ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, August 14, 2012

>
-ယခုလအတွင်း နိုင်ငံတကာထူးခြားသတင်းများ-
** အရှေ့ဖျားဒေသ၌ တရုတ် သြဇာကြီးမားလာသည့်အရေး ရုရှားနိုင်ငံဝန်ကြီးချုပ် ဒီမီထရီမက်ဗီဒက်ဗ်သတိပေး**

 (မော်စကို သြဂုတ် ၁၁) သဘာဝသယံဇာတကြွယ်ဝသော ရုရှားအရှေ့ဖျားဒေသ၌ တရုတ်နိုင်ငံ၏ သြဇာလွှမ်းမိုးမှုမြင့်တက်လာမည့် အရေးနှင့် ပတ်သက်၍ ရုရှားနိုင်ငံဝန်ကြီးချုပ် ဒီမီထရီမက်ဗီဒက်ဗ်က သြဂုတ် ၉ ရက်တွင် သတိပေးခဲ့ကြောင်း သိရသည်။ ရုရှားအရှေ့ဖျားဒေသ၌ တရုတ်နိုင်ငံ၏ သြဇာလွန်ကဲ လွှမ်းမိုးလာမှုကို နယ်စပ်အနားသတ်ပြည်နယ်များဖြင့် ကာကွယ် နိုင်ရေးသည် လွန်စွာအရေးပါကြောင်း ရုရှားဝန်ကြီးချုပ်က ပြောကြားခဲ့သည်။ရုရှားနှင့်တရုတ်နိုင်ငံတို့သည် နှစ်နိုင်ငံအကြား ခိုင်မာသော သံတမန်ဆက်ဆံရေးနှင့် ကုန်သွယ်မှုဆက်ဆံရေးတို့ကို တည်ဆောက်ထားနိုင်သည့်အပြင် ဆီးရီးယားပြဿနာကဲ့သို့ သော နိုင်ငံတကာအရေးအရာများ၌လည်း သဘောထားများ တူမျှခဲ့ကြသည်။သို့ရာတွင် လူနေကျဲပါး၍ ဝေးလံခေါင်သီသော ရုရှား အရှေ့ဖျားဒေသနှင့် ဆိုက်ဗေးရီးယားဒေသများ၌ တရုတ် ရွှေ့ပြောင်းနေထိုင်သူများ တရိပ်ရိပ်များပြားလာခြင်းကြောင့် ရုရှားနိုင်ငံ၏ အာဏာစိုးမိုးမှုအတွက် ခြိမ်းခြောက်မှု တစ်ရပ် ဖြစ်လာမည့်အရေးကို ရုရှားအစိုးရက သတိဖြင့်စောင့်ကြည့်လျက် ရှိသည်။ရံဖန်ရံခါ လမ်းအမှတ်အသား နာမည်များကိုပင် ရုရှား ဘာသာနှင့် တရုတ်ဘာသာနှစ်မျိုးသုံး၍ ဖော်ပြရသည်အထိ အရှေ့ဖျားဒေသ၌ တရုတ်ရွှေ့ပြောင်းနေထိုင်သူ များပြား လာခြင်းသည် ရုရှားနှင့်တရုတ်နိုင်ငံအကြား တင်းမာမှု၏ အဓိကအကြောင်းတရား တစ်ရပ်ဖြစ်လာသည်။ သဘာဝသယံဇာတကြွယ်ဝသော ရုရှားနိုင်ငံသည် နယ်မြေ အကျယ်အဝန်းအရ ကမ္ဘာ့အကြီးဆုံးနိုင်ငံဖြစ်သော်လည်း ယင်းနိုင်ငံ၏လူဦးရေမှာ ၁၄၃ သန်းမျှသာ ရှိသည်။ သို့ရာတွင် ရုရှားနိုင်ငံ၏ တောင်ဘက်တွင်တည်ရှိပြီး သဘာဝသယံဇာတများ လိုအပ်နေသည့် တရုတ်နိုင်ငံ၏လူဦး ရေမှာ ၁ ဒသမ ၃ ဘီလီယံအထိရှိသည်။ (ရိုက်တာ)

