** စပိန်အသင်းသည် ကမ္ဘာ့အကောင်းဆုံးဘောလုံးအသင်းဖြစ်**
( မက်ဒရစ် အောက်တိုဘာ ၁၆) စပိန်ဘောလုံးအသင်းသည် လက်ရှိကမ္ဘာပေါ်တွင် အကောင်းဆုံးဘောလုံးအသင်းအဖြစ် ရပ်တည်နေဆဲဖြစ်ကြောင်း၊ မည်သည့်ပြိုင်ပွဲမဆို အနိုင်ရအောင် ကစားနိုင်စွမ်းရှိကြောင်း စပိန်တိုက်စစ်မှူး ပက်ဒရိုက ပြောကြားလိုက်သည်။ စပိန်အသင်းသည် လက်ရှိကမ္ဘာ့ချန်ပီယံဖြစ်သလို ဥရောပချန်ပီယံလည်း ဖြစ်သည်။ ဘရာဇီးနိုင်ငံ၌ ကျင်းပမည့် ၂ဝ၁၄ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲသို့ စပိန်အသင်း ခြေစစ်ပွဲအောင်ပြီး တက်ရောက်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း တိုက်စစ်မှူးပက်ဒရိုက ဆက်လက်ပြောကြားသည်။စပိန်အသင်းသည် ယူရို ၂ဝ၁၂ဘောလုံးပြိုင်ပွဲ ရှုံးထွက်အဆင့်တွင် ပြင်သစ်ဘောလုံးအသင်းကို နှစ်ဂိုးပြတ်ဖြင့် နိုင်ခဲ့သည့် အသင်းဖြစ်သည်။ ပြင်သစ်အသင်းကိုအနိုင်ကစားသွားမည်ဖြစ်ကြောင်း ပက်ဒရိုက ပြောကြားသည်။ မိမိတို့ စပိန်ဘောလုံးအသင်းသည် မကြာသေးသည့် နှစ်က ဘောလုံးသမားစုစည်းမှု အားကောင်းခြင်းကြောင့်ပြိုင်ပွဲတိုင်းနီးပါးအနိုင်ရအောင် ကစားနိုင်ခဲ့ကြောင်း ဘာစီလိုနာကစားသမား ဇာဗီက ပြောကြားသည်။ စပိန်အသင်းသည် ၂ဝ၁ဝ ကမ္ဘာ့ဖလားတွင် ဗိုလ်စွဲခဲ့ပြီးနောက် ကမ္ဘာ့နံပါတ်တစ်ဘောလုံးအသင်းအဖြစ် ဆက်တိုက်ရပ်တည်လာနိုင်ခဲ့သည်။ ယူရို ၂ဝ၁၂ တွင်လည်း စပိန်တို့ချန်ပီယံဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးနိုင်ခဲ့သည်။ စပိန်အသင်းသည် လက်ရှိဘောလုံးသမားများ၏ ခြေစွမ်းအရ ကမ္ဘာ့နံပါတ်တစ်ဘောလုံးအသင်းအဖြစ် ဆက်လက်ရပ်တည်နေဦးမည်ဖြစ်ကြောင်း ဇာဗီက ပြောကြား သည်။ စပိန်အသင်းတွင် အဓိကကစားသမားများအဖြစ် ဇာဗီ၊ ဖာဘရီဂတ်စ်၊ တောရက်စ်၊ ဒေးဗစ်ဗီလာ၊ ပူယိုးလ်အစရှိသော ကစားသမားများ ပါဝင်လျက်ရှိသည်။ ဘာစီလိုနာအသင်းတွင် ကစားနေသောဘောလုံးသမားအများစုမှာ စပိန်ကစားသမားများဖြစ်ကြသည်။ (ဆင်ဟွာ)
