ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, August 14, 2012

>
-လူထုကျန်းမာရေး(ရိုးသားဖြောင့်မတ်ခြင်းက ကျန်းမာရေးကို တိုးတက်ကောင်းမွန်စေနိုင်)-

 **Public Health**

 ရိုးသားဖြောင့်မတ်ခြင်းက လူတစ်ဦး၏ကျန်းမာရေးကို တိုးတက်ကောင်းမွန်စေနိုင်ပြီး မုသားစကားပြောဆို မှုလျှော့ချခြင်းက စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ကောင်းကျိုးပြုသည်ဟု သုတေသနလေ့လာချကတစ်ခုအရသိရသည်။ သုတေသန လေ့လာချက်တွင်အသက်(၁၈)နှစ်နှင့် (၇၁)နှစ်အကြား လူ ၁၁ဝ အား လိမ်လည် ပြောဆိုမှု စစ်ဆေးမေးမြန်းချက်ပြုလုပ်ပြီး သီတင်းပတ် ၁ဝ ပတ်အတွင်း ၄င်းတို့ပြောဆိုသည့် အကြီးစားလိမ်ညာမှုနှင့် သာမန်လိမ်ညာမှုများအပေါ် အကဲခတ် သည့်ကျန်းမာရေးဆိုင်ရာ အချက်အလက်များကို စာရင်းပြုစုထားသည်ဟု သုတေသနစာ တမ်းဦးဆောင်ပြုစုသူ အမေရိကန်ပြည်ထောင်စု အင်ဒီယားနား ပြည်နယ် နော်တာဒိမ်းတက္ကသိုလ်မှ စိတ်ပညာပါမောက္ခ အနီကာ ကယ်လီက ပြောကြားသည်။ သူမသည် အဆိုပါတွေ့ရှိချက်များကို အမေရိကန် စိတ်ပညာအသင်းနှစ်ပတ်လည် အစည်းအဝေးတွင် တင်ပြခဲ့သည်။သုတေသနလေ့လာချက်တွင်ပါဝင်သူများသည် မုသားစကား များ ပိုမိုပြောဆိုသည့်အခါ၎င်းတို့၏ ကျန်းမာရေးကျဆင်းလာ ပြီး မုသားစကား လျှော့ချပြောဆိုသည့်အခါ ကျန်းမာရေးတိုးတက် ကောင်းမွန်လာသည်ဟု ကယ်လီက ပြောကြားသည်။သုတေသီများသည် လေ့လာမှု တွင် ပါဝင်သူထက်ဝက်အားမည်သည့် အကြောင်းကြောင်း ကြောင့်ဖြစ်စေ မည်သည့်မုသားစကားတစ်ခွန်းကိုမျှ ပြောကြား ခြင်းမပြုရန် ညွှန်ကြားထားသည်။အမှန်တရားကို မပြောဘဲနေနိုင် တယ်၊ မေးခွန်းများကို ဖြေဆိုဖို့ငြင်းဆန်နိုင်တယ်၊ လျှို့ဝှက်ချက် များကိုဖုံးကွယ်နိုင်တယ်။ ဒါပေမဲ့မှားတယ်လို့သိရတဲ့ တစ်စုံတစ်ခု ကိုမျှ ပြောဆိုခြင်းမပြုရဟု မှာထားသည်။ ကျန်သည့် အုပ်စုကိုတော့ ညွှန်ကြားချက်ပေးခြင်းမရှိပေ။လေ့လာမှု ပြုလုပ်ချိန် အတောအတွင်း လိမ်မပြောရအုပ်စု၌ ပါဝင်သူများအတွင်း မုသား စကား လျှော့ချပြောဆိုမှုနှင့်ကျန်းမာရေးတိုးတက်ကောင်းမွန်မှုအကြား ပိုမိုသိသာထင်ရှားသော ဆက်စပ်မှုကို တွေ့ရှိသည်။
မုသားစကားမဆိုရ အုပ်စုအား ပြီးခဲ့သည့်အပတ်များကထက်နည်းသည့် သာမန်လိမ်ညာမှုသုံးခု ပြောခိုင်း သည့်အခါ ပျမ်းမျှအားဖြင့် စိတ်ပိုင်းဆိုင်ရာရောဂါလေးခုနှင့် ရုပ်ပိုင်းဆိုင်ရာရောဂါသုံးခု ခံစားရသည်ဟု တွေ့ရှိသည်။ စိတ်ပိုင်းဆိုင်ရာရောဂါများထဲတွင် စိတ်ဓာတ်ကျခြင်း (သို့မဟုတ်) ညှိုးငယ်ခြင်းများပါဝင်ပြီး ရုပ်ပိုင်းဆိုင်ရာ ရောဂါများတွင် လည်ချောင်း နာခြင်းနှင့် ခေါင်းကိုက်ခြင်းများ ပါဝင်သည်။အုပ်စုနှစ်ခုစလုံးရှိလူများသည် ပေးထားသည့်ရက် သတ္တပတ်အတွင်း မုသားစကားလျှော့ချပြောဆိုသည့်အခါ ထိုသီတင်းပတ်အတွင်း ၄င်းတို့၏စိတ်ပိုင်း ဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးသိသိသာသာ တိုးတက်ကောင်းမွန်လာသည်ကို တွေ့ရှိရသည်ဟု ကယ်လီက ပြောကြားသည်။လူများအနေဖြင့် ပိုမိုဖြောင့်မတ်မှု၊ ပိုမိုရိုးသားမှုနှင့် အခြားလူများနှင့် ဆက်ဆံရာတွင် ပိုမိုပွင့်လင်းမှုရှိရေးသည် သင့်မြတ်သော ပန်းတိုင်တစ်ခုဖြစ်သည်မှာ မှန်ကန်ပါကြောင်း မက်ဆာချူးဆက် တက္ကသိုလ်မှ စိတ်ပညာရှင် ရောဘတ်ဖဲလ်မင်းက ထောက်ခံပြောကြားသည်။

(အင်တာနက်) ဘာသာပြန် - ထန်ဆွင်း

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)