-လူထုကျန်းမာရေး (၀မ်းပိတ်ဆေးပြဿနာ)-
**Public Health**
“ဆရာ . . .၊ သမီးလေး လေ မနက် ကတည်းက စပြီး ဝမ်းလျှော နေတာ။ အဲဒါနဲ့ ဆေးဆိုင် သွားပြီး ဝမ်းပိတ်ဆေး ဝယ်တိုက် လိုက်တာ။ ဝမ်းတော့နည်းသွား တယ်။ အဖျားတွေတက်ပြီး အန်ပါ အန် လာတယ်ဆရာ” “အမေ့ကို လိုက်ကြည့်ပါဦးဆရာ။ အဖျားတွေ အရမ်းတက်ပြီး ကယောင် ကတမ်းတွေ ပြောနေတယ်။ မနက်က တော့ ဝမ်းသွားတယ်။ ဒါနဲ့ ဆေးဆိုင် သွားပြီး ဆေးဝယ်တိုက်လိုက်တယ်။ နေ့လယ်ကစပြီး အဖျားတက်တော့တာပဲ” အထက်ပါစကားရပ်များမှာ ကျွန် တော်တို့ ဆရာဝန်များကြားကြရလေ့ရှိ သော ပြဿနာများဖြစ်သည်။ ကျွန်တော် တို့ ရွှေမြန်မာများကလည်း စိတ်စော သည်။ ဖျားလျှင် အခုချက်ချင်းပျောက် ချင်သည်။ ဝမ်းသွားလျှင် ချက်ချင်း ရပ် ချင်သည်။ အန်လျှင် ခုချက်ချင်း သက် သာချင်သည်။ ဝမ်းသွားရသည့်အကြောင်း ရင်း အမျိုးမျိုးရှိသည်။ ရောဂါပိုးများ ကြောင့် ဝမ်းလျှောခြင်း၊ အူလမ်းကြောင်း ရောင်ရမ်းခြင်းကြောင့် ဝမ်းလျှောခြင်း၊ ပဋိဇီဝဆေးများသောက်၍ ဝမ်းပျက်ခြင်း၊ အစာမကြေလွယ်သောအစာများကြောင့် ဝမ်းပျက်ခြင်း၊ အစာအဆိပ်သင့်၍ ဝမ်း လျှောခြင်း စသည်ဖြင့် မျိုးစုံရှိသည်။ မြန်မာလူမျိုးများက ဝမ်းလျှောလျှင် ဓာတ် ဆားရည် သောက်ရမှာ ပျင်းသည်။ အရိုး များသလေး ချေးခါးသလေးဖြင့် ငြင်းကြ သည်။ ဝမ်းပိတ်ဆေးဆိုလျှင် ဝမ်းသာအား ရ သောက်ကြသည်။ ယခုဆောင်းပါးတွင် ဝမ်းပိတ်ဆေးအကြောင်းနှင့် ကလေးများ တွင် ဝမ်းပိတ်ဆေးတိုက်ခြင်းဖြင့် ဖြစ် တတ်သော ဘေးထွက်ဆိုးကျိုးများ အကြောင်းတို့အား တင်ပြလိုပါသည်။
**ဝမ်းပိတ်ဆေးဆိုတာ**
ဝမ်းပိတ်ဆေးဟု အလွယ်ခေါ်ကြ သည့် ဆေးမှာ Loperamide ဖြစ်သည်။ ဆရာဝန်ညွှန်ကြားချက်မလိုဘဲ အလွယ် တကူဝယ်၍ရသည်။ Loperamide ကို ဝမ်းလျှောဝမ်းပျက်ရောဂါအမျိုးမျိုးတွင် ဝမ်းသွားသည့် အကြိမ်ရေ နည်းသွား၊ ရပ်သွားစေရန် သုံးကြသည်။ ထို့ပြင် အူ လမ်းကြောင်း ရောင်ရမ်းသောရောဂါ (Inflammatory bowel disease) နှင့် အူ လမ်းကြောင်း ခွဲစိတ်ပြီးချိန်တွင်ဖြစ်သော ဝမ်းလျှောခြင်းတို့အားလည်း သက်သာ ပျောက်ကင်းစေနိုင်သည်။ ၄င်းသည် ဏ့နညပူစငစနမငိငညန မှ ဆင်းသက်လာသော ဆေးဖြစ်ပြီး ဘိန်း ကဲ့သို့ အာနိသင်ရှိသော Phenylpiperidine နှင့် ဓာတုဖွဲ့စည်းပုံတူညီသည်။Loperamide နှင့် diphenoxylate နှင့် တို့ကို အူလမ်းကြောင်း ရောင်ရမ်းသော ရောဂါအမျိုးမျိုးကြောင့် ဝမ်းလျှောခြင်းများ တွင် အသုံးပြုလေ့ရှိကြသည်။ Loperamide သည် အခြေခံအားဖြင့် ဘိန်းကဲ့သို့ ဝမ်းသွားခြင်းကို ရပ်စေနိုင် သော အစွမ်းရှိသော်လည်း ဘိန်း၏ ဆိုး ကျိုးများဖြစ်သော မှိန်းခြင်း၊ စွဲလမ်းခြင်း၊ အသက်ရှူရပ်တန့်ခြင်း စသည့် ဆိုးကျိုး များ မရှိချေ။ Loperamide တွင် ဗဟို အာရုံကြောစနစ်အား ထိခိုက်သော ဆိုးကျိုးများမရှိသည့်ပြင် စွဲလမ်းစေတတ် သော အာနိသင်လည်း မရှိပေ။ ထို့ကြောင့် အဖြစ်အများဆုံး ဘေးထွက်ဆိုးကျိုးများမှာ အူလမ်းကြောင်း လှုပ်ရှားမှု နှေးကွေးသွား ခြင်းနှင့်သာ အဓိကဆက်စပ်နေသည်။ Loperamide ကို ပေးခြင်းသည် အူ၏ လှုပ်ရှားမှု နှေးကွေးကာ ဝမ်းသွား သည့် အကြိမ်ရေ နည်းသွားရန်သာဖြစ် သည်။ ဝမ်းသွားခြင်းကို ဖြစ်စေသော ရောဂါပိုးများအား သတ်နိုင်စွမ်းမရှိချေ။ ရေဓာတ်ဆုံးရှုံးမှုကိုလည်း မသက်သာစေ နိုင်။ ထို့ကြောင့် ၄င်းကို အူနံရံ အချွဲမြှေး များထိ ထိုးဖောက်ဝင်ရောက်နိုင်စွမ်းရှိသော ရောဂါပိုးများကြောင့်ဖြစ်သော ဝမ်းပျက် ဝမ်းလျှောခြင်းနှင့် ပဋိဇီဝဆေးများကြောင့် အူရောင်ခြင်း (Pseudo-Membranous Colitis) တို့ကြောင့် ဝမ်းလျှောခြင်းတို့တွင် မသုံးစွဲသင့်ပါ။ သုံးစွဲပါက ရောဂါပိုးများမှာ ဝမ်းထဲတွင် ပါသွားရမည့်အစား အူထဲတွင် ပွားများလာပြီး အဖျားတက်လာစေတတ် ပြီး၊ အခန့်မသင့်ပါက သွေးဆိပ်တက်ခြင်း (Septicaemia) ထိဖြစ်တတ်ကာ အသက် ပါ ဆုံးရှုံးနိုင်သည်။ ထို့ပြင် Loperamide သောက်ခြင်းသည် ဓာတ်ဆားရည်သောက် ခြင်းကို ရပ်ပစ်ရသည့် အကြောင်းတစ်ရပ် မဟုတ်ပါ။ ဓာတ်ဆားရည်ကို ဆက် သောက်ရပါမည်။
**Loperamide အလုပ်လုပ်ပုံ**
Loperamide သည် ဝမ်းသွားခြင်းကို လျော့နည်းစေရန် နည်းလမ်းအတော်များ များဖြင့် ပြုလုပ်သည်။ ၄င်းသည် အူနံရံရှိ ဒေါင်လိုက်ြွကက်သားများ၏ ညှစ်အားကို လျော့ပါးစေပြီး၊ စက်ဝန်းပြွုံကက်သားများ ၏ ညှစ်အားကို တက်စေသည်။ ရလဒ်က တော့ အစာခြေအူလမ်းကြောင်းတွင် အစာများ ဖြတ်သန်းရချိန် ရှည်ကြာပြီး အူနံရံမှ အရည်နှင့် ဓာတ်ဆားများအား စုပ်ယူချိန် ပိုမိုရခြင်းဖြစ်သည်။ ထို့ပြင် မစင်များ အူမကြီးအတွင်း လှုပ်ရှားသွား လာမှုကိုလည်း နှေးစေသည်။ စအြွိုကက် သားများ၏ ညှစ်အားကိုလည်း တိုးတက် စေသဖြင့် ဝမ်းပိတ်စေသည်။ သို့ရာတွင် ၄င်းသည် ဗိုက်နာခြင်းကို