** ဘရာဇီးအသင်းမှ ဂိုးသမားဟောင်းစီ နီအသက် ၄ဝ ကျော်အထိ ဆက်လက်ကစားမည်**
(ရီယိုဒီဂျနေးရိုး အောက်တိုဘာ ၁၆)
ဘရာဇီးလက်ရွေးစင်ဘောလုံးအသင်းမှ ဂိုးသမားဟောင်း ရိုဂီရီယိုစီနီက မိမိသည်အသက် ၄ဝ အတွင်း ရောက်ရှိနေပြီဖြစ်သော်လည်း ဘောလုံးကို ဆက်လက်ကစားသွားမည်ဖြစ်ကြောင်း အောက်တိုဘာ ၁၆ ရက်က ထုတ်ဖော်ပြောကြားလိုက်သည်။ အသက် ၃၉ နှစ်ကျော်လာပြီဖြစ်သည့် စီနီသည် လက်ရှိ၌ ဘရာဇီးကလပ် ကိုပါလီဘာတာ ဒိုရက်စ်အသင်း၌ ပါဝင်ကစားလျက်ရှိသည်။ စီနီသည် ယင်းဘောလုံးအသင်းနှင့်စာချုပ် ချုပ်ဆိုထားသည်မှာလာမည့် ဒီဇင်ဘာလ၌ ပြီးဆုံးမည်ဖြစ်သည်။ စီနီက မိမိသည် လာမည့် ၂ဝ၁၃ခုနှစ်တွင်လည်း စာချုပ်သစ်ချုပ်ဆိုကာ ကိုပါလီဘာတာဒိုရက်စ်အသင်းတွင် ဆက်လက်ကစားသွားမည်ဖြစ်ကြောင်း၊ မိမိ၌ဂိုးသမားကောင်းတစ်ဦး၏ စွမ်းရည်အပြည့်ရှိနေသေးကြောင်း ၄င်းက ထုတ် ဖော်ပြောကြားသည်။ စီနီ၏ အသက်သည် လာမည့် ဇန်နဝါရီလ၌ အသက် ၄ဝ ပြည့်မည်ဖြစ်သည်။ စီနီအနေဖြင့်လာမည့် နိုဝင်ဘာလအတွင်း မိမိ၏ဘော လုံးသမားအနာဂတ်ကို အတိ အကျဆုံးဖြတ် သွားမည်ဖြစ်ကြောင်း ပြောကြား သည်။ စီနီသည် ဘရာဇီးလက်ရွေးစင်ဘောလုံးအသင်းနှင့်အတူ ၁၉၉၇ ခုနှစ်မှ ၂ဝဝ၆ ခုနှစ်အထိ ဘောလုံးပွဲပေါင်း ၁၇ပွဲကစားပေးခဲ့ သည်။ ထူးခြားသည်မှာ စီနီ သည် ဂိုးသမားဖြစ်သော်လည်း အလွတ်တည်ကန်ဘောနှင့် ပယ်နယ်တီများ ကန်သွင်းရာတွင် ဂိုးရရှိအောင်သွင်းယူနိုင်သည့် ဂိုးသမားတစ်ဦးလည်းဖြစ်သည်။ (ဆင်ဟွာ)
** သြစတြီးယားအိုးပင်းတင်းနစ်ပြိုင်ပွဲမာတိုစီဗစ် အနိုင်ရပြီးနောက်တစ်ဆင့်တက်**
(ဗီယင်နာ အောက်တိုဘာ ၁၆)
သြစတြီးယားအိုးပင်းတင်းနစ်ပြိုင်ပွဲကို သြစတြီးယားနိုင်ငံ ဗီယင်နာမြို့တွင် အောက်တိုဘာ ၁၆ ရက်ကကျင်းပရာ အမျိုးသားတစ်ဦးချင်း ပထမအဆင့်ပြိုင်ပွဲတွင် မာတိုစီဗစ်က ရော်ဘင်ဟာစီအားအနိုင်ရပြီး နောက်တစ်ဆင့်တက်ရောက်သွားပြီဖြစ်သည်။ သြစတြီးယားတင်းနစ်သမား