 ** အာနက်စတို အပူပိုင်းမုန်တိုင်းကြောင့်မက္ကဆီကိုတွင် လူသေဆုံးမှုများဖြစ်ပေါ်**
 ( ဇာလာပါ(မက္ကဆီကို) သြဂုတ် ၁၁) မက္ကဆီကိုနိုင်ငံတွင် အပူပိုင်းမုန်တိုင်းအာနက်စတိုကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်း၊ ရေလွှမ်းမိုးခြင်းများ ဖြစ်ပေါ်နေ သဖြင့် လူကိုးဦးထက်မနည်းသေဆုံးကြောင်း တာဝန်ရှိပုဂ္ဂိုလ်များ က သြဂုတ် ၁ဝရက်တွင် ပြောကြားသည်။တာဘက်စ်ကိုပြည်နယ်တွင် အသက်(၁၉)နှစ်အရွယ် ငါးဖမ်းသမားတစ်ဦး ဆန်တလာမြို့၏ကမ်းခြေတွင် ရေနစ်သေဆုံး ပြီးနောက် ဆန်မာရီယာမြစ်အတွင်း နောက်ထပ် ရုပ်အလောင်း တစ်လောင်းတွေ့ကြရကြောင်း သက်ဆိုင်ရာက ပြောကြားသည်။ ယင်းပြည်နယ်အနီးရှိ ဗီရာခရုဇ်ပြည်နယ်တွင် သြဂုတ် ၉ရက်က မြေပြိုမှုကြောင့် လူငါးဦးသေဆုံးကာ တစ်ဦးပျောက်ဆုံးလျက် ရှိသည်။ရီယိုဘလန်ကို စည်ပင်သာယာနယ်နိမိတ်တွင် လေပြင်း များတိုက်ခတ်၍ မိုးသည်းထန်စွာရွာသွန်းပြီးနောက် သစ်ပင် ပြိုလဲရာမှ လူသုံးဦးပိ၍သေဆုံးကြောင်း ဗီရာခရုဇ်ပြည်နယ် အုပ်ချုပ်ရေးမှူးက သတင်းထောက်များအား ပြောကြားသည်။ အမျိုးသမီးတစ်ဦး အဝေးပြေးလမ်းတစ်နေရာတွင် ကားနှင့် အတူ မြစ်အတွင်း မျောပါသွားပြီးသေဆုံးခဲ့ကြောင်း၊ အသက် (၆၂)နှစ် အရွယ် အမျိုးသားတစ်ဦးလည်း မိုးကြိုးပစ်ခံရ၍ သေဆုံး ကြောင်း သတင်းထုတ်ပြန်သည်။ (အင်တာနက်)  

** အမေရိကန်နှင့် ပင်လယ်ကွေ့နိုင်ငံများပင်လယ်ကွေ့ဒုံးကျည်ကာကွယ်ရေးစနစ် တည်ဆောက်ရန်ကြိုးပမ်းလျက်ရှိ** 
(ဝါရှင်တန် သြဂုတ် ၁၁) အမေရိကန်ပြည်ထောင်စုနှင့် ပါရှန်ပင်လယ်ကွေ့ မဟာမိတ်နိုင်ငံများသည် အီရန်၏ တိုက်ခိုက်မှုကိုကာကွယ် နိုင်ရေးအတွက် ဒေသတွင်းဒုံးကျည်ကာကွယ်ရေးစနစ်တစ်ရပ် တည်ဆောက်ရန် ကြိုးပမ်းလျက်ရှိကြောင်း သြဂုတ် ၉ ရက် သတင်းများတွင် ဖော်ပြထားသည်။ဒေသတွင်း ဒုံးကျည်ကာကွယ်ရေးစနစ်တည်ဆောက် နိုင်ခြင်းကြောင့် ပါရှန်ပင်လယ်ကွေ့ မဟာမိတ်နိုင်ငံများ၏ မြို့တော်များ၊ ရေနံချက်စက်ရုံများ၊ ရေနံပိုက်လိုင်းများနှင့် စစ်အခြေစိုက်စခန်းများကို အီရန်၏တိုက်ခိုက်မှုမှ ကာကွယ် နိုင်မည်ဖြစ်ကြောင်း အမေရိကန်တာဝန်ရှိသူများ၏ အဆိုအား ကိုးကာ၍ နယူးယောက်တိုင်းမ်သတင်းစာကဖော်ပြသည်။ ပင်လယ်ကွေ့ဒေသ ဒုံးကျည်ကာကွယ်ရေးစနစ်၏ ရည်ရွယ်ချက်သည် ဥရောပတိုက်၌ တည်ဆောက်နေသော ဒုံးကျည်ကာကွယ်ရေးစနစ် ရည်ရွယ်ချက်များနှင့် အလားတူပြီး အီရန်၏ စစ်ရေးလှုပ်ရှားမှုများကို ဟန့်တားရန်နှင့် ပင်လယ်ကွေ့ နိုင်ငံများနှင့် အမေရိကန်တပ်ဖွဲ့များအား ပစ်ခတ်တိုက်ခိုက်လာ သည့် ဒုံးကျည်များကို ကြားဖြတ်တားဆီးရန် ဖြစ်သည်။ ယင်းစီမံကိန်း အကောင်အထည်ပေါ်လာရေးအတွက် ပင်လယ်ကွေ့နိုင်ငံများအကြား သဘောထားကွဲလွဲမှုများကို ဖြေဖျောက်ရန်နှင့် သတင်းအချက်အလက်များ ဝေမျှသုံးစွဲသွား ရန်လိုကြောင်း၊ ယင်းအပြင် ဒေသတစ်ခုလုံးကို လွှမ်းခြုံ အကာအကွယ်ပေးနိုင်ရန် တစ်သီးတခြားစီ အသုံးပြုနေသော ဒုံးကျည်ကြားဖြတ်ဟန့်တား ရေးစနစ်များအား ပေါင်းစပ်ရန် လိုအပ်ကြောင်း လေ့လာသူ များက သုံးသပ်ထားသည်။ ပင်လယ်ကွေ့ဒေသ ဒုံးကျည်ကာကွယ်ရေးစနစ်တည် ဆောက်ရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် က လွန်ခဲ့သော သုံးနှစ်ခန့်ကပင် တိုက်တွန်းဆော်သြခဲ့သည်။ ( ယူပီအိုင်)

