** လျှို့  ဝှက်ဆန်းကြယ်သော
မျက်လုံးကြီးဖလော်ရီဒါကမ်းခြေ၌တွေ့ ရှိ** (ဖလော်ရီဒါ အောက်တိုဘာ ၁၆)
အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်တွင် လွန်ခဲ့သော သီတင်းပတ်က လျှို့ဝှက်ဆန်းကြယ်သော မျက်လုံးကြီးတစ်လုံး တွေ့ရှိရကြောင်း၊ ၄င်းမျက်လုံးကြီးသည် ငါးတစ်ကောင်၏ မျက်လုံးဖြစ်ဖွယ်ရှိကြောင်း သုတေသနပညာရှင်များက အောက် တိုဘာ ၁၆ ရက်တွင် ပြောကြားသည်။ အဆိုပါ ဧရာမမျက်လုံး၏ ဘေးပတ်ပတ်လည်တွင် အရိုးများရှိနေကြောင်း၊ ငါးတစ်ကောင်၏မျက်လုံးများ ဖြစ်နိုင် ကြောင်း စိန့်ပီတာစဘတ်မြို့ရှိ အမေရိကန်ငါးနှင့် တောရိုင်း တိရစ္ဆာန်သုတေသနဌာနမှ ဂျိုအန်ဟာရေးက အောက်တိုဘာ ၁၅ ရက်ကပြောကြားသည်။ ၄င်းမျက်လုံးကို မျိုးဗီဇစမ်းသပ်မှု ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သူမကပြောကြားသည်။ ၄င်းမျက်လုံးသည် ဘေ့စ်ဘော ဘောလုံးအရွယ်အစား ရှိပြီး ရေလုပ်သားတစ်ဦးက ငါး၏မျက်စိအတွင်းမှထုတ်ပြီး လွှင့်ပစ်ထားဟန်တူကြောင်း သူမက ပြောကြားသည်။ ၄င်းမျက်လုံးကို လွန်ခဲ့သည့် အောက်တိုဘာ ၁ဝ ရက်က ဖလော်ရီဒါပြည်နယ် ဖောင်ယောက်ဒါဒေးမြို့မြောက်ဘက် ပွန်ပါ နိုကမ်းခြေ၌ အမေရိကန်သုတေသီများက တွေ့ရှိခဲ့သည်ဟု ဆိုသည်။ (ဆင်ဟွာ)
** ကြယ်လေးလုံးနှင့် ဂြိုဟ်ကြီးတွေ့ ရှိ**
(လန်ဒန် အောက်တိုဘာ ၁၆) ကောင်းကင်တွင်လှည့်ပတ်နေသော ကြယ်လေးလုံး၏ အလင်းရောင်ကြောင့် အလင်းထွက်နေ သော ဂြိုဟ်တစ်လုံးကို နိုင်ငံတကာသုတေသနအဖွဲ့က တွေ့ရှိထား ကြောင်း အောက်တိုဘာ ၁၅ ရက်က ဆင်ဟွာသတင်းတွင် ဖော်ပြ သည်။အဆိုပါဂြိုဟ်ကို ဏံ၁ ဟုခေါ်ဆိုပြီး အလင်းနှစ် ၅ဝဝဝ၌ တည်ရှိကြောင်း ၄င်းသုတေသနအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက် သော အောက်စဖို့ဒ်တက္ကသိုလ်မှသုတေသီများက ထုတ်ပြန်ကြေညာခဲ့ သည်။ ၄င်းဂြိုဟ်သည် ကြယ်တာရာတစ်စုံကို လှည့်ပတ်ပြီး ကျန်တစ်စုံမှာမူ ၄င်းဂြိုဟ်ကို လှည့် ပတ်လျက် ရှိသည်။ ၄င်းကြယ်များမှ အလင်းထွ က် နေ၍ ကောင်းကင် တွင်နေလေးစင်း ထွက်ပေါ်နေသည့် အလားတွေ့ရှိရကြောင်း သုတေသီများက ပြောကြားသည်။ အဆိုပါ ဂြိုဟ်သစ်သည် နက်ပကျွန်းဂြိုဟ်ထက်ကြီးပြီး ကမ္ဘာဂြိုဟ်၏အချင်းဝက်ထက်ခြောက်ဆကျော်ရှိသည်ဟုဆိုသည်။ ၄င်းဂြိုဟ်ကို ဟာဝိုင်ရီရှိ မူနာကီယာရှိကက်တယ်လီစကုပ်ကို အသုံးပြု ပြီး နက္ခတ္တဗေဒပညာရှင်များကတွေ့ရှိခဲ့သည်။ (ဆင်ဟွာ)
