ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, October 7, 2012

>
-ဘုန်းကြီးရဲ့ အနာဂါတ်မျိုးဆက်ကိုတော့ ကယ်ဆယ်ကြပါအုံးကွယ်-

"၁၉၇၁ခုနှစ်က မူဆလင်အမျိုးသား၊ အမျိုးသမီးအများအပြားဘဲ ပါကိစ္စတန်စစ်တပ်ရဲ့ဘေးရန်ကလွတ်မြောက်ဖို့ ဘုန်းကြီးရဲ့ကျောင်းမှာ ခိုလှုံခဲ့ကြပါတယ်" ရွှေဆင်းတုတော်များအား ထာဝရဆုံးရှုံးခဲ့ရပါပြီ။ သစ်သားလက်ရာများမှာလည်း မီးလောင်တိုက်တွင်း ပြာကျခဲ့ရပြီမဟုတ်လား။ ပိဋကတ်တော်များမှာလည်း ဘာမှ မကျန်ခဲ့တော့ပါ။ သက်တော်၈၃နှစ်ရှိပြီ ဖြစ်သော သကျပရီယမဟာထေရ်၏ ဆုံးရှုံးခံရမှုနှင့် ရင်ထဲဝေဒနာများကား အတောမသတ်နိုင်ပါ တည်း။ မထေရ်မြတ်၏ ယုံကြည်မှုအားလုံးလည်း ကင်းမဲ့ခဲ့ပါချေပြီ။ buddhaImage3"၁၉၇၁ခုနှစ်မှာတောင်က ဘုန်းကြီးတို့အပေါ် ခုလိုရက်စက်ကြမ်းကြုတ်မှုမျိုး မတွေ့ခဲ့ရပါဘူး"ဟု မထေရ်မြတ်က မိန့်ကြားတော်မူပါသည်။ ဆရာတော်မှာ ဘင်္ဂလာဒေ့ခ်ျနိုင်ငံဗုဒ္ဓဘာသာဝင်တို့၏ ဒုတိယ အကြီးအကဲဘုန်းတော်ကြီးဖြစ်ပါသည်။ "၁၉၇၁ခုနှစ်က မူဆလင်အမျိုးသား၊ အမျိုးသမီးအများအပြားဘဲ ပါကိစ္စတန်စစ်တပ်ရဲ့ဘေးရန်ကလွတ်မြောက်ဖို့ ဘုန်းကြီးရဲ့ကျောင်းမှာ ခိုလှုံခဲ့ကြပါတယ်"ဟု အင် အားချိနဲ့လှသော ဆရာတော်က ထပ်မံမိန့်ကြားပါသည်။ "ဘုန်းကြီးဟာ ပါကိစ္စတန်တွေရဲ့ ဖိနှိပ်ရက်စက်မှု ဘေးရန်ကနေ မူဆလင်အမြောက်အများကို ကယ်တင်ခဲ့ဘူးပါတယ်၊ ဒါပေမယ့် ဒီနေ့မှာတော့ ဘုန်းကြီးတို့ကို အနိုင်ပိုင်းလိုက်ပြီပေါ့"ဟုဆိုကာ မထေရ်မြတ်က သူ့စကားကို အဆုံးသတ်လိုက်သည်။ မထေရ်မြတ်သည် သီမအမည်ရကျောင်းတော်သို့ တပည့်ရဟန်းများတွဲလျှက် နှေးကွဲစွာ လျှောက်ဝင်သွားသည်။ မထေရ်မြတ်ကား နေရာအနှံ့လှည့်လည်ကာ ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော ဗုဒ္ဓဆင်းတုတော်များအား ဖူးမျှော်ကြည့်ရှုတော်မူသည်။ မထေရ်မြတ်၏ကိုယ်ပေါ်တွင်ကား ချွေးများဖြင့် စိုရွှဲနေပါ သည်။ ဝေဒနာကြောင့် မထေရ်မြတ်၏ ခန္ဓာကိုယ်တခုလုံးမှာလည်း တုန်ရီလျှက်ရှိနေပါသည်။ ၁၉၇၁ခုနှစ်က သူ့ကျောင်းထဲတွင် ခိုလှုံနေခဲ့ကြသော ဘင်္ဂလီမူဆလင်များမှာ ပါကိစ္စတန်စစ်တပ်မှ မေးမြန်းတိုင်း "တို့ တရုပ်ဗုဒ္ဓဘာသာတွေပါ"ဟု ဖြေဆိုခဲ့ကြပေသည်။ အမှန်က သူတို့၏အဖြေမှာ ပါကိစ္စတန်စစ်သားများအား လှည့်စားရန် လည်ဆယ်ဖန်တီးမှုတခုသာဖြစ်ပါသည်။ ဘင်္ဂလာဒေ့ခ်ျလွတ် မြောက်ရေးစစ်ပွဲကာလက တရုပ်နိုင်ငံမှာ ပါကိစ္စတန်တို့ဖက်မှ ရပ်တည်ခဲ့ရာ တရုပ်နှင့်ပတ်သက်သူများအား ပါကိစ္စတန်စစ်တပ်မှ လေးလေးစားစားရှိခဲ့ကြပေသည်။ ဤအချက်ကို အခွင့်ကောင်းယူကာ 'တို့က တရုပ်ဗုဒ္ဓဘာသာတွေပါ'ဟု လှည့်စားပြောဆိုခြင်းဖြင့် မထေရ်မြတ်၏ကျောင်းထဲတွင် ခိုလှုံနေခဲ့ကြသော မူဆလင်များအဖို့ ပါကိစ္စတန်စစ်တပ်၏ဘေးရန်မှ သက်သာခွင့်ရခဲ့ကြပေသည်။ "ပါကိစ္စတန်တွေကတောင် ဘုန်းကြီးတို့ရဲ့ရွာကို မီးမရှို့ခဲ့ကြပါဘူး၊ ခုတော့ လုံးဝမမျှော်လင့်ဘဲ ဘုန်းကြီးတို့တထွေ မီးရှို့တိုက်ခိုက်ခံခဲ့ရတာဖြစ်တယ်၊ ဘုန်းကြီးမှာ ရန်သူမရှိပါဘူး၊ ဒါက ဘုန်းကြီးတို့ရဲ့ ဘာသာတရားကို သက်သက် တိုက်ခိုက်တာပဲဖြစ်တယ်"ဟု ဆရာတော်က မိန့်ဆိုတော်မူပါသည်။ မူဆလင်အကြမ်းဖက်လူအုပ်က သူ့ကျောင်းကိုတိုက်ခိုက်ခဲ့စဉ် မထေရ်မြတ်မှာ အသက်လုပြေးခဲ့ ရသည်။ သူ့အား တပည့်ရဟန်းများက ထမ်းပိုးသယ်ယူလာ၍သာ သူ့အနေဖြင့် ရွာပြင်ဖက်လယ်ကွင်းထဲ သို့ ရောက်ရှိနိုင်ခဲ့ခြင်းဖြစ်သည်။ ထိုနေရာတွင် အခြားသူများနှင့်အတူ မထေရ်မြတ်တစ်ပါး တစ်ညတာ ကုန်လွန်ခဲ့ရသည်။ ဤသို့ဖြင့် မထေရ်မြတ်အဖို့ အသက်တစ်ချောင်းတော့ ရှင်ခွင့်ရခဲ့သည်။ "လူ့ယဉ်ကျေးမှုကို ဘုန်းကြီးဆုံးရှုံးခဲ့ရပြီပေါ့၊ တသက်တာပြုခဲ့သမျှလဲပဲ အလဟသဖြစ်ခဲ့ရပြီလေ၊ ဘုန်းကြီးဟာ အရှုံးသမားသက်သက်ပါပဲ"ဟု ဆရာတော်မထေရ်မြတ်က မိန့်ကြားတော်မူပါသည်။ "ကျေးဇူးပြုပြီး ဘုန်းကြီးရဲ့ အနာဂါတ်မျိုးဆက်ကိုတော့ ကယ်ဆယ်ကြပါအုံးကွယ်၊ ကျေးဇူးပြုလို့ပါ" မထေရ်မြတ်၏ ရင်နင့်စဖွယ် တိုးရှိုးတောင်းပန်စကားပါပေတည်း။

(အောက်တိုဘာလ၂ရက်နေ့ ဒါကာမြို့မှထုတ်ဝေသော 'The Daily Star'သတင်းစာပါ Inam Ahmed နှင့် Julfikar Ali Manik တို့၏ "Please save my future generation"ကို ဆီလျော်အောင်ပြန်ဆိုပါ သည်။)

Written by အနီမောင်

 From-Tin Naing Linn

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)