 ** ဘယ်လ်ဂျီယံနိုင်ငံအရွယ်နီးပါးရှိ မီးတောင်ချော်မြှုပ် ကျောက်စကျောက်နအစုအဝေး နယူးဇီလန်နိုင်ငံ ကမ်းရိုးတန်းကမ်းလွန်ရေပြင်အတွင်း မျောပါလျက်ရှိ**
(ဝယ်လင်တန် သြဂုတ် ၁၁) အုတ်ကလန်းကျွန်း အရှေ့အမြောက်ဘက်မှ ကီလိုမီတာ ၁ဝဝဝ ခန့်ကွာဝေးသော ကမ်းလွန်ရေပြင်အတွင်း ပေါလော မျောပါနေသည့် ဂေါက်သီးအရွယ်အစားရှိ မီးတောင်ချော် မြှုပ်ကျောက်အစုအဝေးကို နယူးဇီလန်လေတပ် လေယာဉ် တစ်စင်းက ယခုသီတင်းပတ်အတွင်း ထောက်လှမ်းတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ရေမျော မီးတောင်ချော်မြှုပ်ကျောက်စကျောက်န အစု အဝေးသည် အကျယ်အဝန်းအားဖြင့် ဧရိယာစတုရန်းမိုင်ပေါင်း ၁ဝဝဝဝ မျှရှိပြီး ဘယ်လ်ဂျီယံနိုင်ငံ၏ အကျယ်အဝန်းတမျှ ရှိသည်။အဆိုပါ မီးတောင် ချော်မြှုပ်ကျောက်စကျောက်နများ သည် ရေအောက်မီးတောင်တစ်လုံးပေါက်ကွဲရာမှ ထွက်ပေါ်လာ ခြင်းဖြစ်ကြောင်း သိပ္ပံပညာရှင်များက ထင်ကြေးပေးထားသည်။ ယင်းရေအောက်မီးတောင်ပေါက်ကွဲမှုနှင့် ယခုသီတင်းပတ် အတွင်း မောင့်တွန်ဂါရီရို အမည်ရှိ မြေပေါ်မီးတောင်တစ်လုံး ပြာမှုန်များ မှုတ်ထုတ်ပေါက်ကွဲမှုတို့အကြား ဆက်စပ်မှုမရှိ ကြောင်း နယူးဇီလန်သိပ္ပံပညာရှင်များက ယုံကြည်ထားသည်။ မီးတောင်ချော်မြှုပ်ကျောက်များသည် ချော်ရည်နှင့် ရေတို့ ပေါင်းစပ်ဖွဲ့စည်းထားခြင်းဖြစ်ပြီး အလေးချိန်အားဖြင့် လွန်စွာ ပေါ့ပါးခြင်းကြောင့် သွားလာခုတ်မောင်းနေသော သင်္ဘောများ အတွက် ဘေးအန္တရာယ်မရှိပေ။ မီးတောင် ရေမြှုပ်ကျောက်များကို ကွန်ကရစ်ဖျော်ရာတွင် ထည့်သွင်းသည့် အစာပလာပစ္စည်းမှသည် ဂျင်းအဝတ်အထည် များလျှော်ဖွပ်ခြင်းအထိ အမျိုးမျိုးအသုံးချနိုင်သည်။ (အေပီ)

စုစည်းဘသာပြန် - အေ၀မ်းစိုး

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)