ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, October 12, 2012

>
-မိန်းကလေးတစ်ယောက်ရဲ့ အဆင်း၊ အချင်းနဲ့ သိက္ခာ-
**အဆင်း** 
အဆင်းဆိုတဲ့ နေရာမှာ သာမန် ရုပ်ရည် ချောမောလှပတာ မလှပတာနဲ့ မဆိုင်ပါဘူး။ အပြင်ပန်း အလှအပနှင့်မဆိုင်ပါဘူး.အတွင်းစိတ်နှလုံးကြည်လင်လှပနေဖို့ သာလိုပါသည်။အပြင်ပန်းလှပအောင် ဘယ်လိုပဲ ပြင်ဆင်ပါစေအုံးတော့ စိတ်နှလုံးက ညစ်နွမ်းနေမယ်ဆိုရင် ဘယ်လိုမှ ပြည့်စုံတဲ့ အလှတရား မဖြစ်နိုင်ပါဘူး..။ အဆင်းလှခြင်းဆိုတာမှာ စိတ်နှလုံးကို အဓိက ဆိုပါတယ်။

**အချင်း**
 အချင်းဆိုတဲ့အရာကို ဘာနဲ့ တိုင်းတာသလဲ..အတန်းပညာနဲ့လား.သင်ထားသမျှခေါင်းထဲထည့်ထားပြီး သေချာ ပိုင်းခြားနားလည်နိုင်စွမ်းမရှိတဲ့ ပညာတွေနဲ့ လား.အချင်းဆိုတဲ့နေရာမှာ သင်ကြားတတ်မြောက် ထားတဲ့ အရာတွေ မဟုတ်ပါဘူး..အမှားအမှန်ကို သေချာပိုင်းခြားဆုံးဖြတ်နိုင်တဲ့ အသိပညာတစ်ခုပါ...။ ကိုယ်ပိုင်အရည်အသွေးတစ်ခုပါ..။ အတန်းပညာတွေ ရှိသမျှ အတန်းတွေ ကုန်အောင် သင်ထားပါစေအုံးတော့ နှိပ်ကျနေတဲ့ သူတွေ ရှိပါသေးတယ်..။ အဆင်းနဲ့ အချင်း ပြည့်စုံယုံနဲ့လဲမပြီးသေးဘူး။ကိုယ့်ရဲ့ အလှအပကိုကာကွယ်ဖို့ဆူးဆိုတာ မာနလဲမရှိမဖြစ် လိုအပ်ပါတယ်။ မာနဆိုတာတလွဲဆံပင်ကောင်းမာနမဟုတ်ပါဘူးရှိသင့်ရှိထိုက်တဲ့ကိုယ့်ရဲ့ ဂုဏ်သိက္ခာကိုကာကွယ်ဖို့ 
ထားသင့်တဲ့ မာနတရားးပါ။ဒါလေးကိုတော့ မထားမဖြစ်ထားရမှာပါတန်ဖိုးရှိတဲ့ သူတစ်ယောက်ဖြစ်ဖို့ အတွက် ထိုက်သင့်တဲ့မာနရှိရပါတယ်။ကိုယ့်ကိုကိုယ် ဆူးတွေနဲ့ တော့ ကာရံထားတာပဲဆိုပြီး တလွဲမာနတွေသုံးပေမဲ့ အဲ့ဒီတလွဲမာနကြောင့်ပဲ အခြွေခံရတာဆိုတဲ့ အဖြစ်မျိုးတော့ မရောက်စေချင်ဘူး။ ပင်ယံထက် နေစဉ်မှာရော ခူးယူသူလက်ထဲမှာပါ လှပတဲ့ ပန်းတစ်ပွင့်ဖြစ်ဖို့ ကို ကြိုးစားရမှာပင်။ ဆူးတော့ ရှိပါရဲ့။ ရှိတဲ့ဆူးကတလွဲကာကွယ်ပြီး ရှေ့ လူတွေက တစ်ယောက်ချင်း