မာတိုစီဗစ်သည် ဟော်လန်တင်းနစ်သမား ဟာစီအား ၁-၆၊ ၆-၃၊ ၆-၂ဖြင့် အနိုင်ယူခဲ့ခြင်းဖြစ်သည်။ မာတိုစီဗစ်သည် ပထမပွဲချိန်၌ အမှားအယွင်းအချို့ရှိခဲ့သော်လည်း နောက်ပွဲစဉ်များတွင် မှန်ကန်တိကျသော ရိုက်ချက်များဖြင့် အနိုင်ရရှိခဲ့သည်။ နောက်ထပ်ပွဲစဉ်တစ်ပွဲအဖြစ် လူ ဇင်ဘတ် တင်းနစ်သမားမူလာနှင့် ဘယ် လ်ဂျီယံတင်းနစ်သမား ဒါဆစ်တို့ပွဲတွင် မူလာကအနိုင်ရပြီး နောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့သည်။ မူလာသည် ယခုပွဲ၌ ဒါဆစ်အား ၆-၇(၃)၊ ၆-၄၊ ၆-၃ဖြင့် အနိုင်ကစားခဲ့ခြင်းဖြစ်သည်။ (ရိုက်တာ)
** ကမ္ဘာကျော်ဘောလုံးသမား စီရိုနယ်ဒိုပေါ်တူဂီ အသင်းအတွက် ပွဲ ၁ဝဝပြည့်ကစား**
(လစ္စဘွန်း အောက်တိုဘာ ၁၆)
ကမ္ဘာကျော်ဘောလုံးသမား စီရိုနယ်ဒိုသည် ပေါ်တူဂီအသင်းအတွက် ပွဲပေါင်း ၉၉ပွဲကစားပေးနိုင်ခဲ့ပြီဖြစ်ရာ မကြာမီ ပွဲ ၁ဝဝ မြောက်အဖြစ် ကစားပေးနိုင် တော့မည်ဖြစ်ကြောင်း ၄င်းကပြောကြားသည်။ အသက် ၂၇ နှစ်ရှိ တိုက်စစ်မှူး စီရိုနယ်ဒိုသည် စပိန်ထိပ်တန်းကလပ် ရီးရဲမက်ဒရစ်အသင်းမှာသာ ခြေစွမ်းပြကစားနေခြင်းမဟုတ်ဘဲ နိုင်ငံလက်ရွေးစင် အဖြစ် ပေါ်တူဂီအသင်းမှာပါ ခြေစွမ်းပြကစားနေသူဖြစ်သည်။ ၄င်းသည် ၂ဝဝ၈ ခုနှစ်က ဖီဖာ၏ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုနှင့်  Ballon ဒသမဆုနှစ်ဆုစလုံး ကို ဆွတ်ခူးနိုင်ခဲ့သူဖြစ်သည်။ စီရိုနယ်ဒိုသည် ဂျာမနီမှ လူးကတ်ပိုဒေါစက်ီးပြီးလျှင် နိုင်ငံလက်ရွေးစင် ဘောလုံးသမားအဖြစ် ပွဲပေါင်း ၁ဝဝ ပြည့် ကစားနိုင်မည့် ဒုတိယ မြောက် အသက်အငယ်ဆုံး ဥရောပကစားသမားဖြစ်လာမည်ဖြစ်သည်။ ပေါ်တူဂီကစားသမားစီရိုနယ်ဒိုသည် ဘောလုံးသမားသက်တမ်း
