပ်ဟာ အားကစားကို အင်မတန်ဝါသနာပါပါတယ်။ အထူးသဖြင့် မုံရွာမြို့မှာ ငယ်စဉ်အခါက ဘော်လုံး၊ ဘော်လီဘော၊ ပြေးခုံပစ် ကစားနည်းများကို နှစ်ခြိုက်စွာကစားခဲ့ပါတယ်။ မုံရွာမြို့က ၁၉၈၀လောက်မှာ စစ်ကိုင်းတိုင်း၊ မြန်မာလက်ရွေးစင်အထိ တက်ရောက်ခဲ့တဲ့ ဆိုတဲ့ လူငယ်ဘော်လီဘောသမား၊ စိန်မင်း၊ ကိုနိုင်၊ ခင်အေး၊ ခင်လှ ဆိုတဲ့ ကျွန်တော်တို့ ဆူးလေကုန်းရပ်က စစ်ကိုင်းတိုင်းကိုယ်စားပြု ဘော်လီဘောမောင်မယ်များဟာ ကျုပ်သူငယ်ချင်းများဖြစ်ပြီး၊ ကိုနိုင်ကတော့ မြန်မာ့လက်ရွေးစင်ဘ၀ထိ တက်လှမ်းခဲ့ပါတယ်။ ၁၉၈၀-၈၅ လောက်မှာတော့ ကျုပ်တို့ အာအိုင်တီကိုယ်စားပြုပြီး တက္ကသိုလ်ပေါင်းစုံ ပြေးခုံပစ်၊ အလေးမကစားနည်းတွေမှာ ယှဉ်ပြိုင်ခဲ့ပါတယ်။ အာအိုင်တီ လျှပ်စစ်အင်ဂျင်နီယာကျောင်းသားဘ၀က အားကစားမှုးဦးမောင်မောင်၊ အားကစားအုပ်ချုပ်သူ ဆရာဦးဝင်းမောင်၊ ဆရာဦးဘမြင့် စသဖြင့် ဆရာများနဲ့ တက္ကသိုလ်ကောလိပ်ပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲပြိုင်ခဲ့ရတာ သတိရပါတယ်။ အာအိုင်တီ မီတာ၁၀၀ အပြေးသမား အောင်ကျော်မိုး ဆိုတဲ့လူ တင်ထားတဲ့ မြန်မာပြည်၊ တက္ကသိုလ်ကောလိပ်ပေါင်းစုံ၊ မီတာ၁၀၀စံချိန်ဟာ 1968 - 1985 နှစ်ပေါင်များစွာ သူ့စံချိန်ဘယ်သူမှ မချိုးနိုင်ခဲ့ပါဘူ။ အခုအချိန် ၂၀၁၂ အထိလည်း မြန်မာတက္ကသိုလ်ကောလိပ်ပေါင်းစုံ စံချိန်အဖြစ်ရှိနေခြင်းဟာ မြန်မာပြည်အားကစားလောကရဲ့ နိုမ့်ကျမှုကို ပြသနေပါတယ်။ ကျွန်တော်တို့ ငယ်စဉ်က မီတာ၈၀၀၊ မီတာ၁၅၀၀ တာလတ်အပြေးသမားဖြစ်ခဲ့တော့ အဲဒီအချိန် ၁၉၈၀ ပတ်ဝန်းကျင်က ကမ္ဘာ့တမိုင်ပြေးပွဲ Golden Mile မှာ ထိပ်တန်းအပြေးသများ အင်္ဂလိပ်လူမျိုး ဆီဘက်စယန်-ကိုး နဲ့ မိုက်ကယ်အိုဝင် တို့ အိုလံပစ်ရွှေတံဆိပ်ရှင်များဖြစ်ခဲ့ပါတယ်။ တာလတ်ရွှေတဆိပ်ပွဲအတွက် လော့စ်အိန်ဂျယ်အိုလံပစ်မျာ ထိပ်တန်းပြေးနေတဲ့ ခြေဗလာနဲ့ပြေးသူ တောင်အာဖရိကက အမျိုးသမီးငယ် ဇိုလာဘတ်နဲ့ အမေရိကန်က နာမည်ကျော် မေရီဒက်ကားတို့ အိုလံပစ်တာလတ်အပြေးပွဲမှ နှစ်ယောက်တိုက်မိလဲကျပြီး၊ ၂ယောက်စလုံးထွက်ခွာရှုံးနိုမ့်သွားခြင်း။ အိုလံပစ်များ ၃ကြိမ်စလုံး ရွှေတံဆိပ်ချည်းဆက်တိုက်ရခဲ့တဲ့ အံ့သြဘွယ် မီတာ၁၀၀အပြေးသမား ကားလ်လူးဝစ်စ် နဲ့ အမေရိကန်အပြေးသများများ ..စတဲ့အကြောင်းများကို သတိရပါတယ်။ ၁၉၈၀ ပတ်ဝန်ကျင်က မြန်မာပြည်ထုတ် တံခွန်အားကစားစာစောင်ကို အမြဲတမ်း အားကိုးတကြီးနဲ့ ဖတ်ရပါတယ်။ နောက်ပိုင်း ကျုပ် အသက်၄၀ကျော်တဲ့အထိ ကမ္ဘာ့အားကစားပွဲများကို တီဗွီကပဲ မလွတ်တမ်းကြည့်ပါတယ်။ ကမ္ဘာ့ဖလားဘော်လုံးပွဲများဆို တရုပ်ခေါင်းဆောင်ကြီး တိန်ရှောင်ဖိန့် (ကွယ်လွန်) ကြည့်သလိုပဲ ကျုပ်လည်း တပွဲမှမလွတ်အောင်ကြည့်တယ်၊ ၂ပွဲထပ်နေရင် တီဗွီ၂လုံးနဲ့ကြည့်တယ်။ ရုပ်သံသွင်းယူထားပြီး ညပိုင်းမှာ မိနစ်၉၀လုံး ပြန်ဖွင့်ကြည့်တယ်။ ကျုပ်အလုပ်လုပ်နေတဲ့ ဗီယက်နမ်၊ ဟိုချီမင်း ဆောက်လုပ်ရေးလုပ်ငန်းမှာ ဗီယက်နမ်အလုပ်သမား ၃၀၀ကျော်ရှိတာ ဇူလိုင်၂၀၁၂ ဥရောပဖလား EURO2012 ဗိုလ်လုပွဲ စပိန်က အီတလီကို အနိုင်ယူသွားတဲ့ ပွဲပြီး၊ နောက်နေ့ အလုပ်သမား ၁၀၀တောင်မရှိတော့ဘူး။ အားလုံး ဘော်လုံးပွဲ တိုက်ရိုက်ရုပ်သံကို အလုပ်ထုတ်ခံရမှာ မကြောက်ပဲ ကြည့်ကြတယ်။ စင်ကာပူမှာလည်း ကော်ဖီဆိုင် ၂၄နာရီဖွင့်တဲ့ တီဗွီတွေမှာ ဘော်လုံးပွဲပြရင် ညသန်းကောင်းကျော်ချိန် မြန်မာများပဲ အပြည့်နဲ့ အော်ဟစ်အားပေး၊ကြည့်ရှုကြပါတယ်။ မြန်မာများ နိုင်ငံတကာအဆင့်မက အားကစားဝါသနာပါကြပါတယ်။ မြန်မာပြည်က အမျိုးသမီးများဆို အင်္ဂလိပ်ပထမတန်း ဘော်လုံးသမားနံမည်တွေတောင် အလွတ်ရတဲ့အထိ ဘော်လုံပွဲကြည့်ခဲ့ဖူးပါတယ်။ ဘော်လုံးလောင်းကစားများခေတ်စားစဉ်တုန်းကပါ။ 

