ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, August 10, 2012

>
-ယခုလအတွင်း နိုင်ငံတကာထူးခြားသတင်းများ-
**အရက်သောက်သုံးမှုနှင့် ဆက်နွှယ်သည့် ခိုက်ရန်ဖြစ်ပွားမှုများကို တောင်ကိုရီးယား နှိမ်နင်းမည်**
( ဆိုးလ် သြဂုတ် ၈) အရက်သေစာသောက်စားမှုနှင့် ဆက်နွှယ်နေသည့် အကြမ်းဖက်ခိုက်ရန်ဖြစ်ပွားမှုများကို တင်းတင်းကျပ်ကျပ်ကိုင်တွယ်အရေးယူရန် တာဝန်ရှိသူများအား တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်က သြဂုတ် ၇ ရက်တွင် တိုက်တွန်းခဲ့ကြောင်း သိရသည်။ အစဉ်အလာအားဖြင့် တောင်ကိုရီးယား ရဲတပ်ဖွဲ့နှင့် တရားရုံးများသည် အရက်သေစာသောက်စား၍ ပြစ်မှုကျူးလွန်ခဲ့သူများအပေါ် သက်သက်ညှာညှာ အပြစ်ပေးလေ့ရှိသည်။အရက်သေစာသောက်စားမူးယစ်နေသူများ၏ မလျော်ကန်သော အပြုအမူများအား ခွင့်လွှတ်နားလည်ပေးသည့် အစဉ်အလာကို ပြင်ရမည်ဖြစ်ကြောင်း သမ္မတလီမြောင်ဘတ်က တောင်ကိုရီးယားရဲတပ်ဖွဲ့ဝင်များနှင့် လူမှုနယ်ပယ် အကြမ်းဖက်မှုများတားဆီးရေးဆိုင်ရာ တာဝန်ရှိသူများအား ပြောကြားခဲ့သည်။ တောင်ကိုရီးယားနိုင်ငံသားများသည် ကမ္ဘာပေါ်၌အရက်သေစာအသောက်ဆုံးသူများဖြစ်ကြပြီး အရွယ်ရောက်သူတစ်ဦးသည် တစ်နှစ်လျှင် အရက်ပမာဏ ၉ ဒသမ ၅၇ လီတာအထိ သောက်သုံးတတ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(ဒဗလျူအိပ်ခ်ျအို)၏ ၂ဝဝ၅ ခုနှစ် စာရင်းဇယားများအရသိရသည်။အရက်သောက်သုံးမှုနှင့် ဆက်နွှယ်နေသော လမ်းပေါ်ရန်ပွဲများ၊ မိသားစုရန်ပွဲများနှင့် အခြားရာဇဝတ်မှုများသည် တောင်ကိုရီးယားနိုင်ငံ၌ ဖြစ်လေ့ဖြစ်ထရှိသည့် သဘာဝရှိသည်။ သို့ရာတွင် အရက်မူးယစ်ချိန်အတွင်း ပြစ်မှုကျူးလွန်ခဲ့သူများကိုတောင်ကိုရီးယားရဲတပ်ဖွဲ့နှင့် တရားရုံးများက သက်သက် ညှာညှာ အပြစ်ပေးလေ့ရှိသည်။ လွန်ခဲ့သည့် လမှစ၍ တောင်ကိုရီးယားနိုင်ငံ၏ ထိပ်တန်းအရက်ထုတ်လုပ်သူ ဟီတေးဂျင်ရိုသည် ဆိုဂျူးပုလင်းများနှင့်ဘီယာပုလင်းများကို ''အရက်သောက်ပြီး ရန်မဖြစ်ရ'' ဟူသော စာတန်းများ ထည့်သွင်းဖြန့်ချိခဲ့သည်။ (အေအက်ဖ်ပီ)

