-ထွေလီထွေလာ အရပ်တကာ-
**လက်ကြောမတင်းလို့**
တောမှ ဦးလေးဖြစ်သူ ဦးဗျောနှင့် မြို့မှတူဖြစ်သူ ဂျော်နီထက်တို့ မြို့ထဲရ လက်ဖက်ရည်ဆိုင်တစ်ဆိုင်ရှေ့သို့ ရောက်လာခဲ့သည်။
ဂျော်နီထက်။ လက်ဖက်ရည်သောက်မလား လေးလေး၊ ကျွန်တော်တို့မြို့မှာ ဒီဆိုင်က အကောင်းဆုံးပဲ လေးလေးရ၊ တွေ့လား လူတွေ အများကြီးပဲ။
ဦးဗျော။ (မျက်နှာရှုံ့မဲ့၍) မင်းတို့မြို့ကလူတွေ လက်ကြောမတင်းဘူးကွ။
ဂျော်နီထက်။ မျက်လုံးပြူး၍) ဘာဖြစ်လို့လဲ လေးလေးရ။
ဦးဗျော။ လက်ဖက်ရည်ကိုယ်တိုင်ဖျော်သောက်လို့ရရဲ့သားနဲ့ သူများ အားကိုးပြီး ဖျော်ခိုင်းနေတာ လက်ကြောမတင်းလို့ပေါ့ကွ။
**ကျော်မိုးလွင် (၀ါးခယ်မ)**

No comments:
Post a Comment