ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, August 10, 2012

> -ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း- (ရောဘတ်ပတ်တင်ဆန်နှင့်ခရစ္စတင်းစတီးဝပ်)
   
 ** လေးပွင့်ဆိုင်နှစ်ပင်လိမ် ဟောလိဝုဒ်ဇာတ်ရှုပ်**

 လေးပွင့်ဆိုင်နှစ်ပင်လိမ်ဟောလိဝုဒ် ဇာတ်ရှုပ်မှာ စိတ်ကူးယဉ်ဖန်တီးရိုက်ကူး ထားသည့် ရုပ်ရှင်ဇာတ်လမ်း တကယ့်အပြင်လောကတွင်
မဟုတ်ပါ။  ဖြစ်ပွားခဲ့သည့် ဟောလိဝုဒ်ရုပ်ရှင်လောကသားများ၏ ရင်ရှုပ်ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါသည်။ အဆိုပါရင်ရှုပ်ဇာတ်လမ်း၏အဓိက ဇာတ်ကောင်များမှာ မကြာသေးမီက ရုံတင်ပြသခဲ့သည့ှ်Snow white and the Huntsman ဇာတ်ကားမှ ခေါင်းဆောင် မင်းသမီးခရစ္စတင်းစတီးဝပ်၊ ယင်းဇာတ်ကားဒါရိုက်တာ ရူးပတ်ဆန်ဒါစ်၊ ယင်း ဇာတ်ကားတွင် ခရစ္စတင်းစတီးဝပ်၏မိခင်အဖြစ်သရုပ်ဆောင်ခဲ့သူ ရူးပတ်ဆန်ဒါစ်၏ ဇနီးသရုပ်ဆောင်မော်ဒယ်လ်မင်းသမီး လီဘာတီရို့စ်နှင့် ခရစ္စတင်းစတီးဝပ်၏ ချစ်သူ မင်းသား ရောဘတ်ပတ်တင်ဆန်တို့ ဖြစ်ကြသည်။ ရောဘတ်ပတ်တင်ဆန်နှင့်ခရစ္စတင်းစတီးဝပ်တို့မှာ Twilight ဇာတ်ကား များတွင် အတူတွဲဖက်သရုပ်ဆောင်ခဲ့ပြီး သုံးနှစ်ကျော်လက်တွဲလာသည့် ချစ်သူ စုံတွဲဖြစ်သည်။ ရူးပတ်ဆန်ဒါစ်နှင့်လီဘာတီရို့စ်တို့မှာ သားသမီးနှစ်ဦး ထွန်းကား ထားသည့်အိမ်ထောင်သက်တမ်း ခုနစ်နှစ်ရှိဇနီးမောင်နှံဖြစ်သည်။ ရောဘတ်ပတ်တင်ဆန်နှင့်လီဘာတီရို့စ်တို့၏ ရင်ကိုဗလောင်ဆူရှုပ်ပွစေခဲ့ သည့် ဇာတ်ရှုပ်စတင်ခဲ့သည်မှာ ဇူလိုင် ၂၄ ရက်က ဒါရိုက်တာရူးပတ်ဆန်ဒါစ်နှင့် မင်းသမီး ခရစ္စတင်းစတီးဝပ်တို့ လူမြင်ကွင်းတစ်နေရာတွင် ပွေ့ဖက်နမ်းရှုပ် ပျော်မြူးနေသည့်ဓာတ်ပုံများပေါ်ထွက်လာသည့် သတင်းကြောင့် ဖြစ်သည်။ ယခုရက်ပိုင်းတွင် ၄င်းတို့လေးဦးနှင့် ပတ်သက်သည့်သတင်းများ အမျိုးမျိုး အဖုံဖုံထွက်ပေါ်နေပြီး ရောဘတ်ပတ်တင်ဆန်မှာ အသည်းကွဲဝေဒနာကို ကုစားရန် အရက်ကိုအဖော်ပြုနေသကဲ့သို့ လီဘာတီရို့စ်မှာလည်း ခင်ပွန်းသည်နှင့်မျက်နှာချင်း ဆိုင်ခြင်းမရှိဟု သိရသည်။ ခရစ္စတင်းစတီးဝပ်နှင့် ရူးပတ်ဆန်ဒါစ်တို့သည်လည်း သက်ဆိုင်သူများကို လူသိရှင်ကြားတောင်းပန်မှုများပြုလုပ်ခဲ့ကြသည်။ မည်သို့ဆိုစေ လေးပွင့်ဆိုင်နှစ်ပင်လိမ်ဤဇာတ်ရှုပ်သည် မည်သို့မည်ပုံ ဖြစ်လာဦးမည်ကို စိတ်ဝင်စားဖွယ် စောင့်ကြည့်ရဦးမည်ဖြစ်သည်။ (အင်တာနက်)
**ကမ္ဘာ့အမြန်ဆုံးလူသား ဂျမေကာနိုင်ငံသား အူလ်စိန်ဘို့ လန်ဒန်အိုလံပစ် မီတာ ၁၀၀ အပြေးပြိုင်ပွဲ၌ ရွှေတံဆိပ်ဆွတ်ခူး**
(လန်ဒန်၊ သြဂုတ် ၈) လန်ဒန် ၂၀၁၂ အိုလံပစ်အားကစားပြိုင်ပွဲကို သြဂုတ် ၇ ရက်က ဆက်လက်ကျင်းပရာ ပြိုင်ပွဲမစတင်မီကတည်းက ကမ္ဘာ့စံချိန်တင်မယ်လို့ ကြုံးဝါးထားတဲ့ ဂျမေကာအပြေးသမား အူလ်စိန်ဘို့ဟာ မီတာ ၁၀၀ ကို ၉.၆၃ စက္ကန့်နဲ့ပြေးပြီး ကမ္ဘာ့အမြန်ဆုံးလူသားအဖြစ် ဒုတိယအကြိမ် ကမ္ဘာ့စံချိန်တင်နိုင်ကာ ရွှေတံဆိပ်ဆွတ်ခူးနိုင်ခဲ့ပြီဖြစ်ပါတယ်။ အူလ်စိန်တို့ရဲ့ ပြိုင်ဘက်တွေဖြစ်တဲ့ ယိုဂန်ဘလိတ်က ၉.၇၅ စက္ကန့်နဲ့ ဒုတိယပန်းဝင်ခဲ့ပြီး ဂျက်စတင်းဂတ်လင်းကတော့ ၉.၇၉ စက္ကန့်နဲ့ တတိယနေရာက ပန်းဝင်နိုင်ခဲ့ကြပါတယ်။ အသက် ၂၅ နှစ်အရွယ်ရှိတဲ့ အူလ်စိန်ဘို့ဟာ ၂၀၀၉ ခုနှစ်က ဘာလင်အားကစားပြိုင်ပွဲမှာမီတာ ၁၀၀ကို ၉.၅၈ စက္ကန့်နဲ့ ပြေးပြီး ကမ္ဘာ့စံချိန်သစ်ကို တင်ထားနိုင်ခဲ့သူဖြစ်ပါတယ်။ အခု အိုလံပစ်ပြိုင်ပွဲမှာတော့ ၉.၆၃ စက္ကန့်နဲ့ ဒုတိယအကြိမ် စံချိန်တင်ပြီး ရွှေတံဆိပ်ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။ (အင်တာနက်)