**ဘရာဇီးနိုင်ငံလေဆိပ်တစ်ခု၌ လေယာဉ်ခရီးစဉ်များ ဖျက်သိမ်းခဲ့ရ**
(ဘရာဆီးလီးယား အောက်တိုဘာ ၁၆) ဘရာဇီးနိုင်ငံ ဗီရာကိုပို့စ်လေဆိပ်တွင် ကုန်တင်လေယာဉ်တစ်စင်း မတော်တဆမှုဖြစ်ပွားပြီးနောက်ယင်းလေဆိပ်သို့ လေယာဉ်အဆင်းအတက် ခရီးစဉ် ၄၅ဝ ခန့်ဖျက်သိမ်းခဲ့ရကြောင်း ဘရာဇီးလေကြောင်းအရာရှိများက အောက်တိုဘာ ၁၆ ရက်တွင်ပြောကြားသည်။ ဖြစ်ပွားမှုမှာ ဆော်ပေါလိုမြို့ရှိ ဗီရာကိုပို့စ်လေဆိပ်တွင် အောက်တိုဘာ ၁၅ ရက် မွန်းလွဲပိုင်းက အမ်ဒီ-၁၁ အမည်ရှိကုန်တင်လေယာဉ်တစ်စင်းလေဆိပ်အဆင်းတွင် မတော်တဆဖြစ်ရပ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရာမှ လေယာဉ်ပြေးလမ်းပိတ်ဆို့နေသဖြင့် ယင်းလေဆိပ်၌ လေယာဉ်အဆင်းအတက်များ ပိတ်ထားခဲ့ခြင်းဖြစ်သည်။ ထိခိုက်ပျက်စီးနေသော ကုန်တင်လေယာဉ် ကို လေဆိပ်ရှိ လေယာဉ်ပြေးလမ်းပေါ်မှဖယ်ရှားခဲ့ပြီး နောက် အောက်တိုဘာ ၁၅ ရက် မွန်းလွဲပိုင်းက လေယာဉ်ဆင်းတက်ပျံသန်းမှုများကို ပြန်လည်ခွင့်ပြုပေးခဲ့သည်။ အလေးချိန်တန် ၁၃ဝ ရှိသော ၄င်းကုန်တင်ယာဉ်ကို မီးသတ်တပ်ဖွဲ့ဝင်များနှင့် လေဆိပ်ဝန်ထမ်း၇ဝ ခန့်က ဝိုင်းဝန်းဖယ်ရှားပေးခဲ့သည်။ ယခုအခါ အဆိုပါလေဆိပ်ကို ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့ပြီဖြစ်သည်။ ထိုသို့ ကုန်တင်လေယာဉ်ထိခိုက်ပျက်စီးပြီး လေယာဉ်ပြေးလမ်းပိတ်မိနေမှုကြောင့် လေဆိပ် အတွင်း၌ လေယာဉ်ခရီးသည် ၂၅ဝဝဝ သောင်တင်နေခဲ့သည်။ (ရိုက်တာ)
** သွေးကြောပိတ်ဆို့ မှုများကုသရန် ဟူစတန်ဆေးရုံတွင် စက်ရုပ်များအသုံးပြုလာ** (ဟူစတန် အောက်တိုဘာ ၁၆) အမေရိကန်နိုင်ငံ ဟူစတန်မြို့ရှိ မက်သိုဒစ်ဆေးရုံသည် သွေးကြောဆိုင်ရာရောဂါခံစားနေရသော လူနာများအား အရေးပေါ်ဆေးဝါးကုသရန် စက်ရုပ်တီထွင်အသုံးချကုသသည့် စနစ်သစ်တစ်ခုကို အသုံးပြုလာသည့် အမေရိကန်နိုင်ငံ၏ ပထမဆုံးဆေးရုံဖြစ်လာကြောင်း ဒေသဆိုင်ရာမီဒီယာများက အောက်တိုဘာ ၁၅ ရက်တွင် ပြောကြားသည်။ ဦးနှောက် သို့မဟုတ် နှလုံးအတွင်း ပုံမှန်သွေးစီးဆင်းမှု မရှိသည့်အခါ ၄င်းသွေးကြောများမှာ ကျဉ်းလာပြီး ပိတ်ဆို့မှု များဖြစ်လာချိန်တွင် ထိုသို့သွေးကြောပိတ်ဆို့မှုဆိုင်ရာရောဂါဖြစ်ပွားခြင်းဖြစ်သည်။ အသုံးပြုခဲ့မက်သိုဒစ်ဆေးရုံ နှလုံးနှင့်သွေးကြောဌာနမှ ဆေး ဘက်ဆိုင်ရာ ညွှန်ကြားရေးမှူး ဒီဘီကီနှင့်မက်သိုဒစ်ဆေးရုံနှလုံး သွေးကြောဆိုင်ရာခွဲစိတ်ဌာနခေါင်းဆောင် အလမ်လူစတန် ဦးဆောင်သည့် သွေးကြောခွဲစိတ်ဆရာဝန်အဖွဲ့သည် သွေး ကြောများ ပိတ်ဆို့နေသော လူနာများမှသွေးကြောများကို