ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, August 2, 2012

>
-အိုလံပစ် ၊ လူသားအရင်းအမြစ် နှင့် စစ်ဖြစ်နေသော တိုင်းပြည်-

** အိုလံပစ် သမိုင်းအကျဉ်း**
 ကမ္ဘာမြေပေါ်တွင် အိုလံပစ်ကစားပွဲကို စတင်ပြီး အကောင်အထည်ဖော်ရန် ကြိုးပမ်းခဲ့သော ပြင်သစ်လူမျိုး ပိုင်ရီဒီ ကူဘာတင်
 ( Pierre de Coubertin ) သည် ဇန်န၀ါရီလ ( ၁ ) ရက် ၊ ၁၈၆၃ ခုနှစ်တွင် မွေးဖွားပြီး ဂျာမာန်များ ပြင်သစ်ကို တိုက်ခိုက်သော ၁၉၇၀ခုနှစ် ဖရန်ကို ပါရှန်းစစ်ပွဲ
 ( Franco-Prussian War )ဖြစ်ပွားချိန်၌ သူ၏အသက်မှာ ( ၇)နှစ်သား အရွယ်သာရှိသေးသည် ။ ထိုအချိန်က ပြင်သစ်တို့ စစ်ရှုံးရသည်မှာ ပြင်သစ်စစ်တပ်၏ စစ်ရေးနည်းဗျူဟာ ကြောင့်မဟုတ်ပဲ ပြင်သစ်စစ်သည်များ၏ စွမ်းရည်နည်းပါးမှုကြောင့် ဖြစ်သည်ဟု ကူဘာတင်က မှတ်ယူသည်ဟု တချို့က ယုံကြည်ခဲ့ကြသည်။ ကူဘာတင်သည် ပိုမိုကျန်းမာ သန်စွမ်းသော လူသားများပေါ်ထွန်းရေးအတွက် အားကစားကို လေ့ကျင့်လုပ်ဆောင်သင့်သည်ဟု ဆုံးဖြတ်ခဲ့သည် ။ ထို့နောက် ကူဘာတင်မှ ဦးဆောင်ကာ ( ၉ )နိုင်ငံမှ ကိုယ်စားလှယ် ( ၇၉ ) ယောက်ကို ဖိတ်ခေါ်ကာ နိုင်ငံတကာ အိုလံပစ် ကော်မီတီ (IOC; Comité Internationale Olympique)အား ဖွဲ့စည်းကာ ၁၈၉၆ မှစတင်ကာ ဂရိနိုင်ငံ အေသင်မြို့မှစတင်၍ နိုင်ငံတကာ အိုလံပစ် အားကစားပွဲကို ( ၄ ) နှစ်တစ်ကြိမ်ကျင်းပခဲ့ပေသည် ။ အိုလံပစ်သမိုင်းအကျဉ်းကို အောက်ပါ ၀က်ဆိုက်တွင် ကြည့်ရှုနိုင်ပါသည် ။ http://history1900s.about.com/od/fadsfashion/a/olympicshistory.htm ရှေးနှစ်ပေါင်းများစွာတွင် သက်ဦးဆံပိုင်ဘုရင်စံနစ်၌ စစ်မြေပြင်အတွင်း ဖမ်းဆီးရမိသော စစ်သုံ့ပန်းများထဲမှ ကျန်းမာ သန်စွမ်းသောသူကို ရွေးချယ်ကာ ကျားများ ၊ ခြင်္သေ့များနှင့် လေးဘက်လေးတန် ကာရန်ထားသော ကွင်းလယ်ကောင်တွင် သတ်ပုတ်ခိုင်းပြီး ဘုရင်နှင့် ၄င်း၏အသိုင်းအ၀ိုင်းက အပမ်းဖြေ ကြည့်ရှုခဲ့ကြသည် ။ ခေတ်နှောင်းပိုင်းတွင် တတိုင်းပြည်နှင့် တတိုင်းပြည် ၊ လူမျိုးတမျိုးနှင့် တမျိုး စစ်ပွဲများဆင်နွှဲကာ သူရဲကောင်းချင်း သတ်ပုတ်ချင်းများခေတ်စားခဲ့သည် ။ ကမ္ဘာမြေသည် နှစ်ပေါင်းများစွာ ဆင်နွှဲနေသော စစ်ပွဲများအစား ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လူသားချင်း ချစ်ကြည်ရင်းနှီးမှုကို ဖြစ်ပေါ်စေသော အိုလံပစ်အားကစားများဖြင့် အစားထိုးချင်းသည် ကောင်းမွန်သော လုပ်ရပ်ဖြစ်သည်မို့ အားပေးသင့်ပေသည် ။ ၂၀၁၂ အိုလံပစ် ဖွင့်ပွဲကို အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တွင် ကျင်းပရာ၌ ပြည်တွင်းစစ် ဖြစ်နေသော မြန်မာပြည် အပါအ၀င် ဆီးရီးယား ၊ အီရတ် ၊ တို့မှ ( ၄ ) ယောက်နှင့် တစ်ပိုင်း အားကစားသမားများကို စေလွှတ်ခဲ့သော်လည်း တိုင်းပြည်ငြိမ်းချမ်းတိုးတက်သော နိုင်ငံများဖြစ်သည့် အမေရိကန် ၊ ကနေဒါ ၊ ပြင်သစ် ၊ တရုတ် စသော နိုင်ငံများမှ အားကစားသမား ရာကျော် စေလွှတ်ခဲ့ကြသည် ။ ထိုအချင်းအရာကို ကြည့်ချင်းအားဖြင့် နောင်အနာဂတ်ကာလကို သုံးသပ်နိုင်သည်မှာ ဆင်းရဲ စစ်ဖြစ်နေသော တိုင်းပြည်သည် လူးသားအရင်းအမြစ်များ ပျောက်ကွယ် ဆုံးရှုံးနေပြီး စီးပွားရေးတောင့်တင်းပြီး တိုင်းပြည် ငြိမ်းချမ်းသော နိုင်ငံများသည် လူသားအရင်းအမြစ်များကို ကျန်းမာရေး ၊ ပညာရေး ၊ စီးပွားရေး အဖက်ဖက်၌ ပြုစုပျိုးထောင်လျက်ရှိကြောင်း မျက်ဝါးထင်ထင် တွေ့မြင်ရပေမည် ။

** လူသားအရင်းအမြစ် **
ကျွန်ပိုင်ရှင်စနစ်တွင်မူ ကျွန်များ၏ ခြေလက်များကို ကြိုးများချည်နှောင်ပြီး အလုပ်များကို အတင်းအဓမ္မ ခိုင်းစေခြင်းများ ပြုလုပ်ခဲ့ကြသည် ။ကျွန်ပိုင်ရှင်များသည် ကျွန်များအား ကြာပွတ်များဖြင့်ရိုက်နှက်ကာ ကျောက်တုံးများ ရွေ့ခိုင်းခြင်း ၊ ပိရမစ်များ တည်ဆောက်ခြင်းများကို မတရားခိုင်းစေမှုများ ရှိခဲ့ကြောင်း သမိုင်းက သက်သေခံနေပေသည် ။ အတွေးအခေါ်တဖြည်းဖြည်း တိုးတက်လာသော ယခုခေတ်တွင်မူ ကမ္ဘာ့နိုင်ငံ တော်တော်များများတွင် အလုပ်အကိုင်သစ်များ ဖန်တီးကာ လူသားများအား ကောင်းမွန်သော လခများပေးပြီး ဆွဲဆောင်စည်းရုံး လျက်ရှိသည် ။ ၂၀၁၂ လန်ဒန် အိုလံပစ်တွင် မီတာ ၁၀၀ နောက်ပြန်ရေကူးပြိုင်ပွဲ၌ ရွှေတံဆိပ်ရသော Melissa Jeanette "Missy" Franklin သည် ကနေဒီယံမိဘနှစ်ပါးမှ မွေးဖွားခဲ့သူဖြစ်သည် ။ကနေဒါ နိုင်ငံဖွားဖခင်သည် တိုရန်တို ( Toronto Argonauts of the Canadian Football League ) အားကစားသမားဟောင်း တစ်ဦးဖြစ်ပြီး ဒဏ်ရာရရှိရာမှ အားကစားမှ အနားယူခဲ့ သူဖြစ်သည် ။သူသည် ကနေဒါနိုင်ငံတွင် ဆဲဗင်းအပ် (7-Up in Ontario)ကုမ္မဏီ၌လုပ်ကိုင်ရာမှ အမေရိကန် တွင် အကြီးတန်းအရာရှိအဖြစ် Coors Brewing Company သို့ပြောင်းရွေ့ခံခဲ့ရသူဖြစ်သည် ။ သို့သော် သူတို့ မိသားစုသည် အမေရိကန် ၊ ကနေဒါ ( ၂ ) နိုင်ငံလုံးတွင် နိုင်ငံသား dual citizenship ခံယူထားပေသည် ။ http://en.wikipedia.org/wiki/Missy_Franklin ၁၉၉၆ အိုလံပစ် ပွဲတော်တွင် မီတာ ၁၀၀ တာတိုပြေးပွဲ၌ ရွှေတံဆိပ်ဆု ရရှိသော ဂျမေကာနိုင်ငံမှာ မွေးဖွားသည့် Donovan Bailey သည် ကနေဒါနိုင်ငံသားခံယူခဲ့သည် ။ ၁၉၉၆ ၀န်းကျင်၏ မီတာ ( ၁၀၀ ) ကမ္ဘာ့ စံချိန်ရှင်သည် တာတိုပြေးပွဲများတွင် ဘယ်တုန်းကမှ ရွှေတံဆိပ်မရခဲ့သော ကနေဒါနိုင်ငံအတွက် ဆုလာဘ်တစ်ပါးကို ယူဆောင်လာသော တိုင်းပြည်၏ အားကစား သူရဲကောင်းဖြစ်ခဲ့သည် ။ http://www.donovanbailey.com/biography.html ကျနော်တို့ မြန်မာနိုင်ငံတွင်အားကစားလောက တွင်သာမက စီးပွားရေး ၊ ပညာရေး ၊ နိုင်ငံရေး အဖက်ဖက်၌ လူသားအရင်းအမြစ်များသည် အကြီးအကျယ် ဆုံးရှုံးနေမှုများ ဖြစ်ပွားနေသည်မှာ ရေရှည်ပြည်တွင်းစစ် ဖြစ်ပွားနေသည်မှ စတင် ရေတွက်ပါက ကာလ ကြာမြင့်ခဲ့ပေပြီ ။
ဆိုလိုသည်မှာ စီးပွားရေးရင်းနှီးမြုပ်နှံမှုများ အပြိုင်အဆိုင် ဖြစ်ပေါ်နေသော ခေတ်မှာ ဦးနှောက် ယိုစိမ့်မှုများ မဖြစ်ပေါ်စေရန် မည်သို့ ထိမ်းချုပ်ရမည်နည်း ဆိုသည်မှာ တွေးခေါ်စဉ်းစားသင့်သည့် အချက်တစ်ခုဖြစ်ပေသည် ။  

**စစ်ဖြစ်နေသော တိုင်းပြည် **
 အကျင့်ပျက် ဖောက်ပြန်မှုများအား ကိုးကွယ်ကာ မိမိအာဏာ တည်မြဲရေး ၊ လူတစ်စုကောင်းစားရေးကို ကြည့်လျက် ပြည်တွင်းစစ်ဖြစ်နေသော တိုင်းပြည်များသည် လူသားအရင်းအမြစ်များအား ဦးနှောက်မဲ့စွာ ဖြုန်းတီးနေသည်ဟု သုံးသပ်လျှင် လွန်မည် မထင်ပါ ။ စီးပွားရေး ၊ နိုင်ငံရေး အကြောင်းအမျိုးမျိုးကြောင့် အိုးပစ်အိမ်ပစ် ထွက်ပြေးခဲ့ကြသော ဒုက္ခသည်များကို တခြားတိုင်းပြည်များက