တစ်လျှောက် တစ်ချိန်လုံး အကောင်းဆုံးပုံစံဖြင့် ကစားနိုင်ခဲ့သူဖြစ်သည်။ ¤င်းသည်ယခုနှစ် ရာသီအတွင်း ရီးရဲမက်ဒရစ်အသင်းအတွက် ၁၄ ဂိုး သွင်းယူပေးထားသည်။ စီရိုနယ်ဒိုသည် လက်ရှိစပိန်လာလီဂါတွင် အောင်မြင်သော ကစားသမား အဖြစ် ရပ်တည်လျက်ရှိသကဲ့သို့ မန်ယူအသင်းနှင့်ကစားခဲ့သည့် ခြောက်နှစ်တာကာ လအတွင်း ပရီမီယာလိဂ်ဖလားသုံးလုံး၊ ချန်ပီယံလိဂ်ဖလားတစ်လုံးဆွတ်ခူးပေးနိုင် ခဲ့သည်။ ထို့အပြင်အက်ဖ်အေဖလား တစ်လုံးနှင့် လိဂ်ဖလားနှစ်လုံးလည်း မန်ယူနှင့် အတူဆွတ်ခူးပေးနိုင်ခဲ့သည်။ စီရိုနယ်ဒိုကို မန်ယူမှ ရီးရဲမက်ဒရစ်က ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်း သန်း ၈ဝ ဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်သည်။ (ရိုက်တာ)
** အင်္ဂလန်လူငယ်ဘောလုံးသမားများအပေါ် ဝေဖန်ခဲ့မှုအသင်းခေါင်းဆောင်ဂျရတ်
တုံ့ ပြန်ပြော ကြား**
( လန်ဒန် အောက်တိုဘာ ၁၆) အင်္ဂလန်ဘောလုံးကစားသမားများသည် နိုင်ငံ့လက်ရွေးစင်အသင်းတွင် ကောင်းမွန်စွာ ကစားပေးလေ့မရှိကြကြောင်း၊ မိမိ နိုင်ငံအသင်းအပေါ် ချစ်ခင်မှု မရှိကြကြောင်း ပြင်သစ်ကွင်းလယ်ကစားသမားဟောင်း ပက်ထရစ်ဗီအဲရာ၏ ဝေဖန်ပြောဆိုချက်အပေါ် အင်္ဂလန်အသင်းခေါင်းဆောင်စတီဗင် ဂျရတ်က တုံ့ပြန် ပြောကြားလိုက်သည်။ '' ကျုပ်တော့ဗျာ... အင်္ဂလန်မှာ လူငယ်ဘောလုံးသမားတွေ အများ အပြားရှိပါလျက်နဲ့ အင်္ဂလန်ဘောလုံးအသင်းမှာ ပါဝင်ကစားကြတာမတွေ့ရဘူး၊ အများစုက ဒဏ်ရာတွေပဲရနေကြတာပဲ၊ နိုင်ငံကိုယ်စားပြုအသင်းမှာ ကောင်းကောင်း ကစားပေးတာမတွေ့ရဘူး'' ဟု အသက် ၃၆ နှစ်အရွယ် ကွင်းလယ်ကစားသမား ဗီအဲရာက ဝေဖန်ပြောကြားသည်။ ချေပပြောကြား '' ဒီစကားကြားရတော့ ကျွန်တော့်အတွက် အံ့သြမဆုံးဖြစ်ရပါတယ်။ ဘယ်သူက နိုင်ငံ့ကိုယ်စားပြုအသင်းမှာ မကစားချင်ဘဲရှိပါ့မလဲ၊ ဒါပေမယ့် နည်းပြ လုပ်သူက မရွေးတော့လည်း မကစားရရှာဘူးပေါ့၊ အင်္ဂလန်အသင်းအတွက် ကစား ချင်ကြပါတယ်'' ဟု စတီဗင်ဂျရတ်က ချေပပြောကြားခဲ့သည်။ (ဆင်ဟွာ)
စုစည်းဘာသာပြန် - မောင်မောင်မြင့်ဆွေ၊ မြင့်မောင်စိုး
-ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း-

No comments:
Post a Comment