ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, October 10, 2012

>
-စိတ်၏ ခပ်ရေးရေး ခြေရာတစ်ခု-
စိတ်အကြောင်းကို တတ်ကျွမ်းလို့ ရေးတာမဟုတ်ပေမဲ့ ခုလို လွတ်လွတ်လပ်လပ် ရေးလို့ရတဲ့ နေရာမှာ ကိုယ့်မှာ ရှိတဲ့ စိတ်အကြောင်းကို တင်ပြရင်း ဆွေးနွေးတယ်လို့ သဘောထားပေးစေချင်ပါတယ် ။ တကယ်တော့ စိတ်ဆိုတာ ထူးဆန်းတယ်လို့ မဆိုသာပါဘူး ဘာလို့လဲဆို ခုတင်ပြချင်တဲ့ စိတ်ဟာ ကျနော့်မှာလည်း ရှိသလို သင့်မှာလည်း ရှိပါတယ် ။ တခြားသူတွေမှာလည်း ရှိနေပါတယ် ။ ဒါပေမဲ့ စိတ်ရှိတဲ့အကြောင်းကို သေချာ တွေးသူ နည်းမယ်လို့ မြင်မိပါတယ် ။ အတွေးနည်းတော့ အသိနည်းလာပါတယ် ။ ယခု ကျနော်ကိုယ်ကို ကျနော် စိတ်ဆိုတာဘာလဲ ဆိုပြီး မေးကြည့်မိပါတယ် ။ ကျနော်ကိုယ်တိုင်တောင် ကိုယ့်ဘာသာမေးပြီး ဖြေရမယ်ဆိုတော့ ဘာဖြေလို့ ဖြေရမှန်းမသိပဲ တွန့်တောင်သွားပါတယ် ။ သေချာတွေးကြည့်မိတော့ ကျနော်သိတဲ့ စိတ်ဆိုတာဟာ လူမှာ ရှိတဲ့ သိရှိမှုအပိုင်း လို့ပဲ မြင်မိပါတယ် ။ ကျနော်တို့တတွေ အမြဲလိုလို ဖြစ်နေတဲ့ ခံစားမှုဆိုတာလည်း စိတ်ပါပဲ အဲ့ဒီခံစားချက် ဖြစ်မှုကို သိတာဟာလည်း စိတ်ပါပဲ ။ ဒါဟာ ကျနော့် အမြင်ပါ ။ ကျနော်တို့တတွေ စာအုပ်စာပေတွေမှာ စိတ်ဆိုတဲ့ အကြောင်းကို တစွန်းတစ်စ ဖတ်ဖူးကြမှာပါ ။ နောက် ဘာသာရေး စာပေတွေမှာလည်း ကောင်းမှု မကောင်းမှု ၊ ကုသိုလ် အကုသိုလ် ဆိုပြီး အကျိုးပြုစာပေတွေအဖြစ် စိတ်ထားမှုနဲ့ ပတ်သက်ပြီးဖော်ပြ ရေးသားကြတာ တွေ့ဖူးပါလိမ့်မယ် ။ အဲ့ဒီမှာ ဘာသာ အားလုံးလက်ခံတဲ့ အချက်ကလေးကို သတိထားမိပါတယ် ။ အဲ့ဒါကတော့ “ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်၊ မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ်” ဆိုတာလေးပါ ။ ကိုယ်က ကောင်းတာလုပ်လိုက်ရင် ကောင်းတဲ့ အကျိုးအဖြစ် ပြန်သက်ရောက်လာတာပါ ။ အဲ့ဒီအကြောင်းကို မှန်တစ်ချပ် ကိုကြည့်သလိုနဲ့ ဥပမာ ပေးကြည့်ချင်မိပါတယ် ။ ဘဝတစ်ခုအတွင်းမှာ ရှိတဲ့ လုပ်ရပ်တိုင်းဟာ ကျနော်တို့ တွေ မှန်ကြည့်တဲ့အခါ … ကိုယ့်ပုံတူ ရုပ်တစ်ခုကိုပြဒါးပေါ်မှာ ပြန်မြင်ရသလိုပါပဲ ..