 **ဗြိတိန်၏ အကြီးမားဆုံးအိုလံပစ်အောင်မြင်မှု** 
(လန်ဒန် သြဂုတ် ၈) ထိုင်၍ ကစားရသော အားကစားနည်းများ၏ ဘုရင်ဟုနာမည်ကျော်ကြားလျက် ရှိသော ဗြိတိန်သည် ၁၉ဝ၈ ခုနှစ်လန်ဒန်အိုလံပစ် အားကစားပြိုင်ပွဲများ စတင်ချိန်မှစ၍ သိသိသာသာအောင်မြင်မှုဟူ၍ မရှိသလောက်ပင်။ လက်ရှိ ၂ဝ၁၂ လန်ဒန် အိုလံပစ်အားကစားပြိုင်ပွဲတွင်မှု ဗြိတိန်၏နှစ်ပေါင်း ၁ဝဝ ကျော်ကာလအတွင်း အကြီးမားဆုံးအိုလံပစ်ရွှေတံဆိပ်ဆုများကို ပိုင်ဆိုင် ကာ ဗြိတိန်၏ ရာစုနှစ်တစ်ခုကျော်ကြာအောင်မြင်မှု သမိုင်းမှတ်တိုင်တစ်ရပ်ကို ထိုင်၍ ကစားရသော ကစားနည်းများဖြစ်သည့် စက်ဘီးစီးပြိုင်ပွဲ၊ လှေလှော်ပြိုင်ပွဲ နှင့် မြင်းစီးပြိုင်ပွဲများက အကောင်းဆုံးစွမ်းဆောင်စိုက်ထူပေးနိုင်ခဲ့ပြီးဖြစ်သည်။ ဗြိတိန်သည် ၂ဝဝ၈ ပေကျင်း အိုလံပစ်ပြိုင်ပွဲတွင် ရွှေတံဆိပ် ၁၉ ခုသာဆွတ်ခူး ရရှိထားသော်လည်း ယခု ၂ဝ၁၂ လန်ဒန်အိုလံပစ်ပြိုင်ပွဲတွင် ရွှေတံဆိပ် ၂၂ ခု အပါအဝင် ဆုတံဆိပ် ၄၈ ခုကို ဆွတ်ခူးထားပြီးဖြစ်သည်။နှစ်ပေါင်း ၁ဝဝ ကျော်ကာလအတွင်း ဗြိတိန်၏ အကောင်းဆုံးအားကစားစွမ်းရည်နှင့်အတူ ဗြိတိန်၏ဂုဏ်ကျက်သရေ အတွက် ဗစ်တိုးရီးယားပန်ဒယ်တန်နှင့်ဆာခရစ်ဟွိုင်းကဲ့သို့သော စက်ဘီးစီး ချန်ပီယံများက တစ်ဦးချင်းစွမ်းရည်ဖြင့်ရွှေတံဆိပ်ဆုရရှိရေး အပြိုင်ကြိုးပမ်းပေး နေဆဲပင်ဖြစ်သည်။ဗြိတိန်၏ဆုတံဆိပ် သုံးပုံနှစ်ပုံသည်ထိုင်၍ကစားရသော အားကစားနည်း များက ရရှိထားခြင်းကြောင့် ဗြိတိန်ကိုထိုင်၍ကစားရသော အားကစားနည်းများ၏ ဘုရင်ဟုတင်စားခေါ်ဝေါ်ကြပြီး ထောင်ပေါင်းရာချီသော ပရိသတ်များကလည်း ဗြိတိန်အား ဆက်လက်၍အောင်မြင်မှုရရှိရေး မျှော်လင့်နေကြသည်ဟု ဆိုသည်။ လက်ရှိအချိန်တွင် အိုလံပစ်ပြိုင်ပွဲ၏ဆုရရှိမှုစာရင်းတွင် ဗြိတိန်၏အထက်တွင် တရုတ်နှင့်အမေရိကန်တို့က ဦးဆောင်နေပြီး ထိုင်၍ ကစားရသော အားကစား နည်းများတွင် ဗြိတိန်ကိုမမီနိုင်ဘဲ ဗြိတိန်က ယင်းသို့ ကစားရသော အားကစားပြိုင်ပွဲ များတွင် ၆၆ ရာခိုင်နှုန်းအထိလွှမ်းမိုးကာဆုရရှိမှုစာရင်း၏ တတိယနေရာတွင် ရပ်တည်နေသည်။ (အင်တာနက်) **ဗြိတိန်သမိုင်းတစ်လျှောက် ဆုတံဆိပ်အများဆုံးရရှိခဲ့သူများ** စဉ်။ အမည် အားကစားနည်း ရွှေ ငွေ ကြေး စုစုပေါင်း ၁။ ဆာခရစ်ဟွိုင်း စက်ဘီးစီး ၆ ၁ - ၇ ၂။ ဘရက်လေဝစ်ဂန် စက်ဘီးစီး ၄ ၁ ၂ ၇ ၃။ ဆာစတီရတ်ဂရေ့ လှေလှော် ၅ - ၁ ၆ ၄။ ဘန်ဘင်စလီ ရွက်လှေ ၄ ၁ - ၅ ၅။ ဂျက်ဘဲရားစဖော့ လှေလှော် ၃ ၁ - ၄ ၆။ ဟင်နရီတေလာ ရေကူး ၃ - ၂ ၅ ၇။ ကစ်တီမက်ကိန်း တင်းနစ် ၁ ၂ ၂ ၅ ၈။ မက်သရူး လှေလှော် ၄ - - ၄ ၉။ ပေါ်လိုရက်မီလိုဗစ် ဝါတာပိုလို(ရေကူး) ၄ - - ၄ ၁၀။ ဂျာဆင်ကင်နီ စက်ဘီးစီး ၃ ၁ - ၄ (အင်တာနက်) 