**လက်ရှိ လန်ဒန်အိုလံပစ်ရွှေတံဆိပ်ရှင်များ **
အခုအချိန်မှာတော့ မီတာ၁၀၀၊ ၂၀၀ အမျိုးသား၊ ကမ္ဘာ့စံချိန်သစ်ရှင် ဂျမေကာနိုင်ငံသား Usain Bolt၊ ရွှေတံဆိပ်များစွာစံချိန်တင်ရရှိသွားတဲ့ ရေကူသမား Michael Phelps၊ တင်းနစ်ပြိုင်ပွဲမှာ ဗိုလ်စွဲတဲ့ အင်္ဂလန်က Andy Murray ရဲ့ ၀မ်နည်းမျက်ရည်၊ အမျိုးသမီးတင်းနစ်ရွှေတံဆိပ်ဆုရင် ၀ီလီယံညီအစ်မများ၊ အင်္ဂလိပ်ပြေးခုန်ပစ် ၇မျိုးစုံး ဘုရင်မ Jessica Ennis၊ မက္ကဆီကိုနဲ့ ဘရားဇီးဘောလုံးအသင်ရွှေတံဆိပ်လုပွဲ ဖိုင်နယ်။ မာရသွန်နဲ့ တာဝေး အပြေးမောင်၊ မယ် အာဖရိကက တန်ဇန်နီးယား၊ ကင်ညာများကို ယှဉ်တုတဲ့ ရုရှား၊ တရုပ်၊ ဂျပန် အပြေးသမားများ ..စသဖြင့် လက်ရှိ အောင်လံတလူလူလွှင့်ထူနေသူများဖြစ်ပါတယ်။ ယေဘူယခြုံကြည့်မယ်ဆိုရင် စီးပွားရေးတိုးတက်လာရင်၊ အားကစားလည်း တိုးတက်လာတယ်လို့ ပြောရပါမယ်။ အားကစား တိုးတက်မှုကို အိုလံပစ် ဆုတံဆိပ်ရမှုနဲ့ပဲ ဆုံးဖြက်လို့ ရနိုင်ပါတယ်။ အခု အိုလံပစ်ကို ဆုတံဆိပ်ဇယားကို ကြည့်ပါ။ အဆင့် ၁၀ အထိ ရေတွက်ကြည့်ရင် တရုပ် ရွှေ၃၄၊ ငွေ၂၁၊ ကြေး၁၈၊ ပေါင်း ၇၃ခု အမေရိကန် ရွှေ၃၀၊ ငွေ၁၉၊ ကြေး၂၁၊ ပေါင်း၇၀ခု အင်္ဂလိပ် ရွှေ၂၂၊ ငွေ၁၃၊ ကြေး၁၃ ပေါင်း၄၈ခု ရုရှား ရွှေ၁၀၊ ငွေ၁၈၊ ကြေး၂၀၊ ပေါင်း၄၈ခု ဂျပန် ရွှေ၂၊ ငွေ၁၃၊ ကြေး၁၄၊ ပေါင်း၂၉ခု ပြင်သစ် ရွှေ၈၊ ငွေ၉၊ ကြေး၁၁၊ ပေါင်း၂၈ခု ဂျာမဏီ ရွှေ၆၊ ငွေ၁၄၊ ကြေး၇၊ ပေါင်း၂၇ခု သြစတြေးလျား ရွှေ၎၊ ငွေ၁၂၊ ကြေး၉၊ ပေါင်း၂၅ခု တောင်ကိုးရီးယား ရွှေ၁၂၊ ငွေ၅၊ ကြေး၆၊ ပေါင်း၂၃ခု အီတလီ ရွှေ၇၊ ငွေ၆၊ ကြေး၎၊ ပေါင်း၁၇ခု .. ဦးဆောင်လျှက်ရှိပါတယ်။ ပြိုင်ပွဲပြီးဖို့ ၂ရက်လောက်ပဲလိုချိန်မှာ ရလဒ်များ သိပ်ပြောင်းလဲဖို့ မရှိတော့ပါ။