။ ပြုံးပြလိုက်ရင် ပြုံးနေတဲ့ပုံ ၊ မဲ့ပြလိုက်ရင် မဲ့နေတဲ့ပုံ ဆိုပြီး ပေါ်ပါတယ် ဒီလိုပဲ ဘဝ အတွင်းက လုပ်ရပ်တွေဟာလည်း ကိုယ့်ပုံတူရုပ်တွေအဖြစ် ပြန်လည် သက်ရောက်ကြပါတယ် ။ ဒီတော့ ကျနော်တို့အတွက် မှန်တစ်ချပ်ဟာ အမြဲလိုလို ရှိနေပါတယ် ။ ကျနော်တို့အားလုံး မှန်ကြည့်တတ်ဖို့လိုပါတယ် ။ ရိုးရိုးမှန်ကို ဆိုလိုခြင်းမဟုတ်ပါဘူး ။ လောက မှန်ကို ဆိုလိုတာပါ ။ လောကမှန်ရဲ့ သဘောမှာ ကိုယ်က သူများအပေါ် ကောင်းမှုပြုရင် ပြန်လည်သက်ရောက်မှုဟာ ကောင်းကျိုးအဖြစ် ဆက်ဆံရေး ပြေလည်ခြင်း သဘောကောင်းသည်ဟု ထင်မြင်သွားခြင်း စတာတွေ ပြန်လည်ရရှိပါလိမ့်မယ် ။ အကယ်၍ ကောင်းမှု ပြုလိုက်လို့ ဘာမှ မရသည်ရှိအုံး အနည်းဆုံး တဖက်သားရဲ့ သင့်အပေါ်ကျေနပ်တဲ့ အပြုံးတစ်ခုကိုတော့ သင်ရရှိပါလိမ့်မယ် ။ ဒါဟာ ပြဒါးမှန်ရဲ့ သဘောတရားလိုပါပဲ .. ။ ကျနော်တို့တတွေမှာ နေ့စဉ် ကောင်းတာရော ဆိုးတာရော လုပ်ဖြစ်ကြပါလိမ့်မယ် ။ ကောင်းတာလုပ်တာအတွက် မချင့်ချိန်ရင်နေပါ ၊ ဒါပေမဲ့ မကောင်းမှု လုပ်မယ်ဆိုရင်တော့ ကိုယ့်မှာ ရှိနေတဲ့ စိတ်သတိမှန်တစ်ချပ်ကို ခဏ မြင်ကြည့်လိုက်ပါ ။ ငါ မဲ့ရင် သူပြန်မဲ့လိမ့်မယ်ဆိုတာကို အသိထဲ ထည့်ထားလိုက်ပါ ။ အဲ့ဒီလို သတိနဲ့ မှန်ကြည့်ခြင်းအားဖြင့် မမှားသင့်တာတွေ မလုပ်ဖြစ်ဘူး ၊ လုပ်သင့်တာတွေ လုပ်ဖြစ်သွားပြီး .. ဘဝဟာ နေပျော်လာပါလိမ့်မယ် ။ ဘဝမှာ .. ၊ အတွေးတိုင်းမှာ ၊ လုပ်ရပ်တိုင်းမှာ ၊ စကားတိုင်းမှာ ၊ စိတ်ထဲက လေးလေးနက်နက် ပြုမူပြောဆိုမှ သက်ရောက်မှုဟာ လေးနက်တာပါ ။ ပြုမူပြောဆိုမှု မပြုခင် လေးနက်မှုကို ဆောင်ထားလိုက်ပါ ။ သင့်ဘဝရဲ့ ကောက်ကြောင်းတွေဟာ ထင်ရှားလာတာ တွေ့ရပါလိမ့်မယ် …။ တန်ဖိုးရှိသော ဘဝများပိုင်ဆိုင်ကြပါစေ …။

**ဘာနေ**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)