** တောင်ကိုရီးယားတွင် အပူလှိုင်းကျရောက်မွေးမြူရေးတိရ စ္ဆာန်များ သေဆုံး**
 ( ဆိုးလ် သြဂုတ် ၈) တောင်ကိုရီးယားနိုင်ငံတွင် အပူလှိုင်းကျရောက်မှုဒဏ်ဆက်လက်ခံစားနေရမှုကြောင့် လူသားများနှင့် တိရစ္ဆာန်များအပူလှိုင်းဒဏ်ကို ခံကြရကြောင်း၊ ကြက်များအပါအဝင် အခြားသော ဥစား၊ အသားစားသတ္တဝါများသေဆုံးကြရကြောင်းသြဂုတ် ၈ ရက် သတင်းတွင် ဖော်ပြသည်။တောင်ကိုရီးယားနိုင်ငံတွင် ဇူလိုင် ၂ဝ ရက်ကတည်းကအပူလှိုင်းကျရောက်ရာ ကြက်ကောင်ရေ ၇၈၆၅၁၂၊ ဘဲ ၄ဝ၇၈ဝ၊ငုံး ၃ဝဝဝ၊ ဝက် ၃၃၆ ကောင်နှင့် နွားငါးကောင် သေဆုံးခဲ့ရကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာနက ပြောကြားသည်။ဒေသများစွာတွင် အပူချိန်ဒီဂရီ ၃၃ ဒီဂရီဆဲစီးယပ်စ်အထက် မြင့်တက်ခဲ့ပြီး ဇွန်နှင့် ဇူလိုင်လများအတွင်း လူခုနစ်ဦး သေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။အပူချိန်သည် ၁၂ ရက်ကြာအောင် ၃၅ ဒီဂရီဆဲစီးယပ်စ်အထက်ရောက်နေခဲ့သဖြင့် မြစ်ထဲတွင် ရေညှိစိမ်းများ အစုလိုက်အပြုံလိုက်ပွားလာခဲ့ပြီး လျှပ်စစ်ပန်ကာနှင့် လေအေးပေးစက်များ လည်း ဈေးတက်သွားခဲ့သည်။ (အင်တာနက်)

** ဟိုင်ကွေတိုင်ဖုန်းမုန်တိုင်းကြောင့် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ ရေနစ်မြုပ် တရုတ်နိုင်ငံ၌ ပြည်သူ ၄၅၆ဝဝဝ ကို ဘေးလွတ်ရာရွှေ့ပြောင်းပေးခဲ့ ရ**
 (ရှန်ဟိုင်း သြဂုတ် ၈) ဟိုင်ကွေအမည်ရှိ တိုင်ဖုန်းမုန်တိုင်းကြောင့် ဖိလစ်ပိုင်နိုင်ငံမနီလာမြို့တော်၌ လူပေါင်း ၁၆ ဦး သေဆုံးခဲ့ရပြီး မြို့တော်မှာလည်း ရေကမ္ဘာတစ်ခု အသွင်ပြောင်းလဲခဲ့ရပြီးနောက် အရေးပေါ် ပြင်ဆင်မှုများကို တရုတ်နိုင်ငံက လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ဟိုင်ကွေတိုင်ဖုန်းမုန်တိုင်းသည် ရှန်ဟိုင်းမြူနီစီပယ်ဒေသ၏တောင်ဘက်ရှိ ကျိကျန်းပြည်နယ်အတွင်း သြဂုတ် ၇ ရက် ညပိုင်း သို့မဟုတ် သြဂုတ် ၈ ရက် နံနက်ပိုင်းတွင် ဝင်ရောက်မည်ဟု မျှော်လင့်ရကြောင်း တရုတ်နိုင်ငံ မိုးလေဝသစီမံခန့်ခွဲမှုဌာနကပြောကြားခဲ့သည်။ကျိကျန်းပြည်နယ် အာဏာပိုင်များသည် မုန်တိုင်းဝင်ရောက်မည့်လမ်းကြောင်းပေါ်ရှိ ပြည်သူများကို ရွှေ့ပြောင်းရန် ကြိုးပမ်းခဲ့ရပြီး လူပေါင်း ၂၅၆ဝဝဝ အား ဘေးလွတ်ရာသို့ ရွှေ့ပြောင်း ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။အလားတူ ရှန်ဟိုင်းမြို့တော်အာဏာပိုင်များသည်လည်း ပြည်သူ ၂ဝဝဝဝဝ ကျော်ကို ယာယီအမိုးအကာများအောက်သို့ရွှေ့ပြောင်းပေးခဲ့ရသည်။ ဟိုင်ကွေတိုင်ဖုန်းမုန်တိုင်းသည် တစ်နာရီလျှင် လေတိုက်နှုန်း ၁၅၁ ကီလိုမီတာအထက်ရှိပြီး မုန်တိုင်းအရှိန်ကြောင့်အချို့နေရာများ၌ မိုးရေချိန် ၄ဝဝ မီလီမီတာအထိ ရွာသွန်းနိုင် ကြောင်း တရုတ်သတင်းမီဒီယာများက ဖော်ပြသည်။ဟိုင်ကွေတိုင်ဖုန်းမုန်တိုင်းကြောင့် ဖိလစ်ပိုင်နိုင်ငံ၌ ၁ဝ ရက်ကြာမျှ မိုးအဆက်မပြတ်ရွာသွန်းခဲ့ပြီး လူပေါင်း ၁၆ ဦး သေဆုံး ကာ မနီလာမြို့တော်တစ်ဝက်ကျော်ခန့်မှာ ရေကမ္ဘာအသွင်ဖြစ်ခဲ့ရကြောင်း ဖိလစ်ပိုင်မိုးလေဝသဗျူရိုက ပြောကြားခဲ့သည်။ (ဒေးလီးတယ်လီဂရပ်)

