-လူထုကျန်းမာရေး (အချဉ်ရည်များ ဓာတ်ခွဲစစ်ရာတွင် ဆာလဖျူရစ်အက်စစ်ပြင်းတွေ့)-
(Photo-ဝက်သား တုတ်ထိုး ဆိုင်မှာ မြင်တွေ့ရသော အချဉ်ရည် ဗူးများ)
**Public Health**
ဈေးကွက်အတွင်း ရောင်းချနေသည့် အချဉ်ရည်များတွင် စားသုံးသူများအတွက် အန္တရာယ်ရှိသည့် တားမြစ်ဆိုးဆေးများ၊ တာရှည်ခံရန်အသုံးပြုထားသည့် ဓာတုပစ္စည်းများ၊ စားသုံးရန်မသင့်သည့် ဆာလဖျူရစ်အက်ဆစ်ပြင်းများ ထည့်သွင်းအသုံးပြုထားသည်ကို ဓာတ်ခွဲ တွေ့ရှိရကြောင်း စားသုံးသူ ကာကွယ်ရေးအသင်းမှ သတင်းရရှိသည်။ UMFCCI ရှိကုန်ထုတ်လုပ်သူများ အစားအသောက် ဖွံ့ဖြိုးတိုးတက်ရေး ဓာတ်ခွဲခန်းတွင် စစ်ဆေးထားခြင်းဖြစ်ပြီး ထိုအချဉ်ရည်ထုပ်များတွင် ထုတ်လုပ်သည့် ရက်စွဲ၊ ကုန်ဆုံးသည့်ရက်စွဲ၊ ကုန်ပစ္စည်းအတွင်း ပါဝင်သည့်ပစ္စည်းများ အချိုးအဆများ၊FDA၏ ခွင့်ပြုချက် စသည့်ဖော်ပြချက်မှစ၍ နေရပ်လိပ်စာများပင် မပါရှိကြောင်း စားသုံးသူကာကွယ်ရေးအသင်းဥက္ကဋ္ဌ ဦးဗအုပ်ခိုင်ကပြောသည်။ "လိပ်စာတောင် မပါဘူးဆိုတော့ ဘယ်လိုမှကို ယုံကြည်လို့မရနိုင်တော့ဘူးလေ" ဟု ဦးဗအုပ်ခိုင်က ဆက်လက်ပြောသည်။ အစိုးရမဟုတ်သည့် အဖွဲ့အစည်းဖြစ်သည့်အတွက် ဌာနဆိုင်ရာကို တင်ပြခြင်းမျိုး ဆောင်ရွက်ရမည် မဟုတ်သော်လည်း သက်ဆိုင်ရာ တာဝန်ရှိသူများမှ ဝင်ရောက်စစ်ဆေးအရေးယူခြ
င်းများအပြင် ရောင်းချသူ စားသုံးသူတွေကလည်း မည်သည့်ကုန်ပစ္စည်းများ ပါဝင်နေမှန်း မသိသည့် စားသောက်ကုန်များအား ရှောင်ကြဉ်သင့်ကြောင်း ဦးဗအုပ်ခိုင်ကပြောသည်။ "အမှန်ကအဲ့လိုစစ်ဆေးတွေ့ရှိတယ်ဆိုရင FDA ကိုပို့ပေးရမယ။် ဒါတွေက စားသုံးရန်မသင့်တဲ့ပစ္စည်းတွေ ပါနေတယ်ဆိုရင် ဝန်ကြီးဌာနကိုအကြောင်း ကြားပြီး စားသုံးရန် မသင့်ဘူးဆိုပြီးတရားဝင် ကြေညာအရေးယူတာတွေလုပ်မှ လူတွေအားလုံးသိမှာဟု" အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာဇော်ဝင်းကပြောသည်။ အချဉ်ဓာတ်ရရှိရန်အတွက် ထည့်သွင်းအသုံးပြုသည့် ရှာလကာရည်အစား အက်ဆစ်ပြင်းများအားး ထည့်သွင်းသုံးစွဲထားခြင်းနှင့် တားမြစ်ဆိုးဆေးများကြောင့်စားသုံးသူများတွင် ၀မ်းကိုက်၊ ဝမ်းပျက၊် ဝမ်းလျှောရောဂါ၊အစာအိမ်ရောင်ရမ်းခြင်း၊ အူရောင်ခြင်း၊ အသည်းရောင်ရမ်းခြင်းဝေဒနာများအပြင် ရေရှည်တွင် အစာအိမ်ကင်ဆာ၊ အူမကြီးကင်ဆာ၊၊ အသည်းကင်ဆာများအထိ ဖြစ်ပွားလာနိုင်ကြောင်း သိရသည်။ အချဉ်ရည်သည် လူထုအတွင်း အမျိုးမျိုးအသုံးများသည့် ကုန်ပစ္စည်းဖြစ်သည့်အပြင် ဈေးကွက်အတွင်းတွင် ဖော်ပြချက်မပါဘဲ ရောင်းချနေသည့်ပစ္စည်းဖြစ်သည့်အတွက် စားသုံးသူကာကွယ်ရေးအသင်းမှ ပထမဆုံးအကြိမ် ဓာတ်ခွဲစမ်းသပ်သည့် ကုန်ပစ္စည်းဖြစ်ပြီး မကြာခင်ရက်ပိုင်းအတွင်း သဘာဝအတိုင်းမဟုတ်ဘဲ ဈေးကွက်အတွင်း အရောင်ချွတ်ဆေးများ အသုံးပြု၍ ဖြူဖွေးအောင် ပြုလုပ်ထားသည့် အိမ်သုံးဆားများကိုလည်း အန္တရာယ် ရှိ၊မရှိစစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။**7Day News ** --
Posted By အောင်မျိုးကျော်

No comments:
Post a Comment