ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, October 10, 2012

>
-လူထုကျန်းမာရေး("မင်းကွတ်သီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ" )-
**Public Health** 
မင်းကွတ်သီးကို အာရှမှာ ''သစ်သီးတို့ရဲ့ မိဖုရား'' ၊ ပြင်သစ်မှာ ''ဘုရားသခင်ရဲ့ အာဟာရ'' စသဖြင့် ခေါ်ဆိုကြတယ် ဆိုတာ သင် သိပါရဲ့လား။ မင်းကွတ်သီးကို နာမကျန်းမှုတွေကို ကုသဖို့ သုံးနိုင်ပြီး ထူးကဲတဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေ ပါဝင်တာကြောင့် အရှေ့တောင် အာရှမှာ နှစ်ပေါင်း လေးရာကျော်လောက် ကတည်းက လက်ခံ လာခဲ့ ကြပါတယ်။ မင်း ကွတ်သီးမှာ Xanthone လို့ခေါ်တဲ့ အစွမ်းထက် အင်တီအောက်ဆီးဒင့် တစ်မျိုး ပါဝင်တယ်လို့ သိပြီး နောက်ပိုင်းမှာ လူကြိုက် များလာခဲ့ ပါတယ်။

 (၁) မင်းကွတ်သီးရဲ့ ဓာတ်တိုး ဆန့်ကျင် ဂုဏ်သတ္တိကို လေ့လာ တွေ့ရှိပြီးတဲ့ နောက်မှာ ORAC လို့ အမည်ရတဲ့ ဓာတ်ခွဲခန်း လေ့လာ စမ်းသပ်မှု တစ်ခုကို ပြုလုပ်ခဲ့ ပါတယ်။ အဲဒီအခါမှာ တွေ့ရှိခဲ့ ရတာက မင်းကွတ်သီးမှာ ''မကောင်းတဲ့ ဖရီးရယ်ဒီကယ်တွေကို ချေဖျက် နိုင်တဲ့ အစွမ်းထက်တွေကို အာနိသင်'' ရှိနေတယ် ဆိုတဲ့ အချက်ပါ။
(၂) မင်းကွတ်သီး ထဲမှာ ပါတဲ့ Xanthone ဟာ ဗိုင်းရပ်စ်၊ ဖန်းဂတ်စ်မှို၊ ဘက်တီးရီးယားနဲ့ အသည်း အဆိပ်သင့်စေတဲ့ အရာတွေကို ဆန့်ကျင် ပေးနိုင်တဲ့ အကောင်းဆုံး ဓာတ်တိုး ဆန့်ကျင်ပစ္စည်း ဖြစ်ပါတယ်။ (၃) မင်းကွတ်သီးရဲ့ ရောင်ရမ်းမှု လျော့ကျစေတဲ့ အာနိသင်တွေကြောင့် တင်ပါးရိုး အာရုံကြော နာကျင်မှုကို သက်သာစေ ပါတယ်။
 (၄) မင်းကွတ်သီး အရည်ဟာ နှလုံးသွေးကြော မာကျော ကျဉ်းမြောင်းတာ၊ သွေးတိုးတာနဲ့ သွေးခဲပိတ်တာ အပါအဝင် နှလုံးသွေးကြော ဆိုင်ရာ ရောဂါတွေကို ထိထိရောက်ရောက် ကုသမှု ပေးနိုင် ပါတယ်။ (၅) နေ့စဉ် အသုံးဝင်ပုံ အနေနဲ့ မင်းကွတ်သီးကို မာလ်တီ ဗီတာမင်နဲ့ သတ္တုဓာတ် အားဆေးနဲ့ တွဲသောက်ရင် အကောင်းဆုံး အားဖြည့် ပေးနိုင်ပါတယ်။
(၆) မင်းကွတ်သီးမှာပါတဲ့ ဖိုင်တိုနျူးထရီးရန့်တွေက ခုခံအား စနစ် ကောင်းစေတဲ့ အရာတွေ ဖြစ်ပါတယ်။
 (၇) မင်းကွတ်သီးမှာ ကင်ဆာ ဆန့်ကျင်ပေးတဲ့ ဂုဏ်သတ္တိ ရှိပါတယ်။ Garcinone E လို့ ခေါ်တဲ့ သဘာဝ ဒြပ်ပေါင်းတစ်မျိုး ပါဝင်နေလို့ပါ။ ဒီဒြပ်ပေါင်းဟာ မင်းကွတ်သီး တစ်မျိုးထဲ မှာပဲ တွေ့ရပါတယ်။ ဘေးထွက်ဆိုးကျိုး မရှိပါဘူး။
 (၈) မင်းကွတ်သီးဟာ ဗိုင်းရပ်စ်တွေကို တားဆီးနိုင်စွမ်း ရှိတယ်လို့ စင်ကာပူ အမျိုးသား တက္ကသိုလ်က ဆိုပါတယ်။ မင်းကွတ်သီးထဲမှာ ပါတဲ့ Xanthone ဟာ HIV ဗိုင်းရပ်စ်တွေ ပွားများနိုင်စွမ်း မရှိအောင် ဟန့်တား ထိန်းချုပ်နိုင်စွမ်း ရှိပါတယ်။