ဖယ်ရှားပေးရန်အတွက် မာဂျယ်လ်လန် (Magellan) အမည်ရှိ စက်ရုပ်စနစ်များကို အသုံးပြုခဲ့ကြောင်း အမေရိကန် တက္ကဆက် ဆေးဘက်ဆိုင်ရာသတင်းဌာနက အောက်တိုဘာ ၁၅ ရက်တွင် ပြောကြားသည်။ ၁၆ ရာစုပေါ်တူဂီရေတပ် မှ စူးစမ်းလေ့လာသူ၏အမည်ကို ပေးထားသော အဆိုပါ မာဂျယ်လ်လန်စက်ရုပ်ကုသမှုစနစ်သည် ခွဲစိတ်ခန်း၏ အပြင်ဘက်ရှိ ကွန်ပျူတာခန်းတစ်ခန်းမှ ထိန်းချုပ်နိုင်သည်ဟု ဆိုသည်။ ခွဲစိတ်ဆရာဝန်သည် အဆိုပါစက်ရုပ်၏ အဓိကစက်ခလုတ်ခုံမှထိုင်ပြီး ကွန်ပျူတာဖန်သားပြင်ပေါ်မှ ပြန်ကြားနိုင်သောစနစ်ဖြင့် လူနာ၏သွေးကြောများမှ အသံလှိုင်းပုံရိပ်များကို တွေ့မြင်နိုင်သည်ဟု ဆိုသည်။ (ဆင်ဟွာ)
** မလေးရှားစားအုန်းဆီ ပြည်ပတင်ပို့ မှုဈေးကျဆင်းနေ၍ လျော့ကျဖွယ်ရှိ**
(ကွာလာလမ်ပူ အောက်တိုဘာ ၁၆) မလေးရှားနိုင်ငံ၏ စားအုန်းဆီတင်ပို့မှုသည် ဈေးနှုန်းကျဆင်းမှုကြောင့် ယခုနှစ်တွင် ကျဆင်းဖွယ်ရှိမည်ဟုမျှော်လင့်ရကြောင်း ဒေသဆိုင်ရာမီဒီယာက အောက်တိုဘာ ၁၅ ရက်တွင် သတင်းထုတ်ပြန်သည်။ယခုနှစ်မလေးရှားနိုင်ငံ၏ စားအုန်းဆီတင်ပို့ မှုသည် ပြီးခဲ့ သည့်နှစ်က စံချိန်တင်ပို့မှုမှာ မလေးရင်းဂစ် ၈ဝ ဒသမ ၄ ဘီလီယံ(အမေရိကန်ဒေါ်လာ ၂၆ ဒသမ ၃ ဘီလီယံ)ရရှိခဲ့ရာမှ ၁ဝ ရာခိုင်နှုန်းကျဆင်းလိမ့်မည်ဟု မျှော်လင့်ရကြောင်း ဒေသ ထုတ်ဘစ်ဇနက်တိုင်း(မ်)က ဖော်ပြထားသည်။ မလေးရှားစားအုန်းဆီတင်ပို့မှုသည် ယခုနှစ်နောက်ဆုံး နှစ်လအတွင်း ဈေးနှုန်းကျဆင်းနေခြင်းကြောင့် တင်ပို့မှုလည်း ကျဆင်းလိမ့်မည်ဖြစ်ကြောင်း မလေးရှား ဆီအုန်းစိုက်ပျိုးရေးနှင့် ရောင်းကုန်ထုတ်လုပ်ရေး ဝန်ကြီးဘားနတ်ဒွန်ပေါ့စ်က ပြော ကြားသည်။မလေးရှားနိုင်ငံသည် စားအုန်းဆီတင်ပို့မှုအခွ န်ကို လည်း လျှော့ချသွားမည်ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။ မလေးရှားနိုင်ငံသည် ကမ္ဘာပေါ်တွင် စားအုန်းဆီ အများဆုံးထုတ်လုပ်ပြီး ပြည်ပနိုင်ငံများသို့ တင်ပို့ ရောင်းချနေသည့် နိုင်ငံဖြစ်သည်။၎င်းလုပ်ငန်းသည် မလေးရှားနိုင်ငံ၏လူမှုရေးနှင့်စီးပွား ရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးသော ထောက်တိုင် တစ်ခုဖြစ်သည်။ ယင်းလုပ်ငန်းတွင် လူပေါင်း တစ်သန်းနီးပါး တိုက်ရိုက် သို့ မဟုတ် သွယ်ဝိုက်သောနည်းအားဖြင့် အလုပ်လုပ် ကိုင်လျက်ရှိသည်။ (ဆင်ဟွာ)
စုစည်းဘာသာပြန် - တင်မောင်လွင်
-ယခုလအတွင်း နိုင်ငံတကာထူးခြားသတင်းများ-

No comments:
Post a Comment