လုပ်အားခ ဈေးပေါသော အလုပ်သမားများအဖြစ် သတ်မှတ်လျက် ဥပဒေများပြဌာန်းကာ လူသားအရင်းအမြစ်များကို အမြတ်ထုတ်လျက်ရှိသည် ။ တခြားတစ်ဖက်တွင်လည်း စစ်ကိုသာ ဖန်တီးတတ်ပြီး အလုပ်အကိုင်အသစ်များ မဖန်တီးသော စစ်အုပ်စုကြောင့် ပညာတတ်လူတန်းစားများသည် တိုင်းတစ်ပါးကို ထွက်ခွာနေရာ တိုင်းပြည်၏ ဦးနှောက် ယိုစိမ့်မှုများက ကြောက်ခမန်းလိလိ ဖြစ်နေပေသည်။ လယ်ယာမြေ အဓမ္မသိမ်းပိုက်ခံရသော မိရိုးဖလာ လယ်သမားများသည် စားရမဲ့ သောက်ရမဲ့ဖြစ်ကာ နိုင်ငံတကာကို ထွက်ကာ ကျွန်သာသာ အလုပ်သမားဖြစ်နေမှုများ ၊ တိုင်းရင်းသားလူမျိုးများနေထိုင်ရာ နယ်မြေများတွင် အဓမ္မဖမ်းဆီးပြီး ပေါ်တာလို မတရား လုပ်အားပေးခိုင်းစေမှုများကြောင့် နယ်စပ်တွင် ထောင်သောင်းမက ရှိနေသော စစ်ပြေးဒုက္ခသည်များအရေးသည် မငြိမ်းချမ်းသော တိုင်းပြည်၏ ပျက်ယွင်းနေသော ပုံရိပ်ဆိုးများဖြစ်ပေသည် ။ ထောင်သောင်းမက ငြိမ်းချမ်းစွာ ဆန္ဒပြသော ရဟန်းရှင်လူ ကျောင်းသားပြည်သူများကိုသာ တည့်တည့်မှန်အောင် ပစ်တတ်သော စစ်အစိုးရသည် အိုလံပစ်သေနတ်ပစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်ရရန် လေ့ကျင့်နေခြင်းတော့ မဖြစ်တန်ရာပေ ။ သေချာတာတစ်ခုကတော့ ဦးခေါင်းမရှိသော အစိုးရသည် အစစ အရာရာတွင် အောက်ကျနောက်ကျ ဖြစ်နေမှုများကို မသိကျိုးကျွံပြုယုံမက ပြည်သူကိုပင် အရူးဟု သုံးနှုန်းကာ စည်းစိမ်အာဏာအရက်မူးပြီး စိတ်ထင်ရာ အင်တာဗျူးနေမှုများက မသန့်ရှင်းသော အစိုးရဟု လူထုကို ကြေငြာမောင်းခတ်သလိုဖြစ်နေပေသည်။ အငြိုးအတေးနှင့် အမုန်းကို အဓွန့်ရှည်စေသောစစ်ပွဲများအစား အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးကို ဦးတည်သော လူသားချင်း ချစ်ကြည်ရင်းနှီးမှုကို ဖြစ်ပေါ်စေသော အိုလံပစ်အားကစားစိတ်ဓာတ်ဖြင့် အစားထိုးရမည့် အချိန်အခါပင်ဖြစ်ပါသည် ။ ဆိုလိုသည်မှာ ဖောက်ပြန်သော စိတ်ဓာတ်ဖြင့် အပြိုင်အဆိုင် လာဘ်စားမှုများကို ပြည်သူလူထုတစ်ရပ်လုံးက ရွံရှာနေပြီဖြစ်ကြောင်း အသိပေးတင်ပြလိုက်ပါသည် ။ 

**အောင်ခိုင်မြင့်** 
၀၂ သြဂုတ်လ ၂၀၁၂

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)