တစ်ဖဲ့ခြင်း အခြွေခံလိုက်ရတဲ့ ပန်းလေး ကိုယ့်ကို မြတ်နိုးသူလက်ထဲအရောက်မှာမှ ပွင့်ဖတ်တွေ တစ်စချင်းဆီအခြွေခံထားရလို့  ပွင့်ဖတ်မဲ့ ရိုးတံဖြိုင်ဖြိုင်နဲ့  ဆူးလှိုင်လှိုင်သာ ကျန်နေလို့ မဖြစ်ဘူး။အဲ့လိုသာကျန်ခဲ့ရင်တော့ ကိုယ့်ရဲ့ ဆူးက ကိုယ့်ကို ပြန်ဆူးသွားလိမ့်မယ်။တစ်ချို့ က ဘာကြောင့်မိန်းကလေးကိုပဲ ဆုံးမ စကားတွေပြောရတာလဲ.အကြောင်းတစ်စုံတစ်ရာ ဖြစ်ခဲ့ရင်ဘာကြောင့်မိန်းကလေးကိုပဲအပြစ်ပြောနေရတာ
လဲဆိုပြီး မကျေမနပ်ပြောဆိုလာကြတယ်။သဘာဝတရားက ဒီလိုပဲဖန်တီးပေးလိုက်တာကို။နူးညံ့လှပတဲ့ ဂုဏ်အင်တွေနဲ့ ဖန်တီးပေးလိုက်တဲ့သဘာဝတရားကိုမလွန်ဆန်ပဲအဖိုးတန် ပန်းလေးတစ်ပွင့်ဖြစ်အောင် ကြိုးစားကြမယ်။
လှသောပန်းတိုင်းမွှေးစေပြီး မွှေးသောပန်းတိုင်း ကြာရှည်ပွင့်လန်းစေရမယ်။ အဖိုအနဂ္ဂထိုက်တဲ့ပန်းလေးတစ်ပွင့် ဖြစ်ဖို့ အတူကြိုးစားကြရအောင်။ကိုယ်သာ အဖိုးထိုက်တဲ့ ပန်းလေးတစ်ပွင့်ဖြစ်ရင် ဥယာဉ်မှုးဆိုတာလဲ မခူးဆွတ်ရက် ပီတိပြည့်နဲ့ တစ်စိမ့်စိမ့်ကြည့်ပြီး ခံစားနေသလိုမြင်သူအပေါင်းဟာလဲ မခြွေရက်ပဲ တန်ဖိုးထား ရင်ခွင်ပိုက် သိမ်းထားပါလိမ့်မယ်။

**ကိုယ့် သိက္ခာာဆိုတာ**  
 မိန်းကလေးတွေနဲ့ယောက်ျားလေးတွေမှာ မိန်းကလေးတွေက နေ့စဉ်ဘဝမှာ စိတ်ရှုပ်စရာ ပိုများမလားပဲ။ ဘာလို့လဲဆိုတော့ မိန်းကလေးအတော်များများက အရာအားလုံးကို စိတ်ထဲထည့် ခံစားတတ်ကြတယ်။ အတန်းဖော်ထဲကတစ်ယောက်ယောက်က သူ့အကြောင်းနဲ့သူ မျက်နှာမကြည်မလင် သုန်မှုန်နေရင်ပဲဖြစ်ဖြစ် ကိုယ့်ကိုများ စိတ်ဆိုးနေတာလားဆို တွေးတတ်ကြတယ်။ ကိုယ့်ကွယ်ရာမှာ ပြောကြတဲ့ အတင်းစကားတွေအတွက်လည်း ဖြေရှင်းချင်ကြတယ်။ ကိုယ့်သူငယ်ချင်း၊ ကိုယ့်မိတ်ဆွေတွေက ကိုယ့်ကိုအထင်လွဲမှားမှာကို စိတ်ပူပန်စိုးရိမ်တတ်ကြတယ်။ နောက်ဆုံး ဘာမှစိတ်ပူပန်စိုးရိမ်စရာ မရှိဘူးဆိုရင်တောင် အပြင်သွားခါနီး မှန်ကြည့်ပြီး လှမှလှပါရဲ့လား၊ ကိုယ့်ချစ်သူက ကိုယ့်ကိုမလှလို့များ အခြားတစ်ယောက်ကို ချစ်သွားမလားလို့ စိတ်ပူစိုးရိမ်တတ်ကြတယ်။ ဒါကြောင့်လည်း မိန်းကလေးက သူ လှရဲ့လား၊ သူ့ကို ချစ်ရဲ့လားလို့ သူ့ချစ်သူကို ခဏ ခဏမေးတတ်တာ ထင်ပါတယ်။ ယောက်ျားလေး တွေဘက်ကကျတော့ ချစ်လို့ ချစ်ထားတာပဲ၊ ဘာလို့ ခဏခဏ မေးလို့ ခဏခဏ ဖြေနေရမလဲလို့ စိတ်မရှည် တတ်ကြတာ ထင်တယ်။ မိန်းကလေးတွေရဲ့ စိုးရိမ်ပူပန်မှုတွေက ယောက်ျားလေးတွေကို စိတ်အနှောင့်အယှက်ဖြစ်စေတာ ထင်ပါတယ်။ ဒါကြောင့်ပဲ မိန်းကလေးတွေဟာ နားငြီးစရာကောင်းတယ်လို့ ယောက်ျားလေး တွေက ထင်မြင် တတ်ကြတာပဲ ထင်ပါတယ်။ မိန်းကလေးတွေက အရေးမကြီးတာတွေကို အရေးကြီးနေကြတယ်လို့လည်း ယောက်ျားလေးတွေက မြင်တတ်ကြပါသေးတယ်။ ဟုတ်တော့လည်း ဟုတ်ပါတယ်။ မိန်းကလေးတွေက ဘေးစကား၊ မလိုသူတွေရဲ့ အတင်းစကား၊ ကောလဟလ သတင်းဖြန့်တဲ့ စကားတွေအပေါ်မှာ စိတ်ထိခိုက်ခံစားတတ်ကြတယ်။အဲဒီ စိတ်ထိခိုက်ခံစားမှုတွေကနေ စိတ်ကျတဲ့အထိဖြစ်သွားတတ်ပြီး ကိုယ့်ဘဝတိုးတက်ရာ တိုးတက်ကြောင်းနဲ့ ပတ်ဝန်းကျင် ကောင်းကျိုးကို မလုပ်ဆောင်နိုင်တော့ဘဲ လုပ်ဆောင်မယ့် အချိန်တချို့ကို အလဟဿဖြစ်စေလိုက်တာတွေက အချိန်နဲ့ ခွန်အားတွေ နှမြောစရာကောင်းပါတယ်။ အထူးသဖြင့် ဆယ်ကျော်သက်အရွယ်တွေမှာပေါ့။ အချို့ ဆယ်ကျော်သက်များဆိုရင် မိန်းကလေးတင်မကပါဘူး။ ယောက်ျားလေးတွေကလည်း အဲဒီလိုပဲ စိတ်ထိခိုက် ခံစားတတ်ကြ တယ်။ ဒါကလည်း ဆယ်ကျော်သက်တို့ ထုံးစံအတိုင်း မိဘဆွေမျိုး ပြောစကားထက် သူငယ်ချင်းပြောစကားတွေကို ပိုယုံပြီး၊ သူငယ်ချင်းများက ကိုယ့်ကို မနှစ်သက်တော့မှာ၊ ကိုယ့်ကို သူငယ်ချင်းမလုပ်တော့မှာကို အင်မတန် စိုးရိမ်ကြတာကိုး။ ဒါကြောင့်လည်း မိဘက လှတယ်ပြောတဲ့ အဝတ်ထက် သူငယ်ချင်းက လှတယ်ပြောတဲ့အဝတ်ကို ဝတ်တယ်။ ဝယ်တယ်။ ဒီဆံပင်ပုံကမလှဘူးလို့ မိဘကပြောပေမဲ့ သူငယ်ချင်းက ဒီဆံပင်ပုံက လှတယ်လို့ဆိုရင် သူတို့ကလည်း