** အိန္ဒိယပြည်တွင်း၌ ပထမဆုံးအကြိမ် တည်ဆောက်ခဲ့သည့် နျူစွမ်းအင်သုံး ရေငုပ်သင်္ဘောကို စမ်းသပ်ခုတ်မောင်းနိုင်တော့မည် **
(နယူးဒေလီ၊ သြဂုတ် ၈) အလေးချိန်တန် ၆ဝဝဝ ရှိ အိုင်အန်အက်စ်အရီဟန့်(ရန်သူများကိုဖျက်ဆီးသူ) ဟု အမည်ပေးထားသည့် အဆိုပါနျူစွမ်းအင်သုံးရေငုပ်သင်္ဘောသည် ၂ဝဝ၉ ခုနှစ်တွင် ထုတ်ဖော် ပြသခဲ့သည့် စီမံချက်၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပြီး ယင်းအတန်းအစားရေငုပ်သင်္ဘောငါးစင်းကို တည်ဆောက်မည် ဖြစ်ကာ ယင်းရေငုပ်သင်္ဘောများ၌ နျူကလီးယားထိပ်ဖူးတပ် ဒုံးကျည်များနှင့် တိုပီဒိုများကိုပါ တပ်ဆင်သွားမည်ဟု ဆိုသည်။ နျူစွမ်းအင်သုံးရေငုပ်သင်္ဘောအရီဟန့်ကို လာမည့်လများ အတွင်း၌ ပင်လယ်ပြင်အတွင်း စမ်းသပ်ခုတ်မောင်းနိုင်မည်ဟု မျှော်လင့်ထားကြောင်း အိန္ဒိယရေတပ်ဦးစီးချုပ်က သတင်း ထောက်များအား ပြောကြားခဲ့သည်။နျူစွမ်းအင်သုံးရေငုပ်သင်္ဘောအရီဟန့်တွင် ၈၅ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် နျူကလီးယားဓာတ်ပေါင်းဖိုတစ်လုံးပါဝင်ပြီး ¤င်းဓာတ်ပေါင်းဖိုမှ ထုတ်လုပ်မည့် စွမ်းအင်ဖြင့် တစ်နာရီလျှင် ၄၄ ကီလိုမီတာ(ရေမိုင် ၂၄ မိုင်)အထိ ခုတ်မောင်းနိုင်ကြောင်း၊ ယင်းနျူစွမ်းအင်သုံးရေငုပ်သင်္ဘောတွင် ရေတပ်သား ၉၅ ဦး လိုက်ပါတာဝန်ထမ်းဆောင်နိုင်သည်ဟု ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန် ရှိသူများက ပြောကြားသည်။ယခုနှစ် ဧပြီလအတွင်းတွင် အိန္ဒိယရေတပ်က ရုရှားနိုင်ငံမှနျူစွမ်းအင်သုံး ရေငုပ်သင်္ဘော တစ်စင်းကို နှစ်ရှည်အငှားစာချုပ်ဖြင့်ငှားရမ်းအသုံးပြုလျက်ရှိပြီး တရုတ်၊ ပြင်သစ်၊ အမေရိကန်၊ ရုရှားနှင့်ဗြိတိန်တို့အပါအဝင်ဖြစ်သော ကမ္ဘာ ပေါ်တွင် နျူစွမ်းအင်သုံးရေငုပ်သင်္ဘောများ လက်ရှိအသုံးပြုနေ သည့် နိုင်ငံများစာရင်းတွင် ပါဝင်ခဲ့ပြီဖြစ်သည်။ (အင်တာနက်)

 စုစည်းဘာသာပြန် - အေ၀မ်းစိုး

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)