သိသိသာသာ သက်သာစေခြင်း မရှိပေ။ ထို့ပြင် ကာလဝမ်းရော၈ါပိုး (Cholera), Shigella သို့မဟုတ် Campylobacter ပိုး များကြောင့် ဝမ်းလျှောခြင်းတွင် ထိရောက် မှုမရှိပေ။ ထိုမျှမက အူနံရံကို ထိုးဖောက် ဝင်ရောက်နိုင်သော အီးကိုလိုင်း (E. Coli) နှင့် ဆယ်လ်မိုနဲလား Salmonella) ပိုးတို့ ကြောင့် ဝမ်းလျှောခြင်းတွင် လုံးဝမသုံးသင့် ပေ။ အဖျားတက်ခြင်းနှင့် တွဲနေသော ဝမ်းလျှောခြင်း၊ သို့မဟုတ် သွေးဝမ်းသွား ခြင်းများဖြစ်လျှင် Loperamide ဝမ်းပိတ် ဆေးသောက်ခြင်းကို ရှောင်ကြဉ်ရမည်။ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများမှာ ပျို့ခြင်း၊ အန်ခြင်း၊ ဗိုက်နာခြင်းတို့ဖြစ်ကြ သည်။
**သုံးစွဲခြင်းကြောင့် ရနိုင်သော အကျိုးများ**
Loperamide ဝမ်းပိတ်ဆေးသုံးစွဲခြင်း ဖြင့် ရနိုင်သော အကျိုးများမှာ- - အူနံရံမှ အရည်နှင့် ဓာတ်ဆားများ စုပ်ယူမှုကို မြင့်မားစေခြင်း။ - အူ၏ ညှစ်သည့်နှုန်းနှင့် အကြိမ် ရေကို လျော့နည်းစေခြင်း။ - အူနံရံမှ အရည်များ ထုတ်လုပ်မှု ကို နည်းစေခြင်း။ - အူမကြီးအတွင်း မစင်များ ဖြတ် သန်းသည့် အချိန်ကို ရှည်ကြာစေခြင်း။ - စအြွိုကက်သားများ၏ ညှစ်အားကို မြင့်မားစေခြင်းတို့ဖြစ်ကြသည်။ ကလေးများတွင် ဝမ်းပိတ်ဆေး အသုံးပြုပုံ အမေရိကန်နိုင်ငံ အစားအသောက် နှင့် ဆေးဝါးကွပ်ကဲမှုအဖွဲ့က နှစ်နှစ် အထက် ကလေးများတွင် Loperamide ဝမ်းပိတ်ဆေးသုံးစွဲမှုကို ခွင့်ပြုထားသည်။ သို့သော် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် အမေရိကန် ကလေးပညာ အကယ် ဒမီတို့ကဲ့သို့သော အခြားကျန်းမာရေးအဖွဲ့ အစည်းများက ကလေးငယ်များတွင် Lopramide သုံးခြင်းဖြင့် အကျိုးကျေးဇူး မရှိနိုင်သလို ဘေးကင်းလုံခြုံမှုလည်း မရှိ နိုင်ကြောင်း သတိပေးပြောဆိုမှုများ ရှိခဲ့ သည်။ူသစမောငိန နှင့် ဆေးတု (Placebo) တို့အကြား အကျိုးသက်ရောက်မှု ကွာခြားပုံကို ၁၂ နှစ်အောက်ကလေးများ တွင် လေ့လာခဲ့သော လေ့လာမှုများကမူ Lopramide သည် ဓာတ်ဆားရည်တိုက် ခြင်း၊ အကြောဆေးသွေးခြင်း စသည့် ကုသမှုများနှင့် တွဲသုံးလျှင် ဝမ်းလျှောဝမ်း ပျက်သည့် ကာလကို တိုစေပြီး၊ ဝမ်းလျှော သည့် အကြိမ်ရေကို နည်းစေကြောင်း ဖော်ပြခဲ့ကြသည်။ သို့ရာတွင် မှိန်းခြင်း၊ အူမလှုပ်ရှားတော့ခြင်း (Paralytic ileus)၊ ဗိုက်ဖောင်းတင်းခြင်းနှင့် သေဆုံးခြင်းကဲ့သို့ ဆိုးရွားသော ဘေးထွက်ဆိုးကျိုးများအား သုံးနှစ်အောက် ကလေးများတွင် ဖြစ်ပွား ခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။ ထို့ကြောင့် သုံးနှစ်အောက်ကလေးများတွင် ဝမ်းပိတ် ဆေးတိုက်လိုပါက ကောင်းကျိုးနှင့် ဆိုး ကျိုးကို ချိန်ညှိပြီးမှ ပေးသင့်သည်။ ထို့ ပြင် ဆေးများပြီး အဆိပ်သင့်မှုကို ကာ ကွယ်နိုင်ရန် ပေးသင့်သည့် အနိမ့်ဆုံး ပမာဏဖြစ်သော ဝ .၁ မှ ဝ .၂၅ Mg/Kg/day လောက်သာ ပေးရမည်။ ကလေးများတွင် ပေးသင့်သော ပမာဏ ပထမရက်တွင် ပေးရမည့် ပမာဏ -သုံးနှစ်မှ ၅ နှစ်အရွယ် ကလေး များအတွက်- ၁ မီလီဂရမ် တစ်နေ့သုံး ကြိမ် (တစ်နေ့ သုံးမီလီဂရမ်) - ခြောက်နှစ်မှ ၈ နှစ် ကလေး များအတွက်- ၂ မီလီဂရမ် တစ်နေ့နှစ် ကြိမ် (တစ်နေ့လေး မီလီဂရမ်) - ကိုးနှစ်မှ ၁၂ နှစ်ကလေးများ အတွက်- ၂ မီလီဂရမ် တစ်နေ့သုံးကြိမ် (တစ်နေ့ခြောက်မီလီဂရမ်) (Loperamide ဆေးကဒ်တွင် တစ်လုံးလျှင် ၂ မီလီဂရမ်ပါဝင်ပါသည်) နောက်ရက်များတွင် ပေးရမည့် ပမာဏ နောက်ရက်များတွင် ဝမ်းထပ်သွားမှ သာ ဆေးစပ်တိုက်သင့်သည်။ တစ်နေ့ပေး ရမည့်ပမာဏမှာ ပထမရက်တွင် ပေးရ မည့်ပမာဏထက် မကျော်စေသင့်ပေ။
**မှတ်သားရမည့် အခြေခံအချက် များ**
Loperamide ဝမ်းပိတ်ဆေးသည် သုံးနှစ်အထက် ကလေးများ ဝမ်းလျှော ရာတွင် ကုသလျှင် ထိရောက်ပြီး စိတ်ချ ရသောဆေးဟု ယူဆနိုင်သည်။ သို့သော် ゞင်းကို အရည်ဆုံးရှုံးမှုများနေသော၊ အာဟာရချို့တဲ့နေသော၊ သွေးဝမ်းသွားနေ သော ကလေးများတွင် မပေးသင့်ပါ။ မည်သို့ပင်ဆိုစေ ကလေးများအား တိုက် တော့မည်ဆိုပါက ဝမ်းပိတ်အောင် လုပ်၍ ရလာမည့်အကျိုးနှင့် ဆေးတိုက်ခြင်း ကြောင့် ဖြစ်လာနိုင်သည့် ဘေးထွက်ဆိုး ကျိုး ဘယ်ကပိုသာသည်ကို ချင့်ချိန်ပြီးမှ ပေးသင့်သည်။ ဓာတ်ဆားရည် တိုက်ကျွေးခြင်းနှင့် အာဟာရပြည့်ဝအောင် ကျွေးမွေးခြင်းတို့ သည်သာ ကလေးများဝမ်းလျှောခြင်း အတွက် စိတ်အချရဆုံးနှင့် အထိရောက် ဆုံး ကုထုံးများဖြစ်သဖြင့် ၄င်းတို့ကိုသာ အဓိကထားလုပ်ဆောင်သင့်သည်။ Loperamide သည် အရည်ဆုံးရှုံးမှုမရှိ သော သို့မဟုတ် နည်းပါးသော သုံးနှစ် အထက် ကလေးများတွင် ၄င်းကုထုံးနှစ် မျိုးနှင့် တွဲဖက်ကာသာ အသုံးပြုသင့်ပါ ကြောင်း . . .။
**ဒေါက်တာကျော်စွာထွန်း (ဆေးဝါးဗေဒ)**
Ref:Yoyarlay.com
မေမွန်ကျော်

No comments:
Post a Comment