(၉) မင်းကွတ်သီးမှာ အစွမ်းထက် ကင်ဆာ ဆန့်ကျင်ပေးတဲ့ Polysaccharides နဲ့ ဘက်တီးရီးယား ဆန့်ကျင်ပေးတဲ့ အပင်ထွက် ဒြပ်ပေါင်းတွေလည်း ပါဝင်နေ ပါတယ်။
 (၁ဝ) မင်းကွတ်သီးမှာ ပါတဲ့ ဘက်တီးရီးယား ဆန့်ကျင် ဂုဏ်သတ္တိနဲ့ ဟစ်စတာမင်း တားဆီး နိုင်စွမ်းကြောင့် ဓာတ်မတည့်မှု ဖြစ်တတ်တဲ့ သူတွေ အတွက် ကောင်းကျိုး ရှိပါတယ်။
 (၁၁) မင်းကွတ်သီးမှာ Xanthone လို့ခေါ်တဲ့ အစွမ်းထက် ဓာတ်တိုး ဆန့်ကျင်ပစ္စည်းက ၄ဝကျော် ပါဝင်ပါတယ်။ Xanthone မှာ အနာကျက် စွမ်းအင် ရှိတာကြောင့် လူ့ ခန္ဓာကိုယ်ထဲက အင်္ဂါ စနစ်တိုင်းကို ကျန်းမာစေ ပါတယ်။
(၁၂) မင်းကွတ်သီး ထဲက အစွမ်းထက် ဒြပ်တွေက အူလမ်းကြောင်း ကျန်းမာရေးကို ကောင်းစေပြီး ခုခံအားစနစ်ကို သန်စွမ်း စေကာ အရိုးနုတွေကို ထောက်ပံ့ ပေးနိုင် ပါတယ်။ ဒါ့အပြင် အသက်ရှူ လမ်းကြောင်းစနစ်ကို ကျန်းမာစေ ပါတယ်။
 (၁၃) မင်းကွတ်သီးမှာ ခန္ဓာကိုယ်ရဲ့ ရောင်ရမ်းမှု အမျိုးမျိုးကို တွန်းလှန်နိုင်တဲ့ အာနိသင် ရှိတယ်လို့ အိန္ဒိယ လေ့လာသူတွေက ဆိုပါတယ်။ ရုတ်တရက် ဖြစ်ပေါ်တဲ့ ရောင်ရမ်းမှုကော တာရှည် ဖြစ်တတ်တဲ့ ရောင်ရမ်းမှုကိုပါ လျော့ကျစေ ပါတယ်။ 
(၁၄) မင်းကွတ်သီးထဲက ကွီနုံးဟာ ဘက်တီးရီးယားတွေကို ဆန့်ကျင် ပေးနိုင်စွမ်း ရှိပါတယ်။ 
(၁၅) မင်းကွတ်သီးရဲ့ အိုမင်းမှု တားဆီးပေးတဲ့ အစွမ်းရှိကာ အဆစ်ကို ပျော့ပျောင်း နိုင်စွမ်း ရှိစေပြီး မူးဝေတာကို သက်သာစေ ပါတယ်။ ဝမ်းလျှောတာကနေ ကင်ဆာအထိ သက်သာစေတဲ့ အာနိသင် ရှိပါတယ်။ 
(၁၆) မင်းကွတ်သီးဟာ သွေးခဲတဲ့ ဖြစ်စဉ်ကို အဟန့်အတား မဖြစ်စေဘဲ အစာအိမ် အနာကို သက်သာစေ ပါတယ်။ 
 (၁၇) မင်းကွတ်သီးမှာ အယ်လ်ဇိုင်းမား ရောဂါနဲ့ ပါကင်ဆန် ရောဂါတို့ကို ကာကွယ် ပေးနိုင်စွမ်းလည်း ရှိနေပါတယ်။ မှတ်ချက်။ ။ Facebook မှာတွေ့လို့ share ထားတာပါ .. ရေးသူမသိ သိသူ ပြောပြပေးပါနော်.. ။ ကျမက မင်းကွတ်သီးဆို အရမ်းကြိုက်တယ်.. ခြံထဲမှာလဲ မင်းကွတ်ပင်တွေရှိတယ်လေ.. ဟီး (ကြွားတာ)...မင်းကွတ်သီး သီးတဲ့ရာသီဆို အရမ်းပျော်တယ်.. မှည့်ရင်လည်း စားမလောက်ပဲ ကြိုက်လို့သာစားတာ ဘာမှန်းမသိဘူး... အခုမှပဲ သူ့ရဲ့အကျိုးအာနိသင်နဲ့ ဆေးဖက်ဝင်ပုံကို သိရတော့တယ်.. ကျန်းမာရေးအတွက်ရော ဗဟုသုတရစေလို့ရော ဒီပိုစ်လေးကို ကိုယ်တိုင်ကလည်း သိမ်းထားရင်း၊ သူငယ်ချင်းတွေကိုလည်း ပြန်လည်မျှဝေပေးရလို့ ဘယ်သူတင်တာမှန်း မသိပေမယ့်လည်း ပိုစ်တင်တဲ့သူကို ကျေးဇူးတင်မိပါတယ်။

 Posted by လေပြေချို

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)