-ရုပ်သေးရုပ်-
လက်အချိုး ခြေအတိုးနဲ့ကကြိုးကကွက်တွေက ဆန်းတယ်။
ခြေအသိမ်း လက်အနှုတ်နဲ့
သရုပ်ပြနေတာလည်း လန်းတယ်။
အဆိုကောင်း အငိုကောင်းနဲ့
ပလီပလာ တီတီတာတာပြော
ပရိတ်သတ်တွေ သဘောကျ
သောင်းသောင်းဖြဖြ သြဘာပေး
ပထွေးတွေ အလိုတော်ကျ ငိုချင်းလည်းချတယ်။
ကြည့်စမ်း…. ကြည့်စမ်း……
ခပ်လှမ်းလှမ်းဆိုရင် မသဲကွဲ
ခေါင်း၊ ခါး၊ ခြေ၊ လက် ကြိုးတွေတွဲလို့
ခပ်ရဲရဲရှေ့ကိုတိုးကြည့် ပကတိအတိုင်း သိလိမ့်မယ်…
. ထိုင်ဆိုထိုင် လုပ်ဆိုလုပ်
သူများခိုင်းတိုင်း ရှုပ်နေရတဲ့
တကယ်တော့ သူဟာရုပ်သေးရုပ်။ ။
**မောင်ပါလ**
-ရုပ်သေးရုပ်-
လက်အချိုး ခြေအတိုးနဲ့ကကြိုးကကွက်တွေက ဆန်းတယ်။
ခြေအသိမ်း လက်အနှုတ်နဲ့
သရုပ်ပြနေတာလည်း လန်းတယ်။
အဆိုကောင်း အငိုကောင်းနဲ့
ပလီပလာ တီတီတာတာပြော
ပရိတ်သတ်တွေ သဘောကျ
သောင်းသောင်းဖြဖြ သြဘာပေး
ပထွေးတွေ အလိုတော်ကျ ငိုချင်းလည်းချတယ်။
ကြည့်စမ်း…. ကြည့်စမ်း……
ခပ်လှမ်းလှမ်းဆိုရင် မသဲကွဲ
ခေါင်း၊ ခါး၊ ခြေ၊ လက် ကြိုးတွေတွဲလို့
ခပ်ရဲရဲရှေ့ကိုတိုးကြည့် ပကတိအတိုင်း သိလိမ့်မယ်…
. ထိုင်ဆိုထိုင် လုပ်ဆိုလုပ်
သူများခိုင်းတိုင်း ရှုပ်နေရတဲ့
တကယ်တော့ သူဟာရုပ်သေးရုပ်။ ။
**မောင်ပါလ**
No comments:
Post a Comment