သူငယ်ချင်းတွေအကြိုက် ဆံပင်ပုံ ပြောင်းတယ်။ အဲဒီလို သူငယ်ချင်းတွေက သူတို့အတွက် အရေးကြီးဆုံးလို့ မသိစိတ်က လက်ခံထားတဲ့အခါမှာ သူငယ်ချင်း အပေါင်းအသင်းတွေက ကိုယ့်ကို မကောင်းပြောရင် စိတ်ထိခိုက် ခံစားတတ်ကြတယ်။ အနောက်နိုင်ငံများမှာတော့ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားကြတဲ့ဆယ်ကျော်သက်တွေဟာ သူငယ်ချင်းတွေက သူတို့ကို မကောင်းပြော ဟားတိုက် လှောင်ရယ်လို့ဆိုတာတွေပဲများ ပါတယ်။ ကိုယ့်အပြစ်မဟုတ်ဘဲ၊ ကိုယ်တိုင်လည်း အမှားမကျူးလွန်ပါဘဲ သူတစ်ပါးပြောတဲ့စကားတွေမှာ ထိခိုက်ခံစားလို့ ကိုယ့်ကိုယ်ကိုယ် သိက္ခာကျပြီ ထင်ပြီး စိတ်ဓာတ်ကျနေတဲ့ မိန်းကလေး အတော်များများကိုလည်း တွေ့မြင်ဖူးပါတယ်။ တကယ်တော့ ကိုယ့်သိက္ခာဆိုတာကို ကိုယ် ကိုယ်တိုင်က ချမှပဲ ကျတယ်ဆိုတာ၊ သူတစ်ပါးက ကိုယ့်ကို သိက္ခာချလို့ မရဘူးဆိုတာကို လက်တွေ့နဲ့ယှဉ်လို့ မစဉ်းစားမိသေးလို့ပါပဲ။ သူများက ပြောတဲ့အတိုင်း ကိုယ်ကမှ မဟုတ်ဘဲ၊ မဆိုးဘဲနဲ့ဆိုရင် ကိုယ်တိုင်က ဘာမှ ခံစားနေဖို့ မလိုပါဘူး။ ကိုယ့်မူအတိုင်း ၊ အရင်အတိုင်းပဲနေရုံပါပဲ။ မကောင်းတာ လုပ်ကြံပြောတဲ့သူရဲ့ ပြောစကားတွေကို အခု ယုံချင်တဲ့သူက ယုံပါလိမ့်မယ်။ အဲဒီ ယုံတဲ့သူတွေကိုလည်း အပြစ်မဆိုသာပါဘူး။ ဘာလို့လဲဆိုတော့ လူတစ်ယောက်နဲ့ တစ်ယောက်က ဆင်ခြင်တွေးတောနိုင်စွမ်းချင်း မတူညီကြပါဘူး။ သူများပြောတာကို စုံမှိတ်ယုံတတ်တဲ့သူကတော့ ယုံမှာပါပဲ။ ကိုယ့် ဦးနှောက်နဲ့ ကိုယ့်မျက်စိနဲ့ကိုယ် ဆုံးဖြတ်ကြသူ တွေလည်း ရှိပါတယ်။ ဒါပေမဲ့ သူများပြောစကားနဲ့ ကိုယ့်သိက္ခာကျတယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ကိုယ့်သိက္ခာဆိုတာ ကိုယ်တိုင်မှာသာ ထိန်းသိမ်းရှိတာပါ။ ဥပမာ မလှရဲ့ ဂုဏ်သိက္ခာဟာ မမြဆီမှာ မဟုတ်ပါဘူး။ မလှဆီမှာပါပဲ။ အဲဒီလိုပဲ မမြရဲ့ ဂုဏ်သိက္ခာဟာလည်း မမြဆီမှာပဲ ရှိပါတယ်။ ဒါကို မမြပြောတဲ့ စကားကြောင့် မလှက သိက္ခာကျရ တယ်ဆိုတဲ့ အမြင်မျိုးဟာ ဘယ်လိုမှ လက်တွေ့မဆန်သလို ယုတ္တိလည်း မတန်ပါဘူး။ မလှက သူ့ ဂုဏ်သိက္ခာကို သူ ထိန်းသိမ်းမှသာ သူ့မှာ ဂုဏ်သိက္ခာရှိမှာပါ၊ ဂုဏ်သိက္ခာတက်မှာပါ။ မလှ ဂုဏ်တက်အောင် မမြက ဘာမှ လုပ်ပေးလို့မရပါဘူး။ မလှကိုယ်တိုင်သာ သူ့ကိုယ်သူ အကျင့်သီလစောင့်ထိန်းမှ ရမှာပါ။ ကိုယ်ကိုယ်တိုင်ရဲ့ အပြုအမူ ၊ အပြောအဆို၊ စောင့်ထိန်းမှုအကျင့်သီလတွေကသာ ကိုယ့်ကို သိက္ခာတက် စေသလို၊ သိက္ခာကျတာလည်း ဖြစ်စေနိုင်တာပါ။ မိမိကိုယ်တိုင်သာ ပြုမှဖြစ်ရမှာမျိုးတွေကို သူတစ်ပါးတွေရဲ့ ပြောစကားတွေ၊ အတင်း စကားတွေ၊ ကောလဟလတွေကြောင့်ဖြစ်တယ်ဆိုတာကို လက်မခံသင့်၊ မယုံကြည်သင့်ပါဘူး။ ကိုယ့်ကို ချစ်တဲ့သူရှိနေနိုင်သလို၊ မုန်းတဲ့သူလည်း ရှိနေနိုင်ပါတယ်။ လူတွေမှာ အမြဲတမ်းမိတ်ဆွေ၊ အမြဲတမ်းရန်သူရယ်လို့ မရှိဘဲ ကိုယ့်အတ္တအပေါ်မူတည်ပြီး မိတ်ဆွေ၊ ရန်သူ သတ်မှတ်ကြတာပါ။ သူတစ်ပါးရဲ့ သူပိုင်အတ္တနဲ့ ကိုယ့်ကို ဆုံးဖြတ်တဲ့ ကိစ္စမှာ ကိုယ်က ဘာမှ သူတစ်ပါးကို သွားပြုပြင်ပေးလို့မရပါဘူး။ သူ့အကြိုက် လိုက်လျောနေစရာလည်း မလိုအပ်လှပါဘူး။ ကိုယ့်မူနဲ့ကိုယ်၊ ကိုယ့်ဘဝနဲ့ကိုယ် နေထိုင်ပြုမူတာဟာ စိတ်လက်ပေါ့ပါးကာ ရွှင်လန်းပါလိမ့်မယ်။ အရေးကြီးတာကတော့ ကိုယ်ဟာ နေ့စဉ်ဘဝမှာ သူတစ်ပါးဆိုးကျိုးကို တမင်သက်သက် ရည်ရွယ်ပြုမူခြင်း မရှိအောင်နဲ့ ကိုယ်ကိုယ်တိုင်ရဲ့ သီလစင်ကြယ် အောင်နေထိုင်ဖို့ပါပဲ။ ဒါဆိုရင် ကိုယ့်စိတ်မှာ ကိုယ်ဟာ သူတစ်ပါးကို မဟုတ်တာမကြံစည်ဘူး၊ မကောင်းတာ မလုပ်ဘူးလို့ ကိုယ့်စိတ်ကို ကိုယ်သိနေတယ် ၊ ကိုယ့်သီလကို ကိုယ်သိနေတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ စိတ်ရှင်းပါတယ်။

 by Moenge Aung 

-- Posted By Blogger လူဗိုလ်

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)