မြောက်ကိုးရီးယား ရွှေ၎၊ ကြေး၁၊ ပေါင်း၅ခု နဲ့ နိုင်ငံအလိုက် အမှတ်စဉ်၂၆မှာ ရောက်နေပြီး၊ အာရှနိုင်ငံများမှာ တရုပ်၊ တောင်ကိုးရီးယား၊ ဂျပန်တို့နောက်မှာ စတ္တုထလိုက်နေတာကို တွေ့နိုင်ပါတယ်။ စီးပွားရေးချွတ်ခြုံကျနေတဲ့ ကွန်မြူနစ်နိုင်ငံ မြောက်ကိုးရီးယာ အံ့သြစရာကောင်းတဲ့ အားကစားအောင်မြင်မှုကို တွေ့မြင်နိုင်ပါတယ်။ ဒါကတော့ ခြွင်းချက်ပါပဲ။ မြောက်ကိုးရီးယားဟာ အိုလံပစ်ထိပ်ဆုံးအဆင့်တင်မကဘူး၊ တကမ္ဘာလုံးစိတ်ဝင်စားတဲ့ ကမ္ဘာ့ဖလားဘော်လုံးဗိုလ်လုပွဲအထိ တက်ရောက်ခြေစွမ်းပြနိုင်ခြင်းကို မှတ်တမ်းတင်ရပါမယ်။ အရိုးတွေ အရမ်းသန်နေရအောင် ဘယ်လိုစိတ်ဓါတ်ရိုက်သွင်းထားသလဲဆိုတာကို အံ့သြမိခြင်းဖြစ်ပါတယ်။

 **အားကစားစိတ်ဓါတ်နှင့်နိုင်ငံဂုဏ်** 
 ဥရောပမှာ ဂျာမဏီ၂နိုင်ငံ ပြန်လည်ပူးပေါင်းပြီး၊ မဟာအင်အားကြီးနိုင်ငံအဖြစ်ရောက်သွားခဲ့ပါတယ်။ အာရှတိုက် အရှေ့ဖျားမှာတော့ ကိုးရီးယား၂နိုင်ငံ ပြန်လည်းပူးပေါင်းမိရင်၊ မဟာအင်အားကြီး အာရှနိုင်ငံအဖြစ် ဂျပန်၊တရုပ်တို့ရဲ့ အဓိကပြိုင်ဖက်ဖြစ်လာမှာပါ။ အာရှတိုက် အလယ်ပိုင်းမှာတော့ ထိုင်းနိုင်ငံဟာ ထူးခြားတဲ့ စီးပွားတိုးတက်မှုနဲ့၊ အရှေ့တောင်အာရှမှာ ထိပ်တန်းနိုင်ငံဖြစ်နေပါတယ်။ မြန်မာပြုပြင်ပြောင်းလဲမှုမှာ ထိုင်းနိုင်ငံ မလွဲမသွေ ပါဝင်ရင်းနှီးနေပြီဖြစ်ပြီး၊ အတိတ်ကနာကျည်းချက်တွေကို ခဏမေ့၊ ၂နိုင်ငံပူးပေါင်းလုပ်ဆောင်လာရင် ၁၀စုနှစ်အတွင် မြန်မာ-ထိုင်း ၂နိုင်ငံပေါင်း စီးပွားရေးဟာ အာရှတင်မက၊ ကိုးရီးယားများလို ကမ္ဘာ့ထိပ်တန်းရောက်လာနိုင်ပါတယ်။ အဓိကတော့ အိုလံပစ်အားကစားပွဲဖြစ်စေ၊ စစ်တိုက်ပွဲဖြစ်စေ .. စီးပွားရေးအင်အားဟာ အဓိကနေရာမှာ ရှိနေပေမဲ့၊ စိတ်ဓါတ် Attitude က ပိုပြီး အဓိကကျပါတယ်။ မြန်မာပြည်ပြုပြင်ပြောင်းလဲရေးအတွက် ကိုယ့်လူမျိုးကပဲ လုပ်မှရပါမယ်။ ပြည်တွင်းက မြန်မာများသာမက ပြည်ပရောက်မြန်မာများ၊ အထူးသဖြင့် အမေရိကား၊ ဥရောပ၊ စင်ကာပူ၊ ထိုင်း၊ မလေးရှား၊ ဂျပန်၊ ကိုးရီးယား၊ တိုင်ဝမ်း၊ သြတြေးလျှား စတဲ့ တိုးတက်တဲ့နိုင်ငံများမှာ လုပ်ကိုင်နေရတဲ့ ပြည်ပရောက်မြန်မာများ ပြန်လာလုပ်ကိုင်နိုင်ဖို့ အခြေအနေလိုအပ်နေပါတယ်။ တရုပ်၊ ကိုးရီးယားများထံမှ လူသားအရင်းအမြစ် အသုံးချမှုကို နည်းနာယူရမယ်ဖြစ်ပါတယ်။ ဟိုး လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ဂရိမြို့ပြနိုင်ငံများ စစ်ပွဲများ ရပ်ဆိုင်းပြီး၊ ၄နှစ်တခါ အိုလံပစ်ပွဲကို အားကစားစိတ်ဓါတ် (Good Attitude) နဲ့ လာရောက်ယှဉ်ပြိုင်ကြပါတယ်။ အားကစားစိတ်ဓါက်ဟာ နိုင်ငံပြုပြင်ပြောင်းလဲရေးအတွက် အခြေခံလိုအပ်ချက်ပါပဲ။ အမေရိကန်အပြေးမယ်က ရွှေတံဆိပ်ယူပြီးနောက် နိုင်ငံတော်အလံစင်ဘက် အားလုံးမျက်နှာပြုပြီး အလေးပြုရပါတယ်။ ပထမရွှေတံဆိပ်ရ မြန်မာအလံ (ဆောရီး) အမေရိကန်အလံ တဖြေးဖြေးတက်လာချိန်မှာ အမေရိကန်နိုင်ငံတော်သီချင်းသံ ထွက်ပေါ်လာပါတယ်။ ၁မိနစ်တာ ငြိမ်သက်စွာ လူအားလုံး အမေရိကန်အလံကို အလေးပြုနေချိန် တီဗွီဖန်သားပြင်မှာ အမေရိကန်ရွှေတံဆိပ်ရှင်ရဲ့ မျက်ရည် တသွင်သွင်စီးကျနေတာကို ကြည့်ရင်း ကျုပ်ပါ ၀မ်းနည်း၊၀မ်းသာ မျက်ရည်ကျချင်သလိုဖြစ်မိပါတယ်။ နောက် ၁၀နှစ်အတွင်းမှာ မြန်မာလူမျိုး ပထမဆုံး အိုလံပစ်ရွှေတံဆိပ်ရှင်ကို တွေ့နိုင်မယ်၊ မြန်မာ ကမ္ဘာမကြေသီချင်းကို အိုလံပစ်ရွှေတံဆိပ်ဆုပွဲမှာ ကြားရမယ်၊ ရွှေတံဆိပ်ရှင်ပေါ်လာရင် မြန်မာများအားသန်တဲ့ လက်ဝှေ့၊ ပြေးခုန်ပစ်၊ အလေးမ အားကစားနည်များမှာ တွေ့ရမယ် မျှော်လင့်ပါတယ်။ 

 ရွင်လန်းချမ်းမြေ့ပါစေ။ 

**ဇော်အောင်(မုံရွာ)**
 ၉-သြဂုတ်-၂၀၁၂

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)