 **လန်ဒန်အိုလံပစ် အမျိုးသားဘောလုံးပြိုင်ပွဲဘရာဇီးနှင့် မက္ကဆီကိုတို့ ဗိုလ်လုပွဲတက်ပြီ** 

(လန်ဒန်၊ သြဂုတ်၊ ၈) ၂၀၁၂ ခုနှစ် လန်ဒန်အိုလံပစ်အားကစားပြိုင်ပွဲ အမျိုးသားဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲအဖြစ် မက္ကဆီင်္ကိုနှင့်ဂျပန်တို့ သြဂုတ် ၇ ရက်က ယှဉ်ပြိုင်ကစားရာ မက္ကဆီကိုက သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရပြီး နောက်ဆုံးဗိုလ်လုပွဲတက်ရောက်ခဲ့သလို တောင်ကိုရီးယားနှင့် ဘရာဇီးတို့ပွဲတွင် ဘရာဇီးက သုံးဂိုးပြတ်ဖြင့် အနိုင်ရပြီး ဗိုလ်လုပွဲ တက်ရောက်ခဲ့ပြီဖြစ်သည်။ ဂျပန်တို့ပွဲအစမှာပင် လျင်လျင်မြန်မြန် ထိုးဖောက်တိုက်စစ်ကစားခဲ့ရာ ပွဲချိန် ၁၂ မိန်စ၌ ဂျပန်မှ အော့ဆူက မက္ကဆီကို ဂိုးဧရိယာအစပ်မှ ညာခြေဖြင့်မနားတမ်း အပြင်းကန်သွင်းခဲ့သဖြင့် ဦးဆောင်ဂိုးရရှိခဲ့သည်။ ဦးဆောင်ဂိုးပေးလိုက်ရသဖြင့် ဂျပန်တိုက်စစ်ကိုဟန့်တားရင် မက္ကဆီကိုတို့ ပ်ြလည်တိုက်စစ်ဆင်ကစားခဲရာ ပွဲချိန် ၃၁ မိနစ်၌ ဖာဘင်က ခေါင်းတိုက်ကာ ချေပဂိုးသွင်းယူခဲ့သည်။ ထို့နောက် ဒုတိယပိုင်းပွဲချိန် ၆၅ မိနစ်၌ ပီရာတာက မက္ကဆီကိုအတွက် ဦးဆောင်ဂိုးနှင့် ပွဲချိန်မိနစ် ၉၀ တွင် ကော်တက်စ်က မက္ကဆီကိုအတွက် တတိယမြောက်ဂိုး သွင်းယူပေးခဲ့သဖြင့် ပွဲအပြီးမက္ကဆီကိုတို့ သုံးဂိုး-တစ်ဂိုးဖြင့် နိုင်ပွဲရရှိခဲ့ခြင်းဖြစ်သည်။ ဒုတိယအကြိုဗိုလ်လုပွဲအဖြစ် တောင်ကိုရီးယားနှင့် ဘရာဇီးတို့ပွဲတွင် ဘရာဇီးအတွက် ဦးဆောင်ဂိုးကို ရိုမူလိုက ပွဲချိန် ၃၈ မိနစ်၌ သွင်းယူပေးခဲ့သည်။ ဆက်လက်ပြီး ပွဲချိန် ၅၇ မိနစ်နှင့် ၆၄ မိနစ်တို့၌ ဒါမီယာအိုက တစ်ဦးတည်းနှစ်ဂိုးသွင်းယူခဲ့သဖြင့် ဘရာဇီးတို့က သုံးဂိုး-ဂိုးမရှိဖြင့် နိုင်ပွရရှိကာ နောက်ဆုံးဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည်။ (အင်တာနက်) 

 စုစည်းဘာသာပြန် - နိုင်လင်းကြည်

-ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း- (ရောဘတ်ပတ်တင်ဆန်နှင့်ခရစ္စတင်းစတီးဝပ်)
   
No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)