ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, October 13, 2012

>
-နားလည်မှုဆိုတဲ့ အချက်ပေးခေါင်းလောင်းလေး- 

 ဘ၀တစ်ခုလုံးအတွက် ရည်ရွယ်ကာ လက်တွဲခဲ့ကြတဲ့ ချစ်သူတွေ ဇနီးမောင်နှံဘ၀ကို ရောက်တော့မှ သူအကြောင်း ကိုယ်အကြောင်းဆိုတာတွေကို ပိုလို့သိရှိလာခဲ့ရသူတွေ ဒုနဲ့ဒေးပါပဲ ။ ချစ်သူဘ၀မှာ တွေ့ရချိန်ခဏလေးအတွင်း အကဲခတ်ဖို့ဆိုတာလည်း ခက်တော့ခက်သားလားလေ။ ဒါကြောင့် လူကြီးတွေ ခဏခဏ ပြောနေကြတာပေါ့ ။ အိမ်ထောင်တစ်ခုပြုတယ်ဆိုတာ ကံစမ်းမဲတစ်ခု နှိုက်ရသလိုဘဲ ။ မိန်းမတစ်ယောက်ရဲ့ ကံဆိုးခြင်း ၊ ကံကောင်းခြင်းဆိုတဲ့ အရာအားလုံးသည် ကိုယ်ပိုင်ဆိုင်ထားတဲ့ ခင်ပွန်းသည်အပေါ်တွင် မူတည်ပါတယ် တဲ့လေ ။ ကျွန်မ အိမ်ထောင်ကျခြင်းကိုဘဲ နမူအနေနဲ့ တင်ပြချင်ပါတယ် ။ ကျွန်မတို့ လက်ထပ်ခဲ့ကြတယ် ။ သူနဲ့ လက်ထပ်ပြီးမှ ကျွန်မ ပိုသိလိုက်ရတာတွေက သူလိုအပ်တာထက် ပိုပြီးတော့ကို အသန့်ကြိုက်တတ်တာ ၊ စည်းစနစ်ရှိလွန်းတာ ။ ဒီအချက်တွေက သာမာန်အနေထားနဲ့ ကြည့်မယ်ဆို ကောင်းတာပေါ့လို့ တွေးလို့ရပါတယ် ။ တကယ်လည်း သူအကျင့်လေးတွေက ကောင်းပါတယ် ။ ဒါပေမယ့် သာမာန်ထက် လွန်ကဲတာတွေကြတော့ လူဘောင်ပတ်ဝန်းကျင်မှာ ဂွတိုက်သလိုလေးတွေ ဖြစ်လာတတ်ပါတယ် ။ လူတွေနဲ့ တစ်သီးတစ်သန့်ကို နေလာတတ်တယ် ။ ကျွန်မအတွက် အဆိုးဆုံးဖြစ်စေတဲ့ အချက်လေးကတော့ ဘယ်အရာကိုမဆို တော်ယုံ စိတ်တိုင်းမကျတဲ့ သူအကျင့်လေးပါပဲ ။ ကျွန်မ အိမ်ရှင်မတစ်ယောက်အနေနဲ့ မီးဖိုေးချာင်ကိစ္စ အိမ်သန့်ရှင်းရေး အကုန်လုပ်ဆောင်ပေးပါတယ် ။ မီးဖိုးချောင်မှာ တစ်နေ့တစ်မျိုးမထပ်ရအောင် ချက်ရတာကိုလည်း ကျွန်မပျော်ရွင်ပါတယ် ။ ဒါပေမယ့် ခုတော့ ကျွန်မ မပျော်တော့ဘူးရှင် ။ သူအလုပ်ကပြန်လာလို့ ထမင်းစားတဲ့အခါ ဘာကတော့ဘယ်လို လိုနေတယ် ဘာဖြစ်နေတယ်ဆိုတဲပ သူရဲ့ ပြောဆိုသံတွေကို ကြားရပါများလာတဲ့အခါ ကျွန်မ ကြောက်လာမိပါတယ် ။ သူများတွေက စားကောင်းတယ် ပြောတဲပနေ့တွေမှာတောင် သူဆီက နည်းနည်းလေးဖြစ်ဖြစ်တော့ အသံလေးထွက်လာတတ်တာမို့ ဟင်းချက်ရမှာကို ကျွန်မကြောက်လာမိတယ်။ သူပြန်လာရင် ငါကို ဘာများပြောအုံးမလဲ ၊ ငါလုပ်ထားတာတွေကို ဘာများစိတ်တိုင်း မကျုဖြစ်နေမလဲဆိုတဲ့ စိုးတထင့်ထင့်စိတ်တွေ ကျွန်မရင်ထဲ များလာတဲ့အခါ ညတွေကို ဘယ်လိုမှ အိပ်မပျော်တော့ပါဘူး ။ စိတ်ရင်ေးကာင်းပေမယ့် ပြောလိုက်ရင် တုတ်ထိုးအိုးပေါက် ပြောချတတ်တဲ့ အကျင့်တွေကြောင့် ငိုရတာလည်း အကြိမ်ကြိမ်အခါခါပါပဲ။ ဒီလိုနဲ့ နေ့ရက်တွေကို စိတ်မောစွာ ဖြတ်ကျော်လာလိုက်မိတာ အေးစက်စက် အိမ်ထောင်ရေးတစ်ခုလို ဖြစ်မှန်းမသိ ဖြစ်လာခဲ့ပါတယ် ။ ဒီအေးစက်မှုတွေကို အရည်ပျော်စေခဲ့တဲ့ နေ့လေးတစ်နေ့ကတော့ ကျွန်မ သူစက်ရုံကို လိုက်သွားမိတဲ့နေ့လေး ပါပဲ။ သူစက်ရုံကို ကျွန်မလိုက်သွားတဲ့နေ့ ထမင်းစားချိန်ရောက်တော့ အားလုံးစုစားကြပါတယ် ။ ကျွန်မက တခါတလေမှ သူဆီလိုကတာမို့ ကျွန်မနဲ့ဆုံတုန်း စက်ရုံထဲကလူတွေက ပြောပြကြတဲ့ စကားတွေကို နားထောင်ပြီး အတော်လေးကို ရင်ထဲ မကောင်းဖြစ်မိပါတယ် ။
*အမရေ အမယောကျာင်္းကတော့လေ မိန်းမရခင်ကတော့ သုံးချက်ပြောမနေနဲ့ ။ ခုမိန်းမလည်းရကောဗျာ ထမင်းဘူးထုတ်ပေူလိုက်တာကိုဘဲစားတယ် ။ ပိုရင်ညနေတောင် ချန်ပြီးထပ်စားတယ် ။ အဆိုးဆုံးကတော့ ဆေးလိပ်ကိုတောင် မြန်မာပြည်က ဖက်ကြမ်းတွေ သောက်နေတယ် ။ သူကိုကြည့်ပြီး ကျွန်တော်တို့တောင် မိန်းမယူဖို့ တော်တော် စဉ်းစားရမလိုဖြစ်နေတယ် ။ ချွေတာလိုက်တာဗျာ ပြောမနေနဲ့ ။ တခုခုဝယ်ဖို့စားဖို့ပြောလဲ မိန်းမက ဘယ်လောက်ဘဲ ပေးလိုက်တယ်ဆိုတာကပါသေးတယ် ။ ဖုန်းထဲဆိုလည်း ပိုက်ဆံကို မထည့်တော့တာ ။။ အံ့ရော အံ့ရောဗျာ ။ ပြောင်းသွားပုံတွေကတော့ တကယ်ကို လက်ဖျားခါတယ် * တဲ့လေ ။ ကျွန်မ သူကို စိုက်ကြည့်ရင်း ရင်ထဲ တော်တော်လေးကို မကောင်းဖြစ်မိပါတယ် ။ ရုတ်တရက်မထင်ထားတာတွေကို သိလိုက်ကြားလိုက်ရတဲ့အခါမှာ နားလည်မှုဆိုတဲ့ အချက်ပေးခေါင်းလောင်းလေးက တွေးခေါ်မှုတွေကို လှုတ်နိုးလိုက်သလိုပါပဲ ။ အိမ်ထောင်ကျကာစ မသိထားတဲ့ ကိုယ်မနှစ်သက်တဲ့ အကြောင်းအရာတွေကို ရုတ်တရက်တွေ့မြင်ခံစားလိုက်ရချိန်မှာ သူကိုယ်အပေါ် ကောင်းနေတာလေးတွေကို မမြင်နိုင်တော့ပါဘူး။ သည်းမခံနိုင်တဲ့ အကြောင်းအရာတွေကဘဲ ခေါင်းထဲမှာ တ၀ဲဝဲလည်နေမိပါတော့တယ် ။ သူစက်ရုံကသူတွေ ပြောမှဘဲ သူကျွန်မ အပေါ်ကောင်းတဲ့ အချက်လေးတွေက ဓာတ်ပုံစလိုက်ထိုးပြသလို တန်းစီပေါ်လာခဲ့ပါတော့တယ် ။ တလတခါ လခထုတ်တယ်ဆိုတာနဲ့ ကျွန်မလိုအပ်တဲ့ အသုံးဆောင် အ၀တ်အထည် အားလုံးကို မငြိုမငြင် သူကိုယ်တိုင် လိုက်ဝယ်ပေးတတ်တာလေးတွေ ၊ အိမ်အလုပ်တွေ သူရှေ့မှာ ကျွန်မမနိုင်မနင်းလုပ်နေတာတွေ့ရင် ၀င်ကူပေးတတ်တာလေးတွေ ၊ စိတ်တိုလွယ်သလို စိတ်ပြေလွယ်တာ ၊ ဘယ်လိုဘဲ ပွစိစိစကားတွေနဲ့ ပစိပစပ်ပြောနေပေမယ့် နောက်ဆုံး ကျွန်မဖြစ်ချင်တာလေးတွေကို လိုက်လျောပေးတတ်တာ သူကျွန်မအပေါ်ထားတဲ့ မေတ္တာတရားဆိုတာကို ကျွန်မမျက်လုံးထဲ မျက်ဝါးဝါးထင်ထင် မြင်တတ်သွားခဲ့ပါတယ် ။ အိမ်ထောင်သည်ဘ၀ကို ရောက်ရှိတဲ့အခါ အချစ်ဆိုတာကို အခြေခံသဘောထားကာ မေတ္တာတရားကို လက်ကိုင်ပြု ၊ နားလည်မှု တွေကို ထာဝရ မမေ့လျော့ဘဲ စာနာကြင်နာတတ်ခြင်းလက်တွေကို ထာဝရ မြဲမြဲ တွဲထားသင့်ပါတယ် ။ အိမ်ထောင်သည်တိုင်း ကျွန်မတို့လိုဘဲ အိမ်ထောင်သည်ဘ၀ကို ရောက်ကာမှ မနှစ်သက်တာတွေကို သိခွင့်ရမယ်လို့ ကျွန်မတော့ ယူဆိမိပါတယ် ။ ဒီလို သိခွင့်ရခဲ့ကြပေမယ့် သူတို့တွေ တွဲလက်မြဲမြဲ ဘာလို့ရှိနေကြတာဆိုရင် ခုနပြောခဲ့တဲ့ အချက်လေးတွေကို လက်ကိုင်ထားခဲ့ကြလို့ဘဲလို့ မှတ်ယူမိပါတယ် ။ သူလည်း ကျွန်မလိုဘဲ သူမနှစ်သက်တဲ့ အချက်တွေ ရှိနေမှာပါဘဲ ။ ဒါပေမယ့် သူအပေါ် ကျွန်မကောင်းခဲပတာလေးတွေကို ဖြည့်တွေးခြင်းဆိုတဲ့ နာဒလည်မှုတစ်ခုကို လက်ကိုင်ထားခဲ့ခြင်းတာဖြစ်ပါလိမ့်မည်။ အိမ်ထောင်ရှင်တိုင်း မိမိတို့ မနှစ်သက်တာတွေ မိမိအိမ်ထောင်ဖက်မှာ တွေ့မြင်လာလို့ စိတ်ပျက်လာပြီဆို ကောင်းခဲ့တာလေးတွေကို ပြန်လည်တွေးတော ဆင်ခြင်ကာ ဘ၀ခ၇ီးလမ်းကို အေးတူ ပူအမျှ လက်တွဲခိုင်စွာ လျှောက်လှမ်းနိုင်ကြပါစေလို့ ဒီဆောင်းပါးလေးကနေ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ် ။ 

 **ခိုင်လေး (ရွှေတောင်)** -
- Posted By Blogger လူဗိုလ်

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)