-လူထုကျန်းမာရေး(လိင်မှတဆင့်ကူးစက်တတ်သော ရောဂါများအကြောင်း)-

**Public Health** လိင်မှတဆင့်ကူးစက်တတ်သော ရောဂါများကို Sexually transmitted disease သို့မဟုတ် venereal diseases (VD) လို့လည်းခေါ်ပါတယ် ။ STD ဆိုတာဟာ လူသားတွေကြားထဲမှာ လိင်နှင့်ဆိုင်သော အပြုအမှုများ ( ဥပမာ လိင်ဆက်ဆံခြင်း ၊ oral sex ၊ anal sex ) စသည်တို့မှ ကူးစက်တတ်သော ရောဂါများကို ဆိုလိုပါတယ် ။ ဟိုးအရင်တုန်းကတော့ အဲဒီလိုရောဂါတွေကို Sexually transmitted disease (STD ) သို့မဟုတ် Venereal diseases (VD ) လို့ခေါ်ကြပေမယ့် အခု နှစ်ပိုင်းအနည်းငယ်မှာတော့ Sexually transmitted infections (STI) လို့ပြောင်းခေါ်လာခဲ့ကြပါတယ် ။ ဆိုလိုတာက လူတစ်ယောက်ဟ ဘာရောဂါ တစ်ခုမှ အခံမရှိပဲနဲ့ လိင်မှုဆိုင်ရာနည်းလမ်းတွေမှ တဆင့် ရောဂါကူးစက်ခံရနိုင်တယ်လို့ ဆိုလိုပါတယ် ။ အ ချို့သော STI တွေကတော့ ရောဂါရှိသူအသုံးပြုထားတဲ့ အကြောဆေးသွင်းအပ်တွေမှတဆင့် ကူးစက်နိုင်သလို ကလေးမီးဖွားခြင်း ၊ နို့တိုက်ကျွေးခြင်းတွေကနေလည်းကူးစက်နိုင်ပါသေးတယ် ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ရာနဲ့ချီပြီးကတည်းက လိင်မှတဆင့်ကူးစက်တတ်သော ရောဂါတွေဟာ ပေါ်ပေါက်နေပြီဖြစ်ပါတယ် ။ အမျိုးအစားများ ၁၉၉၀ ခုနှစ်အထိတော့ STD ကို Venereal disease အဖြစ် လူသိများခဲ့ကြပါတယ် ။ Veneris ဆိုတာ လက်တင်ဘာသာနဲ့ Venus ရဲ့နာမည်ဖြစ်ပြီး venus ဆိုတာဟာ ချစ်ခြင်းမေတ္တာရဲ့ နတ်ဘုရား ကိုဆိုလိုပါတယ် ။ ရောဂါတစ်ခုဖြစ်ပြီဆိုရင် ၀င်ရောက်နေတဲ့ရောဂါပိုးက ခန္ဓာကိုယ်ရဲ့လုပ်ငန်းဆောင်တာတွေကို မူမမှန်စေခြင်း ပျက်ဆီးစေခြင်းကို ဖြစ်စေပါတယ် ။ အချို့သောရောဂါတွေမှာတော့ ဘာရောဂါ လက္ခဏာမှ မပြပဲနဲ့လည်း ရှိနိုင်ပါတယ် ။ HPV လို့ခေါ်တဲ့ ရေယုံကိုဖြစ်စေတဲ့ရောဂါပိုးမျိုးကတော့ လိင်မှုဆိုင်ရာ ဆက်ဆံမှုများတဲ့ လူတွေမှာ ရောဂါကူးစက်စေပြီး ရောဂါဖြစ်စေမှုကတော့ လူအနည်းငယ်ကိုသာ ဖြစ်စေနိုင်တယ်ဆိုတာကိုလည်းသိထားရပါမယ် ။ STD ဆိုတာဟာ ရောဂါဖြစ်စေနိုင်တဲ့ ရောဂါပိုးတွေကိုပဲ ရည်ညွှန်းတာဖြစ်ပြီး အချိန်အများစုမှာဆိုရင် လူတွေဟာ သူတို့ကိုယ်သူတို့ STD ကူးစက်ခံနေရမှန်းမသိကြတာများပါတယ် ။ အထူးသဖြင့် ရောဂါရဲ့လက္ခဏာတွေစပေါ်လာတဲ့အချိန် သို့မဟုတ် စစ်ဆေးမှုတွေပြုလုပ်တဲ့အ ချိန်မှ သာ ကိုယ့်မှာ ရောဂါပိုးရှိနေမှန်းသိကြတာများပါတယ် ။ ဥပမာ တစ်ခုကိုကြည့်မယ်ဆိုရင် Meningitis လို့ခေါ်တဲ့ ဦးနှောက်အမြှေးရောင်ရောဂါဟာ လိင်မှတဆင့် ကူးစက်နိုင်ပေမယ့် သူ့ကို STI အဖြစ် ခေါင်းစဉ်မတပ်ကြပါဘူး ။ ဘာကြောင့်လည်းဆိုတော့ sexual contact ဟာ meningitis ကိုဖြစ်စေတဲ့ pathogens ရဲ့ မူလဇစ်မြစ် Primary vector မဟုတ်လို့ပါပဲ ။ STI ဟာ တခြားကူးစက်နည်းတွေ ဖြစ်တဲ့ ( သွေးသွင်းခြင်းမှ တဆင့် အပ်များမျှဝေသုံးစွဲခြင်း ) စတာတွေကနေ ကူးစက်တာ နည်းပြီး လိင်မှ တဆင့်သာ အဓိကကူးစက်တတ်တယ်ဆိုတာကိုတော့ နားလည်ထားရပါမယ် ။ ဒါကြောင့် လူတစ်ယောက်ဟာ STI တွေဖြစ်တဲ့ Chlamydia , gonorrhea ( ဆီးပူညောင်းကျ ) , genital herpes ( လိင်အဂါင်္ ရေယုံများ ) ကူးစက်ခံနေရပြီဆိုရင် ဒါဟာ လိင်မှ တဆင့်ကူးစက်တာဖြစ်တယ်လို့ ကောက်ချက်ချနိုင်ပါတယ် ။ တကယ်တော့ sexual contact အတွင်းမှာ အထက်မှာ ပြောထားတဲ့ ရောဂါတွေသာ မကပဲ အအေးမိဖျားနာ ၊ တုပ်ကွေး ၊ အဆုတ်ရောင် ရောဂါတွေလည်းး လူတစ်ဦးကနေတစ်ဦး ကူးစက်နိုင်ပါသေးတယ် ။ ဒီလို မျိုး ရောဂါတွေကိုတော့ sexual contact ရှိပေမယ့်လည်း STD အဖြစ် ထည့်သွင်းစဉ်းစားလေ့မရှိပါဘူး ။ ဖြစ်စေသောအကြောင်းအရာများ Bacterial ရောဂါပိုးများ - Chancroid (Haemophilus ducreyi) - Chlamydia (Chlamydia trachomatis) - Granuloma inguinale or (Klebsiella granulomatis) - Gonorrhea (Neisseria gonorrhoeae) Syphilis (Treponema pallidum) Fungal (မှိုပိုးများ ) - Candidiasis (yeast infection)

Viral ( ဗိုင်းရပ်ပိုးများ ) - Viral Hepatitis B Virus ( တံတွေး ၊ လိင်အဂါင်္မှ အရည်များမှတဆင့် ) (မှတ်ချက် - အသည်းရောင်အသားဝါ အေနဲ့ အီးတို့ဟာ fecal-oral route မှသာ ကူးစက်နိုင်ပါတယ် ။ စီပိုးကတော့ လိင်မှတဆင့်ကူးစက်တာ ရှားပါတယ် ) - Herpes simplex virus 1 & 2 ( အရေပြား အာခံတွင်း ရေယုံ အဖုတွေ ရှိရှိမရှိရှိ ကူးစက်နိုင်ပါတယ် ) - HIV ( လိင်အဂါင်္မှ အရည်များ ၊ သုတ်ရည် ၊ နို့ရည် ၊ သွေး မှ တဆင့် ) - HPV ( ကြွက်နို့ ဖြစ်စေသော ပိုး ၊ အရည်ပြား အာခံတွင်းတို့မှ တဆင့် ) (မှတ်ချက် - အန္တရာယ်များတဲ့ High risk အုပ်စု HPV ပိုးတွေဟာ သားအိမ်ခေါင်းကင်ဆာကိုဖြစ်စေနိုင်ပြီး တခြား စအို ၊ လိင်တံ နဲ့ မိန်းမကိုယ် ကင်ဆာတွေကိုလည်းဖြစ်စေနိုင်ပါတယ် ။ တခြား သော HPV ပိုးတွေဟာ လိင်အဂါင်္ကြွက်နို့တွေဖြစ်စေနိုင်ပါတယ် ) - Molluscum contagiosum Parasites (ကပ်ပါးပိုးများ ) - Crab louse, (Pthirus pubis) - Scabies (Sarcoptes scabiei) ၀ဲနာများ Protozoal (ပရိုတို ဇိုးဝါးများ) - Trichomoniasis (Trichomonas vaginalis) STD အကြောင်းသိကောင်းစရာ STD အများစုဟာ လိင်တံ ၊ မိန်းမကိုယ် ၊ အစာဟောင်းအိမ် ၊ ဆီးလမ်းကြောင်း ၊ ပါးစပ် ၊ လည်မျို ၊ အသက်ရှူလမ်းကြောင်း နဲ့ မျက်လုံး တို့မှာရှိတဲ့ mucous အမြှေးပါးကနေတဆင့် ကူးစက်တတ်ပါတယ် ။ လိင်တံထိပ်ကို ဖုံးအုပ်ထားတဲ့ မြင်နေရတဲ့အရေပြားဟာ mucous membrane ဖြစ်ပါတယ် ။ အဲဒီကနေတဆင့် mucus အချွဲတွေ ထုတ်ပါတယ် ( ပါးစပ်မှာ ရှိတဲ့ နှုတ်ခမ်းနဲ့တူပါတယ် ) ။ Mucous အမြှေးပါးနဲ့ အရေပြားနဲ့ မတူတဲ့အချက်ကတော့ Mucous အမြှေားပါးဟာ အချို့သော ရောဂါပိုးတွေကို ခန္ဓာကိုယ်မထဲမှာ ထားရှိထားနိုင်ပါတယ် ။ ရောဂါပိုးတွေဟာလည်း အရေပြားပွန်းပဲ့ရာ လေးတစ်ခု ကနေတောင် တစ်မိနစ်အတွင်း ၀င်ရောက်ကူးစက်သွားနိုင်ပါတယ် ။ ဒါ့အပြင် ရောဂါပိုးတွေဟာ မစင် ၊ ဆီးနဲ့ ချွေးတို့ကနေတဆင့်လည်း ကူးစက်နိုင်ပါတယ် ။ ဘယ်လောက်အထိ ထိတွေ့သလဲဆိုတဲ့ ပမာဏဟာ ရောဂါ ပိုးဝင်ရောက်စေမှု အတိုင်းအတာကို ကွဲပြားစေတယ်ဆိုတာ မှန်ပေမယ့်လည်း ရောဂါအားလုံးမှာတော့ ရောဂါရှိနေတဲ့ အရည် ကနေ Mucous membrane ကိုအနည်းငယ်လေး ထိတွေ့ယုံနဲ့တင် ရောဂါ ဖြစ်စေနိုင်ပါတယ် ။ Mucous Membrane ဟာ နှုတ်ခမ်းမှာရော လိင်အဂါင်္မှာရော ပါရှိပေမယ့်လည်း STI အများစုဟာ သာမန် နှုတ်ခမ်းချင်း နမ်းတာထက်စာရင် Oral sex နေက ကူးစက်ဖို့ ပိုလွယ်ကူပါတယ် ။ Safe sex chart အရ ရောဂါပိုးအများစုဟာ ပါးစပ်မှ လိင်အဂါင်္ ၊ လိင်အင်္ဂါမှ ပါးစပ် အစရှိသဖြင့် ပိုမိုလွယ်ကူစွာ ကူးစက်နိုင်ကြောင်းတွေ့ရပါတယ် ။ တံတွေးမှာထက်စရာ မျိုးပွားအဂါင်္မှ ထွက်ရှိသော အရည်တွေမှာ ရောဂါပိုးတွေပိုပါဝင်ပါတယ် ။ Herpes simplex နဲ့ HPV ပိုးတွေကတော့ အရေပြားကနေ တိုက်ရိုက် ထိတွေ့ခြင်းမှ ကူးစက်နိုင်ပါတယ် ။ KSHV ဆိုတဲ့ပိုးကတော့ တံတွေးကနေတဆင့် ( နမ်းခြင်း ၊ တံတွေးအား ချောဆီအဖြစ်အသုံးပြုခြင်း ) ကူးစက်နိုင်ပါတယ် ။ STD အမျိုးအစားပေါ် မူတည်ပြီးတော့ လူတစ်ယောက်ဟာ ဘယ်လို ရောဂါလက္ခဏာမျိုးမှ မပြပဲနဲ့လည်း ရောဂါတွေကို ပျံ့နှံ့ကူးစက်စေနိုင်စွမ်းရှိပါတယ် ။ ဥပမာ အနေနဲ့ပြောရရင် Herpes ရေယုံပိုးဟာ ရေယုံအဖု တွေရှိနေတဲ့လူဟာ မရှိတဲ့လူထက်စာရင်ပိုမို ရောဂါပိုးပျံ့ပွားစေနိုင်ပြီး HIV ကတော့ အချိန်တိုင်းမှာ ရောဂါပြန့်ပွားကူးစက်စေနိုင်ပါတယ် ။ ဆိုလိုတာက လူတစ်ယောက်ဟာ HIV ရှိနေတယ်ဆိုရင် AIDS ရဲ့ ရောဂါလက္ခဏာတွေ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ HIV ကိုကူးစက်စေနိုင်ပါတယ် ။ STD ထဲမှာ အပါအ၀င်ဖြစ်တဲ့ ဒီ HIV ပိုးဟာလည်း အမေကနေ ကလေးကို ကိုယ်ဝန်ဆောင်ချိန်မှာဖြစ်စေ နို့တိုက်ကျွေးချိန်မှာ ဖြစ်စေ ကူးစက်သွားနိုင်ပါသေးတယ် ။ လိင်ဆက်ဆံဖက် များလာလေလေ ရောဂါ ပိုးကူးစက်နိုင်ခြေကလည်းများလာလေလေဆိုတာကိုလည်း သိထားရပါမယ် ။ STD ရှိတိုင်းအားလုံးဟာ လိင်ဆက်ဆံခြင်းမှ တဆင့်ကူးစက်တယ်လို့ တရားသေတော့ပြောလို့မရပါဘူး ။ ဥပမာ ဆေးမှင်ကြောင်ထိုးခြင်း ၊ ကလေးမွေးခြင်း ၊ အပ်စူးမိခြင်း ၊ အပ်များ မျှဝေသုံးစွခြင်း နဲ့ သွေးသွင်းခြင်း စတာတွေကနေတဆင့် ကူးစက်တာတွေ လည်းရှိတတ်ပါတယ် ။ အထူးသဖြင့် Medical workers တွေနဲ့ သွေးအမြဲသွင်းနေရတဲ့လူနာတွေ ဟာ အဖြစ်များလေ့ရှိကြပါတယ် ။ Sexual activity ပြုလုပ်နေစဉ်အတွင်း STD ကို လျော့ချနိုင်ဖို့အတွက် အကောင်းဆုံး Safe sex အတွက် ဆေးပညာ ကျွမ်းကျင်သူတွေ အကြံပေးထားတာကတော့ ကွန်ဒုံးသုံးကြဖို့ပဲ ဖြစ်ပါတယ် ။ ဒါပေမယ့်လည်း အလုံးစုံကြီး အန္တရာယ်ကင်းပါတယ်လို့ အာမခံတာမျိုးတော့မဟုတ်ပါဘူး ။ STD ဟာ ဘာလက္ခဏာမှ မပြပဲ ပိုးသယ်ဆောင်သူအဖြစ် နေနိုင်တာမျိုးလည်းရှိနိုင်ပါတယ် ။ တခါတရံမှာ STD ရှိတဲ့အမျိုးသမီးတစ်ယောက်ဟာ တင်ပဆုံရိုးအတွင်း ရောင်ရမ်းနာကျင်ရောဂါ ( Pelvic Inflammatory disease ) ကိုလည်း ခံစားရနိုင်ပါတယ် ။
**သက်တန့်ချို**
Ref : en.wikipedia.org/wiki/Sexually_transmitted_disease --
Posted By Blogger လူဗိုလ်

No comments:
Post a Comment